ရွှေစစ်သင် မြင်းဖြူရှင်နတ်
ပုံပန်းသွင်ပြင်
ရွှေစစ်သင်နတ်သည် ပုဂံစောမွန်နစ်မင်း (၆၈၇-၇၃ဝ) ၏ သားတော်ဖြစ်သည်။ ခမည်းတော်က စစ်ချီစေရာတွင် ပေါ့လျော့စွာ ကြက်တိုက်ကစားနေသည်နှင့် ခမည်းတော်က ခြေထိပ်ခတ်ထားရာတွင် အနိစ္စရောက်သည်မှ နတ်ဖြစ်သည်ဟူ၏။ မြင်းဖြူရှင်နတ်ဟုလည်း ခေါ်ကြသည်။ နတ်ရုပ်မှာဇွန်းရိုးပလ္လင်ခံ၊ ယာဒူးထောင်၊ ဝဲဒူးလှဲ၊ ယာလက် ဓားထမ်း၊ ဝဲလက်ကဒူးပေါ်အုပ်၊ ခေါင်းစလွယ်၊ ရှေ့ဘယက်နောက်ဘယက်နှင့် ထုလုပ်ရသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သုံးဆဲ့ခုနှစ်မင်း