ယမိုက်
Jump to navigation
Jump to search
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
ယမက ခေါ် ယမိုက်ကျမ်း သည် အဘိဓမ္မာ ၇ ကျမ်း တွင် တစ်ကျမ်း အပါအဝင် ဖြစ်သည်။ အဘိဓမ္မာဝေါဟာရတို့၏ အဓိပ္ပါယ် သတ်မှတ်ချက်ကို ပို၍ သေချာတိကျစေရန်၊ အစုံ, အစုံအားဖြင့် အမေးအဖြေပြု၍ ဟောကြားထားသည်။ ဥပမာအားဖြင့် “ကုသလဓမ္မအားလုံးတို့သည် ကုသလမူလဖြစ်သလော၊ သို့တည်းမဟုတ် ကုသလမူလအားလုံးတို့သည် ကုသလဓမ္မဖြစ်သလော” စသဖြင့် အစုံပြု၍ မေးဖြေထားသည်။ မူလ, ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, သင်္ခါရ, အနုသယ, စိတ္တ, ဓမ္မ, ဣန္ဒြိယဟူ၍ ယမိုက် ၁၀-ကျမ်းရှိသည်။