လုံဘောက်ကျွန်း

ဝီကီပီးဒီးယား မှ
လုံဘောက်
ပထဝီဝင်
တည်နေရာအရှေ့တောင်အာရှ
ကိုဩဒိနိတ်8°33′54″S 116°21′04″E / 8.565°S 116.351°E / -8.565; 116.351ကိုဩဒိနိတ်: 8°33′54″S 116°21′04″E / 8.565°S 116.351°E / -8.565; 116.351
ကျွန်းစုဆုန်ဒါလေးကျွန်းများ
ဧရိယာ၄,၅၁၄.၁၁ km2 (၁,၇၄၂.၉၁ sq mi)
အမြင့်ဆုံး ပင်လယ်ရေ မျက်နှာပြင်အမြင့်၃,၇၂၆ m (၁၂၂၂၄ ft)
အုပ်ချုပ်မှု
Indonesia
Demographics
လူဦးရေ3,311,044
လူဦးရေ သိပ်သည်းမှု၇၃၃.၅ /km (၁၈၉၉.၈ /sq mi)

လုံဘောက်ကျွန်း သည် အင်ဒိုနီးရှားနိုင်ငံ အနောက်နူဆာ တန်ဂါရာပြည်နယ်ရှိ ကျွန်းတစ်ကျွန်း ဖြစ်သည်။ ၎င်းသည် ဆုန်ဒါလေးကျွန်းများ၏ အတွဲအဆက်၏ တစိတ်တဒေသ ဖြစ်သည်။ အနောက်ဘက်တွင် ဘာလီကျွန်း မှ လုံဘောက်ရေလက်ကြားဖြင့် ပိုင်းခြားထားပြီး အရှေ့ဘက်တွင် ဆမ်ဘာဝါ ကျွန်းနှင့် အလာ့စ်ရေလက်ကြားဖြင့် ပိုင်းခြားထားသည်။ အကြမ်းမျဉ်းအားဖြင့် စက်ဝိုင်းပုံ ရှိပြီး အမြီးပိုင်းဖြစ်သော ဆီကိုတောင်းကျွန်းဆွယ်သည် အနောက်ဘက်သို့ ၇၀ ကီလိုမီတာ (၄၃ မိုင်) မျှ ထိုးထွက်လျက် ရှိပြီး စုစုပေါင်း ဧရိယာမှာ ၄,၅၁၄ စတုရန်း ကီလိုမီတာ (၁,၇၄၃ စတုရန်းမိုင်) ခန့် ဖြစ်သည်။ ပြည်နယ်မြို့တော်၏ ကျွန်းပေါ်ရှိ အကြီးဆုံး မြို့မှာ မာတာရမ်မြို့ ဖြစ်သည်။

လုံဘောက်သည် အနောက်ဘက်ရှိ ဘာလီကျွန်းနှင့် အရွယ်အစား နှင့် လူနေသိပ်သည်းမှု တူညီပြီး ယဉ်ကျေးမှု ဆက်ခံခြင်းများလည်း တူညီသည်။ သို့သော်လည်း အုပ်ချုပ်ရေးအရ အနောက် နူဆာတန်ဂါရာ ပြည်နယ်တွင် ပိုကြီးသော်လည်း လူဦးရေ ကျဲပါးသော အရှေ့ဘက်ရှိ ဆမ်ဘာဝါကျွန်းနှင့် အတူ ပါဝင်သည်။ လုံဘောက်အား ဒေသတွင်း ဂီလီကျွန်းများ ဟု ခေါ်ကြသည့် ကျွန်းလေးများက ဝန်းရံထားကြသည်။


အင်ဒိုနီးရှားနိုင်ငံ ၂၀၁၄ လူဦးရေ စာရင်း အရ လူဦးရေ ၃.၃၅ သန်း ရှိသည်။ [၁][၂][၃][၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Lombok Island & West Nusa Tenggara Demography & Gender Ratio (Based on BPS 2014 Census)။ MarlionLLC (19 August 2017)။ 19 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 August 2017 တွင် ပြန်စစ်ပြီး။
  2. 15 Things You Should Visit in Lombok (2015)။ June 6, 2015 တွင် ပြန်စစ်ပြီး။
  3. Population of Indonesia by Province။ Badan Pusat Statistik Republik Indonesia (Statistics Indonesia) (2010)။ 22 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 February 2011 တွင် ပြန်စစ်ပြီး။
  4. Thomas Brinkhoff (18 February 2012)။ INDONESIA: Urban City PopulationCity Population။ Thomas Brinkhoff။ 16 August 2012 တွင် ပြန်စစ်ပြီး။