ဦးသန့်
From Wikipedia
| ဒီဆောင်းပါးရဲ့ တစ်စိတ်တစ်ဒေသ သို့ တစ်ခုလုံးကို ဘာသာပြန်ဖို့လိုအပ်နေပါတယ်။ သင်က ကူညီဘာသာပြန် ရေးသားပေးခြင်းဖြင့် ဝီကီပိဒိယကို ကူညီပေးပါ။ |
| ဦးသန့် | |
|---|---|
| အမည်ရင်း | သန့် |
| အမည်ကွဲ | ပန်းတနော် ဦးသန့် |
| မွေးသက္ကရာဇ် | ၂၂ ဇန်နဝါရီ ၁၉၀၉ ပန်းတနော်မြို့ |
| ကွယ်လွန် | ၂၅ နိုဝင်ဘာ ၁၉၇၄ |
| နိုင်ငံသား | မြန်မာ |
| လူမျိုး | ဗမာ |
| ပညာရေး | ရန်ကန်တက္ကသိုလ် (B.A. သမိုင်း) |
| အလုပ်အကိုင် | သံတမန်၊ ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ် |
| မွေးရပ်ဇာတိ | ပန်းတနော်မြို့ |
| အမည်မရည် | မဟာသရေစည်သူ |
| ကြင်ဖော် | ဒေါ်သိန်းတင် |
| မိဘ | ဦးဖိုးနှစ် ဒေါ်နန်းသောင် |
မဟာသရေစည်သူဦးသန့် (၂၂ ဇန်နဝါရီ ၁၉၀၉ - ၂၅ နို၀င်ဘာ ၁၉၇၄) သည် မြန်မာနိုင်ငံမှ ကုလသမဂ္ဂ သို့ သံတမန်ဖြစ်ပြီး တတိယမြောက် ကုလသမဂ၏ အထွေထွေ အတွင်းရေးမှူးချုပ် ၁၉၆၁ - ၁၉၇၁ ဖြစ်သည်။ ကုလသမဂ၏ ဒုတိယမြောက် အထွေထွေ အတွင်းရေးမှူး ဒတ် ဟမ်းမားရှိုး ၁၉၆၁ ခုနှစ် စက်တင်ဘာလအတွင်း လေယာဉ်ပျက်ကျ သေဆုံးပြီး နောက်ပိုင်း ၄င်း၏ နေရာတွင် အရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ ဦးသန့်အား ၄င်းမွေးဖွားရာ ပန်းတနော်မြို့ကို ရည်စူး၍ ပန်းတနော် ဦးသန့် ဟု အမည်တွင်ခဲ့သည်။
Contents |
[ပြင်ဆင်ရန်] ငယ်ဘဝ
ဦးသန့်အား အောက်မြန်မာပြည်ရှိ ပန်းတနော်မြို့တွင် မွေးဖွားခဲ့ပြီး ပန်းတနော် အထက်တန်းကျောင်းနှင့် ရန်ကန်တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ကို သင်ကြားခဲ့သည်။ မွေးချင်း ညီအကို လေးဦးတွင် အကြီးဆုံး ဖြစ်ပြီး မိဘများမှာ အောင်မြင်သော မြေပိုင်ရှင်နှင့် ဆန်ကုန်သည်များဖြစ်ကြသည်။ ဦးသန့်၏အဖေ ဦးဖိုးနှစ်မှာ မူစလင်နှင့် ဗုဒ္ဓဘာသာသွေးနှောသော မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး ရန်ကုန်မြို့၌ သူရိယသတင်းစာကို ထူထောင်ခဲ့သည်။[၁] မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်ရာတွင်လည်း အဖွဲ့၀င်တစ်ယောက်အဖြစ်ပါဝင်ခဲ့သည်။ ဖခင် ကွယ်လွန်စဉ်က ဦးသန့်မှာ ၁၄ နှစ်သားသာရှိသေးသည်။ အမွေဆက်ခံမှု အရှုပ်အရှင်းများကြောင့် မိခင် ဒေါ်နန်းသောင် နှင့် ကလေး ၄ ယောက်မှာ စီးပွါးရေးကြပ်တည်းမှုနှင့် ရင်ဆိုင်ခဲ့ရသည်။
တက္ကသိုလ် ပြီးဆုံးသောအခါ ပန်းတနော်မြို့ အမျိုးသားကျောင်းတွင် ဆရာလုပ်ရန် ပြန်လာခဲ့သည်။ အသက် ၂၅ နှစ်တွင် ထိုကျောင်း၏ ကျောင်းအုပ် ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် အနီးအနားရှိ မအူပင်မြို့တွင် နေထိုင်ပြီး ပညာအုပ်ဖြစ်သော တစ်ချိန်၌ မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာမည့် ဦးနု နှင့် ခင်မင်ရင်းနှီးခဲ့သည်။ ဦးသန့်သည် ကလောင်နာမည် 'သီလဝ' သုံးပြီး အချို့မဂ္ဂဇင်နှင့် သီတင်းစာအတွက် ဆောင်ပါး အပတ်စဉ်ရေးပေးသည်။ ဦးသန့်သည် စာအုပ်အချို့လည်း ဘာသာပြန်သည်။
[ပြင်ဆင်ရန်] ပြည်သူ့ဝန်ထမ်း
လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံတွင် ဦးနု ဝန်ကြီးချုပ် ဖြစ်လာသော အခါတွင် ဦးသန့်အား ရန်ကုန်သို့ ခေါ်ယူပြီး ၁၉၄၈ ခုနှစ်တွင် အသံလွှင့် ဌာန၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။ နောက်နှစ်များတွင် ဦးသန့်အား မြန်မာအစိုးရ၏ ပြန်ကြားရေး ဝန်ကြီးဌာနတွင် အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ၁၉၅၁ ခုနှစ် မှ ၁၉၅၇ ခုနှစ်အထိ ဦးသန့်သည် ဝန်ကြီးချုပ်၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးနုအတွက် မိန့်ခွန်းများ ရေးသားပေးခြင်း၊ နိုင်ငံခြား ခရီးစဥ်များ စီစဥ်ပေးခြင်း နှင့် နိုင်ငံခြားမှ ဧည့်သည်တော်များကို လက်ခံတွေ့ဆုံခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ နိုင်ငံတကာ ကွန်ဖရင့် အများအပြားကို တက်ရောက်ခဲ့ပြီး ၁၉၅၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ တွင် ကျင်းပပြီး ဘက်မလိုက်လှုပ်ရှားမှုကို မွေးဖွားပေးခဲ့သော ပထမအကြိမ် အာရှ - အာဖရိက နိုင်ငံများဆိုင်ရာ ညီလာခံတွင် အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့သည်။
နောင်တွင် တည့်တည့်မှန်မှန်လုပ်တတ်သော၊ မှန်သည်ထင်လျှင် အလျော့မပေးတတ်သော ဦးသန့် နှင့် တိုင်းပြည်ခေါင်းဆောင်ဖြစ်သည့် ဦးနုတို့ မသင့်မမြတ်ဖြစ်ရာမှ ၁၉၅၇ ခုနှစ်တွင် ဦးသန့်အား ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ကာ တာဝန်ထမ်းဆောင်ရန် အမေရိကန်ပြည်ထောင်စု၊နယူးယော့ခ်မြို့သို့ စေလွတ်ခဲ့သည်။ ၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ဦးသန့်သည် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ်သာမက အယ်ဂျီးရီးယားနိုင်ငံ၏ လွတ်လပ်ရေး စေ့စပ်ဆွေးနွေးမှုများတွင်လည်း ပါဝင်ခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် မြန်မာအစိုးရသည် ဦးသန့်ကို ပြည်ထောင်စုစည်သူသင်္ဂဟ ပြန်တမ်းအရ မဟာသရေစည်သူဘွဲ့နှင့် ဗိုလ်ရာထူး ပေးအပ်သည်။
[ပြင်ဆင်ရန်] ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်
ဦးသန့်သည် ကုလသမဂ္ဂ၏ တတိယမြောက်အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်ပြီး အာရှ၏ ပထမဆုံး ရရှိသော ရာထူးဖြစ်သည်။ ဦးသန့်သည် ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှ စတင်ကာ အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး၏ မကုန်ဆုံးသေးသော သက်တမ်းကို ဖြည့်ဆည်းရန် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် အထွေထွေညီလာခံမှ ယာယီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ထို့နောက် ၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အထွေထွေညီလာခံမှ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၆ ခုနှစ် နိုဝင်ဘာလ ၃ ရက် သက်တမ်းအထိ ခန့်အပ်ခြင်းခံခဲ့ရသည်။ သူ၏ပထမသက်တမ်းအတွင်းတွင် ကျူးဘားဒုံးပျံပြသနာ(Cuban Missile Crisis) ကို ဖြေရှင်းပေးရာတွင် ပါဝင်ပတ်သက်မှု နှင့် ကွန်ဂိုပြည်တွင်းစစ်ကို ပြီးဆုံးစေခဲ့ခြင်းတို့ကြောင့် အများက အသိအမှတ်ပြုခြင်းခံခဲ့ရသည်။
ဦးသန့် သည် ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် လုံခြုံရေးကောင်စီမှ တညီတညွတ်တည်း ထောက်ခံမှုဖြင့် အထွေထွေညီလာခံမှ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းအဖြစ် ထပ်မံခန့်အပ်ခြင်းခံခဲ့ရသည်။ သူ၏ အထွေထွေအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းမှာ ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ သူအငြိမ်းစားယူမည့် အချိန်အထိ ဖြစ်သည်။ သူ၏ အတွင်းရေးမှူးချုပ် သက်တမ်းအတွင်းတွင် ကုလသမ္မဂ္ဂသို့ အာရှ နှင့် အာဖရိကမှ ဒါဇင်အနည်းငယ်မျှသော နိုင်ငံတို့ ဝင်ရောက်ရေးအတွက် ကြည့်ရှုစောင့်ကြပ်ခဲ့ရပြီး သူသည် တောင်အာဖရိက အသားအရောင်ခွဲခြားမှု ကို အပြင်းအထန် ဆန့်ကျင်သူဖြစ်သည်။ထို့အပြင်သူသည် UNDP, UN University, UNCTAD နှင့် UN Environmental Programme အပါအဝင် ယူအင်န် ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သက်ဆိုင်သော အေဂျင်စီ၊ ရန်ပုံငွေအဖွဲ့နှင့် ပရိုဂရမ် အမြောက်အများကို တည်ထောင်ခဲ့သည်။
He had also led many successful though now largely forgotten mediation efforts, for example in Yemen in 1962 and Bahrain in 1968. In each case, war would have provoked a wider regional conflict, and it was Thant's quiet mediation which prevented war.
Unlike his two predecessors, Thant retired after ten years on speaking terms with all the big powers. In 1961 when he was first appointed, the Soviet Union had tried to insist on a troika formula of three Secretaries-General, one representing each Cold War bloc, something which would have maintained equality in the United Nations between the superpowers. By 1966, when Thant was reappointed, all the big powers, in a unanimous vote of the Security Council, affirmed the importance of the Secretary-Generalship and his good offices, a clear tribute to Thant's work.
The Six Day War between Arab countries and Israel, the Prague Spring and subsequent Soviet invasion of Czechoslovakia, and the Indo-Pakistani War of 1971 leading to the birth of Bangladesh all took place during his tenure as Secretary-General.
He was widely criticized in the US and Israel for agreeing to pull UN troops out of the Sinai in 1967 in response to a request from Egyptian President Nasser. U Thant tried to persuade Nasser not to go to war with Israel by flying to Cairo in a last minute peace effort.
His once good relationship with the US government deteriorated rapidly when he publicly criticized American conduct of the Vietnam War. His secret attempts at direct peace talks between Washington and Hanoi were eventually rejected by the Johnson Administration.
Thant followed unidentified flying object reports with some interest; in 1967, he arranged for American atmospheric physicist Dr. James E. McDonald to speak before the UN's Outer Space Affairs Group regarding UFOs.[၂]
On January 23 1971 U Thant categorically announced that he would "under no circumstances" be available for a third term as Secretary-General. For many weeks, the UN Security Council was deadlocked over the search for a successor before finally settling on Kurt Waldheim to succeed U Thant as Secretary-General on December 21, 1971—Waldheim's 53rd birthday—and just ten days before U Thant's second term was to have ended.
In his farewell address to the United Nations General Assembly Secretary-General U Thant stated that he felt a 'great sense of relief bordering on liberation' on relinquishing the 'burdens of office'. In an editorial published around December 27, 1971 praising U Thant, The New York Times stated that "the wise counsel of this dedicated man of peace will still be needed after his retirement". The editorial was entitled "The Liberation of U Thant".
While serving as Secretary-General, U Thant lived in Riverdale, Bronx on a 4¾-acre estate near 232nd Street, between Palisade and Douglas Avenues.[၃]
[ပြင်ဆင်ရန်] နောက်ဆုံးနေ့ရက်
၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် ဦးသန့်သည် နယူးယောက်မြို့၌ အဆုတ်ကင်ဆာဖြင့်ကွယ်လွန်ခဲ့သည်။ ဦးသန့်၏ရုပ်ကလာပ်ကို မြန်မာပြည်သို့ ပြန်လည်သယ်ဆောင်ခဲ့သော်လည်း ထိုစဉ်က ပြည်တွင်းနိုင်ငံရေး အခြေအနေကြောင့် နိုင်ငံတော်အခမ်းအနားဖြင့် ဂုဏ်ပြုသင်္ဂြိုဟ်ခြင်း မပြုခဲ့ပါ။ Then Burmese President Ne Win was envious of U Thant's international stature and the respect that was accorded him by the Burmese populace. Ne Win also resented U Thant's close links with the democratic government of U Nu which Ne Win had overthrown in a coup d'etat on March 2 1962. Ne Win ordered that U Thant be buried without any official involvement or ceremony.
From the United Nations headquarters in New York, U Thant's body was flown back to Rangoon but no guard of honour or high ranking officials were on hand at the airport when the coffin arrived.
On the day of U Thant's funeral on December 5 1974, tens of thousands of people lined the streets of Rangoon to pay their last respects to their distinguished countryman whose coffin was displayed at Rangoon's Kyaikasan race course for a few hours before the scheduled burial.
The coffin of U Thant was then snatched by a group of students just before it was scheduled to leave for burial in an ordinary Rangoon cemetery. The student demonstrators buried U Thant on the former grounds of the Rangoon University Students Union (RUSU), which Ne Win had dynamited and destroyed on July 8 1962.
During the period of December 5 through December 11 1974, the student demonstrators also built a temporary mausoleum for U Thant on the grounds of the RUSU and gave anti-government speeches. In the early morning hours of December 11, 1974, government troops stormed the campus, killed some of the students guarding the make-shift mausoleum, removed U Thant's coffin, and reburied it at the foot of the Shwedagon Pagoda, where it has continued to lie.
Upon hearing of the storming of the Rangoon University campus and the forcible removal of U Thant's coffin, many people rioted in the streets of Rangoon. Martial law was declared in Rangoon and the surrounding metropolitan areas. What has come to be known as the U Thant crisis — the student-led protests over the shabby treatment by the Ne Win government of U Thant — was crushed by the Burmese government.
In 1978, U Thant's memoirs View from the UN was posthumously published, initially by the American publishing house Doubleday.
Belmont Island, in New York City waters across from United Nations headquarters, has been unofficially renamed U Thant Island and dedicated to the late Secretary-General's legacy.
[ပြင်ဆင်ရန်] မိသားစု
ဦးသန့်သည် ဒေါ်သိန်းတင်နှင့် လက်ထပ်ထိမ်းမြားကာ သမီးတစ်ဦး၊ မြေး ၄ ဦးနှင့် မြစ် ၃ ဦး ထွန်းကားခဲ့သည်။ ဦးသန့်၏ တစ်ဦးတည်းသော မြေးယောက်ျား ဦးသန်းမြင့် သည် သမိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာဌာနတွင် ဝါရင့် ဝန်ထမ်းဖြစ်ပြီး The River of Lost Footsteps (ခြေလှမ်းပျောက်သွားတဲ့မြစ်) ကို ရေးသားခဲ့သည်။
[ပြင်ဆင်ရန်] ဦးသန့်အား ဂုဏ်ပြုခေါ်ဝေါ်ခဲ့သော နံမည်များ
- ကမ်ဘာ့ငြိမ်းချမ်းရေးအတွက် အားကြိုးမာန်းတက် ရှေးရှုလုပ်ကိုင်ကြသော အဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလများအား ဦးသန့်ငြိမ်းချမ်းရေးဆု အားတီထွင်ချီးမြှင့်သည်။
- မလေးရှား၏ မြို့တော်ကွာလာလမ်ပူသံရုံးလမ်ကို Jalan U Thant (ဦးသန့်လမ်း) ဟု ဦးသန့်ကို ဂုဏ်ပြုသော အားဖြင့် နာမည်ပေးခဲ့သည်။
- ကုလသမဂ္ဂရုံးချုပ်၏ အရှေ့ဘက် မျက်နှာချင်းဆိုင်တွင် ရှိသော မြစ်အတွင်းရှိ ကျွန်းငယ်လေးအား ဦးသန့်ကျွန်း ဟု ဦးသန့်အား ဂုဏ်ပြုသော အားဖြင့်ခေါ်တွင်ခဲ့သည်။
- U Thant Honorary Lecture Series has been held regularly at the United Nations University (UNU) Headquarters in Tokyo, Japan.
- United Nations University (UNU) Headquarters in Tokyo, Japan has named their premiere conference facility after him.
- The United Nations International School faculty votes to elect a Junior as the U Thant Scholar, equivalent to valedictorian. The 2008-2009 scholar is Maya Kurien.
[ပြင်ဆင်ရန်] ရည်ညွှန်းချက်များ
- ↑ (2006) The River of Lost Footsteps. Farrar, Straus and Giroux. ISBN 0374163421.
- ↑ Letter to U Thant / James E. McDonald. - Tucson, Ariz. : J.E. McDonald, 1967. - 2 s;Druffel, Ann; Firestorm: Dr. James E. McDonald's Fight for UFO Science; 2003, Wild Flower Press; ISBN 0-926524-58-5
- ↑ Dunlap, David W. "Bronx Residents Fighting Plans Of a Developer", The New York Times, November 16, 1987. Accessed May 4, 2008. "A battle has broken out in the Bronx over the future of the peaceful acreage where U Thant lived when he headed the United Nations. A group of neighbors from Riverdale and Spuyten Duyvil has demanded that the city acquire as a public park the 4.75-acre parcel known as the Douglas-U Thant estate, north of 232d Street, between Palisade and Douglas Avenues. "