ဂျားဗားကျွန်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂျားဗားကျွန်း၏ တည်နေရာပြပုံ

ဂျားဗားကျွန်းသည် အင်ဒိုနီးရှားနိုင်ငံရှိ ကျွန်းတစ်ကျွန်းဖြစ်သည်။ လူဦးရေ ၁၃၆သန်း ရှိသဖြင့် ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံး ကျွန်းတစ်ကျွန်း ဖြစ်ပြီး ကမ္ဘာပေါ်တွင် လူဦးရေ သိပ်သည်းမှု အများဆုံးသော ဒေသတစ်ခုလည်း ဖြစ်သည်။ အင်ဒိုနီးရှား နိုင်ငံရှိ လူဦးရေ ၆၀ ရာခိုင်နှုန်း နေထိုင်ရာ ဒေသဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျာကာတာမြို့ သည် ဂျာဗားကျွန်း အနောက်ပိုင်း ဒေသတွင် တည်ရှိသည်။

ဂျားဗားကျွန်း[ပြင်​ဆင်​ရန်​]

အာရှတိုက် အရှေ့တောင်ပိုင်းရှိ ရတနာဒီပကျွန်း ဂျားဗားကျွန်းသည် အရှေ့အိန္ဒိယကျွန်းစုတွင် သဘာဝပစ္စည်း ကြွယ်ဝသဖြင့် ထင်ရှားသည်။ ကြက်ပေါင်စေး၊ ကြံ၊ ကွီနိုင် ဆေး အများဆုံးထွက်သောဒေသ ဖြစ်၏။ ဂျားဗားကျွန်းတွင် ဗုဒ္ဓအယူဝါဒဆိုင်ရာ အဆောက်အအုံကြီးများ ရှိသည်။


ဂျားဗားကျွန်းသည် အရှေ့အိန္ဒိယကျွန်းစုတွင် အရေးပါအရာရောက်ဆုံးကျွန်း ဖြစ်၏။ ဆူမတြားနှင့် ဘာလီ ကျွန်း ၂ကျွန်းအကြားတွင် တည်ရှိ၍၊ သဘာဝပစ္စည်းများ ကြောင့် ကမ္ဘာကျော်ကြားခဲ့လေသည်။ ဂျားဗားကျွန်းသည် အလျားမိုင် ၆၆ဝ၊ အနံမိုင် ၄ဝ မှ ၁၂၅ မိုင် အထိ ရှိ၏။ အကျယ်အဝန်းမှာ မဒူရကျွန်းအပါအဝင် စတုရန်းမိုင်ပေါင်း ၅၁ဝ၃၇ မိုင် ဖြစ်လေသည်။

ဂျားဗားကျွန်း၏ အလယ်တွင် တောင်စဉ်တောင်တန်းများ ရှိ၍ သဘာဝပစ္စည်းများကြောင့် ကမ္ဘာကျော်ကြားခဲ့လေသည်။ ဂျာဗားကျွန်းသည် အလျားမိုင် ၆၆ဝ၊ အနံမိုင် ၄ဝ မှ ၁၂၅ မိုင် အထိ ရှိ၏။ အကျယ်အဝန်းမှာ မဒူရကျွန်းအပါအဝင် စတုရန်းမိုင်ပေါင်း ၅၁ဝ၃၂ မိုင်ဖြစ်လေသည်။ အမြင့်ဆုံး တောင်ထွတ်မှာ ပေပေါင်း ၁ဝဝဝဝ အထိရှိ၏။ မြစ်များသည် အများအားဖြင့် မြောက်ဖက်သို့ စီးဆင်းကြသည်။ ဆိုလိုမြစ်နှင့် ဗရန်တတ်စ မြစ်တို့မှာ အကြီးဆုံးမြစ် နှစ်သွယ် ဖြစ်၏။

ဂျားဗားကျွန်းမှ မြစ်များတွင် မိုးအခါ၌သာ လှေသင်္ဘော ငယ်များ သွားလာနိုင်သည်။ သို့သော် ရေသွင်းစိုက်ပျိုးရေး အတွက် ထိုမြစ်များကို အများဆုံး အားထားရလေသည်။ ကျွန်း ၏ တစ်ဝက်ကျော်ကျော်မှာ စိုက်ပျိုးနိုင်သောမြေများ ဖြစ်၍ ကျန်တစ်ဝက်မှာ တောကြီးမျက်မည်းများ ဖြစ်သည်။ထိုတောကြီး များမှ ကျွန်းသစ်နှင့် အခြားအဖိုးတန်ပစ္စည်းများ ထွက်၏။ ဂျားဗားကျွန်းတွင် တစ်နှစ်ပတ်လုံး အပူချိန်ပြင်းထန်၍ မိုးအမြဲဲ ရွာသွန်းလေသည်။ သို့အတွက် ဆန်စပါး၊ ကာဖီ၊ သကြား၊ ပြောင်းဖူး၊ မြေပဲ၊ ပဲဗိစပ်၊ ဆေးရွက်၊ စင်ကိုးနားပင်၊ ကြက် ပေါင်စေးပင်များကို စိုက်ပျိုးလုပ်ကိုင်ကြလေသည်။ ယင်းတို့ တွင် ဆန်စပါးမှာ တိုင်းရင်းသားတို့၏ အရေးအကြီးဆုံး ကောက်ပဲသီးနှံဖြစ်၏။ ကမ္ဘာသုံးကွီနိုင်ခေါ် အဖျားဖြတ်ဆေးကို ဤကျွန်းမှ အများဆုံးရရှိလေသည်။

ဂျားဗားကျွန်းတွင် တိုင်းရင်းသားတို့၏ စက်မှုလက်မှု လုပ်ငန်း များသည် ရှေးအခါကပင် ရှိခဲ့သော်လည်း ခေတ်မီ စက်မှုလက်မှု လုပ်ငန်းများကိုမူ ပထမကမ္ဘာစစ်အတွင်းနှင့် စစ်ပြီးကာလတွင်မှ စတင်လုပ်ကိုင်ခဲ့၏။ ဂျားဗားကျွန်း၏ စက်မှုလက်မှုလုပ်ငန်းသည် သုံးမျိုးသုံးစား ကွဲပြားသည်။ ယင်းတို့မှာ အိမ်တွင်းစက်မှု လက်မှုလုပ်ငန်း၊ စက်မှုလက်မှု လုပ်ငန်းကလေးများနှင့် စက်မှုလက်မှုလုပ်ငန်းကြီးများ ဖြစ်ကြ ၏။ထို ၃ မျိုးလုံးကို အစိုးရက ထောက်ပံ့အားပေးလေသည်။ ဓာတ်သတ္တု တူးဖော်ရေးလုပ်ငန်းမှာ အနည်းငယ်အရေးပါသော လုပ်ငန်းတစ်ရပ် ဖြစ်၏။ ရေနံ၊ ရွှေ၊ ငွေများကို တူးဖော်ရရှိ၍ ရေနံ တူးဖော်ရေးလုပ်ငန်းသည် အတော်အတန် တိုးတက်လာခဲ့ လေသည်။

ဂျားဗားကျွန်း၏ လူဦးရေမျာ ၁၉၅၁ ခုနှစ် သန်းခေါင် စာရင်းအရ မဒူရာကျွန်း အပါအဝင် ၅၁ဝဝဝဝဝဝ ခန့် ဖြစ် လေသည်။ ကျွန်း၏ အကျယ်အဝန်းနှင့်တွက်သော် စတုရန်း တစ်မိုင်လျှင် လူဦးရေ ၁ဝဝဝ ခန့်မျှ နေုထိုင်ကြသဖြင့် ကမ္ဘာ ပေါ်တွင် လူနေအထူထပ်ဆုံးသော အရပ်တစ်ခုဖြစ်၏။တိုင်းရင်း သား လူမျိုးများမှာ မလေးအနွယ်များဖြစ်၍ လူမျိုးစုကြီး ၂ စု ကွဲနေသည်။ ယင်းတို့မှာ ဂျားဗားလူမျိုးနှင့် ဆွန်ဒန်လူမျိုးများ ဖြစ်၏။ ထိုလူမျိုးစုတစုစီ၌ လူမျိုးအလိုက် သီးခြား ဘာသာ စကား ရှိလေသည်။ တိုင်းရင်းသားများမှာ ရိုးသား၍ ဝီရိယ ရှိပြီးလျှင် အေးချမ်းစွာ လုပ်ကိုင်စားသောက်ကြသည်။ ကြက် တိုက်ပွဲနှင့် ရုပ်သေးပွဲများသည် တိုင်းရင်းသားတို့၏ ပျော်ပွဲ ရွှင်ပွဲများ ဖြစ်သည်။ မြန်မာလူမျိုးကဲ့သို့ သစ်ဝါးများဖြင့် အိမ်များကို ဆောက်လုပ်နေထိုင်တတ်ကြ၏။ တိုင်းရင်းသား တို့၏ အိမ်အများမှာ အများအားဖြင့် ခြေတံရှည်အိမ်များ ဖြစ် သည်။ ပျက်စီးနေသော ဟိန္ဒူဘုရားရှိခိုးကျောင်း မြောက်မြားစွာ တို့ကို တွေ့ရခြင်းဖြင့် တိုင်းရင်းသားများသည် ရှေးအခါက ဟိန္ဒူအယူဝါဒီများ ဖြစ်ကြမည်ဟု ခန့်မှန်းရသည်။ ဂျားဗား ကျွန်း၏ အလယ်ပိုင်းတွင် ပျက်စီးနေသော ဗုဒ္ဓသာသနာ အဆောက်အအုံကြီး တွေ့ရ၏။ ထိုအထဲတွင် အကြီးဆုံးမှာ ဗောရောဗုဓောခေါ် အဆောက်အအုံများကို ဖြစ်၏။ ယင်းသည် ကမ္ဘာပေါ်ရှိ ဗုဒ္ဓအယူဝါဒဆိုင်ရာ အဆောက်အအုံများထဲတွင် အကြီးဆုံး အဆောက်အအုံတစ်ခု ဖြစ်ပေသည်။ ယင်းကို ဆောက်လုပ်ထားပုံနှင့် ဖော်ထားသော ရုပ်လုံးများမှာလည်း အံ့ဩဖွယ်ရာ ထူးဆန်းလှသည်။ ဂျားဗားကျွန်းကို အာရပ်လူမျိုး တို့ သိမ်းပိုက်သည့် ၁၅ ရာစုနှစ်လောက်ကစ၍ ကျွန်းသူ ကျွန်း သားများမှာ မွတ်စလင်များ ဖြစ်လာကြ၏။

ဂျားဗားကျွန်း၏မြို့တော်မှာ ရှေးက ဗတေးဗီးယားဟုခေါ်၍ ယခု ယာကားတားဟုခေါ်သော မြို့ဖြစ်၏။ ထိုမြို့တွင် လူဦးရေ ၂၈ဝဝဝဝဝ ခန့်ရှိသည်။ အရေးပါသော သဘေ‡ာဆိပ်မြို့ကြီး များမှာ ဆူးရဗားနှင့် ဆမားရန်းမြို့များ ဖြစ်သည်။ ဂျားဗား ကျွန်း တစ်ခုလုံးတွင် လမ်းမကြီးများ၊ မီးရထားလမ်းများ အနှံ့အပြား ဖောက်လုပ်ထား၏။ ယာကားတာမြို့တော်နှင့် ဆူးရဗားယမြို့ကို မီးရထားလမ်းဖြင့် ဆက်သွယ်ထားလေသည်။ ခရစ် ၁ ရာစုလောက်တွင် ဂျားဗားသို့ ဟိန္ဒူလူမျိုးတို့ ရောက်ရှိလာခဲ့၍ တဖြည်းဖြည်း တန်ခိုးကြီးလာလေသည်။

၁၅၂ဝ ပြည့်နှစ်ခန့်တွင် ဟိန္ဒူနောက်ဆုံးမင်း မဂျပဟစ် ပျက်စီး သည်တွင် ဂျားဗားကျွန်း အုပ်ချုပ်ရေးမှာ အကွဲကွဲ အပြားပြား ဖြစ်ခဲ့၍ တိုင်းရင်းသား မင်းငယ်များက အုပ်ချုပ်လေသည်။ ၁၅၆၉ ခုနှစ်တွင် တည်ထောင်ခဲ့သော ဒပ်ချ အရှေ့အိန္ဒိယ ကုမ္ပဏီသည် ဂျားဗားကျွန်းသို့ ဝင်ရောက်၍ တိုက်ခိုက်ရာမှ ၁၆၁ဝ ပြည့်နှစ်တွင် ဒပ်ချဘုရင်ခံချုပ်ကို ခန့်ထားခဲ့၍ ၁၆၁၉ ခုနှစ်တွင် ဗတေးဗီးယားမြို့ကို တည်ထောင်ခဲ့၏။ နပိုလီယန် စစ်ပွဲများအတွင်း ဂျားဗားကျွန်းကို ဗြိတိသျှတို့က သိမ်းပိုက်ခဲ့ သော်လည်း ၁၈၁၆ ခုနှစ်တွင် ဒပ်ချတို့လက်သို့ပြန်၍ အပ်ခဲ့ လေသည်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်တိုင်အောင် ဂျပန်တို့က ဂျားဗားကျွန်းကို သိမ်းပိုက်ထား ၏။ စစ်ပြီးကာလတွင် ဒပ်ချတို့က ပြန်လည် ရရှိပြန်သည်။ သို့ရာတွင် ၁၉၄၆ ခုနှစ်တွင် လင်ဂဂျာတီ သဘောတူညီချက် စာချုပ်အရ ဂျားဗားကျွန်းသည် ဆူမတြား၊ မဒူရာကျွန်းတို့နှင့် အတူ ၁၉၄၉ ခုနှစ်၌ အင်ဒိုနီးရှားသမတနိုင်ငံတော်တွင် ပါဝင် ခဲ့လေသည်။ ယာကားတားမြို့သည် အင်ဒိုနီးရှား သမတနိုင်ငံ၏ မြို့တော် ဖြစ်လေသည်။ ဂျားဗားကျွန်း၏ မြို့ကြီးတစ်မြို့ဖြစ် သော ဗန်ဒုန်းမြို့တွင် ၁၉၅၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ အာရှ၊ အာဖရိက ၂၉ နိုင်ငံ ညီလာခံကြီးကို ကျင်းပခဲ့သည်။ ထိုညီလာခံတွင် ကမ္ဘာ့ပြဿနာအရပ်ရပ်ကို ဆွေးနွေးခဲ့သဖြင့် ကမ္ဘာ့လူထု၏ အာရုံပြုရာဒေသအဖြစ် ရောက် ခဲ့လေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)