မောင်ဂိုမာရီ၊ ဗားနတ်လော၊လော့
| The Right Honourable The Viscount Montgomery of Alamein KG GCB DSO PC DL | |
|---|---|
Montgomery in 1943 | |
| အမည်ပြောင်(များ) |
|
| မွေးဖွား | ၁၇ နိုဝင်ဘာ၊ ၁၈၈၇[၁] Kennington, Surrey, England |
| ကွယ်လွန် | ၂၄ မတ်၊ ၁၉၇၆ (အသက် ၈၈) Alton, Hampshire, England |
| မြှုပ်နှံရာ နေရာ | Holy Cross Churchyard, Binsted, Hampshire |
| သစ္စာခံနိုင်ငံ | United Kingdom |
| လက်နက်ကိုင်တပ် | British Army |
| အမှုထမ်း ကာလ | 1908–1958 |
| ရာထူးအဆင့် | Field Marshal |
| ကိုယ်ပိုင်အမှတ် | 8742 |
| တပ်ဖွဲ့ | Royal Warwickshire Regiment |
| ကွပ်ကဲသည့် ဌာန |
|
| တိုက်ပွဲ/စစ်ပွဲများ | |
| ဆုတံဆိပ်များ | |
| အိမ်ထောင်ဖက် | Betty Carver (လက်ထပ် 1927; died 1937) |
| အခြား အလုပ် |
|
| လက်မှတ် | |

ပထမဗိုင်းကောင့်မောင်ဂိုမာရီဘွဲ့ခံ ဗြိတိသျှစစ်သူကြီး လော့ ဗားနတ်လော မောင်ဂိုမာရီသည် ဒုတိယကမ္ဘာစစ်အတွင်း က ထင်ရှားခဲ့သူများတွင် ထိပ်တန်းမှနေခဲ့သူဖြစ်၍ အထူးသဖြင့် ဥရောပတိုက်နှင့် အာဖရိကတိုက်မြောက်ပိုင်းတွင် အောင်ပွဲ အများဆုံး ဆွတ်ခူးခဲ့သူအဖြစ်လည်း ကျော်ကြားလေသည်။
မောင်ဂိုမာရီသည် ၁၈၈၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အိုင်ယာလန်ပြည် ဒိုနိုဂယ်ခရိုင်မိုဗေးမြို့၌ ဖွားမြင်လေသည်။ သူ၏ဖခင်မှာ ရေဖျန်းဂိုဏ်းဝင် ဂိုဏ်းအုပ်ဘုန်းကြီးဖြစ်၏။ ငယ်စဉ်က လန်ဒန်မြို့ရှိ စိန်ပေါအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီးနောက် ဆင်းဒဟတ် စစ်တက္ကသိုလ်သို့ တက်ရောက်၍ စစ်အတတ် သင်ကြားခဲ့ရလေသည်။ ၁၉ဝ၈ ခုနှစ်တွင် ဘုရင့် ဝါဝစ်ရှိုင်းယားတပ်၌ ဒုတိယဗိုလ် အဆင့်အတန်းကို ရရှိခဲ့၍ ပထမကမ္ဘာစစ် ဖြစ်ပွားသောအခါ ပြင်သစ်စစ်မျက်နှာတွင် သွားရောက် အမှုထမ်းခဲ့ရလေသည်။ စစ်ကြီးစတင်သည့် ၁၉၁၄ ခုနှစ်မှာပင် သူ၏ ရဲစွမ်းသတ္တိကြောင့် ထူးချွန်သည့် အမှုထမ်းဘွဲ့ကို ရရှိခဲ့သည်။ စစ်ကြီးအတွင်း နှစ်ကြိမ် ဒဏ်ရာရရှိခဲ့၏။ ထို့ပြင် ရာထူး အဆင့်ဆင့် တိုးတက်ခဲ့ရာ ယာယီအားဖြင့် ဒုတိယဗိုလ်မှူးကြီး အဆင့်အတန်းသို့ပင် တိုးမြှင့်ခန့်ထားခြင်း ခံရသည်။ ထိုနောက်တွင် ရိုင်း နယ်မြေ၌ လည်း ကောင်း၊ အိုင်ယာလန်ပြည်၌လည်းကောင်း၊ အိန္ဒိယပြည်၌ လည်းကောင်း စစ်ဦးစီးအရာရှိအဖြစ် အမှုထမ်းရွက်ခဲ့လေသည်။ ၁၉၃၇ ခုနှစ်တွင် ဗိုလ်မှူးချုပ် အဆင့်အတန်းသို့ တိုးမြှင့်ခန့်ထားခြင်း ခံခဲ့ရပြီး နောက်တစ်နှစ်တွင် ဗိုလ်ချုပ် ဖြစ်သွား၍ ပယ်လက်စတိုင်နှင့် ဂျော်ဒန်ပြည်များတွင် အမှုထမ်းခဲ့ရလေသည်။ ၁၉၃၉ ခုနှစ် စက်တင်ဘာလတွင် ဒုတိယကမ္ဘာစစ် ဖြစ်ပွားသောအခါ ဗိုလ်ချုပ်မောင်ဂိုမာရီသည် အမှတ် ၃ တပ်တော်ကို အုပ်ချုပ်လျက်ရှိနေ၍ ဗဲလဂျီယမ်နှင့် ပြင်သစ်စစ်မြေပြင်တို့တွင် တိုက်ခိုက်ခဲ့ရသည်။ ဒန်းကတ်အရေး အပြီးတွင် အင်္ဂလန်ပြည် အရှေ့တောင်စစ်မျက်နှာ ကာကွယ်ရေးကို ကွပ်ကဲခဲ့ရလေသည်။
၁၉၄၂ ခုနှစ် ဩဂုတ်လတွင် အီဂျစ်အနောက်ပိုင်း သဲကန္တာရအတွင်းရှိ အမှတ် ၈ တပ်မတော်အား ဦးစီးရေး တာဝန်ကို လွှဲပြောင်း၍ ယူခဲ့လေသည်။ ပထမတွင် ဂျာမန်နှင့် အီတာလျံ တပ်များ၏ အဖိခံခဲ့ရသော်လည်း အားလမိန်းအရပ်မှ နေ၍ ခုခံတွန်းလှန်ခဲ့ပြီးနောက် ထိုးစစ်ဆင်ကာ ဂျာမန်နှင့် အီတာလျံတို့အား သဲကန္တာရကိုဖြတ်၍ တိုက်ခိုက်မောင်းထုတ်ခဲ့လေရာ ရက်သတ္တ ၁၃ ပတ်အကြာတွင် လုံးဝအောင်မြင်ခဲ့လေသည်။ ထိုတိုက်ပွဲကား စစ်ပြီးသည်အထိ သေနာပတိ မောင်ဂိုမာရီ ခံယူခဲ့ရသော အောင်ပွဲတို့၏ အစပင်တည်း။ သူ၏ အောင်မြင်မှုမှာ ဂျာမန်တပ်ကို ပထမဆုံးအကြိမ် အပြတ်အသတ် အောင်နိုင်ခဲ့ခြင်းဖြစ်လေရာ ထိုနှစ်အတွင်းမှာပင် ဆဋ္ဌဂျော့ဘုရင်က သူ့အား သူရဲကောင်းဘွဲ့နှင့် သူကောင်းပြုပြီးလျှင် ဗိုလ်ချုပ်မှူးအဖြစ် ခန့်ထားခဲ့လေသည်။
ဂျာမန်၊ အီတာလျံတို့အား အီဂျစ်ပြည်မှ အပြင်းတိုက် ၍ မောင်းထုတ်ခဲ့ရင်း တျူနစ်ဇီးယားသို့ ရောက်သောအခါ ဗိုလ်ချုပ်မှူးအိုင်ဆင်ဟောင်းဝါး၏ တပ်များနှင့် ပူးပေါင်း၍ ဆက်လက်တိုက်ခိုက်ရာ ၁၉၄၃ ခုနှစ် မေလတွင် အာဖရိက မြောက်ပိုင်းတိုက်ပွဲများ အောင်မြင်စွာ ပြီးဆုံးသွားလေသည်။ ထိုနှစ် ဇူလိုင်လတွင် အမှတ် ၈ တပ်မတော်ကို ဦးစီး၍ စစ္စလီ ကျွန်းပေါ်သို့တက်၍ သိမ်းပိုက်ခဲ့ပြီးနောက် နှစ်လအကြာတွင် အီတလီနိုင်ငံတွင်းသို့ ချဉ်းနင်းဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ၁၉၄၄ ခုနှစ် ဇန်နဝါရီလအထိ အီတလီနိုင်ငံတွင် အမှုထမ်းခဲ့ ပြီးသော် အင်္ဂလန်ပြည်သို့ပြန်ကာ ဗိုလ်ချုပ်မှူး အိုင်ဆင်ဟောင်းဝါး လက်အောက်ရှိ ကုန်းတပ်များကို အုပ်ချုပ်ပြီးလျှင် ပြင်သစ်နိုင်ငံကမ်းခြေ တက်ရောက်တိုက်ခိုက်ရေးအတွက် စီမံ ခဲ့ရလေသည်။
၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ဗိုလ်ချုပ်မှူး မောင်ဂိုမာရီ၏ တပ်များသည် နော်မန်ဒီကမ်းခြေသို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။ ဩဂုတ်လတွင် အမေရိကန် ကြည်းတပ်များ ထပ်မံရောက်လာသဖြင့် တပ်ဖွဲ့များအုပ်ချုပ်ရေးကို ပြင်ဆင်လိုက်သောအခါ မောင်ဂိုမာရီသည် အမှတ် ၂၁ တပ်မကြီးကို အုပ်ချုပ်ရလေသည်။ စက်တင်ဘာလ ၁ ရက်နေ့တွင် ဗြိတိသျှစစ်တပ်၌ အမြင့်ဆုံးဖြစ်သော စစ်သူကြီးအဆင့်အတန်းကို ရရှိခဲ့လေသည်။ ဒီဇင်ဘာလတွင် မြောက်ဘက် စစ်မျက်နှာ၌ အင်္ဂလိပ်အမေရိကန်တပ်များ၏ သေနာပတိအဖြစ် ယာယီအားဖြင့် ဆောင်ရွက်ခဲ့ရလေသည်။ နစ်ဂျမီဂျင်နှင့် အာနင်မြို့များကို လေထီးတပ်များဖြင့်တိုက်ခိုက်ရေးကို ဦးစီးကြိုးကိုင်ခဲ့၍ ျွအာဒင်းနစ်တွင် ဂျာမန်တို့၏ တန်ပြန်ထိုးစစ်ဆင်မှုကို တွန်း လှန်ရာတွင် ပါဝင်တိုက်ခိုက်ခဲ့၏။ ရိုင်းမြစ်ကိုဖြတ်ကျော်ခဲ့ပြီး နောက်တွင် မဟာမိတ်တို့သည် ခုခံမှုမရှိဘဲ ချီတက်နိုင်ခဲ့ရာ လက်ဝဲဘက် စစ်ကြောင်းမှ မောင်ဂိုမာရီ၏ တပ်များသည် ဟော်လန်ကို ကယ်တင်ခဲ့ပြီးနောက်၊ ဗရီးမင်း၊ ဟန်နိုဗာနှင့် ဟမ်းဗတ်တို့ကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပြီးလျှင် အဲ့လဗက် ကမ်းခြေသို့ ရောက်ခဲ့လေသည်။ ၁၉၄၅ ခုနှစ် မေလ ၄ ရက် နေ့တွင် ဂျာမနီအနောက်မြောက်ပိုင်းနှင့် နယ်သာလန်နိုင်ငံရှိ ဂျာမန်စစ်သား ၅ဝဝ,ဝဝဝ ၏ လက်နက်ချအပ်ခြင်းကို ခံယူ လေသည်။ ထိုနောက်တွင် ဂျာမနီပြည် ဗြိတိသျှစစ်တပ်များ၏ စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ခြင်းခံရပြီးလျှင် မဟာမိတ် အုပ်ထိန်းရေး ကော်မရှင်တွင် ဗြိတိသျှကိုယ်စားလှယ်ကြီးအဖြစ် ပါဝင်ခဲ့ရလေသည်။
၁၉၄၆ ခုနှစ်တွင် ဗိုင်းကောင့်ဘွဲ့ဖြင့် သူကောင်းပြု ချီးမြှင့်ခြင်းခံရပြီးလျှင် စစ်ဦးစီးချုပ် လော့အယ်လင်ဗရု၏နေရာ တွင် ခန့်ထားခြင်းခံရသည်။ ၁၉၄၇ ခုနှစ်တွင် ဆိုဗီယက် ပြည်ထောင်စု နိုင်ငံနှင့် ပယ်လက်စတိုင်၊ အိန္ဒိယ၊ သီဟိုဠ်၊ စင်ကာပူ စသောအရပ်ဒေသများသို့ သွားရောက် လည်ပတ်ခဲ့ သည်။ ၁၉၄၈ ခုနှစ် ဧပြီလတွင် အနောက်ပိုင်းနိုင်ငံများမှ စစ်ဦးစီးချုပ်များနှင့် ကာကွယ်ရေးဝန်ကြီးများ၏ ညီလာခံသို့ တက်ရောက်၍ ကျူးကျော်ရန်စလာသူကို ပူးပေါင်းတိုက်ခိုက်ရန် အမြဲတမ်း စစ်ကော်မတီ ဖွဲ့စည်းထားရှိရေးကို ဆွေးနွေးခဲ့သည်။ အောက်တိုဘာလတွင် အနောက်ပိုင်းနိုင်ငံများ ကာကွယ်ရေး ကောင်စီတွင် စစ်သေနာပတိ ကော်မတီအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရလေသည်။ ထိုအခါတွင် ဗြိတိသျှစစ်ဦးစီး ချုပ် ရာထူးကို စွန့်လွှတ်လိုက်ရလေသည်။ များမကြာမီပင် ဥရောပတိုက်ရှိ မဟာမိတ်တို့၏ ဌာနချုပ်၏ ဒုတိယအကြီး အကဲအဖြစ် ခန့်ထားခြင်းခံရလေသည်။[၁၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Grossman၊ Mark (2007)။ World Military Leaders: A Biographical Dictionary (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Infobase Publishing။ p. 231။ ISBN 978-0-8160-7477-8။
- ↑ "No. 40729"။ The London Gazette (Supplement)။ 9 March 1956။ p. 1504။
- ↑ "No. 37983"။ The London Gazette (Supplement)။ 10 June 1947။ p. 2663။
- ↑ "No. 41182"။ The London Gazette (Supplement)။ 20 September 1957။ p. 5545။
- ↑ "No. 37589"။ The London Gazette (Supplement)။ 31 May 1946။ p. 2665။
- ↑ "No. 42240"။ The London Gazette (Supplement)။ 30 December 1960။ p. 24။
- ↑ "No. 37826"။ The London Gazette (Supplement)။ 20 December 1946။ p. 6236။
- ↑ "No. 43160"။ The London Gazette (Supplement)။ 15 November 1963။ p. 9424။
- ↑ "No. 41599"။ The London Gazette။ 6 January 1959။ p. 166။
- ↑ "Viscount Montgomery of Alamein"။ Desert Island Discs။ 20 December 1969။ BBC Radio 4။ 18 January 2014 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၆၅)။ "မောင်ဂိုမာရီ, ဗားနတ်လော၊ လော့ (ခရစ် ၁၈ဝ၇)"။ မြန်မာ့စွယ်စုံကျမ်း။ ၉ (ပထမအကြိမ် ed.)။ စာပေဗိမာန်၊ ရန်ကုန်မြို့။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း။