မာတိကာသို့ ခုန်သွားရန်

ဝဋံသကာ

ဝီကီပီးဒီးယား မှ

ဝဋံသကာဘွဲ့ သည် ဗုဒ္ဓဘာသာ သာသနာတော်အတွင်း ထူးခြားထင်ရှားသည့် ဘွဲ့တံဆိပ်တစ်ခု ဖြစ်သည်။ သကျသီဟ ‌ခေါ် မန္တလေး ပရိယတ္တိသာသနဟိတအသင်း၊ စေတိယင်္ဂဏခေါ် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့တို့က ကြီးမှူးကျင်းပသည့် ပရိယတ္တိစာလျှောက်မေးပွဲများ ၏ စာသင်တန်း၊ ဓမ္မာစရိယတန်းတို့ကို နှစ်မခြားဘဲ အောင်မြင်သော ထူးချွန်သံဃာများကို ဆပ်ကပ်သည်။

(၂၀၂၅) ခုနှစ်အထိ သကျသီဟ ဝဋံသကာဘွဲ့ရ (၁၀) ပါး နှင့် ‌စေတိယင်္ဂဏ ဝဋံသကာဘွဲ့ရ (၁၁) ပါး ရှိခဲ့သည်။ အဆိုပါ (၂၁) ပါးမှာ မန္တလေးစာသင်တိုက်များမှ စာ‌ မေး ပွဲဖြေဆိုသူ (၁၅) ပါး၊ စစ်ကိုင်း/မင်းကွန်း မှ (၂) ပါး၊ ရန်ကုန် မှ (၂) ပါး၊ ပဲခူးမှ (၁) ပါး၊ ရေဦးမှ (၁) ပါး တို့ ဖြစ်ကြသည်။

မန္တလေးမြို့ သကျသီဟ ဝဋံသကာဘွဲ့

[ပြင်ဆင်ရန်]

မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်းက ကြီးမှူးကျင်းပသည့် သကျသီဟပရိယတ္တိစာလျှောက်မေးပွဲများ ၏ စာသင်တန်း၊ ဓမ္မာစရိယတန်းတို့ကို နှစ်မခြားဘဲ အောင်မြင်သော စာအောင် သံဃာတော်များကို "ဝဋံသကာ" ဘွဲ့ဆပ်ကပ်အပ်နှင်းသည်။စာမေးပွဲစတင်ကျင်းပသည့် ကောဇာသက္ကရာဇ် (၁၂၆၇) ခုနှစ် မှ (၁၃၈၇) ခုနှစ် နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်အတွင်း ဘွဲ့တံဆိပ် ဆက်ကပ်ခံရသည့် အရှင်မြတ် (၁၀ )ပါးသာ ပေါ်ထွန်းခဲ့သည်။

ပထမဦးဆုံးဆက်ကပ်ခံရသည့် ပုဂ္ဂိုလ်

[ပြင်ဆင်ရန်]

ပရိယတ္တိသာသနဟိတအသင်း၏ ပထမဦးဆုံး ဝဋံသကာဘွဲ့ခံ သာသနာ့ သူရဲကောင်းပုဂ္ဂိုလ် မှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး ဖြစ်သည်။ (၁၉၅၃) ခုနှစ်တွင် ပရိယတ္တိသာသနဟိတအသင်း၏ ဝဋံသကာဘွဲ့ရ ၃ ပါး တပြိုင်နက်ပေါ်ထွက်လာသည်။ ဦးကုမာရာဘိဝံသ (နဝမဗန်းမော်ဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ)၊ ဦးသုနန္ဒာဘိဝံသ (ဦးရွှေအောင်) နှင့် ဦးနာရဒါဘိဝံသ (ဓမ္မာစရိယ ဦးထွန်းလှိုင်) တို့ ဖြစ်ကြသည်။ဝဋံသကာဘွဲ့ကို ရန်ကုန်ရွှေတိဂုံစေတီတော်စေတိယင်္ဂယ စာမေးပွဲကလည်း ဆပ်ကပ်သည်။ []

သကျသီဟ ဓမ္မာစရိယ ဝဋံသကာဘွဲ့ရများ

[ပြင်ဆင်ရန်]
ဝဋံသကာ ဘွဲ့ ဆက်ကပ်ခံရသည့် သံဃာတော်များ စာရင်း
စဉ်ဘွဲ့တော်ပညာသင်ကျောင်းတိုက်အောင်သည့်နှစ် အောင် မြင်ချိန်သက်တော်မှတ်ချက်
အရှင် ဝိစိတ္တသာရာ ဘိဝံသ ဓမ္မနာဒကျောင်းတိုက်၊ မင်းကွန်း ၁၂၉၆ ခုနှစ် ၂၃ နှစ် နောင်တွင် မင်းကွန်းတိပိဋကဆရာတော် အဖြစ် ထင်ရှား ကျော်ကြားခဲ့သည်။
အရှင် ဥတ္တမာဘိဝံသ မိုးကောင်းတိုက်၊ မန္တလေး ၁၂၉၉ ခုနှစ်
အရှင် လက္ခဏာဘိဝံသ မိုးကောင်းတိုက်၊ မန္တလေး ၁၃ဝ၉ ခုနှစ် နောင်တွင် ဆရာကြီးဦးကျော်ရှိန် အဖြစ် ကျော်ကြားခဲ့သည်။
အရှင် သုမနာဘိဝံသ ထီးလင်းတိုက်၊ မန္တလေး ၁၃၁၄ ခုနှစ် နောင်တွင် နည်းသစ်ဆရာကြီး ဦးသောင်းလွင်BA အဖြစ် ကျော်ကြားခဲ့သည်။
အရှင် ကုမာရာဘိဝံသ ဘုရားကြီးတိုက်၊ မန္တလေး ၁၃၁၅ ခုနှစ် နောင်တွင် နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ

ဗန်းမော်ဆရာတော်ကြီး (၂၀၁၀ - ၂၀၂၄) အဖြစ် ထင်ရှား ကျော်ကြားခဲ့သည်။

အရှင် သုနန္ဒာဘိဝံသ ဘုရားကြီးတိုက်၊ မန္တလေး ၁၃၁၅ ခုနှစ် နောင်တွင် ဆရာကြီး ဦးရွှေအောင် အဖြစ် ကျော်ကြားခဲ့သည်။
အရှင် နာရဒါဘိဝံသ မြင်းဝန်တိုက်၊ မန္တလေး ၁၃၁၅ ခုနှစ် နောင်တွင် ဓမ္မာစရိယ ဦးထွန်းလှိုင် အဖြစ် ကျော်ကြားခဲ့သည်။
အရှင် ကစ္စာယနာလင်္ကာရာဘိဝံသ ဘုရားကြီးတိုက်၊ မန္တလေး ၁၃၁၇ ခုနှစ် ၂၁ နှစ် အသက်အငယ်ဆုံး။ နောင် ဗိုလ်ကြီးကျော်နိုင် ဖြစ်လာသည်။
အရှင် ကေသရာလင်္ကာရာဘိဝံသ မဟာဂန္ဓာရုံကျောင်းတိုက်အမရပူရ ၁၃၄၈ ခုနှစ် မန္တလေးမြို့ အောင်ချမ်းသာ ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် ဖြစ်လာခဲ့သည်။ []
၁၀ အရှင်ဃောသိတာလင်္ကာရာဘိဝံသ ဓမ္မဝိနယရံသီကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မန္တလေး ၁၃၈၇ ခုနှစ် (၆ ဇူလိုင် ၂၀၂၅) ၂၃ နှစ် (၃၉)နှစ်အကြာမှ ပေါ်ထွက်လာခဲ့သည့် ရဟန်းတော် ဖြစ်သည်။[]

ရန်ကုန်မြို့ စေတိယင်္ဂဏ ဝဋံသကာဘွဲ့

[ပြင်ဆင်ရန်]

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် စေတိယင်္ဂဏပရိယတ္တိစာလျှောက်မေးပွဲများ ၏ စာသင်တန်း၊ ဓမ္မာစရိယတန်းတို့ကို နှစ်မခြားဘဲ အောင်မြင်သော စာအောင် သံဃာတော်များကို "ဝဋံသကာ" ဘွဲ့ဆပ်ကပ်အပ်နှင်းသည်။ စာမေးပွဲစတင်ကျင်းပသည့် ခရစ်သက္ကရာဇ် (၁၉၁၈) ခုနှစ် မှ (၂၀၂၅) ခုနှစ် နှစ်ပေါင်း တစ်ရာ့ခြောက်နှစ်အတွင်း ဝဋံသကာဘွဲ့တံဆိပ် ဆက်ကပ်ခံရသည့် အရှင်မြတ် (၁၁)ပါး အပါအဝင် ဂန္ထဝါစက (အဘိဝံသ) ဘွဲ့ရသံဃာ (၃၇၃) ပါး ပေါ်ထွန်းခဲ့သည်။ []

စေတိယင်္ဂဏ ဝဋံသကာဘွဲ့ရများ

[ပြင်ဆင်ရန်]
စဉ် ဘွဲ့တော် ပညာသင်ကျောင်းတိုက် အောင်သည့်နှစ် အောင်မြင်ချိန်သက်တော် မှတ်ချက်
ပညိန္ဒာဘိဝံသ မဟာအောင်မြေဘုံစံကျောင်းတိုက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန် ၁၃၀၆ ၂၄ နှစ်
အာစာရာဘိဝံသ မင်္ဂလာရာမကျောင်းတိုက်၊ ရေဦး ၁၃၁၁ ၂၇ နှစ်
ပဒုမာဘိဝံသ သဒ္ဓမ္မနယူပဒေသကျောင်း၊ မစိုးရိမ်တိုက်၊ မန္တလေး ၁၃၂၅ ၂၈ နှစ်
သူရိယာဘိဝံသ မိုးတားကျောင်း၊ အနောက်ခင်မကန်တိုက်၊ မန္တလေး ၁၃၂၅ ၂၇ နှစ်
သုဇနာဘိဝံသ ဇယဝတီကျောင်း၊ မိုးကောင်းတိုက်၊ မန္တလေး ၁၃၂၅ ၂၇ နှစ်
ခေမိန္ဒာဘိဝံသ မဟာဗောဓိပရိယတ္တိကျောင်း၊ နွယ်စဉ်ရပ်၊ မန္တလေး ၁၃၃၃ ၂၆ နှစ်
အရိယဝံသာဘိဝံသ မြဝတီမင်းကြီးကျောင်း၊ ပြည်ကြီးတံခွန်၊ မန္တလေး ၁၃၃၉ ၂၆ နှစ်
နာရဒါဘိဝံသ လှရတနာကျောင်း၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ၊ ဗဟန်းမြို့နယ်၊ ရန်ကုန် ၁၃၄၄ ၂၂ နှစ် အငယ်ဆုံး
ဣဿရိယာဘိဝံသ စမ်းကြီးတောရစာသင်တိုက်၊ ပဲခူး ၁၃၄၅ ၂၄ နှစ်
၁၀ ဣဒ္ဓိကာဘိဝံသ စည်ရှင်ကျောင်း၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မန္တလေး ၁၃၄၅ ၂၅ နှစ်
၁၁ ဝံသပါလာလင်္ကာရာဘိဝံသ မြစကြာကျောင်းတိုက်၊ စစ်ကိုင်း ၁၃၅၃ ၂၃ နှစ်

ကိုးကား

[ပြင်ဆင်ရန်]
  1. အမရဒီပ
  2. မော်ကွန်းတင်ပြီးမိတ္တူ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 July 2014 တွင် ပြန်စစ်ပြီး။
  3. နှစ်လေးဆယ် နီးပါးအကြာတွင် ဝဋံသကာဘွဲ့ရ ဆရာတော်တပါး ပေါ်ထွက်လာ Popular Journal (၇ ဇူလိုင် ၂၀၂၅)။ ၈ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. စေတိယင်္ဂဏစာလျှောက်မေးပွဲဆိုင်ရာ ၊ ရွှေတိဂုံစေတီတော် အင်တာနက်စာမျက်နှာ။