ရှင်စော (ပုဂံ)
ပုံပန်းသွင်ပြင်
ရှင်စော | |
---|---|
မိဖုရားခေါင် | |
နန်းသက် | ၁၂၃၁? – ၁၂၃၅ |
ရှေ့မင်းဆက် | ဖွားတော်ကြီး |
ဆက်ခံသူ | ရာဇဒေဝီ |
မွေးဖွား | ၁၁၉၀ ဆယ်စုနှစ် ပုဂံ |
ကွယ်လွန် | ၂၄ ဧပြီ ၁၂၄၁ နောက်ပိုင်း ပုဂံ |
အိမ်ထောင်ဖက် | နရသိင်္ဃ ဥဇနာ |
သားသမီးများ | သိင်္ခပတိ တရဖျား |
စံအိမ် | ပုဂံ |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
ရှင်စော (အစော ဟုလည်း သိကြ) သည် ပုဂံခေတ် နရသိင်္ဃ ဥဇနာမင်းသား၏ ဇနီးဖြစ်သည်။[၁] ဂျီအိပ်လုစ် နှင့် ဒေါက်တာသန်းထွန်း ကဲ့သို့သော သမိုင်းပညာရှင်များကနရသိင်္ဃ ကို ပုဂံမင်းဆက်မှ မင်းတစ်ပါး အဖြစ် သတ်မှတ်ကြသော်လည်း မည်သည့် မြန်မာရာဇဝင်ကျမ်းကမှ မင်းအဖြစ် ဖော်ပြထားခြင်း မရှိပေ။[၂][၃] ဒေါက်တာထင်အောင်နှင့် မိုက်ကယ်အောင်သွင် အစရှိသော သမိုင်းပညာရှင်တို့က နရသိင်္ဃကို မင်းတစ်ပါးအဖြစ် အသိအမှတ်မပြုကြပေ။[၂][၄]
အေဒီ ၁၂၃၅ ဇူလိုင် ၁၉ တွင် ရှင်စော၏ မတ်တော်စပ်သူ ကျစွာမင်း နန်းတက်ချိန်တွင် ရှင်စော၏ ခင်ပွန်း ကွယ်လွန်ခဲ့သည်ဟု ခန့်မှန်းရသည်။ ရှင်စော လှူဒါန်းခဲ့သော စေတီမှ တွေ့ရှိရသော ကျောက်စာအရ သူမသည် အေဒီ ၁၂၄၁ ဧပြီ ၂၄ အထိ သက်ရှိထင်ရှားရှိနေခဲ့သည်။[note ၁]
မှတ်စု
- ↑ See the inscription at (Taw, Forchhammer 1899: 71). Taw နှင့် Forchhammer တို့က ရှင်စောအား ဥဇနာနှင့် နရသီဟပတေ့တို့၏ မိဖုရားဖွားစောဟု မှားယွင်းစွာ သတ်မှတ်ခဲ့သည်။ (၁) ကျောက်စာတွင် ရှင်စောအား သိင်္ခပတေ့နှင့် တရဖျား (တာမွန်) တို့၏ မိခင်အဖြစ် အတိအလင်း ဖော်ပြထားသည်။ (၂) (မဟာရာဇဝင်ကြီး အတွဲ ၁၊ ၂၀၀၆၊ စာ ၂၃၄၊ အောက်ခြေမှတ်စု #၁) အရ ဖွားစောကို ခန့်မှန်း အေဒီ ၁၂၄၀ တွင် မွေးဖွားခဲ့ပြီး နရသိင်္ခဥဇနာတွင် ဖွားစောအမည်ရှိ အခြားမိဖုရားတစ်ပါးရှိခဲ့ပြီး သူမမှာ ဒုတိယဇနီး စောမင်းဝိုင်း ဖြစ်သဖြင့် Taw နှင့် Forchhammer တို့၏ ကောက်ချက် မှားယွင်းသည်ဟု ဆိုနိုင်သည်။
ကိုးကား
ကျမ်းပြုစာရင်း
- အောင်-သွင်၊ မိုက်ကယ် အေ; Maitrii Aung-Thwin (2012)။ A History of Myanmar Since Ancient Times (illustrated ed.)။ Honolulu: University of Hawai'i Press။ ISBN 978-1-86189-901-9။
- ထင်အောင်၊ မောင် (1970)။ Burmese History before 1287: A Defence of the Chronicles။ Oxford: The Asoka Society။
- ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး။ ၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
- ဒေါက်တာသန်းထွန်း (၁၉၆၄)။ Studies in Burmese History။ ၁။ ရန်ကုန်: မဟာဒဂုံ။
ရှင်စော (ပုဂံ) မွေးဖွား ၁၁၉၀ ဆယ်စုနှစ် ကွယ်လွန် ၂၄ ဧပြီ ၁၂၄၁ နောက်ပိုင်း
| ||
Royal titles | ||
---|---|---|
ယခင်က ဖွားတော်ကြီး |
မိဖုရားခေါင် ၁၂၃၁?–၁၂၃၅ |
ဆက်ခံသူ ရာဇဒေဝီ |