တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော် (အင်္ဂလိပ်: Tipitakadhara Dhammabhandagarika) သည် မြန်မာနိုင်ငံ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာန မှ ဆက်ကပ်ချီးမြှင့်သော သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်တော်များအနက် တစ်ခု ဖြစ်သည်။
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်၏ ဂုဏ်အင်္ဂါအရည်အချင်းများမှာ :
- ပိဋကတ်သုံးပုံ နှုတ်ငုံဆောင်စွမ်းနိုင်၍ တိပိဋကဓရဘွဲ့တံဆိပ်တော် ဆက်ကပ် ခံရပြီးဖြစ်ခြင်း။
- ပိဋကတ်သုံးပုံ၏ ခဲရာခဲဆစ်မေးခွန်းတို့ကို ဖြေစွမ်းနိုင်၍ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးဖြစ်ခြင်း။
- တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးနောက် (၅)နှစ် သက်တမ်း ပြည့်မြောက်ခြင်း။
- သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်စုံခြင်း စသည်တို့ဖြစ်ကြသည်။[၁]
သို့သော် ဤဘွဲ့တံဆိပ်တော်ကို တိပိဋကဓရ တိပိဋကကောဝိဒ အောင်မြင်ပြီး (၅)နှစ်ပြည့်သောအခါမှသာ ဆက်ကပ်သော ဘွဲ့တံဆိပ်တော်ဖြစ်ပါသည်။
ကိုးကား
- ↑ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ပြဋ္ဌာန်းခြင်းဆိုင်ရာ ဂုဏ်အင်္ဂါအရည်အချင်းများအား အများပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြခြင်း (၂၉ နိုဝင်ဘာ ၂၀၁၆)။ ၂၀ ဇူလိုင် ၂၀၁၇ တွင် ပြန်စစ်ပြီး။