ဟာဗီးယား ပဲရက်စ် ဒီကွေးလျား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဟာဗီးယားပဲရက်စ် ဒီ ကွေးလျား
Javier Pérez de Cuéllar
ပဲရက်စ် ဒီ ကွေးလျား
ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ်
ပဉ္စမမြောက်
၁.၁.၁၉၈၂ - ၁.၁.၁၉၉၂
ယခင် ကွတ်ဝေါလ်ဟိုင်း
ဆက်လက် ဘူးထရို့စ် ဘူးထရို့စ် ဂါလီ
ကိုယ်ရေး အချက်အလက်
မွေးရပ်ဇာတိ လီမာမြို့ပီရူးနိုင်ငံ
လူမျိုး ပီရူးလူမျိုး
နိုင်ငံသား ပီရူးနိုင်ငံ
ဘာသာ ရိုမန် ကသ္သလစ်
ကြင်ဖော် Marcela Temple Seminario

ဟာဗီးယားပဲရက်စ်ဒီကွေးလျား (Javier Pérez de Cuéllar y de la Guerra) (၁၉.၁.၁၉၂၀ မွေးဖွား၊ လီမာမြို့) သည် ပီရူးလူမျိုးသံတမန်တစ်ဦး ဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးတွင် ၁၉၈၂ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ ၁၉၉၁ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သည်။ သူသည် လီမာမြို့ ဆန်အော်ဂတ်စ်တင်ကောလိပ် (Colegio San Agustín of Lima) နှင့် ?? (Pontificia Universidad Católica del Perú) တို့တွင် ၁၉၉၅ တွင် ပညာသင်ယူခဲ့သည်။ ပီရူးနိုင်ငံသမ္မတ ရွေးကောက်ပွဲ ဝင်ခဲ့သေးသည်။ သို့သော် ရှုံးနိမ့်ခဲ့သည်။ ၂၀၀ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း ပီရူးသမ္မတ ဖူဂျီမိုရီ နုတ်ထွက်စဉ်က နိုင်ငံရေးဂယက်များရိုက်ခတ်စဉ်က သူသည် ဝန်ကြီးချုပ်ရာထူးနှင့် နိုင်ငံခြားရေးဝန်ကြီးရာထူးများကို ထမ်းဆောင်ခဲ့သည်။ ၂၀၀၄ခုနှစ် စက်တင်ဘာလတွင် သူသည် ပြင်သစ်နိုင်ငံဆိုင်ရာ ပီရူးနိုင်ငံသံအမတ်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ကွတ်ဝေါလ်ဟိုင်း သေဆုံးပြီးနောက်တွင် သူသည် သက်ရှိထင်ရှား အသက်အကြီးဆုံး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း တစ်ယောက် ဖြစ်လာခဲ့သည်။

ကိုးကား[ပြင်​ဆင်​ရန်​]

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]