၂၀၂၀ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
ဒဿမအကြိမ် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ
X ASEAN Para Games
ပါဝင်သော နိုင်ငံများ၁၁
ပါဝင်ဆင်နွဲသော အားကစားသမားများ၂၀၀၀[၁] (expected)
ကစားပွဲအမျိုးအစား၄၀၀ (၁၂မျိုး)[၁]
ဖွင့်ပွဲအခမ်းအနားTBA
ပိတ်ပွဲအခမ်းအနားTBA
၂၀၁၇ ၂၀၂၁  >

၂၀၂၀ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသည် ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ၌ ကျင်းပရန် လျာထားခဲ့သည့် ဒဿမအကြိမ် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဖြစ်သည်။၂၀၂၀ခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုများ များပြားလာသဖြင့် ပြိုင်ပွဲကျင်းပမည့်ရက်အား ၂၀၂၀ မတ်လသို့ ပထမအကြိမ်​ပြောင်းလဲခဲ့သည်။ ထို့​နောက် ​အောက်တိုဘာလသို့ ထပ်မံ​ပြောင်းလဲခဲ့သည်။ သို့​သော် ၂၀၂၀ ​မေလတွင် ဖိလစ်ပိုင်အစိုးရမှ ကိုရိုနာဗိုင်းရပ်စ်ကူးစံခံရမှုတွင် ဘဏ္ဍာ​ငွေအသုံးပြုရန်အတွက် ဤအားကစားပွဲအား တရားဝင် ဖျက်သိမ်းလိုက်သည်။[၂] ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၀ပြည့်နှစ် စက်တင်ဘာလအ​စောပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂သိန်း​ကျော်ရှိ​သည်။

လက်ခံကျင်းပခြင်း[ပြင်ဆင်ရန်]

အိမ်ရှင်ရွေးချယ်ခြင်း[ပြင်ဆင်ရန်]

၂၀၁၂ ဇူလိုင်က မြန်မာပြည်တွင် ကျင်းပသော SEAGF အစည်းအဝေးတွင် မြန်မာက ၂၀၁၃စင်ကာပူက ၂၀၁၅မလေးရှားက ၂၀၁၇ ဆီးဂိမ်းပွဲများ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ ဘရူနိုင်းနိုင်ငံမှာ ၂၀၁၇ပွဲတော်ကိုကျင်းပရန်အလှည့်ကျသော်လည်း ၂၀၁၉ပွဲတော်ကိုသာ ကျင်းပရန်ဆန္ဒရှိခဲ့သည်။ ၂၀၁၅ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ဘရူနိုင်းအနေဖြင့် အိမ်ရှင်အဖြစ်မှ နုတ်ထွက်ခဲ့သည်။

ထို့ကြောင့် ဖိလစ်ပိုင်နှင့်ထိုင်းမှာ အိမ်ရှင်အဖြစ်ကျင်းပရန် စိတ်ဝင်စားခဲ့သည်။ ၂၀၂၁ ဆီးဂိမ်းကျင်းပမည့် ဗီယက်နမ်ကို ကျင်းပခွင့်ပေးခဲ့သော်လည်း ငြင်းဆိုခဲ့သည်။

၂၀၁၇ ဇူလိုင်လတွင် ဖိလစ်ပိုင်အိုလံပစ်ကော်မတီက ၂၀၁၉ ပွဲတော်များကို ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုလတွင်ပင် ဖိလစ်ပိုင်အနေဖြင့် မာလဝီတွင် စစ်သွေးကြွများကြောင့် ပျက်စီးမှုများကို ပြန်လည်ထူထောင်ရန် ရန်ပုံငွေအတွက် ၂၀၁၉ ပွဲတော်များကျင်းပရေးမှ နုတ်ထွက်ခဲ့သည်။ သို့သော် ဩဂုတ် ၁၆ ရက်တွင် ဖိလစ်ပိုင်အိုလံပစ်ကော်မတီ ဥက္ကဋ္ဌမှ ၂၀၁၉ ပွဲတော်ကို ဖိလစ်ပိုင်တွင်ပင် ကျင်းပမည်ဟု ကြေညာပြန်သည်။ သူသည် ဖိလစ်ပိုင်သမ္မတ ဒူတာဒေးကို အယူခံဝင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပါရာဂိမ်းကိုပါ ဖိလစ်ပိုင်နိုင်ငံက လက်ခံကျင်းပခြင်း ဖြစ်သည်။

၂၀၁၇ကွာလာလမ်ပူပွဲတော် ပိတ်ပွဲတွင် ယခင်ပိတ်ပွဲများတွင် နောက်လက်ခံကျင်းပမည့်နိုင်ငံမှ ဖျော်ဖြေရေးနေရာတွင် ထိုနိုင်ငံ၏ယဉ်ကျေးမှုကို ထင်ဟပ်စေသော ဖျော်ဖြေမှုများတင်ဆက်ခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံကမူ ဗီဒီယိုသာ ပြနိုင်ခဲ့သည်။

၂၀၂၀ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို နေရာကြီး ၃ နေရာတွင် ကျင်းပမည်။

ပွဲများနှင့်အားကစား[ပြင်ဆင်ရန်]

ပါဝင်မည့်နိုင်ငံများ[ပြင်ဆင်ရန်]

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]