မြွေစိမ်းမြီးခြောက် (မျိုးစု)
Trimeresurus | |
---|---|
White-lipped pit viper, T. albolabris | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Reptilia |
မျိုးစဉ်: | Squamata |
မျိုးစဉ်သေး: | Serpentes |
မျိုးရင်း: | Viperidae |
မျိုးရင်းသေး: | Crotalinae |
မျိုးစု: | Trimeresurus Lacépède, 1804 |
Synonyms | |
မြွေစိမ်းမြီးခြောက် မျိုးစုဖြစ်သော (Trimeresurus) သည် အရှေ့တောင်အာရှ၊ တရုတ်နှင့် ပစိဖိတ် ကျွန်းစုများတစ်လျှောက် အာရှတိုက်တွင်တွေ့ရသော အဆိပ်ရှိမြွေ မျိုးစုတစ်ခုဖြစ်သည်။ လက်ရှိအချိန်အထိ မျိုးစိတ်ပေါင်း (၄၄)မျိုးကို အသိအမှတ်ပြု၍ ခွဲခြားသတ်မှတ်ထားသည်။[၂][၃][၄]
ဖော်ပြချက်
[ပြင်ဆင်ရန်]မျိုးစု Trimeresurus ရှိ မျိုးစိတ်အများစုသည် သေးငယ်ပြီး ပါးလွှာသော ခန္ဓာကိုယ်နှင့် အမြီး ပါရှိပြီး ၎င်းမြွေအများစုမှာ မြေပြင်အထက် အပင်ပေါ်တွင် နေထိုင်ကျက်စားသည့် မျိုးစိတ်များဖြစ်သည်။ Trimeresurus မျိုးစိတ်အများစုသည် ပုံမှန်အားဖြင့် အစိမ်းရင့်ရောင်ရှိသော်လည်း အချို့မျိုးစိတ်များတွင် အဝါရောင်၊ အနက်ရောင်၊ လိမ္မော်ရောင်၊ အနီရောင် သို့မဟုတ် ရွှေရောင် အမှတ်အသားများရှိသည်။
အစာ
[ပြင်ဆင်ရန်]Trimeresurus မျိုးစိတ်များ၏ အစာတွင် အိမ်မြှောင်များ၊ ကုန်းနေရေနေ သတ္တဝါများ၊ ငှက်များ၊ ကြွက်မျိုးနွယ်ဝင်များနှင့် အခြား နို့တိုက်သတ္တဝါငယ်များ အပါအဝင် တိရစ္ဆာန်မျိုးစုံပါဝင်သည်။
မျိုးပွားခြင်း
[ပြင်ဆင်ရန်]မြွေပွေး မျိုးစိတ် အများစုကဲ့သို့ပင် မျိုးစု Trimeresurus မှ မျိုးစိတ်အများအပြားသည် မိခင်၏ ခန္ဓာကိုယ်အတွင်း၌သာ ဥ အု၍ အကောင်ပေါက်သော မျိုးစိတ်များဖြစ်ပြီး အကောင်ပေါက်လေးများအတိုင်း မွေးဖွားကြသည်။ သို့သော် အချို့သောမျိုးစိတ်များဖြစ်သည့် T. flavoviridis, T. kaulbacki, နှင့် T. macrolepis တို့သည် ဥ အုကြသည်။ သို့ပါသော်လည်း Trimeresurus ၏ အချို့သောမျိုးစိတ်များ၏ မျိုးပွားမှုဆိုင်ရာ ဇီဝဗေဒကိုမူ ယနေ့တိုင် သိရှိထားခြင်းမရှိသေးပေ။
အဆိပ်
[ပြင်ဆင်ရန်]Trimeresurus မျိုးစိတ်များ၏ အဆိပ်သည် မျိုးစိတ်တစ်ခုချင်းစီအလိုက် အမျိုးအစားကွဲပြားသော်လည်း အားလုံးသည် အဓိကအားဖြင့် သွေးတွင်းအဆိပ်သင့်ပြီး လူသားများအတွက် ဆေးပညာအရ အရေးပါသည်ဟု သိပ္ပံပညာရှင်အများစုက ယူဆကြသည် ။
တွေ့ရှိရသည့် အရပ်ဒေသများ
[ပြင်ဆင်ရန်]Trimeresurus မျိုးစိတ်များအား အိန္ဒိယနိုင်ငံ၊ အရှေ့တောင်အာရှ၊ တရုတ်နိုင်ငံတောင်ပိုင်းနှင့် ဂျပန်နိုင်ငံ၊ မလေးကျွန်းစု မှ တီမောကျွန်းအထိ တွေ့ရှိရသည်။[၁]
မျိုးစိတ်များ
[ပြင်ဆင်ရန်]ပုံ | မျိုးစိတ်[၂] | တက်ဆွန် အမည်ပေးသူ[၂] | မျိုစိတ်ခွဲများ*[၂] | အများသုံးအမည် | တွေ့ရှိရသည့် ဒေသများ |
---|---|---|---|---|---|
T. albolabris | Gray, 1842 | 0 | White-lipped pit viper | အိန္ဒိယနိုင်ငံ (အာသံပြည်နယ်)၊ နီကိုဗာကျွန်းစု၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံတောင်ပိုင်း (ဖူကျန့်ပြည်နယ်၊ Hainan၊ ကွမ်ရှီး (ကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ ကွမ်တုန်းပြည်နယ်)၊ ဟောင်ကောင်၊ မလေးရှားနိုင်ငံအနောက်ပိုင်း၊ အင်ဒိုနီးရှားနိုင်ငံ (ဆူမတြာကျွန်း၊ ဘော်နီယိုကျွန်း၊ ဆူလာဝေစီကျွန်း၊ ဂျားဗားကျွန်း၊ Madoera၊ လုံဘောက်ကျွန်း၊ Sumbawa၊ Komodo၊ Flores၊ Sumba၊ Roti၊ တီမောကျွန်း၊ Kisar၊ Wetar)။ | |
T. andersonii | Theobald, 1868 | 0 | Anderson’s pit viper, Andaman pit viper | အက်ဒမန်ကျွန်း၊ နီကိုဗာကျွန်းစု။ | |
T. arunachalensis | Captain, Deepak, Pandit, Bhatt, and Athreya, 2019 | 0 | Arunachal pit viper | အိန္ဒိယနိုင်ငံ: အာရုနာချယ်ပရာဒေ့ရှ်ပြည်နယ်။ | |
T. cantori | Blyth, 1846 | 0 | Cantor's pit viper | အိန္ဒိယနိုင်ငံ: နီကိုဗာကျွန်းစု၊ အက်ဒမန်ကျွန်းစုများပေါ်တွင်တွေ့ရနိုင်ချေရှိသည်။ | |
T. cardamomensis | Malhotra, Thorpe, Mrinalini, & Stuart, 2011 | 0 | Cardamom Mountains green pit viper | ထိုင်းနိုင်ငံ အရှေ့ပိုင်း၊ ကမ္ဘောဒီးယားနိုင်ငံ။ | |
T. caudornatus | Chen, Ding, Vogel, & Shi, 2020 | 0 | Ornamental-tailed pit viper | တရုတ်နိုင်ငံ (ယူနန်ပြည်နယ်)။ | |
T. davidi | Chandramouli, Campbell, & Vogel, 2020.[၅] | 0 | အိန္ဒိယနိုင်ငံ၊ ကား နီကိုဘား။ | ||
T. erythrurus | Cantor, 1839 | 0 | Red-tailed bamboo pit viper | အိန္ဒိယနိုင်ငံ (အာသံ နှင့် ဆစ်ကင်ပြည်နယ်)၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မြန်မာနိုင်ငံ။ | |
T. fasciatus | Boulenger, 1896 | 0 | Banded pit viper | အင်ဒိုနီးရှားနိုင်ငံ: Djampea ကျွန်း။ | |
T. flavomaculatus | Gray, 1842 | 2 | Philippine pit viper | ဖိလစ်ပိုင်နိုင်ငံ၏ ကျွန်းများ: Agutayan, Batan, Camiguin, Catanduanes, Dinagat, Jolo, Leyte, Luzon, Mindanao, Mindoro, Negros and Polillo. | |
T. gracilis | Ōshima, 1920 | 0 | Kikushi habu | ထိုင်ဝမ် အလယ်ပိုင်း။ | |
T. gumprechti | David, Vogel, Pauwels & Vidal, 2002 | 0 | Gumprecht's green pit viper | တရုတ်နိုင်ငံ (ယူနန်)၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ။ | |
T. gunaleni | Vogel, David, & Sidik, 2014 | 0 | Gunalen's pit viper | ဆူမတြာကျွန်း | |
T. guoiT | Chen, Shi, Vogel, & Ding, 2020 | 0 | Guo's green pit viper | တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ။ | |
T. hageni | Lidth de Jeude, 1886 | 0 | Hagen's pit viper | ထိုင်းကျွန်းဆွယ်၊ မလေးရှားနိုင်ငံ အနောက်ပိုင်း၊ စင်ကာပူနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံ (ဆူမတြာ နှင့် အနီးရှိ ကျွန်းများဖြစ်သော Bangka, Simalur, Nias, Batu and the Mentawai Islands. | |
T. honsonensis | Grismer, Ngo, & Grismer, 2008 | 0 | Hon Son pit viper | ဗီယက်နမ်နိုင်ငံ တောင်ပိုင်း။ | |
T. insularis | Kramer, 1977 | 0 | Sunda Island pit viper, White-lipped island pit viper | အင်ဒိုနီးရှား၊ တီမောနိုင်ငံ။ | |
T. kanburiensis | M.A. Smith, 1943 | 0 | Kanburi pit viper | ထိုင်းနိုင်ငံ။ | |
T. kuiburi | Sumontha, Suntrarachun, Pauwels, Pawa-Ngkhanant, Chomngam, Iamwiriyakul, & Chanhome, 2021 | 0 | Kui Buri pit viper | ထိုင်းနိုင်ငံ။ | |
T. labialis | Steindachner, 1867 | 0 | Nicobar bamboo pit viper | အိန္ဒိယနိုင်ငံ: နီကိုဗာကျွန်းစု။ | |
T. macrops | Kramer, 1977 | 0 | Large-eyed pit viper | ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံ တောင်ပိုင်း။ | |
T. malcolmi | Loveridge, 1938 | 0 | Malcolm's pit viper | ဘော်နီယိုကျွန်း။ | |
T. mayaae | Rathee, Purkayastha, Lalremsanga, Dalal, Biakzuala, Muansanga and Mirza, 2022 | 0 | Maya's pit viper | အိန္ဒိယနိုင်ငံ: မေဃာလယ (Ri Bhoi)၊ မီဇိုရမ်ပြည်နယ် (Champhai)၊ အာသံပြည်နယ် (ဂူဝါဟာတီမြို့)[၆]။ | |
ဖိုင်:Trimeresurus mcgregori.jpg | T. mcgregori | Taylor, 1919 | 0 | McGregor's pit viper, McGregor's tree viper, Philippine pit viper | ဖိလစ်ပိုင်နိုင်ငံ၊ Batan ကျွန်း။ |
T. medoensis | Zhao, 1977 | 0 | Motuo bamboo pit viper | အိန္ဒိယနိုင်ငံ တောင်ပိုင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် တရုတ်နိုင်ငံ (southeastern Xizang)။ | |
T. mutabilis | Stoliczka, 1870 | 0 | Central Nicobar pit viper, Central Nicobar bamboo pit viper | ဗဟိုနီကိုဗာကျွန်းစု။ | |
T. nebularis | Vogel, David, & Pauwels, 2004 | 0 | Cameron Highlands pit viper, Clouded pit viper | မလေးရှားနိုင်ငံ အနောက်ပိုင်း (Cameron ကုန်းမြင့်ဒေသ)၊ ထိုင်းနိုင်ငံ။ | |
T. phuketensis | Sumontha, Kunya, S.G. Pauwels, Nitikul & Punnadee, 2011 | 0 | Phuket pit viper | ထိုင်းနိုင်ငံ: ဖူးခက်ကျွန်း။ | |
T. popeiorum | M.A. Smith, 1937 | 2 | Popes' pit viper | အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ အနောက်ပိုင်း၊ ဗီယက်နမ်နိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံ (Sumatra, the Mentawai Islands of Siberut, Sipora, and North Pagai, and on the island of Borneo)။ | |
T. purpureomaculatus | Gray, 1832 | 0 | Mangrove pit viper | ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ အနောက်ပိုင်း၊ စင်ကာပူနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံ (ဆူမတြာကျွန်း)။ | |
T. rubeus | (Malhotra, Thorpe, Mrinalini, and Laurence Cooper Stuart , 2011) | 0 | ruby-eyed green pitviper | ဗီယက်နမ်နိုင်ငံ တောင်ပိုင်း နှင့် ကမ္ဘောဒီးယားနိုင်ငံ အရှေ့ပိုင်း။ | |
T. sabahi | Regenass & Kramer, 1981 | 0 | Sabah bamboo pit viper, Sabah pit viper | Sabah, Sarawak | |
T. salazar | Mirza, Bhosale, Phansalkar, Sawant, Gowande, & Patel (2020) | 0 | Salazar’s pit viper[၇] | အိန္ဒိယနိုင်ငံ: western lowlands of Arunachal Pradesh | |
T. schultzei | Griffin, 1909 | 0 | Schultze's pit viper | ဖိလစ်ပိုင်နိုင်ငံ: Palawan and Balabac. | |
T. septentrionalis | Kramer, 1977 | 0 | Nepal pit viper, Himalayan white-lipped pit viper | ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ | |
T. sichuanensis | Guo & Wang, 2011 | 0 | Sichuan pit viper | တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်။ | |
T. stejnegeri | Schmidt, 1925 | 2 | Stejneger's pit viper | အိန္ဒိယနိုင်ငံ (အာသံ)၊ နီပေါနိုင်ငံ၊ မြန်မာနိုင်ငံ မှ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ အထိ (ကွမ်စိ၊ ကွမ်တုံး၊ ဟိုင်နန်၊ Fukien၊ Chejiang၊ ယူနန်)နှင့် ထိုင်ဝမ်။ | |
T. sumatranus | Raffles, 1822 | 0 | Sumatran pit viper | ထိုင်းနိုင်ငံ တောင်ပိုင်း၊ မလေးရှားနိုင်ငံ အရှေ့ပိုင်းနှင့်အနောက်ပိုင်း (Sabah and Sarawak on Borneo) နှင့် အင်ဒိုနီးရှား (Bangka, Billiton, Borneo, Sumatra and the nearby islands of Simalur, Nias, and possibly the Mentawai Islands [Sipora])။ | |
T. tibetanus | Huang, 1982 | 0 | Tibetan bamboo pit viper | တရုတ်နိုင်ငံ: တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ။ | |
T. truongsonensis | Orlov, Ryabov, Thanh, & Cuc, 2004 | 0 | Quang Binh pit viper | ဗဟိုဗီယက်နမ်။ | |
T. venustus | Vogel, 1991 | 0 | Beautiful pit viper, Brown-spotted pit viper | ထိုင်းနိုင်ငံ တောင်ပိုင်း | |
T. vogeli | David, Vidal & Pauwels, 2001 | 0 | Vogel's pit viper | ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်။ | |
T. yingjiangensis | Chen, Zhang, Shi, et al., 2019 | 0 | တရုတ်နိုင်ငံ အနောက်တောင်ပိုင်း | ||
T. yunnanensis | Schmidt, 1925 | 0 | Yunnan bamboo pit viper | တရုတ်နိုင်ငံ တောင်ပိုင်း |
*) စာရင်းသွင်းရန် တင်ပြထားသော မျိုးစိတ်ခွဲများ အမည်စာရင်း မပါဝင်ပါ။
T ) အမျိုးအစား မျိုးစိတ်။[၁]
ဓာတ်ပုံများ
[ပြင်ဆင်ရန်]-
ထိုင်းနိုင်ငံ၊ Khao Yai အမျိုးသားဥယျာဉ် ရှိ T. vogeli မျိုးစိတ် အရွယ်ရောက်စ မြွေတစ်ကောင်
-
ထိုင်းနိုင်ငံ၊ Khao Sok အမျိုးသားဥယျာဉ်မှ Trimeresurus fucatus မျိုးစိတ် မြွေတစ်ကောင်
-
ထိုင်းနိုင်ငံ၊ Kaeng Krachan အမျိုးသားဥယျာဉ်မှ Trimeresurus albolabris မျိုးစိတ် မြွေတစ်ကောင်
-
ထိုင်းနိုင်ငံ၊ Phu Hin Rong Kla အမျိုးသားဥယျာဉ်မှ Trimeresurus gumprechti မျိုးစိတ် မြွေတစ်ကောင်
-
ထိုင်းနိုင်ငံ၊ Khao Yai အမျိုးသားဥယျာဉ် မှ Trimeresurus macrops မျိုးစိတ် မြွေတစ်ကောင်
-
ထိုင်းနိုင်ငံ၊ Kaeng Krachan အမျိုးသားဥယျာဉ် မှ Trimeresurus popeiorum မျိုးစိတ် မြွေတစ်ကောင်
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ McDiarmid RW, Campbell JA, Touré T (1999). Snake Species of the World: A Taxonomic and Geographic Reference, Volume 1. Washington, District of Columbia: Herpetologists' League. 511 pp. ISBN 1-893777-00-6 (series). ISBN 1-893777-01-4 (volume).
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ Trimeresurus ။ Integrated Taxonomic Information System။
- ↑ Mehrtens JM (1987).
- ↑ United States Navy (1991).
- ↑ "A new species of green pit viper of the genus Trimeresurus [Lacépède, 1804 (Reptilia: Serpentes: Viperidae) from the Nicobar Archipelago, Indian Ocean]" (1 November 2020): 169–176. Retrieved on 9 November 2020.
- ↑ "New species of venomous snake registered from Northeast"။ 24 March 2022 တွင် ပြန်စစ်ပြီး။
- ↑ "A New Species of Green Pit Vipers of the Genus Trimeresurus Lacépède, 1804 (Reptilia, Serpentes, Viperidae) from western Arunachal Pradesh, India" (15 April 2020): 123–138. Retrieved on 24 April 2020.