ဓာတုကထာ

ဝီကီပီးဒီးယား မှ

ဓာတုကထာကျမ်း သည် ခန္ဓာ အာယတန ဓာတ် တို့ဖြင့် ဝေဖန်ဟောကြားသောကျမ်းဖြစ်သည်။ ရုပ် နာမ် ၂-ပါးကိုပင် ခန္ဓာ ဟူ၍လည်းကောင်း၊ အာယတန ဟူ၍လည်းကောင်း၊ ဓာတ် ဟူ၍ လည်းကောင်း ခေါ်သည်။ ထိုတွင် ဓာတ်သည် ခန္ဓာ၊ အာယတန တို့ထက် အရေအတွက်အားဖြင့် များသောကြောင့် ဓာတ်ကို ခေါင်းတည်ပြီး "ဓာတုကထာ" ဟု ခေါ်ရခြင်းဖြစ်သည်။ ဓမ္မသင်္ဂဏီ၊ ဝိဘင်းတို့၌ ဟောကြားခဲ့သော ပရမတ္ထတရားများကို ခန္ဓာနည်း၊ ဓာတ်နည်း၊ အာယတနနည်းတို့ဖြင့် ဝေဖန် ဟောကြားထားသည်။