ငွေချေးစာချုပ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ငွေချေးစာချုပ် (အင်္ဂလိပ်: bond) ဆိုသည်မှာ ဘဏ္ဍာရေးလောက၌ ချေးယူသူမှ ငွေပေးသူထံ ထုတ်ပေးသော ထွက်ကုန်တခု ဖြစ်သည်။ သတ်မှတ်သောကာလတွင် အတိုးပေးရန်၊ သတ်မှတ်ချိန် ပြည့်မြောက်လျှင် အရင်း ပြန်ဆပ်ရန်တို့ကို ခံဝန်သော အကြွေးလုံခြုံစေမှု (debt security) တခု ဖြစ်သည်။ အတိုးကို ကာလပိုင်းအလိုက် (လစဉ်၊ နှစ်ဝက်တကြိမ်၊ တနှစ်တကြိမ် စသဖြင့်) ပေးရတတ်သည်။ ငွေချေးစာချုပ်သည် လက်ပြောင်းလက်လွှဲပြုရန် လွယ်ကူပြီး ဈေးကွက် (bond market) သို့လည်း ရောင်းချနိုင်သေးသည်။

ငွေချေးစာချုပ်သည် ထုတ်သူတို့အား ပြင်ပငွေ ရစေပြီး ကာလရှည် ရင်းနှီးမြုပ်နှံမှုများ ပြုနိုင်သည်။ အပ်ငွေ အသိအမှတ်ပြုစာရွက်နှင့် ကွာသည်မှာ သတ်မှတ်သော သက်တမ်းဖြစ်သည်။

ငွေချေးစာချုပ်နှင့် စတော့သည် အကြွေးလုံခြုံစေမှုချင်း တူသော်လည်း အဓိက ကွာခြားချက်မှာ စတော့ကိုင်သူသည် လုပ်ငန်း၏ တစိတ်တဒေသကို ပိုင်သူဖြစ်လာပြီး ငွေချေးစာချုပ်ကိုင်သူက လုပ်ငန်းအား အကြွေးရှိသူသာ ဖြစ်သည်။ အခြားတချက်မှာ သက်တမ်းပြည့်လျှင် ငွေချေးစာချုပ်ကိုင်သူသည် လုပ်ငန်းနှင့် မဆိုင်တော့သော်လည်း စတော့ကိုင်သူမှာမူ လုပ်ငန်းရှိသရွေ့ ပိုင်ဆိုင်မှု ရှိနေမည် ဖြစ်သည်။ ခြွင်းချက်မှာ ပြန်မပေး ငွေချေးစာချုပ် (consol) တို့တွင် လုပ်ငန်းရှိသရွေ့ အတိုးရနေမည် ဖြစ်သည်။ ချေးငွေကိုမူ ပြန်ရမည် မဟုတ်ပေ။

ငွေချေးစာချုပ် ထုတ်သူများ[ပြင်ဆင်ရန်]

အာဏာပိုင်အဖွဲ့အစည်းများ၊ ချေးငွေအရောင်းအဝယ်လုပ်သော အဖွဲ့အစည်းများ၊ ကုမ္ပဏီများက ငွေချေးစာချုပ် ထုတ်သည်။ ပုံမှန်အားဖြင့် ဘဏ်များ၊ အဖွဲ့အစည်းများက ဝယ်ကာ ရင်းနှီးမြုပ်နှံသူတို့အား ရောင်းတတ်သည်။

သိသင့်သော အရေးကြီးအချက်များ[ပြင်ဆင်ရန်]

  • Nominal Amount (ငွေပမာဏ ဘယ်လောက်ပေါ်မှာ အတိုးရမှာလဲ)၊ Principal Amount (စာချုပ်သက်တမ်း အကုန်မှာ ငွေပမာဏ ဘယ်လောက်ရမှာလဲ)
  • Issue Price (ငွေချေးစာချုပ် စရောင်းစဉ်ကတန်ဘိုး။ ပမာဏအားဖြင့်ဆိုလျှင် Nominal နှင့်အတူတူနီးပါးဖြစ်)
  • Maturity Date (ငွေချေးစာချုပ်သက်တမ်း) စာချုပ်သက်တမ်းအလိုက် Bond များကိုအောက်ပါအတိုင်းခွဲခြားထား သည်။
    • Short Term (Bills): စာချုပ်သက်တမ်း ၁ နှစ်အထိ
    • Medium Term (Notes): စာချုပ်သက်တမ်း ၁ နှစ်မှ ၁၀ နှစ်အထိ
    • Long Term (Bonds): စာချုပ်သက်တမ်း ၁၀ နှစ်အထက်
  • Coupon (အတိုးနှုန်း။ ပုံမှန်အားဖြင့်ဆိုလျှင် အတိုးနှုန်းမှာပုံသေဖြစ်သည်။ သို့သော်လည်း LIBOR ကဲ့သို့သော ငွေကြေးဈေးကွက်အညွှန်းကိန်း ပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။)
  • The Quality of Issue (စာချုပ်အဆင့်ခွဲခြားမှု) ငွေချေးစာချုပ်၏ အဆင့်အတန်းကိုအောက်ပါအချက်များဖြင့်ခွဲခြားတတ်ကြပါတယ်။
    • ငွေကြေးစာချုပ်ရောင်းသူ(Issuer) နှင့် ဝယ်သူ(Bond Holder) နှစ်ဦးနှစ်ဖက်လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းအချက်အလက်များ နှင့် ဒေသတွင်းအာဏာပိုင်အဖွဲ့အစည်းများရဲ့ငွေချေးစာချုပ်နှင့် သက်ဆိုင် သောတိကျမှန်ကန်သည့် ဥပဒေများချမှတ်ထားမှု
    • ငွေကြေးစာချုပ်အဆင့်အတန်းသတ်မှတ်သော အဖွဲ့များရဲ့ အဆင့်သတ်မှတ်မှု
  • Coupon Date (အတိုးပေးသောအချိန်။ များသောအားဖြင့် ၆ လတစ်ခါ အတိုးပေးတတ်ကြပါတယ်)
  • Optionality (Bond တွေမှာ Call Option နဲ့ Put Option ဆိုပြီး Option ၂ ခုပါတတ်ကြပါတယ်)
    • Call Option ဆိုတာက ငွေချေးစာချုပ်ရောင်းသူ (Issuer) နဲ့ဆိုင်ပါတယ်။ ငွေကြေးစာချုပ်သက်တမ်းမကုန်ခင် ချေးငွေတွေကို ပြန်ပေးခြင်း Callability လို့ခေါ်ပါတယ်။ စာချုပ်အဆင့်အတန်းသတ်မှတ်တဲ့အဖွဲ့ တွေကတော့ Call Option ပါတဲ့စာချုပ်တွေကို အဆင့်နှိမ့်ထားတတ်ပါ တယ်။ သာမန်ရင်းနှီးမြှုပ်နှံသူတွေအတွက်လည်းဒါမျိုးစာချုပ်တွေက Risk များတယ်လို့ဆိုနိုင်ပါတယ်။
    • Put Option ဆိုတာက စာချုပ်ဝယ်သူ (Bond Holder) နဲ့ဆိုင်ပါတယ်။ စာချုပ်သက်တမ်းမကုန်ခင် ချေးငွေတွေကိုပြန်ရချင်တယ်ဆိုရင် သုံးရတာဖြစ်ပါတယ်။ Putability လို့ခေါ်ပါတယ်။
  • Convertible Bond (Issuer ရဲ့ အစုရှယ်ယာတွေနဲ့ လဲလှယ်လို့ရခြင်း)
  • Exchangeable Bond (တခြားကုမ္ပဏီတွေရဲ့ အစုရှယ်ယာတွေနဲ့ လဲလှယ်လို့ရခြင်း)

ငွေချေးစာချုပ် အမျိုးအစားများ[ပြင်ဆင်ရန်]

  • အတိုးနှုန်းသေ ငွေချေးစာချုပ်များ - အတိုးနှုံးမှာ စာချုပ်သက်တမ်းကုန်သည်အထိ တသမတ်တည်းဖြစ်သည်။
  • အတိုးနှုန်းရှင် ငွေချေးစာချုပ်များ - အတိုးနှုန်းမှာ အရှင်ဖြစ်သည်။ ငွေကြေးဈေးကွက် အညွှန်းကိန်းများအပေါ် မူတည်၍ ပြောင်းလဲသည်။ အတိုးမှာ တလတခါ (သို့) ၃ လတခါ ပြောင်းလဲသည်။
  • အတိုးနှုန်းမပါ ငွေချေးစာချုပ်များ (Zero-Coupon Bonds) - စရောင်းစဉ်က ဈေးလျှော့ ရောင်းထား၍ဖြစ်သည်။ ဥပမာ ၁၀⁠၀၀ တန်စာချုပ်ကို ၈၀၀ နှင့်ရောင်းထားပြီး စာချုပ်သက်တမ်းကုန်လျှင် ပြန်ရပမာဏ (Principal Amount) မှာ ၁၀⁠၀၀ ဖြစ်သည်။
  • ငွေကြေးဖေါင်းပွနှုန်းနှင့် ဆက်ထားသော ငွေချေးစာချုပ်များ (Inflation-Linked Bonds) - ပုံမှန်အားဖြင့် အတိုးနှုန်းသေများ၌ရသောနှုန်းထက် နည်းသည်။ ပြန်ရပမာဏနှင့် အတိုးနှုန်းမှာ ငွေကြေးဖေါင်းပွမှုနှင့် ဆက်ထားသဖြင့် အတိုး/အလျော့ ရှိနိုင်သည်။
  • ကုမ္ပဏီ၏ရှယ်ယာတန်ဘိုး၊ တိုင်းပြည်၏ GDP တန်ဘိုးတို့နှင့် ဆက်စပ်ထားသော ငွေချေးစာချုပ်များ (Equity-Linked Notes & Bonds)
  • ပိုင်ဆိုင်မှုနောက်ခံရှိသည့် ငွေချေးစာချုပ်များ (Asset Backed Securities)
    • Mortgage Backed Securities (MBSs)
    • Collateralized Mortgage Obligations (CMOs)
    • Collateralized Debt Obligations (CDOs)
  • ပုံမှန်အောက်အဆင့်ရှိသော ငွေချေးစာချုပ်များ (Subordinated Bonds) - ဥပမာအားဖြင့် ငွေချေးစာချုပ်များထုတ်ရောင်းထားသော ကုမ္မဏီ မှာ ဒေဝါလီခံခြင်း၊ ဖျက်သိမ်းခြင်းများလုပ်ပါက ငွေချေး စာချုပ်များကို ပြန်အမ်းရာ၌ Senior Bonds ကိုအရင်ဦးဆုံးပြန်အမ်းကာ နောက်ဆုံးမှ Subordinated Bonds များကို ပြန်အမ်းခြင်းဖြစ်သည်။ ဤကဲ့သို့သော Bonds များမှာ ရင်းနှီးမြုပ်နှံသူများအတွက် Risk များသည်ဟု သတ်မှတ်နိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

https://en.wikipedia.org/wiki/Bond_(finance)