အပြည်ပြည်ဆိုင်ရာ တရားရုံး

ဝီကီပီးဒီးယား မှ
အပြည်ပြည်ဆိုင်ရာ တရားရုံး
Cour internationale de justice
အပြည်ပြည်ဆိုင်ရာတရားရုံး စည်းတံဆိပ်
စတင်၁၉၄၅ (PCIJ ကို ၁၉၄၆ တွင် ဖျက်)
နိုင်ငံWorldwide, ၁၉၃ state parties
တည်နေရာဟိတ်, နယ်သာလန်
ကိုဩဒိနိတ်52°05′11.8″N 4°17′43.8″E / 52.086611°N 4.295500°E / 52.086611; 4.295500ကိုဩဒိနိတ်: 52°05′11.8″N 4°17′43.8″E / 52.086611°N 4.295500°E / 52.086611; 4.295500
လုပ်ပိုင်ခွင့်ပြုခြင်း
သက်တမ်း၉ နှစ်
ရာထူးနေရာ၁၅
ဝက်ဘ်ဆိုဒ်www.icj-cij.org
ဥက္ကဋ္ဌ
လက်ရှိအဘဒူကာဝီ ယူစွတ်
စတင်တာဝန်ထမ်းဆောင်၂၀၁၈ ဖေဖော်ဝါရီ ၆
Lead position ends၂၀၂၁ ဖေဖော်ဝါရီ ၅
ဒုတိယ ဥက္ကဋ္ဌ
လက်ရှိချင်း ဟန့်ကျီ
စတင်တာဝန်ထမ်းဆောင်၂၀၁၈ ဖေဖော်ဝါရီ ၆
Lead position ends၂၀၂၁ ဖေဖော်ဝါရီ ၅
အပြည်ပြည်ဆိုင်ရာ တရားရုံး တည်ရှိရာ ငြိမ်းချမ်းရေး နန်းတော်

အပြည်ပြည်ဆိုင်ရာတရားရုံး (အင်္ဂလိပ်: International Court of Justice (ICJ)) သည် ကုလသမဂ္ဂ၏ ပင်မတရားစီရင်ရေးအဖွဲ့အစည်း တစ်ခုဖြစ်၍ "ကမ္ဘာ့တရားရုံး" (World Court) ဟုလည်းခေါ်ဆိုသည်။

နယ်သာလန်နိုင်ငံ ဟိတ်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော် တွင် တည်ရှိသည်။ နယူးယောက်၌ မရှိသော တခုတည်းသော ကုလသမဂ္ဂ အဆောက်အဦဖြစ်သည်။ [၁] အဓိကသုံးသော ဘာသာစကားမှာ အင်္ဂလိပ်နှင့် ပြင်သစ်စကားတို့ ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာတရားရုံးကို ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့မှ ရွေးချယ်ပေးသော နိုင်ငံပေါင်း ၁၅ နိုင်ငံမှ တရားသူကြီး ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည်။ တရားသူကြီးများ၏ သက်တမ်းမှာ ၉ နှစ်ဖြစ်သည်။ ထပ်မံ ရွေးချယ်ခံနိုင်ခွင့်ရှိသည်။ သုံးနှစ်လျင်တကြီမ် ၅ ဦးစီ ရွေးချယ်သည်။

တရား အမှုအခင်းတစ်ခု၌ ပါဝင်လိုခြင်း မရှိသော နိုင်ငံတစ်နိုင်ငံသည် အထူးချုပ်ဆိုထားသော စာချုပ်တစ်ရပ်ပါ ပြဋ္ဌာန်းချက်များ အရ ပါဝင်ရန်လိုအပ်မှုမရှိပါက မပါဝင်ဘဲ နေနိုင်သည်။

တရားရုံး၏ စီရင်ရင်မှုကို လက်ခံလျှင်မူ တရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်။ [၂]

တာဝန်[ပြင်ဆင်ရန်]

  • အပြည်ပြည်ဆိုင်ရာ တရားဥပဒေနှင့်အညီ နိုင်ငံများကတင်သွင်းလာသော ဥပဒေရေးရာ အငြင်းပွားမှုများကို ဖြေရှင်းရန်
  • ဥပဒေရေးရာ မေးခွန်းများနှင့် စပ်လျဉ်း၍ အကြံပြုထားသော ထင်မြင်ယူဆချက်များကို ပေးရန်
  • တင်ပြလာသော တရားအမှုအခင်းများ၌ နိုင်ငံများက အမှုသည်များအဖြစ် ဆုံးဖြတ်ပေးခြင်း

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

နိုင်ငံပေါင်းစုံအသင်း (League of Nations) က အပြည်ပြည်ဆိုင်ရာ အမြဲခန့် တရားရုံး (Permanent Court of International Justice) ဟူ၍ ၁၉၂၀ တွင် စပြီး ၁၉၂၂ တွင် ပထမဆုံးအမှု စကိုင်သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် နိုင်ငံပေါင်းစုံအသင်းကို ကုလသမဂ္ဂနှင့် အစားထိုးသည့်အခါ အပြည်ပြည်ဆိုင်ရာ အမြဲခန့်တရားရုံးသည်လည်း အပြည်ပြည်ဆိုင်ရာတရားရုံးဟူ၍ ဖြစ်လာသည်။ တရားရုံး၏ အမိန့်အာဏာမှာ ယခင်အတိုင်း အဖွဲ့ဝင်နိုင်ငံများအပေါ် ဆက်တည်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. https://en.wikipedia.org/wiki/International_Court_of_Justice#cite_note-2
  2. ကမ္ဘာ့ကုလသမ္မဂ္ဂ-နိုင်ငံတကာသတင်းဂျာနယ်