သံတွဲမြို့နယ်

ဝီကီပီးဒီးယား မှ
၀၀:၃၄၊ ၁၆ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 0 ခုကို ကယ်ဆယ်ပြီး 1 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
သံတွဲမြို့နယ်
မြို့နယ်
သံတွဲမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သံတွဲမြို့နယ်
သံတွဲမြို့နယ်
သံတွဲမြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 18°28′0″N 94°23′00″E / 18.46667°N 94.38333°E / 18.46667; 94.38333
နိုင်ငံ မြန်မာ
ပြည်နယ်ရခိုင်ပြည်နယ်
ခရိုင်သံတွဲခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့သံတွဲမြို့
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁၈ ပေ (၅ မီတာ)
လူဦးရေ (၂၀၁၄)၁၃၃,၄၈၄[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သံတွဲမြို့နယ် သည် မြန်မာနိုင်ငံရခိုင်ပြည်နယ်သံတွဲခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ သံတွဲမြို့ ဖြစ်သည်။

ပထဝီဝင်

သံတွဲမြို့သည် ရခိုင်ပြည်နယ်၏ တောင်ဖက်ပိုင်းတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၂၈.၃၃ မိုင်နှင့် တောင်မှ မြောက်သို့ ၄၈ မိုင် ကျယ်ဝန်းပြီး ဧရိယာမှာ ၁၃၆၀.၁၆ စတုရန်းမိုင် (၈၇၀,၅၀၄ ဧက) ဖြစ်သည်။ တောင်တန်းများ ဝန်းရံလျက်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အမြင့် ၁၈ ပေတွင် တည်ရှိသည်။

သဘာဝဘေး

၂၀၁၇

ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျ‌ချောင်းရေတိုက်စားကာ ချောင်းကမ်းပါးများပြိုကျလာသဖြင့် ဇူလိုင် ၂၄ ရက်နေ့တွင် သံတွဲမြို့နယ်ပုဇွန်ဖြေကျေးရွာတွင် ဘုရားဆင်းထုတော်များအား အရေးပေါ်ရွှေ့ပြောင်းခဲ့ရသည်။[၂]

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၀။
  2. အောင်ရမ္မာ(ကျောက်ဖြူ)။ ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေတိုက်စားကာ ချောင်းကမ်းပါးများ ပြိုကျလာသဖြင့် ဘုရားဆင်းတုတော်များအား အရေးပေါ်ရွှေ့ပြောင်းရEleven Media။ ၂၇ ဇူလိုင် ၂၀၁၇ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]