တောင်ယဉ်စွန်းတန်း

ဝီကီပီးဒီးယား မှ
တောင်ယဉ်စွန်းတန်းမျဉ်းကို ပြသထားသည့် ကမ္ဘာ့မြေပုံ။
ချီလီနိုင်ငံ Antofagasta မြို့ မြောက်ဖက်ရှိ တောင်ယဉ်စွန်းတန်း ဖြတ်သန်းရာ အထိမ်းအမှတ်။
ဩစတြေးလျနိုင်ငံ၊ ကွင်းစလန်းပြည်နယ်၊ လောင်းရိချ်မြို့
ဘရာဇီးနိုင်ငံ၊ မရင်းဂါးမြို့ရှိ တောင်ယဉ်စွန်းတန်း အမှတ်အသား
အာဂျင်တီးနားနိုင်ငံ၊ ဂျူဂျေးပြည်နယ် တောင်ယဉ်စွန်းတန်းပေါ်ရှိ နေနာရီ

တောင်ယဉ်စွန်းတန်းသည် မွန်းတည့်ချိန် ဦးခေါင်းအထက် တည့်တည့်တွင် နေတည်ရှိသည့် တောင်ဖက်ဆုံး လတ္တီတွဒ်မျဉ်း ဖြစ်သည်။ ဤအဖြစ်အပျက်သည် တောင်ကမ္ဘာလုံးခြမ်း နေဘက်သို့ အဆုံးစွန် တိမ်းစောင်းသည့် ဆောင်းယဉ်စွန်းချိန်တွင် ဖြစ်ပွားသည်။ အလားတူ မြောက်ကမ္ဘာလုံးခြမ်းဖက်တွင် မြောက်ယဉ်စွန်းတန်း တည်ရှိသည်။

၂၀၁၄ ခုနှစ်အတွက် တောင်ယဉ်စွန်းတန်းသည် အီကွေတာ၏ တောင်ဖက် ၂၃° ၂၆′ ၁၄.၄၄၀″ တွင်တည်ရှိသည်။ တောင်ယဉ်စွန်းတန်းသည် မြောက်ဖက်သို့ တစ်နှစ်လျှင် ၁၅ မီတာခန့် တဖြည်းဖြည့် ရွေ့လျားနေသည်။

ရာသီဥတုနှင့် ပတ်ဝန်းကျင်[ပြင်ဆင်ရန်]

တောင်ယဉ်စွန်းတန်းသည် တောင်ဖက် တောင်သမပိုင်းဇုန်နှင့် မြောက်ဖက် အပူပိုင်းဇုန်များကို ပိုင်းခြားထားသည့် မျဉ်းတစ်ခုဖြစ်သည်။ တောင်ယဉ်စွန်းတန်းတစ်လျောက် ဒေသအများစုမှာ မိုးခေါင်ခြောက်သွေ့ပြီး မိုးနည်းသောဒေသများဖြစ်သည်။ ဩစတြေးလျရှိ အပူပိုင်းဒေသအများစု၏ မိုးရေချိန်မှာ ကမ္ဘာပေါ်ရှိ အများဆုံးပြောင်းလဲနေသည့် မိုးရေချိန်များထဲတွင် ပါဝင်သည်။[၁] တစ်နှစ်ပတ်လုံး မိုးခေါင်သောကြောင့် စွတ်စိုသည့်ဒေသများတွင်ပင် လယ်ယာစိုက်ပျိုး၍မရနိုင်ပေ။ မိုးရေချိန်ကောင်းသော အာဖရိကတောင်ပိုင်းတွင် စိုက်ပျိုးဖြစ်ထွန်းသော်လည်း မြေဩဇာအသုံးပြုထားပင်ငြား အထွက်နှုန်းနည်းပါးသည်။

တောင်အမေရိကတွင် မြေလွှာသည် ဩစတြေးလျနှင့် အာဖရိကတောင်ပိုင်းကဲ့သို့ သက်တမ်းရင့်သည်။ သို့သော် ဘူမိဗေဒအရ သက်တမ်းနုသည့် အန်းဒီးတောင်တန်းသည် အပူလျော့ပိုင်း ဆန့်ကျင်ဆိုင်ကလုံးဒေသ၏ အနောက်ဖက်တွင် ရှိသည့်အတွက် အတ္တလန္တိတ်သမုဒ္ဒရာဖက်မှ ပူနွေးစွတ်စိုသော လေရရှိသည်။ အကျိုးဆက်အားဖြင့် အပူပိုင်းဒေသနှင့်နီးသော ဘရာဇီးနိုင်ငံ၏ ဒေသများမှာ စိုက်ပျိုးရေးအတွက် အရေးပါသော ဒေသများဖြစ်ကြကာ ကော်ဖီစသော ကောက်ပဲသီးနှံများ ကောင်းစွာ ဖြစ်ထွန်းသည်။ အန်းဒီးတောင်တန်း၏ အနောက်ဖက်တွင်မူ ဟမ်းဘော့ရေစီးကြောင်းကြောင့် အလွန်အမင်းမိုးခေါင်သော ဒေသဖြစ်ကာ ကမ္ဘာ့အခြောက်သွေ့ဆုံးစာရင်းဝင် ကန္တာရကို ဖြစ်ပေါ်စေသည်။

ပတ်ပတ်လည်ကမ္ဘာ့ဒေသများ[ပြင်ဆင်ရန်]

ပရိုင်းမီရီဒီယန်မှ စ၍ အရှေ့ဖက်သို့ တောင်ယဉ်စွန်းတန်း ဖြတ်သန်းသွားသော ဒေသများ

ကိုဩဒိနိတ် နိုင်ငံ၊ နယ်မြေနှင့် သမုဒ္ဒရာ မှတ်စု
23°26′S 0°0′E / 23.433°S 0.000°E / -23.433; 0.000 (Prime Meridian) အတ္တလန္တိတ်သမုဒ္ဒရာ
23°26′S 14°27′E / 23.433°S 14.450°E / -23.433; 14.450 (Namibia) နမီးဘီးယား အီရွန်ဂို၊ ခိုးမက်စ်၊ ဟာဒက်၊ ခိုးမက်စ်(နောက်တစ်ဖန်) နှင့် အိုမာဟီးကီး တိုင်းဒေသကြီးများ
23°26′S 20°0′E / 23.433°S 20.000°E / -23.433; 20.000 (Botswana) ဘော့ဆွာနာ ဂယ်လာဂဒီခရိုင်၊ ကွမ်းနမ့်ခရိုင်နှင့် ဗဟိုခရိုင်များ
23°26′S 27°18′E / 23.433°S 27.300°E / -23.433; 27.300 (South Africa) တောင်အာဖရိက လင်ပိုပိုပြည်နယ်
23°26′S 31°33′E / 23.433°S 31.550°E / -23.433; 31.550 (Mozambique) မိုဇမ်ဘစ် ဂါဇာပြည်နယ်နှင့် အင်ဟမ်ဘိန်းပြည်နယ်များ
23°26′S 35°26′E / 23.433°S 35.433°E / -23.433; 35.433 (Indian Ocean) အိန္ဒိယသမုဒ္ဒရာ မိုဇမ်ဘစ်ရေလက်ကြား
23°26′S 43°45′E / 23.433°S 43.750°E / -23.433; 43.750 (Madagascar) မဒါဂတ်စကား တိုလိုင်ရာပြည်နယ်နှင့် ဖီရန်နာအန်တိုစ့်ပြည်နယ်များ
23°26′S 47°39′E / 23.433°S 47.650°E / -23.433; 47.650 (Indian Ocean) အိန္ဒိယသမုဒ္ဒရာ
23°26′S 113°47′E / 23.433°S 113.783°E / -23.433; 113.783 (Australia) ဩစတြေးလျ အနောက်ဩစတြေးလျ၊ မြောက်ဩစတြေးလျနှင့် ကွင်းစလန်ပြည်နယ်
23°26′S 151°3′E / 23.433°S 151.050°E / -23.433; 151.050 (Coral Sea) သန္တာပင်လယ်  ဩစတြေးလျ၏ သန္တာပင်လယ်ကျွန်းစုရှိ ကာတိုကျောက်တန်း၏ တောင်ဖက်မှ ဖြတ်သန်းသွားသည်။
23°26′S 166°46′E / 23.433°S 166.767°E / -23.433; 166.767 (Pacific Ocean) ပစိဖိတ်သမုဒ္ဒရာ မီနားဗား ကျောက်တန်းများ( တုံဂါ) ၏ မြောက်ဖက်နားနှင့် တူဘိုင်ကျွန်းစု ( ပြင်သစ်ပိုလီနီးရှား)၏ တောင်ဖက်နားမှ ဖြတ်သွားသည်။
23°26′S 70°36′W / 23.433°S 70.600°W / -23.433; -70.600 (Chile) ချီလီ အန်တိုဖာဂစ်စတာ တိုင်းဒေသကြီး
23°26′S 67°07′W / 23.433°S 67.117°W / -23.433; -67.117 (Argentina) အာဂျင်တီးနား ဂျူဂျေးပြည်နယ်၊ ဆော့တာပြည်နယ်၊ ဂျူဂျေးပြည်နယ်(နောက်တစ်ဖန်)၊ ဆော့တာပြည်နယ်(နောက်တစ်ဖန်) နှင့် ဖော်မိုးဆားပြည်နယ်များ
23°26′S 61°23′W / 23.433°S 61.383°W / -23.433; -61.383 (Paraguay) ပါရာဂွေး ဘုတ်ရွန်ပိုင်နက်၊ ပရက်ဆီဒန့်တီဟေးစ်ပိုင်နက်၊ ကွန်စက်စွန်ပိုင်နက်၊ ဆန်ပီရိုပိုင်နက်နှင့် အမန်ဘေးပိုင်နက်များ
23°26′S 55°38′W / 23.433°S 55.633°W / -23.433; -55.633 (Brazil) ဘရာဇီး မော်တူဂရော်ဆူဒူဆူး၊ ပါရန်နာနှင့် ဆောင်ပေါ်လို ပြည်နယ်များ
23°26′S 45°2′W / 23.433°S 45.033°W / -23.433; -45.033 (Atlantic Ocean) အတ္တလန္တိတ်သမုဒ္ဒရာ

တောင်ယဉ်စွန်းတန်းတစ်လျောက် တည်ရှိသော နေရာများ[ပြင်ဆင်ရန်]

အောက်ပါဒေသများမှာ တောင်ယဉ်စွန်းတန်းအနီး သို့မဟုတ် တောင်ယဉ်စွန်းတန်းဖြတ်သန်းသွားသည့် ဒေသများဖြစ်သည်။

အာဂျင်တီးနား
ဩစတြေးလျ
ဘော့ဆွာနာ
  • ကာလာဟာရီ သဲကန္တာရ
  • ခတ်ဆီအမျိုးသားဥယျာဉ်
  • ကူလီရွာ
  • မဟာလာပြေးမြို့
ဘရာဇီး
  • အီတာကွာကွီစီတူဘာမြို့
  • မိုဂီဒက်စ်ကရူဇေးမြို့
  • မရင်းဂါးမြို့
  • ဆောင်ပေါ်လို−ဂွါရုအို့ အပြည်ပြည်ဆိုင်ရာလေဆိပ်
  • ဆောင်ပေါ်လိုမြို့
  • ဆိုရိုကားဘားမြို့
  • တက်ဂွိုင်မြို့
  • အူဘာတူဘာမြို့
ချီလီ
မဒါဂတ်စကား
  • တိုလီအာမြို့
မိုဇမ်ဘစ်
  • အင်ဟမ်ဘိန်းမြို့
  • မော်ရမ်ဘင်း
  • မက်ဆင်ဂါ
နမီးဘီးယား
  • ဝဲဗစ်ဘေးမြို့
  • ဆွာကော့မက်မြို့
  • နမ့်မိသဲကန္တာရ
ပါရာဂွေး
  • ကွန်စက်စွန်မြို့
တောင်အာဖရိက
  • ကရူဂါအမျိုးသားဥယျာဉ်
  • ပိုလိုကွာနီမြို့
  • ကပ်ပရီကွန်ခရိုင်

တောင်ယဉ်စွန်းတန်း၏ တောင်ဖက်တွင် ကျရောက်သော ဒေသများ[ပြင်ဆင်ရန်]

ကမ္ဘာ့၏အဓိက ကုန်းမြေများမှာ မြောက်ကမ္ဘာလုံးခြမ်းတွင် ရှိနေသောကြောင့် တောင်ယဉ်စွန်းတန်း တောင်ဖက်တွင် လေးနိုင်ငံသာ တည်ရှိသည်။ (မြောက်ယဉ်စွန်းတန်း မြောက်ဖက်တွင် ၇၄ နိုင်ငံ တည်ရှိသည်။)

  • လီဆိုသိုနိုင်ငံ
  • နယူးဇီလန်နိုင်ငံ[note ၁]
  • ဆွာဇီလန်နိုင်ငံ
  • ဥရုဂွေးနိုင်ငံ

မှတ်စု[ပြင်ဆင်ရန်]

  1. နယူးဇီလန်ဘုရင်မ အုပ်ချုပ်သော ဒေသများဖြစ်သည့် ကွတ်ကျွန်းစု၊ တိုကလောင်နှင့် နျူးရယ်ဒေသများမှာ တောင်ယဉ်စွန်းတန်းအထက်တွင် တည်ရှိကြသည်။

ကိုးကား[ပြင်ဆင်ရန်]