သိရောမဏိ

ဝီကီပီးဒီးယား မှ

ရှေးအခါက နိုင်ငံပိုင်အစိုးရ ကျင်းပပေးသော ပထမပြန်စာမေးပွဲမှာ ပထမငယ်၊ ပထမလတ်၊ ပထမကြီးဟု ၃ တန်း သာရှိခဲ့သည်။ နောင် (မြန်မာနှစ် ၁၃၁၄) တွင် ဓမ္မာစရိယတန်း တိုးချဲ့ ပြဋ္ဌာန်းသည်။ ဓမ္မာစရိယကျမ်းရင်း ၃ ကျမ်းနှင့် အတူ ဂုဏ်ထူးကျမ်း ၉ ကျမ်းကို အပြီးအောင်မြင်ပါက "ခေါင်းပေါ်ကပတ္တမြား"ဟု အဓိပ္ပါယ်ရသော သိရောမဏိ ဘွဲ့ ပေးပါသည်။ (လက်ရှိအစိုးရဓမ္မာစရိယတန်း၊ ဂုဏ်ထူးတန်းဆိုင်ရာစည်းကမ်းများနှင့်မတူတော့ပါ၊ သိရောမဏိဘွဲ့လည်း မပေးတော့ပါ။) [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အမရဒီပ