မိုးသစ်တော

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဒိန်းထရီး မိုးသစ်တော

မိုးသစ်တောများသည် တစ်နှစ်လျင်အနည်းဆုံး မိုးရေချိန် ၁၇၅၀-၂၀၀၀ မီလီမီတာ (၆၈-၇၈ လက်မ) ရရှိသည့် မိုးများသည့် သစ်တောများဖြစ်သည်။ အီကွေတာနှင့်နီးသော အပူပိုင်းမုတ်သုန်ဒေသသည် မိုးသစ်တောများ ဖြစ်ပေါ်လာရေးအတွက် အရေးပါသည်။

ဇီဝသက်ရှိအားလုံး၏ ၄၀ မှ ၇၅ ရာနှုန်းသည် မိုးသစ်တောများမှ စတင်ဖြစ်ပေါ်လာသည်။ ဖော်ထုတ်မတွေ့ရှိရသေးသည့် သန်းပေါင်းများစွာသော အပင်၊ အင်းဆက်နှင့် အနုဇီဝသက်ရှိများသည် မိုးသစ်တောများတွင် ရှိနေသည်ဟု ခန့်မှန်းကြသည်။ လေးပုံတစ်ပုံမျသော သဘာဝဆေးဝါးများကို တွေ့ရှိရသဖြင့် အပူပိုင်းမိုးသစ်တောများကို "ကမ္ဘာ့ရတနာ" သို့ "ကမ္ဘာ့အကြီးဆုံးဆေးဝါး" ဟုခေါ်ကြသည်။ မိုးသစ်တောများသည် ကမ္ဘာပေါ်ရှိ ၂၈ ရာနှုန်းသော အောက်ဆီဂျင်ပြောင်းလဲပေးမှုအတွက် ပင်တိုင်ဖြစ်သည်။ နေရောင်ခြည်ကိုအသုံးပြုပြီး ကာဗွန်ဒိုင်အောက်ဆိုက်မှ အစာချက်လုပ်သည့်ဖြစ်စဉ်တွင် အောက်ဆီဂျင်ကို ထုတ်လွှတ်သည်။

နေပြောက်မဝင်အောင် ထူထဲလှသော မိုးသစ်တောနေရာအများအပြားတွင် မြေပြင်အနီး၌အပင်ပေါက်ရောက်မှု နည်းပါးသည်။ ထိုအခါ သက်တမ်းရင့် မိုးသစ်တောများအတွင်းတွင် လွယ်လင့်တကူ လမ်းလျှောက်သွားလာနိုင်သည်။ သစ်ရွက်ကြားမှ မြေပြင်သို့ နေရောင်ခြည်ကျရောက်မှုရှိပါက မကြာခင်ပင် မြက်ပင်နွယ်ပင်များ ထူထဲစွာ ပေါက်ရောက်၍ တောရိုင်းဖြစ်ပေါ်လာသည်။ မိုးသစ်တောများကို အပူပိုင်းမိုးသစ်တောနှင့် သမပိုင်းမိုးသစ်တောဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။

အပူပိုင်း[ပြင်ဆင်ရန်]

ကမ္ဘာတဝန်းအပူပိုင်းမိုးသစ်တောဇုံများ

အပူပိုင်းမိုးသစ်တောများကို ပူနွေးစိုစွတ်ပြီး၊ တစိတ်တဒေသ ခြောက်သွေ့သော ဥတုပင် မရှိသည့် ရာသီဖြင့် လွှမ်းမိုးထားပြီး၊ ‌အီကွေတာ၏ တောင်ဘက်နှင့် မြောက်ဘက် ၁၀ ဒီဂရီအတွင်း စံအားဖြင့် တွေ့ရှိရသည်။

တနှစ်တာပတ်လုံး လအားလုံးတွင် ပျမ်းမျှလစဉ် အပူချိန်သည် ၁၈ ဒီဂရီ စင်တီဂရိတ် (၆၄ ဒီဂရီ ဖာရင်ဟိုက်) ကျော်လွန်သည်။[၁] ပျမ်းမျှ နှစ်စဉ် မိုးရေချိန်သည် ၁၆၈ စင်တီမီတာ (၆၆ လက်မ) ထက် မနည်းဘဲ ၁၇၅ စင်တီမီတာ (၆၉ လက်မ) နှင့် ၂၀၀ စင်တီမီတာ (၇၉ လက်မ) ကြား ပုံသေ ရှိသော်လည်း၊ ၁၀၀၀ စင်တီမီတာ (၃၉၀ လက်မ) ကျော် သည်လည်း ရှိတတ်သည်။[၂]

ကမ္ဘာ့အပူပိုင်းမိုးသစ်တောအမြောက်အများသည် intertropical convergence zone ဟုလည်း သိသော monsoon trough နေရာတွင် တည်ရှိသည်။[၃] အပူပိုင်း စိုစွတ်တောများ၏ ပိုကျယ်ပြန့်သော အပိုင်းသည် တောင်ယဉ်စွန်းတန်းနှင့် မြောက်ယဉ်စွန်းတန်းကြား အီကွေတာဇုံတွင် တည်ရှိသည်။ အပူပိုင်းမိုးသစ်တောများသည် အရှေ့တောင်အာရှတွင် မြန်မာမှသည် ဖိလစ်ပိုင်မလေးရှားအင်ဒိုနီးရှားပါပူအာနယူးဂီနီသီရိလင်္ကာထိ၊ ဆာဟာရ အာဖရိက တိုက်ငယ်တွင် ကင်မရွန်းမှသည် ကွန်ဂို (ကွန်ဂိုမိုးသစ်တော)ထိ၊ တောင်အမေရိက (ဥပမာ၊ အမေဇုန် မိုးသစ်တော)၊ ဗဟိုအမေရိကန် (ဥပမာ၊ ဘော့ဆဝါ့၊ ယုကတန်ကျွန်းဆွယ်တောင်ပိုင်း-အဲလ်ပီတင်-ဘဲလစ်-ကလတ်မျူး)၊ ဩစတြေးလျနှင့် ပစိဖိတ်ကျွန်းအများစု(ဟာဝိုင်အီ အိုခိနာအိ ကဲ့သို့သော) ကျွန်းများပေါ်တွင် တည်ရှိသည်။ ၎င်းတို့သည် အလင်းမှီစုအစာဖွဲ့စည်းခြင်းထက် အသားတင် အောက်ဆီဂျင် အနည်းငယ်ကို လေထုထဲ အပိုဆောင်း ထုတ်‌လွှင့်ကြောင်း သိသော်လည်း၊ အပူပိုင်းမိုးသစ်တောများကို "မြေကမ္ဘာ၏ အဆုတ်များဟု ခေါ်လာခဲ့ကြသည်။[၄][၅]

သမပိုင်း[ပြင်ဆင်ရန်]

သမပိုင်းမိုးသစ်တောများ ပျံ့နှံ့တည်ရှိပုံ

အပူပိုင်းမိုးသစ်တောများသည် ကမ္ဘာတဝန်း ဖုံးလွှမ်း ပေါက်ရောက်သော်ငြားလည်း၊ သမပိုင်း မိုးသစ်တောများကိုမူ ကမ္ဘာတဝန်း ဒေသအနည်းငယ်၌သာ တွေ့ရှိရသည်။ သမပိုင်းမိုးသစ်တောများ ဆိုသည်မှာ သမပိုင်းဒေသများ၌ ပေါက်ရောက်သော မိုးသစ်တောများပင် ဖြစ်သည်။ မြောက်အမေရိကတွင် (အလက်စကာရှိ ပစိဖိတ်အနောက်မြောက်၌၊ ဗြိတိန်ကိုလံဘီယာ၊ ဝါရှင်တန်၊ အိုရီဂွန်နှင့် ကယ်လီဖိုးနီးယား၌)၊ ဥရောပတွင် (အိုင်ယာလန်၏ ကမ်းရိုး‌တန်းဒေသများကဲ့သို့သော ဗြိတိန်ကျွန်းငယ်များ၊ စကော့တလန်နော်ဝေမြောက်ပိုင်း၊ အဒရိယက်တစ်ကမ်းခြေတလျှောက် ဘော်လကန်အနောက်ပိုင်း ဒေသများ၊ ဂျော်ဂျီယာနှင့် ကမ်းရိုးတန်း တူရကီအပါအဝင် ပင်လယ်နက်အရှေ့ဘက် ကမ်းရိုးတန်းဒေသများနှင့် ဂယ်လီစီယာတို့)၊ အရှေ့အာရှတွင် (တရုတ်တောင်ပိုင်း၊ ထိုင်ဝမ် ကုန်းမြင့်၊ ဂျပန်နှင့် ကိုရီးယားရှိ နေရာအတော်များများ၊ နှင့် ဆခလင်ကျွန်းနှင့် ကပ်လျက်ရှိ ရုရှားအရှေ့ဖျား ကမ်းရိုးတန်း)၊ တောင်အမေရိကတွင် (ချီလီတောင်ပိုင်း)နှင့် ဩစတြေးလျနှင့် နယူးဇီလန်တို့၌လည်း တွေ့ရသည်။[၆]

အလွှာများ[ပြင်ဆင်ရန်]

စံအားဖြင့် အပူပိုင်းမိုးသစ်တောတခုတွင် အလွှာများစွာ ရှိပြီး၊ တလွှာစီတွင် ဘဝရှင်သန်ရေးအတွက် ယင်းအလွှာပေါ် မှီခိုနေသော အပင်နှင့် တိရိစ္ဆာန်အမျိုးမျိုး ရှိသည်။ ဥပမာအားဖြင့် အကြမ်းဖျင်းခွဲလျှင်

  • ထိုးထွက်လွှာ၊ (emergent layer)
  • သိပ်သည်းလွှာ၊ (canopy layer)
  • တောခြေကပ်လွှာ နှင့် (understorey layer)
  • တောခြေလွှာ (forest floor) တို့ ဖြစ်သည်။

ထိုးထွက်လွှာ[ပြင်ဆင်ရန်]

ထိုးထွက်လွှာတွင် ထိုးထွက်ပင်များ (emergents) ဟု ခေါ်သော သစ်ပင်ကြီးများ အနည်းစု ပါဝင်ကာ၊ ပုံမှန် သိပ်သည်းလွှာအထက်တွင် ပေါက်ရောက်၍ ၄၅-၅၅ မီတာအမြင့်ထိ ရှိသော်ငြား၊ အချို့နေရာများတွင် မျိုးစိတ်အနည်းငယ်လောက်က ၇၀-၈၀ မီတာထိ မြင့်အောင် ပေါက်ရောက်တတ်သည်။[၇][၈] အချို့သော ဧရိယာများတွင် သိပ်သည်းလွှာအထက်တွင် ဖြစ်ပေါ်သော လေပြင်းနှင့် နေပူဒဏ်ကို ယင်းတို့ ခံနိုင်ရည် ရှိရန်လည်း လိုအပ်သည်။ ဝန်လူငှက်လိပ်ပြာလင်းနို့နှင့် အချို့မျောက်များသည် ဤအပိုင်းတွင် နေထိုင်ကျက်စားသည်။

The canopy at the Forest Research Institute Malaysia showing crown shyness

သိပ်သည်းလွှာ[ပြင်ဆင်ရန်]

သိပ်သည်းလွှာတွင် ဧရာမသစ်ပင်ကြီး အများစု ပါဝင်ပြီး၊ စံအားဖြင့် မီတာ ၃၀ (၉၈ ပေ) မှ ၄၅ မီတာ (၁၄၈ ပေ)ထိ မြင့်သည်။ ဇီဝကမ္မလောက၏ အသိပ်သည်းဆုံး ဧရိယာကို ကပ်လျက်ရှိသော သစ်ပင်ထိပ်ဖျားများက ဖြစ်ပေါ်သော သစ်ရွက် နည်းနည်းများများက စဉ်ဆက်မပြတ် အုပ်ဆိုင်းထားသည့် ၎င်းတော၏ သိပ်သည်းလွှာတွင် တွေ့ရသည်။ အနီးစပ်ဆုံး ပြောရလျှင်၊ သိပ်သည်းလွှာသည် အပင်မျိုးစိတ်အားလုံး၏ ၅၀ ရာခိုင်နှုန်း၏ ပေါက်ရောက်ရာ နေရာဖြစ်သည်။ တွယ်ကပ်ပင်များ (epiphytic plants)သည် ပင်စည်များနှင့် အကိုင်းများတွင် ကပ်ကာ ပေါက်ရောက်ပြီး၊ ရေနှင့် ဓာတ်သတ္တုများကို မိုးရေနှင့် မိမိကို ထောက်ကူထားသော အပင်ပေါ်တွင် စုဆောင်းရရှိသော အကြွင်းအကျန်များမှ ရရှိသည်။ အကောင်ပလောင်များသည် ထိုးထွက်လွှာတွင် တွေ့ရသော အကောင်ပလောင်များနှင့် ဆင်တူသော်လည်း၊ ပို၍ မျိုးကွဲ ပိုများသည်။ အင်းဆက်မျိုးစိတ်(ပိုးမွှားမျိုးစိတ်)အားလုံး၏ လေးပုံ တပုံ (¼)သည် မိုးသစ်တော၏ သိပ်သည်းလွှာ၌ မှီတင်းနေထိုင်သည်ဟု ယုံကြည်ရသည်။ သိပ္ပံပညာရှင်များသည် သိပ်သည်းလွှာ၏ သယံဇာတ ကြွယ်ဝမှုကို အလေ့ကျအဖြစ် ကြာမြင့်စွာကပင် သံသယ ရှိခဲ့သော်လည်း၊ ၎င်းကို ပိုမိုလေ့လာနိုင်မည့် စနစ်ကျသော နည်းလမ်းများကို မကြာသေးမီကမှ တိုးတက်‌ကြံဆနိုင်ခဲ့သည်။ ၁၉၁၇ ကတည်းကပင်၊ သဘာဝပညာရှင် ဝီလျံ ဘီးဘ်က "နောက်ထပ် သက်ရှိများ နေထိုင်သည့် တိုက်ကို ရှာတွေ့ရန် ကျန်နေတယ်၊ ကမ္ဘာ‌မြေကြီးပေါ်မှာတော့ မဟုတ်ဘူး၊ မြေကြီးအပေါ် ပေတရာ၊ နှစ်ရာထိ မြင့်ပြီး၊ စတုရန်း‌မိုင်ပေါင်း ထောင်ပေါင်းများစွာ ကျယ်ပြန့်တယ်" ကြေညာခဲ့သည်။ ထိုအလွှာကို သေချာစွာ လေ့လာမှုများမှာ ၁၉၈၀ ပြည့်လွန်နှစ်မှသာ စတင်သည်၊ ထိုအချိန်၌ သိပ္ပံပညာရှင်များသည် ဒူးလေးဖြင့် သစ်ပင်များကြားထဲ မီးရှို့ထားသော ကြိုးများ ပစ်သွင်းခြင်းကဲ့သို့သော သိပ်သည်းလွှာကို ရောက်ရှိနိုင်မည့် နည်းလမ်းများ အသုံးပြုလာသည်။ သိပ်သည်းလွှာကို ‌စူးစမ်းရှာဖွေခြင်းသည် မြေစမ်းခရမ်းပျိုးအဆင့်သာ ရှိသေးပြီး၊ အခြား နည်းလမ်းများမှာ ပူဖောင်းများနှင့် လေသင်္ဘောများကို အမြင့်ဆုံး သစ်ကိုင်းများကြား မျောလွှင့်ခြင်းတို့ ပါဝင်ကာ၊ ကရိန်းအဆောက်အဦများနှင့် လျှောက်လမ်းများကို တောခြေလွှာတွင် အခြေတည်ထားကြသည်။ လေသင်္ဘောများ သို့မဟုတ် ဆင်တူ လေကြောင်းဆိုင်ရာ ပလက်ဖောင်းများ အသုံးပြု၍ အပူပိုင်း သစ်တောသိပ်သည်းလွှာထဲ ထိုးဖောက်လေ့လာသော ၎င်းသိပ္ပံပညာကို လေထဲတိုက်ဆောက်လေ့လာပညာ (dendronautics) ဟု ခေါ်တွင်သည်။[၉]

တောခြေကပ်လွှာ[ပြင်ဆင်ရန်]

တောခြေကပ်လွှာသည် သိပ်သည်းလွှာနှင့် တောခြေလွှာကြား တည်ရှိသည်။ ငှက်များ၊ မြွေများနှင့် ဖွတ်ပုတတ်များ မှီတင်းနေသလို၊ အမဲလိုက်မျိုးများ ဖြစ်သော ဂျာဂွားကျားသစ်၊ စပါးကြီးမြွေနှင့် ကျားသစ်များလည်း နေထိုင်သည်။ အရွက်များသည် ဤအပိုင်းတွင် ပို၍ ကြီးပြီး၊ အင်းဆက်သက်ရှိများသည် ပေါများလှသည်။ သိပ်သည်းလွှာထိအောင် ကြီးပြင်းပေါက်‌ရောက်မည့် သစ်စေ့ များစွာသည် ဤတောခြေကပ်လွှာ၌ ရှိနေသည်။ မိုးသစ်တော သိပ်သည်းလွှာပေါ် ထိုးကျလာသည့် နေရောင်ခြည်၏ ၅ ရာခိုင်နှုန်းသာလျှင် တောခြေကပ်လွှာသို့ ရောက်ရှိ ထိုးကျသည်။ ဤအလွှာကို ခြုံပုတ်လွှာဟု ခေါ်ဆိုနိုင်သော်လည်း၊ ခြုံပုတ်လွှာကို သီးခြားအလွှာအဖြစ်လည်း စဉ်းစားနိုင်ကြသေးသည်။

တောခြေလွှာ[ပြင်ဆင်ရန်]

ဩစတြေးလျတိုက်၊ ဘလူးတောင်ထဲရှိ မိုးသစ်တော

တောခြေလွှာ အောက်ဘက်အကျဆုံးအလွှာ ဖြစ်ကာ၊ နေအလင်းရောင် ၂ ရာခိုင်နှုန်းသာ ရရှိတော့သည်။ အလင်းရောင် နည်းနည်းပါးပါးသာ မှီတင်းနိုင်သော အပင်များသာလျှင် ဤဒေသ၌ ပေါက်ရောက်ကြီးပြင်းနိုင်သည်။ မြစ်ကမ်းပါးများ၊ စိမ့်စမ်းများနှင့် မြေပြောင်ပြောင်များနှင့် အဝေး၌ ရှိသော တောခြေလွှာသည် နေရောင်ထိုးဖောက်နိုင်မှု နည်းလှ၍ သီးပင်စားပင်များ သိသာစွာပင် မပေါက်ရောက်နိုင်ချေ။ ပုပ်သိုးဆွေးမြေ့နေသော အပင်များနှင့် တိရစ္ဆာန်များ ရှိနေပြီး၊ ပူနွေးစိုစွတ်သော အ‌ခြေအနေများက လျင်မြန်စွာ ဆွေးမြေ့သွားခြင်းကို တွန်းအားပေးသောကြောင့် လျင်မြန်စွာပင် ပျောက်ကွယ်သွားသည်။ ဤအပိုင်းတွင် ပေါက်ရောက်သော မှိုအမျိုးမျိုးသည်လည်း တိရစ္ဆာန်နှင့် အပင် အကြွင်းအကျန်များကို ပုပ်သိုးဆွေးမြေ့စေရန် အကူအညီ ပေးနေလေသည်။

အကောင်ပလောင်များနှင့် ပန်းမန်များ[ပြင်ဆင်ရန်]

တန်ဇန်နီးယား၊ အူသံပရာတောင်ရှိ အနောက်အူသံပရာ ချိုစုံပါ ပုတ်သင်ညို (Bradypodion fischeri)

ကမ္ဘာ့အပင်နှင့် သတ္တဝါမျိုးစိတ် တဝက်ကျော်ကို မိုးသစ်တောများတွင် တွေ့ရှိသည်။[၁၀] မိုးသစ်တောများတွင် နို့တိုက်သတ္တဝါများ၊ တွားသွားများ၊ ငှက်များနှင့် ကျောရိုးမဲ့များ ပါဝင်သည့် အကောင်ပလောင် တလှေကြီးကို ကျယ်ဝန်းစွာ ထိန်းသိမ်းပေးထားသည်။ နို့တိုက်သတ္တဝါများတွင် ပရိုင်းမိတ်မျိုးရင်း၊ ကြောင်မျိုးရင်းနှင့် အခြား မျိုးရင်းများ ပါဝင်နိုင်သည်။ တွားသွားများတွင် မြွေများ၊ လိပ်များ၊ ပုတ်သင်ညိုများနှင့် အခြား မျိုးရင်းများ ပါဝင်ကာ၊ ငှက်များတွင် ငှက်ခေါင်းဖြူများ၊ ဥ‌ဩငှက်များကဲ့သို့သော မျိုးရင်းများ ပါဝင်သည်။ ကျောရိုးမဲ့မျိုးရင်း ဒါဇင်လောက်ကို မိုးသစ်တောများထဲတွင် တွေ့သည်။ မှိုများသည်လည်း မိုးသစ်တောကဲ့သို့သော ဧရိယာများတွင် ပေါများပြီး၊ အပင်နှင့် တိရစ္ဆာန်များ၏ ပြိုကွဲပျက်စီးသော အကြွင်းအကျန်များပေါ်၌ စားသုံးသည်။ သစ်တောပြုန်းတီးခြင်း၊ နေထိုင်ရာ ဘုံပျောက်ဆုံးခြင်းနှင့် လေထုညစ်ညမ်းမှု အကြောင်းရင်းများကြောင့် မိုးသစ်တောတွင် နေသော မျိုးစိတ်များစွာသည် အလျင်အမြန် ပျောက်ကွယ်လျက် ရှိသည်။[၁၁]

ကမ္ဘာ့ရာသီအပေါ် အကျိုးသက်ရောက်ပုံ[ပြင်ဆင်ရန်]

သဘာဝမိုးသစ်တော တတောသည် ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏထုထည်ကြီးကို စုပ်ယူပေးသည်။ အနှောင့်အယှက် မဝင်သော မိုးသစ်တောများသည် (တိမ် ဖြစ်ပေါ်ခြင်း၊ ရေငွေ့ပျံခြင်းတို့ကဲ့သို့သော) အခြား ရာသီဥတု သက်ရောက်မှုများ ရှိနိုင်သော်ငြား၊ လေထုထဲရှိ ကာဘွန်ဒိုင်အောက်ဆိုဒ် အဆင့်ကို သက်ရောက်မှု အနည်းငယ်သာ ဖြစ်စေရန်မှာ ကမ္ဘာလုံးအတိုင်းအတာအရ၊ ရေရှည်စီးကြောင်းများသည် မျှခြေနှင့် အနီးကပ်ဆုံး ရှိရပေမည်။[၁၂] ယနေ့ မိုးသစ်တောသည် အနှောင့်အယှက် မဝင်ပါဟု မယူဆနိုင်တော့ချေ။[၁၃] လူသားတို့ကြောင့် ဖြစ်သော သစ်တောပြုန်းတီးမှုသည် ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်သော မိုးသစ်တောများ ဖြစ်စေရာ၌ ထင်ရှားသော အခန်းကဏ္ဍမှ ကပြနေသကဲ့သို့၊[၁၄] လူသားတို့ လက်ချက်ကြောင့် ဖြစ်စေ၊ သဘာဝကြောင့် ဖြစ်စေ၊ မီးလောင်ကျွမ်းခြင်းနှင့် ခြောက်သွေ့ခြင်း ကဲ့သို့သော အခြား အကြောင်းရင်းများကြောင့်လည်း သစ်ပင်များ သေဆုံးခြင်း ဖြစ်စေသည်။[၁၅] အသီးအရွက်များနှင့် ရာသီဥတု နမူနာပုံစံငယ်များ ပြုလုပ်ပြီး ခန့်မှန်းလိုက်သည်မှာ ခြောက်သွေ့ခြင်း၊ ‌တောများ ပြောင်ခြင်းနှင့် ကာဘွန်ဒိုင်အောက်ဆိုဒ်များ စဉ်ဆက်မပြတ် ထုတ်လွှတ်ခြင်းတို့ကြောင့် ၂၀၅၀ ခုနှစ် တဝိုက်တွင် အမေဇုန်မိုးသစ်တောများ ပြောင်သလင်း ပြုန်းသွားနိုင်သည် ဟူ၏။[၁၆] ယနေ့မှ စ နှစ်ငါးသန်းတွင်၊ အမေဇုန်မိုးသစ်တောသည် ကြာရှည်လေးမြင့်စွာ ခြောက်သယောင်းနေသောကြောင့်၊ ဆာဗနားမြက်ခင်းပြင်ကဲ့သို့ ဖြစ်လာပြီး၊ (ယခုနေခါ လူသားများက သစ်တောပြုန်းတီးစေသော လုပ်ဆောင်မှုများကို ညတွင်းချင်း ရပ်ပစ်လိုက်တောင်မှ) ပြောင်းလဲတိုးတက်မှု မရှိတော့ဘဲ၊ လွင်တီးခေါင်ကြီး ဖြစ်သွားပေလိမ့်မည်။[၁၇] ကျွန်ုပ်တို့သိထားသော တိရစ္ဆာန်များမှ ပေါက်ဖွားလာသော နောက်မျိုးဆက်သည် ယခင်က အမေဇုန်သစ်တောဖြစ်ခဲ့ပြီး၊ ယခု ခြောက်သယောင်းသော ဆာဗနားနှင့် အသားကျအောင်၊ ပြီးလျှင်အသစ်အဆန်း ဖြစ်လောက်အောင် ပူပြင်းသော နေရောင်အောက်တွင် ရှင်သန်ရေးအတွက် ရုန်းကန်နေကြရပေလိမ့်မည်။[၁၇]

လူသားများ အသုံးချပုံ[ပြင်ဆင်ရန်]

လေယာဉ်ပေါ်မှ ရိုက်ယူထားသည် အမေဇုန်မိုးသစ်တော၏ ကောင်းကင်ရှုခင်း

အပူပိုင်းမိုးသစ်တောများသည် သစ်များ၊ အသားနှင့် သားရေကဲ့သို့သော တိရစ္ဆာန်ထွက်ကုန်များ ရသည်။ မိုးသစ်တောများသို့ လာရောက် လည်ပတ်သော နိုင်ငံခြား ခရီးသည်များကို ဆွဲဆောင်နိုင်ပြီး၊ ရေမြေသဘာဝ ဝန်ဆောင်မှု ပေးသည်။ အစာများစွာကို အပူပိုင်း သစ်တောများမှ ရပြီး၊ ယခင်က သစ်တော ဖြစ်ခဲ့သော နေရာတွင် စိုက်ခင်းများ ပျိုးထောင်သည်။[၁၈] အပင်များမှ ရသော ဆေးဝါးများသည် အများအားဖြင့် အဖျားအနာ၊ အကိုက်အခဲ၊ ဒဏ်ရာရ၊ မီးလောင်နှင့် အသက်ရှုလမ်းကြောင်း ပြဿနာများကို ကုသရန် သုံးကြသည်။[၁၉]

ကိုးကား[ပြင်ဆင်ရန်]

  1. Susan Woodward. Tropical broadleaf Evergreen Forest: The rainforest. Archived 2008-02-25 at the Wayback Machine. Retrieved on 2008-03-14.
  2. Newman, Arnold. The Tropical Rainforest : A World Survey of Our Most Valuable Endangered Habitat : With a Blueprint for Its Survival. New York: Checkmark, 2002. Print.
  3. Hobgood (2008). Global Pattern of Surface Pressure and Wind. Ohio State University. Retrieved on 2009-03-08.
  4. Broeker, Wallace S. (2006). "Breathing easy: Et tu, O2." Columbia University Columbia.edu
  5. Moran, E.F., "Deforestation and Land Use in the Brazilian Amazon," Human Ecology, Vol 21, No. 1, 1993"
  6. The Temperate Rainforest
  7. Bourgeron, Patrick S. (1983). "Spatial Aspects of Vegetation Structure", in Frank B. Golley: Tropical Rain Forest Ecosystems. Structure and Function, 14A, Ecosystems of the World, Elsevier Scientific, 29–47. ISBN 0-444-41986-1. 
  8. Sabah။ Eastern Native Tree Society။ 2007-11-14 တွင် ပြန်စစ်ပြီး။
  9. Dendronautics – Introduction Archived June 14, 2006, at the Wayback Machine.
  10. Rainforest Facts။ Rain-tree.com။ 2012-08-26 တွင် ပြန်စစ်ပြီး။
  11. Impact of Deforestation – Extinction။ Rainforests.mongabay.com။ 2012-08-26 တွင် ပြန်စစ်ပြီး။
  12. Grida.no (PDF)။ 2012-08-26 တွင် ပြန်စစ်ပြီး။
  13. Lewis, S.L. , Phillips, O.L., Baker, T.R., Lloyd, J. et al. 2004 “Concerted changes in tropical forest structure and dynamics: evidence from 50 South American long-term plots” Phil. Trans. R. Soc. Lond. 359
  14. Malhi, Y and Grace, J. 2000 " Tropical forests and atmospheric carbon dioxide”, Tree 15
  15. "Drought may turn forests into carbon producers"၊ The Age၊ 2004-03-06။ 
  16. "Amazonian forest dieback under climate-carbon cycle projections for the 21st century" (2004). Theoretical and Applied Climatology 78: 137. doi:10.1007/s00704-004-0049-4. Bibcode2004ThApC..78..137C. 
  17. ၁၇.၀ ၁၇.၁ The Future is Wild television program
  18. Myers, N. (1985). The primary source. W. W. Norton & Company, New York, pp. 189–193.
  19. Final Paper: The Medicinal Value of the Rainforest May 15, 2003. Amanda Haidet May 2003။ Jrscience.wcp.muohio.edu။ 2012-08-26 တွင် ပြန်စစ်ပြီး။