ကုလသမဂ္ဂ အထွေထွေညီလာခံ
Wikipedia မှ
|
|||||
ကုလသမဂ္ဂ အထွေထွေညီလာခံ ခန်းမဆောင် |
|||||
| အမျိုးအစား | ဦးဆောင်အဖွဲ့အစည်း | ||||
| အတိုကောက် | GA, UNGA | ||||
| ဦးဆောင်သူ | ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်တွင် နီကရာဂွာ မှ Miguel d'Escoto Brockmann |
||||
| လက်ရှိအနေအထား | လုပ်ဆောင်ဆဲ | ||||
| တည်ထောင်နှစ် | ၁၉၄၅ | ||||
| ဝက်ဘ်ဆိုက် | www.un.org/ga | ||||
| Wikimedia Commons |
|||||
| Portal | |||||
|---|---|---|---|---|---|
မာတိကာ |
ကုလသမဂ္ဂ အထွေထွေညီလာခံ (The General Assembly) [ပြင်ဆင်ရန်]
အဖွဲ့ဝင် [ပြင်ဆင်ရန်]
ကုလသမဂ္ဂ၏အထွေထွေညီလာခံတွင် အဖွဲ့ဝင်နိုင်ငံအားလုံးမှ ကိုယ်စားလှယ်များ ပါဝင်သည်။ လက်ရှိအဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၂) နိုင်ငံ ရှိသည်။
လုပ်ငန်းများ [ပြင်ဆင်ရန်]
ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ကြီး၏ ဘောင်အတွင်းကျရောက်သော မည်သည့် အကြောင်းကိစ္စကို မဆို ဆွေးနွေးခွင့်ရှိသည်။ အထွေထွေညီလာခံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏အမြဲတမ်းမဟုတ်သော အဖွဲ့ဝင် ၁၀ ဦးနှင့် စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ အဖွဲ့ဝင် ၅၄ ဦးကို ရွေးချယ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ရသည်။ လုံခြုံရေးကောင်စီ၏ ထောက်ခံချက်အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုလည်း ခန့်အပ်ပေးသည်။ ကုလသမဂ္ဂအဖွဲ့၏ ရ-သုံးခန့်မှန်းခြေဘတ်ဂျက် ငွေစာရင်းကို လည်း ဆွေးနွေးအတည်ပြုရသည်။
ပုံမှန်အစည်းအဝေး [ပြင်ဆင်ရန်]
အဖွဲ့ကြီး၏ ပုံမှန် အစည်းအဝေးကို နှစ်စဉ် စက်တင်ဘာလ၏ တတိယပတ် အင်္ဂါနေ့တွင် စတင်သည်။[၁]
ကိုးကားချက် [ပြင်ဆင်ရန်]
- ↑ ကမ္ဘာ့ကုလသမဂ္ဂ-နိုင်ငံတကာသတင်းဂျာနယ်
|
||||||||||||||||||||||
|
||||||||||||||