မြန်မာနိုင်ငံ၏ စီးပွားရေး

ဝီကီပီးဒီးယား မှ
(မြန်မာနိုင်ငံ၏စီးပွားရေး မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

မြန်မာနိုင်ငံ၏စီးပွားရေး[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်သည် ပုဂ္ဂလိကပိုင်နှင့် အစိုးရပိုင် စီးပွားရေးပုံစံနှစ်မျိုး ရောစပ်ထား ခြင်း ဖြစ်သည်။ ပုဂ္ဂလိကပိုင်းက စိုက်ပျိုးရေးနှင့် အသေးစားစက်မှုလုပ်ငန်းများတွင် နေရာယူပြီး နိုင်ငံတော်ပိုင်းက စွမ်းအင်၊ အကြီးစားစက်မှုလုပ်ငန်းနှင့် ဆန်စပါး ရောင်းဝယ်ရေးအပိုင်းတို့ကို ရယူထားသည်။ ၁၉၈၉-၉၉၊ ၁၁ နှစ်တာကာလအတွင်း နိုင်ငံတော်၏ မူဝါဒမှာ တင်းကျပ်စွာ ဗဟိုမှ ထိန်းချုပ်သော စနစ်ကို ကျင့်သုံးရန် ရည်ရွယ်ခဲ့သော်လည်း မကြာမီကာလများက ဤပြုပြင်မှုများကို ရပ်တန့်ခဲ့သည်။ ဤသို့ဖြင့် ပုဂ္ဂလိကကဏ္ဍတွင် တိုးတက်မှုများ ပြလာသည်။

ကျယ်ပြန့်သော စီးပွားရေး၏ ဦးတည်ချက်[ပြင်​ဆင်​ရန်​]

အောက်ပါဇယားသည် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုဂျီဒီပီကို ကာလပေါက်ဈေး ဖြင့် ခန့်မှန်း ချေ တန်ဖိုးအတိုင်း ပြထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး

ငွေကြေး-ကျပ်

ဘဏ္ဍာရေးနှစ်-ဧပြီ ၁ ရက်-မတ် ၃၁ ရက်

ကုန်သွယ်ရေးအဖွဲ.အစည်းများ-ဒဗလျူတီအို၊ အာဆီယံ

ဂျီဒီပီ(ပီပီပီ) - အမေရိကန်ဒေါ်လာ ၇၈.၇၄ ဘီလီယံ

ဂျီဒီပီတိုးနှုန်း-၂.၉ ရာခိုင်နှုန်း (၂ဝဝ၅ ခုနှစ်ခန့်မှန်း)

ဆင်းရဲနွမ်းပါးမှုအဆင့်

အောက်ရှိလူဦးရေ-၂၅ ရာခိုင်နှုန်း (၂ဝဝဝ ပြည့်နှစ် ခန့်မှန်း)

အလုပ်သမား၊ လုပ်ငန်းကဏ္ဍအလိုက် - စိုက်ပျိုး ရေး ၇ဝ ရာခိုင်နှုန်း၊ စက်မှု ၇ ရာခိုင်နှုန်း၊ ဝန်ဆောင်မှု ၂၃ ရာခိုင်နှုန်း (၂ဝဝ၁ ခုနှစ်)

အလုပ်လက်မဲ့ဦးရေ-၅ ရာခိုင်နှုန်း (၂ဝဝ၅ ခုနှစ်ခန့်မှန်း)

ကဏ္ဍအလိုက်လုပ်ငန်းများ-စိုက်ပျိုးထုတ်လုပ်မှု၊ ချည်မျှင်နှင့်ဖိနပ်၊ သစ်နှင့်သစ်ထွက်၊ သတ္တုကဏ္ဍ (ကြေးနီ၊ သံဖြူ၊ အဖြိုက်နက်၊ သံ)၊

ဆောက်လုပ်ရေး ပစ္စည်း၊ ဆေးဝါး၊ ဓါတ်မြေဩဇာ

ကုန်သွယ်ဖက်နိုင်ငံများ[ပြင်​ဆင်​ရန်​]

ထုတ်ကုန်- အမေရိကန်ဒေါ်လာ ၃.၁၁၁ ဘီလီယံ (သဘေၤာပေါ် ရောက်တန်ဖိုး)

မှတ်ချက်-တရားဝင်ထုတ်ကုန်ဈေးနှုန်းများမှာ ထိုင်း၊ တရုတ်နှင့် ဘဂၤလားဒေ့ရှ်နိုင်ငံများသို့ နယ်စပ်မှ မှောင်ခိုတင်ပို့မှုကြောင့် များစွာ လျှော့ပြထားသည်။

ထုတ်ကုန်ပစ္စည်း-အဝတ်အထည်၊ ဓါတ်ငွေ့၊ သစ်ထွက်ပစ္စည်း၊ ပဲမျိုးစုံ၊ ငါးနှင့် ဆန်စပါး

သွင်းကုန်-အမေရိကန်ဒေါ်လာ ၃.၄၅၄ ဘီလီယံ (ဆိပ်ကမ်း ရောက်တန်ဖိုး)

မှတ်ချက်-သွင်းကုန်တန်ဖိုးများမှာ ထိုင်း၊ တရုတ်၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့မှ မှောင်ခိုတင်သွင်းမှုကြောင့် များစွာ လျှော့ပြထားပါ သည်။ (၂ဝဝ၄)

သွင်းကုန်ပစ္စည်းများ-အထည်အလိပ်၊ ရေနံထွက်ပစ္စည်းများ၊ ပလတ်စတစ်၊ စက်ပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေးကိရိယာတန်ဆာပလါ၊

ဆောက်လုပ်ရေးပစ္စည်း၊ ရေ နံစိမ်း၊ စား သောက်ကုန်ပစ္စည်းများ။

အဓိကကုန်သွယ်ဖက်နိုင်ငံများ- တရုတ် ၂၉.၃ ရာခိုင်နှုန်း၊ ထိုင်း ၂၂.၂ ရာခိုင်နှုန်း၊ စင်ကာပူ ၁၈.၇ ရာခိုင်နှုန်း၊ မလေးရှား ၅.၄ ရာခိုင်နှုန်း (၂ဝဝ၅)

ပြည်သူ့ ဘဏ္ဍာကဏ္ဍ

နိုင်ငံတော် ကြွေးမြီ - အမေရိကန်ဒေါ်လာ ၆.၉၉ ဘီလီယံ (၂ဝဝ၅ ခုနှစ်ခန့်မှန်း)

အခွန်ရငွေ- အမေရိကန်ဒေါ်လာ ၄၇၃.၃ သန်း (ဘက္ဍာရေးနှစ် ဝ၄/ဝ၅ ခန့်မှန်း)

သုံးငွေ- အမေရိကန်ဒေါ်လာ ၇၁၆.၆ သန်း၊ ငွေလုံး ငွေရင်းသုံးငွေ-အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံ (ဘဏ္ဍက္ဍာရေးနှစ် ဝ၄/ဝ၅ ခန့်မှန်း)

စီးပွားရေးထောက်ပံ့ငွေ-ရငွေ အမေရိကန်ဒေါ်လာ ၁၂၇ သန်း (၂ဝဝ၁ ခုနှစ်ခန့်မှန်း)

စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (ကျပ်သန်း ပေါင်း)

၁၉၆၅ ၇၆၂၇

၁၉၇ဝ-၁ဝ၄၃၇

၁၉၈ဝ-၃၆၆ဝ၈

၁၉၈၅-၅၅၉၈၈

၁၉၉ဝ-၁၅၁၉၄၁

၁၉၉၅-၆ဝ၄၇၂၈

နိုင်ငံခြါးရင်းနှီး မြှုပ်နှံမှုကို အားပေး သော်လည်း အသင့်အတင့်သာ အောင်မြင်မှု ရှိသည်။ စစ်အစိုးရ၏ မူဝါဒများကို လက်ခံယုံကြည်ရန် နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများမှ တွန့်ဆုတ်နေကြသည့်အပြင် စစ်အစိုးရအား ဝိုင်းကြဉ်ထားရန် နိုင်ငံတကာ ဖိအားပေးသောကြောင့် ဖြစ်သည်။ စစ်အစိုးရ၏ လူ့အခွင့်အရေး စိုးရိမ်ရမှုများရှိနေသဖြင့် အမေရိကန်အစိုးရက စီးပွား ရေးဒဏ်ခတ် အရေးယူထားသည်။ အစိုးရအပိုင်းကက္ဍမှာ ထိရောက်မှုမရှိဘဲ ညံ့ဖျင်းနေပြီး ပုဂ္ဂလိပိုင်းသို့ ကူး ပြေါင်းရေး လုပ်ငန်းစဉ်မှာလည်း တန့်နေသည်။ နိုင်ငံခြားကုန်သွယ်မှု အခန်း ကဏ္ဍက္ဍမှာ မှောင်ခိုထုထည်ကြီးမားမှုကြောင့် တိကျစွာ သိရှိနိုင်ရန် ခက်ခဲသည်။ အဓိကဒုက္ခပေးနေသော ကိစ္စမှာ ငွေကြေးနှင့် ရသုံးမှန်းခြေကိစ္စရပ်များ တည်ငြိမ်ခိုင်မာမှု မရှိခြင်း ဖြစ်သည်။ ဤအချက်များ ကြောင့်ပင် မြန်မာနိုင်ငံ သည် လွန်ခဲ့သည့် ၁ဝ နှစ်ကျော်ကာလများကစ၍ ဆင်းရဲသည့်နိုင်ငံအဖြစ် တည်ရှိလျက်ရှိပြီး လူဦးရေအများစုကြီး၏ လူနေမှုအဆင့်အတန်းမှာ တိုးတက်လာစရာ မရှိပေ။ စီးပွားရေးတိုးတက်မှုအား အဓိကနှောင့်နှေး စေသော အကြောင်းအရာများမှာ နိုင်ငံ၏ စီမံကိန်းများ ညံ့ဖျင်း ခြင်း၊ ပြည်တွင်းငြိမ်သက်မှု မရှိခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းပါး ခြင်းနှင့် ကုန်သွယ်ရေး လိုငွေပြမှု ကြီးထွား ခြင်းတို့ဖြစ်သည်။ များမကြာမီ ကာလများက အစိုးရ၏ စွမ်းဆောင်ချက်မှာ မြန်မာနိုင်ငံ၏ ဓါတ်ငွေ့သိုက်ကြီးများအား ဖော်ထုတ်နိုင်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် တစ်ဦးချင်း ဂျီဒီပီစံနှုန်းအရ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ်သည်။ (၂ဝဝ၅ ခုနှစ်က တစ်ဦးချင်းဂျီဒီပီမှာ အမေရိကန် ၉၇ ဒေါ်လာသာရှိသည်။)

စီအိုင်အေ၏ ကမ္ဘာ့အချက်အလက်စာအုပ်တွင်

'မြန်မာနိုင်ငံ။ ။ သယံဇါတ ပေါကြွယ်ဝသည်။ နေရာတကာတွင် နိုင်ငံတော်၏ ထိန်းချုပ်ထားသည်။ စီးပွားရေးမူဝါဒများက ညံ့ဖျင်းသည်။ ကျေးလက်များဆင်းရဲသည်။ ဆယ်စုနှစ်များစွာ 'မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်' အောက်တွင် မအောင်မြင်ခဲ့သည့် စီးပွါး ရေးစနစ်ကို စစ်အစိုးရက ၁၉၉ဝ ပြည့်အစပိုင်း၌ ထိန်းချုပ်မှုများအား လျှော့ပေါ့ပေးရန် ခြေလှမ်း ပြင်ခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ အချို့သော ထိန်းချုပ်မှု လျှော့ပေးခဲ့သော ကက္ဍများကိုပင် ရပ်စဲပစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ငွေကြေးနှင့်ရသုံးမှန်းခြေ တည်ငြိမ်မှုမရှိချေ။ ထို့ကြောင့် ကျယ်ပြန့်သော စီးပွါး ရေးကက္ဍတွင် တစ်ဖက် စောင်းနင်းများ ဖြစ်ပေါ်ပြီး ငွေကြေး ဖောင်းပွခြင်း၊ ငွေလဲနှုန်း ပေါင်းများစွာ ကျင့်သုံးသဖြင့် ကျပ်ငွေတန်ဖိုး မြင့်မားခြင်းနှင့် အတိုးနှုန်းများ မတည်မငြိမ်ဖြစ်ခြင်းတို့ကို ခံနေရသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုများအား ဖြိုခွင်းပြီးနောက် ဖွံ့ဖြိုးမှုအတွက် ထောက်ပံ့မှုများ ရပ်စဲသွားသည်။ ၁၉၉ဝ ပြည့်နှစ် ပါလီမန်ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ်ပြုရန် ငြင်းဆိုခဲ့သည်။ ၂ဝဝ၃ ခုနှစ် မေက ဒေါ် အောင်ဆန်းစုကြည်၏ ယာဉ်တန်းအား တိုက်ခိုက်ခဲ့သည့်နောက်ပိုင်းတွင် အမေရိကန်အစိုးသည် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုအသစ်များ ထပ်မံချထားပြီး မြန်မာထုတ်ကုန်များအား ပိတ်ဆို့ခြင်း၊ အမေရိကန်နိုင်ငံသားများ၏ ငွေကြေးကိစ္စ ဝန်ဆောင်မှုများကို တားမြစ်ခြင်းများ ပါဝင်သည်။ ရင်းနှီးမြှုပ်နှံမှု အခြေအနေကောင်းများ ကင်းမဲ့နေခြင်း ကြောင့် နိုင်ငံခြား ငွေအဝင်နှေးကွေးသည်။ ထုတ်လုပ်မှုအမြင့်ဆုံးကက္ဍများမှာ သယံဇာတ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများ၊ ရေနံဓါတ်ငွေ့၊ သတ္တုတွင်းနှင့် သစ်ထုတ်လုပ်ရေးများ ဖြစ်သည်။ အခြါးကက္ဍများ ဖြစ်သည့် ကုန်ပစ္စည်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု ကက္ဍများမှာ မပြည့်စုံသည့် အခြေခံအဆောက်အအုံများ၊ မရေရာသည့် သွင်းကုန်/ထုတ်ကုန်မူဝါဒများ၊ ချွတ်ခြုံကျနေသည့် ကျန်းမာရေးနှင့် ပညာရေးစနစ်များ၊ ခြစားခြင်းကိစ္စများ၏ ဒဏ်တို့က ဖိစီးလျက်ရှိသည်။ ၂ဝဝ၃ ခုနှစ်က ဘဏ်လုပ်ငန်း ပြဿနာကြီးတစ်ခုကြောင့် ပု လိကဘဏ်ပေါင်း ၂ဝ တို့ ပိတ်ခဲ့ရပြီး စီးပွားရေးစနစ် အကြီးအကျယ် ထိခိုက်ခဲ့သည်။ ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာတွင် အကြီးဆုံးသော ပုလိကပိုင်ဘဏ် ၂ဝ သည် တင်းကျပ်သည့် ကန့်သတ်ချက်များ အောက်တွင် လုပ်ငန်း ဆောင်ရွက်ရြပီး တရားဝင်ငွေကြေး ချေးငှားခြင်းကို ကန့်သတ်ခံခဲ့ရသည်။ တရားဝင် စာရင်းဇယားများမှာ မှန်ကန်ခြင်းမရှိဘဲ နိုင်ငံခြားကုန်သွယ်မှု ကိန်းဂဏန်းများမှာ ကြီးမားလှသည်။ မှောင်ခိုလုပ်ငန်းနှင့် တရားမဝင် ကုန်သွယ်မှုများမှာ တရားဝင် ကုန်သွယ်မှု နီးနီးရှိမည်ဟု ယူဆရသည်။ ထိုင်း၊ တရုတ်နှင့် အိန္ဒိယတို့နှင့် ကုန်သွယ်မှုမှာ တိုးလျက်ရှိသည်။ မြန်မာအစိုးရသည် အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်သော ကုန်သွယ်မှု ဆက်ဆံရေးများ ရှိသော်လည်း ပိုမိုကောင်းမွန်သည့် ရင်းနှီး မြှုပ်နှံမှုများ တိုးတက်ဖွံ့ဖြိုးခြင်း၊ ထုတ်ကုန်နှင့် ခရီးသွားလုပ်ငန်းများ တွင်ကျယ်ခြင်းများ ဖြစ်စေရန် အားပေးရမည်ဖြစ်သည်။

စာရင်းအင်း[ပြင်​ဆင်​ရန်​]

လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု- ၇.၃၉၃ ဘီလီယံ ကီလိုဝပ်နာရီ (၁၉၉၈)

လျှပ်စစ်ဓါတ်အား-ထုတ်လုပ်မှုရင်း မြစ်အလိုက်

ရုပ်ကြွင်း လောင်စာ-၆၁.၇၂ ရာခိုင်နှုန်း

ရေအား-၃၈.၂၈ ရာခိုင်နှုန်း

အဏုမြူ-ဝ ရာခိုင်နှုန်း

အခြါး-ဝ ရာခိုင်နှုန်း (၁၉၉၈)

လျှပ်စစ်ဓါတ်အား-သုံးစွဲမှု ၆.၈၇၅ ဘီလီယံ ကီလိုဝပ်နါရီ (၁၉၈၈ ခုနှစ်)

လျှပ်စစ်ဓါတ်အား-တင်ပို့မှု ဝ ကီလိုဝပ်နါရီ (၁၉၉၈)

လျှပ်စစ်ဓါတ်အား-တင်သွင်းမှု ဝ ကီလိုဝပ်နါရီ (၁၉၉၈)

စိုက်ပျိုး ရေး-ထုတ်ကုန် ဆန်စပါး၊ ပြောင်း၊ ဆီထွက်သီးနှံ၊ ကြံ၊ ပဲ၊ သစ်မာ

ငေွလဲလှယ်နှုန်း- ကျပ်/ဒေါ်လာ-၅.၈၂ (၂ဝဝ၅)၊ ၅.၇၄၅၉ (၂ဝဝ၄)၊ ၆.ဝ၇၆၄ (၂ဝဝ၄)၊ ၆.၅၇၃၄ (၂ဝဝ၂) ၆.၆၈၄၁ (၂ဝဝ၁) ဤကိန်းဂဏန်း များသည် တရားဝင်ငွေလဲနှုန်းများ ဖြစ်သည်။ ပြင်ပဈေးကွက်ပေါက်ဈေးမှာ ၂ဝဝ၄ ခုနှစ်တွင် တစ်ဒေါ်လာ=၈၁၅ ကျပ်မှ ၉၇ဝ ကျပ်ထိရှိပြီး၊ ၂ဝဝ၅ ခုနှစ်တွင် တရားမဝင်ငွေလဲနှုန်းမှာ ၁ ဒေါ်လာ- ၁ဝ၇၅ ကျပ်ဖြစ်သည်။