ချီလီပြည်သူ့သမ္မတနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ချီလီသမ္မတနိုင်ငံ
Flag of Chile.svg Coat of arms of Chile.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်ဆောင်ပုဒ် - "By right or might"
ပထဝီ
South America location CHI.png
မြို့တော် ဆန်တီယာဂိုမြို့
အကြီးဆုံးမြို့ မြို့တော်
ဧရိယာ
  • ဧရိယာ - ၇၅၆,၉၅၀ km² (အဆင့်: ၃၈)
  • ရေဖုံးလွှမ်းမှု - ၁.၀၇%
စံတော်ချိန်ဇုန် UTC -၄ မှ -၆
လူနေမှု
ရုံးသုံးဘာသာများ စပိန်ဘာသာ
လူဦးရေ
နိုင်ငံရေး
အမျိုးအစား ပါလီမန် သမ္မတစနစ်
အစိုးရခေါင်းဆောင်များ
  • သမ္မတ - Sebastián Piñera RN


ထူထောင်မှု
  • လွတ်လပ်ရေး (စပိန်ထံမှ) - ၁၈၁၈ ဖေဖော်ဝါရီ ၁၂
  • အသိအမှတ်ပြု - ၁၈၄၄ ဧပြီ ၂၅
စီးပွားရေး
GDP(PPP) US $၂၆၀ ဘီလီယံ (အဆင့် - )
GDP(PPP) US $ ၁၅,၅၀၀ (အဆင့် - )
HDI ၀.၇၈၃ (အမြင့်) (အဆင့် - ၄၄)
ငွေ ပီဆို ("CLP")
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .cl
Calling code +56
ချီလီနိုင်ငံနှင့် ယင်း၏ကျွန်းစုများ

ချီလီနိုင်ငံ သည် တောင်အမေရိကတိုက်၏ အနောက်ဘက်ဘက်ကမ်းရိုးတန်းတလျောက် ပစိဖိတ်သမုဒ္ဒရာနှင့် အင်န်ဒီးစ် တောင်တန်းတို့အကြား တည်ရှိသည့် ရှည်လျား ကျဉ်းမြောင်းသည့် နိုင်ငံဖြစ်သည်။ ချီလီပြည်သူ့သမ္မတနိုင်ငံတော်ဟု ခေါ်တွင်သည်။ တောင်အမေရိကတိုက်၏ အနောက်ကမ်းရိုးတန်းနိုင်ငံရာသီဥတု အားဖြင့်လည်းကောင်း၊ မြေမျက်နှာအားဖြင့် လည်းကောင်း၊ ထွက်ကုန်ပစ္စည်းအားဖြင့်လည်းကောင်း၊ နိုင်ငံ အတွင်းတစ်နေရာနှင့် တစ်နေရာ ခြားနားလှသည်မှာ ချီလီနိုင်ငံ ပင် ဖြစ်သည်။ အချို့မြို့ကြီးများမှာ နယူးယောက်မြို့တစ်မျှ ခေတ်မီလှသော်လည်း အချို့ဒေသများကိုမူ ယခုတိုင် လူသူ မရောက်ရသေးပေ။

ချီလီနိုင်ငံ[ပြင်​ဆင်​ရန်​]

ချီလီနိုင်ငံသည် တောင်အမေရိကတိုက် ပစိဖိတ်ကမ်းခြေ ဘက်တွင် တည်ရှိသည်။ ချီလီနိုင်ငံ အနေအထားမှာ ထိုတောင် အမေရိကတိုက် အနောက်ကမ်းခြေကို အနားကွပ်ထားသကဲ့သို့ ဖြစ်၍ မိုင်ပေါင်း ၂၆၆၁ မိုင်မျှ ရှည်လျားသည်။ အကျယ်မှ ၄၆ မိုင်မှ ၂၅ဝ အထိ ဖြစ်၏။ ချီလီနိုင်ငံအကြောင်းကို မည်သူ မျှ သေချာစွာ လေ့လာခဲ့ဘူးခြင်း မရှိသေးချေ။ သို့ရာတွင် ခန့်မှန်းခြေအရ ထိုနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၂၈၆၃၉၅ မိုင် ရှိသည်ဟု ဆို၏။ မြောက်ဘက်၌ ပီရူးနိုင်ငံ၊ အရှေ့ဘက်၌ ဗိုလစ်ဗီးယားနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံ၊ တောင်ဘက်နှင့် အနောက်ဘက်တို့၌မူ ပစိဖိတ်သမုဒ္ဒရာတို့ တည်ရှိသည်။


နိုင်ငံ၏ မြေမျက်နှာသွင်ပြင်အရ ချီလီနိုင်ငံကို ၃ ပိုင်း ပိုင်းခြားနိုင်၏။ ယင်းတို့ကား အရှေ့ဘက်တွင် အန်းဒီးတောင် တန်းဒေသ၊ အနောက်ဘက်တွင် ကမ်းမြောင်ဒေသနှင့် အလည် တွင် ရှည်လျားသောတောင်ကြား ဒေသများ ဖြစ်သည်။ ရာသီ ဥတုအခြေအနေအလိုက်လည်း သုံးပိုင်း ပိုင်းခြားနိုင်၏။ လတ္တီတွဒ် ၃ဝံ မျဉ်း ကြောင်းအထက်ကို ကန္တာရပိုင်း၊ ၃ဝံ နှင့် ၄ဝံ စပ်ကြားကို အလယ်ပိုင်း၊ ၄ဝံ အောက်ကို တောင်ပိုင်း ဟူ၍ သတ်မှတ်နိုင်သည်။ အထက်ပိုင်းတွင် မိုးအသင့်အတင့် မျှသာ ရွာသွန်း၍ တောင်ပိုင်းတွင် မိုးများစွာ ရွာသွန်းသည်။ မြောက်ပိုင်းတွင် သတ္တုတူးဖော်ခြင်းလုပ်ငန်းကို လည်း ကောင်း၊ အလယ်ပိုင်းတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လည်းကောင်း၊ သစ်တောထူထပ်သော တောင်ပိုင်းတွင် သစ် လုပ်ငန်းကိုလည်းကောင်း အဓိကထားကြလေသည်။


တောင်တန်းနိမ့်နိမ့်တစ်ခုသည် ချီလီနိုင်ငံ၏ ပင်လယ် ကမ်းရိုးတန်းနှင့်ကပ်လျက် မြောက်မှတောင်သို့ အလျားလိုက် တည်ရှိ၏။ ထိုတောင်တန်းငယ်နှင့် အန်းဒီးတောင်တန်းစပ် ကြားတွင် အချင်းမိုင် ၅ဝ ထက်မပိုသော ရှည်လျားသည့် လွင်ပြင် ရှိလေသည်။ အန်းဒီးတောင်တန်းသည် ချီလီနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံ ၂ ခု တို့၏ နယ်ခြားအဖြစ် တည်ရှိသည်။ တောင်အမေရိကတိုက်တွင် အမြင့်ဆုံးတောင်ထိပ်ဖြစ်သော အားကွန် ကားပွားတောင်ထိပ် (၂၃ဝ၈၁ ပေ)သည် ချီလီနိုင်ငံ အတွင်း၌ တည်ရှိ၏။


ချီလီနိုင်ငံ အကျယ်ဆုံးအပိုင်းမှာ မြောက်ပိုင်းဖြစ်၍ အာတားကားမား သဲကန္တာရကြီး၏ တစ်စိတ်တစ်ဒေသ ဖြစ် သည်။ ဤဒေသ၌ နိုက်ထရိတ်ခေါ် မြေဩဇာကျွေးရန် အသုံး ကျသော တွင်းထွက်ဓာတ် အမြောက်အမြား တူးဖော်ရရှိသည်။ အလယ်ပိုင်းရှိ လယ်ယာစိုက်ပျိုး လုပ်ကိုင်ကြ၏။ မြေထဲ ပင်လယ် ရာသီဥတုမျိုး ရှိသောကြောင့် သစ်သီးဝလံများကို စိုက်ပျိုးနိုင်သည်။ တောင်ပိုင်းတွင် သစ်တောများအပြင် သိုးနှင့် နွားမွေးမြူရန် ကောင်းသော မြက်တောများကို တွေ့နိုင်၏။ ချီလီနိုင်ငံကဲ့သို့ ရာသီဥတု ထွေပြားသောနိုင်ငံကား ရှား၏။ မြောက်ဘက်အစွန်းမှ ပူအိုက်သော သဲကန္တာရဖြစ်၍ တောင်ဖက်အစွန်းမှာ ချမ်းအေး၍ မိုးအကောင်းဆုံးသောဒေသ ဖြစ်သည်။ ယေဘူယျအားဖြင့် ဆိုသော် ချီလီနိုင်ငံသည် လတ္တီတွဒ် ၂ဝံ နှင့် ၅ဝံ အတွင်း ကျရောက်သော်လည်း အခြားသော အလားတူ နိုင်ငံများထက် ပို၍ အေးသည်ဟု ဆိုရပေမည်။


ချီလီနိုင်ငံ၏ လူဦးရေမှာ ၁၉၅၂ ခုနှစ် သန်းခေါင် စာရင်းအရ ၅၉၃၂၂၉၅ ဖြစ်သည်။ လူဖြူမျိုးမှာ အများဆုံး ဖြစ်၍ ၁၅ ရာခိုင်နှုန်းမှာ လူဖြူနှင့် တိုင်းရင်းသားလူမျိုးတို့မှ ပေါက်ပွားသော ကပြားများ ဖြစ်သည်။ လူအများဆုံးနေထိုင် သည့်အပိုင်းမှာ အလယ်ပိုင်းတောင်ကြားဒေသ ဖြစ်၏။ ဆန်တီ ယာဂိုနယ် တစ်ခုတည်းမှာပင် လူဦးရေ ၁၅၄ဝဝဝဝ ကျော် နေထိုင်လေသည်။


ချီလီမြောက်ပိုင်းရှိ အန်းတိုဖာဂါးစတားနှင့် တားရာပါး ကားနယ် ၂ နယ်မှ ထွက်သော နိုက်ထရိတ်တန်ချိန်မှာ ကမ္ဘာ တစ်ခုလုံးမှထွက်သော တန်ချိန်၏ ၉၅ ရာခိုင်နှုန်းရှိသည်။ ချီလီဆော့ ပီတာ (အိုဒီယမ် နိုက်ထရိတ်)မှ နိုက်ထရိတ် ထုတ်ယူရာတွင် အိုင်အိုဒင်းကို ဘေးထွက်ပစ္စည်းအဖြစ်ဖြင့် ရသည်။ ကမ္ဘာ၌ ထွက်သော အိုင်အိုဒင်း ၇ဝ ရာခိုင်နှုန်းခန့်ကို ချီလီနိုင်ငံမှ ရသည်။ ထိုမှတစ်ပါးလည်း ချီလီနိုင်ငံသည် ကမ္ဘာ ပေါ်တွင် ကြေးနီထက်ရာ၌ ဒုတိယလိုက်လေသည်။ ဗယ်လ ပရိုက်ဇိုမြို့၏ တောင်ဘက်၌ အဖိုးတန်သော ကျောက်မီးသွေး တွင်းများမှ တစ်နှစ်လျှင် တန်ချိန် ၂ဝဝဝဝဝဝ ကျော် ကျောက်မီးသွေးများကို တူးဖော်နိုင်သည်ဟု ခန့်မှန်းကြ၏။ အခြားတွင်းထွက်ပစ္စည်းများမှာ ရွှေ၊ ငွေ၊ သွပ်၊ သံ၊ တန် စတင်၊ မန်ဂနိ၊ ကိုဗော့၊ ဗိုရိတ် စသည်တို့ ဖြစ်ကြ၍ တိုင်း ပြည်အတွက် တန်ဖိုးများစွာ ရှိလေသည်။ လယ်ယာစိုက်ပျိုးခြင်း သည် ချီလီနိုင်ငံ၌ အရေးကြီးသော လုပ်ငန်းတစ်ရပ် ဖြစ်၏။ ဂျုံ၊ မုယော၊ မြင်းစားဂျုံ၊ ပဲအမျိုးမျိုး၊ သစ်တော့သီး၊ ဖရဲသီး၊ စပျစ်သီး၊ မက်မုံသီး၊ ဆီးသီးနှင့် အာလူးတို့ကို အမြောက် အမြား စိုက်ပျိုးလုပ်ကိုင်ကြ၏။ နွားနို့လုပ်ငန်းကိုလည်း အကြီး အကျယ် လုပ်ကိုင်ကြသည်။ ထိုမှတစ်ပါးလည်း ချီလီနိုင်ငံသည် ကမ္ဘာပေါ်ရှိ အရက်အထွက်ဆုံးနိုင်ငံများတွင် တစ်ခုအပါအဝင် ဖြစ်သည်။ သို့ရာတွင် အခြားသော တောင်အမေရိကနိုင်ငံများ ကဲ့သို့ပင် ချီလီနိုင်ငံသည်လည်း စက်မှုလုပ်ငန်းတွင် များစွာ တိုးတက်ခြင်း မရှိသေးပေ။


လူဦးရေ၏ ၁၉ ရာခိုင်နှုန်းသည် ကုန်ချောလုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိကြ၏။ ချီလီနိုင်ငံမှ အခြားတိုင်းပြည်များသို့ တင်ပို့ရောင်းချသော ထုတ်ကုန်များမှာ တွင်းထွက်ပစ္စည်းများ၊ သိုးမွေး၊ အသား၊ မုယော၊ မြင်းစားဂျုံ၊ ပဲအမျိုးမျိုးနှင့် လတ် ဆတ်သောသစ်သီးဝလံများ ဖြစ်၏။ သွင်းကုန်များမှာ စက် ကရိယာအမျိုးမျိုး၊ ရေနံ၊ သကြား၊ ပုံနှိပ်စက္ကူ၊ မော်တော် ယာဉ်များ၊ လက်ဖက်ခြောက်၊ ကော်ဖီနှင့် အထည်အလိပ် စသည်တို့ ဖြစ်လေသည်။


ချီလီနိုင်ငံအတွင်း၌ ယနေ့အထိ ဖောက်လုပ်ပြီးစီးသော မီးရထားလမ်းမှာ မိုင်ပေါင်း ၆၂ဝ၉ မိုင် ဖြစ်၏။ ပထမဆုံး မီးရထားလမ်းကို ၁၈၅ဝ ပြည့်နှစ်တွင် မြောက်ပိုင်း၌ စတင် ဖောက်လုပ်ခဲ့သည်။ ဗယ်လရိုက်ဇိုနှင့် ဆန်တီယာဂိုမြို့စပ်ကြားရှိ မီးရထားလမ်း တစ်ဝက်ကျော်ကျော်ကို အစိုးရကပိုင်၍ ကျန် အပိုင်းများကို ကုမ္ပဏီက ပိုင်၏။ အကျော်ကြားဆုံး မီးရထား လမ်းမှာ ချီလီနိုင်ငံရှိ အန်းတိုဖာဂါးစတားမြို့နှင့် အာဂျင်တီးနား နိုင်ငံရှိ ဗေနာဇဲရစ်နှင့် အခြားမြို့များကို ဆက်သွယ်ထားသော အန်းဒီးတောင်ကျော် မီးရထားလမ်းပင် ဖြစ်သည်။ ထိုလမ်း သည် ၅၄၃ မိုင် ရှည်လျား၍ တစ်နေရာတွင် ပေပေါင်း ၁၄၂၈၂ ခန့်ထိ မြင့်သော နေရာသို့ပင် ရောက်သည်။ ချီလီနိုင်ငံသည် စပိန်တို့လက်အောက်၌ နှစ်ပေါင်း ၃ဝဝ ကျော် နေခဲ့ရပြီးနောက် ၁၈၁၈ ခုနှစ်တွင် ကျွန်ဘဝမှ လွတ် မြောက်ခဲ့လေသည်။ ၁၉၂၅ ခုနှစ်တွင် ပြဋ္ဌာန်းအတည်ပြုသော အုပ်ချုပ်ရေးဥပဒေအရ နိုင်ငံ တော် သမ္မတကို ၆ နှစ်တစ်ကြိမ် ပြည်သူတို့က တိုက်ရိုက်ရွေးကောက် တင်မြှောက်ရ၏။ အထက် လွှတ်တော်တွင် အမတ် ၄၅ ဦး၊ အောက်လွှတ်တော်တွင် အမတ် ၁၄၇ ဦး ပါဝင်သည်။

အထက်လွှတ်တော်အမတ်များ၏ သက်တမ်းမှာ ၈ နှစ် ဖြစ်၍ အောက်လွှတ်တော်အမတ်များ၏ သက်တမ်းမှာ ၄ နှစ် ဖြစ်သည်။ ၁၉၄၉ ခု၊ ဖေဖော်ဝါရီအတွင်းက အတည်ပြုလိုက် သော ဥပဒေအရ အသက် ၂၁ နှစ် ပြည့်၍ စာရေးစာဖတ်နိုင် သော နိုင်ငံသူနိုင်ငံသားတိုင်း မဲဆန္ဒပေးနိုင်ခွင့် ရှိလေသည်။ ထိုအလျင်ကမူ မိန်းမများသည် မျူနီစီပယ် ရွေးကောက်ပွဲများ တွင်သာ မဲပေးနိုင်ခွင့် ရှိကြသည်။

ချီလီနိုင်ငံတွင် ပညာရေးဌာနကို ပညာရေးဝန်ကြီး လက် အောက်တွင် ထား၍ တိုက်ရိုက်အုပ်ချုပ်သည်။ ၁၉၂ဝ ပြည့်နှစ် က အစပြု၍ ပညာရေးကို အခလွတ် မသင်မနေရ ပြုလုပ်ခဲ့ ၏။ ချီလီတက္ကသိုလ်၊ အမျိုးသား စာကြည့်တိုက်နှင့် ကက် သလစ် (ဗရင်ဂျီ)တက္ကသိုလ်သည် ဆန်တီယာဂိုမြို့၌ တည်ရှိ၏။ အခြားတက္ကသိုလ် ၂ ခုမှာ ကွန်ဆက်ရှမြို့နှင့် ဗယ်လပရိုက်ဇိုမြို့ တို့၌ တည်ရှိကြသည်။ အစိုးရအသိအမှတ်ပြု မထားသော်လည်း လူများစုက ကိုးကွယ်သောဂိုဏ်းမှာ ဗရင်ဂျီဂိုဏ်း ဖြစ်၏။ စပိန် စကားကို အများဆုံး ပြောဆိုကြသည်။ ယခုအခါ ချီလီနိုင်ငံ၌ အရွယ်ရောက်သူတိုင်း စစ်ပညာ မသင်မနေရစံနစ်ကို ပြုလုပ် ထားသဖြင့် လူငယ်တိုင်း စစ်ပညာ တတ်မြောက်လေ့ကျင့်ပြီး ဖြစ်သည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)