ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ
![]() | ဤဆောင်းပါးတွင် ပြဿနာများစွာရှိသည်။ ကျေးဇူးပြု၍ ဆောင်းပါးတိုးတက်ကောင်းမွန်လာစေရန် ကူညီနိုင်သည်။ သို့မဟုတ် ဆွေးနွေးချက်စာမျက်နှာ တွင် ဤပြဿနာများအကြောင်း ဆွေးနွေးနိုင်၏ ။(ဤသို့သော တမ်းပလိတ်စာတွဲများကို မည်သို့နှင့် မည်သည့်အချိန်တွင် ဖယ်ရှားနိုင်သည်ကို လေ့လာရန်)
(ဤတမ်းပလိတ်စာသားကို မည်သို့ ဖယ်ရှားမည်ဆိုသည်ကို လေ့လာရန်)
|
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
![]() |
ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာဟူသည်..
အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ရောဟိတဿသုတ်တွင် လာသည့် “သညာနဲ့ စိတ်ရှိသော ဤတစ်လံမျှလောက်သော ကိုယ်ပေါ်မှာပင် ဒုက္ခ၊ ဒုက္ခဖြစ်ကြောင်း၊ ဒုက္ခငြိမ်းမှုနဲ့ ဒုက္ခငြိမ်းမှုသို့ သွားရာလမ်းတို့ကို ငါ ဘုရား ပညတ်တော်မူ၏” ဟူသည့် ဒေသနာတော်နှင့် “သန္ဒိဌိကော = လက်တွေ့မျက်တွေ့ ကျသောတရားသာလျှင် ဗုဒ္ဓ၏ တရား” ဟူသည့် တရားတော်၏ ဂုဏ်တော်တို့ကို လက်ကိုင်ပြုပြီး လူတစ်ယောက် လက်လှမ်းမမီနိုင်သော မမွေးဖွားခင် အတိတ်ကာလက ဖြစ်ပျက်ခဲ့သောအရာ၊ သေဆုံးပြီးနောက် ဖြစ်ပျက်လာမယ့်အရာ၊ အတိတ်ဘ၀၊ နောက်ဘ၀၊ ပရလောက စသည်တို့ကို မပြောဘဲ လက်တွေ့မျက်တွေ့ ရင်ဆိုင်တွေ့ကြုံနေရသော မွေးဖွားချိန်မှ သေဆုံးချိန်အထိတည်ရှိနေသည့် ပစ္စုပ္ပန်ဖြစ်တည်မှုကိုသာ ဦးစားပေးလျက် ထိုပစ္စုပ္ပန်ဘဝမှာပင် လူ၏ တစ်ဘ၀ကမှ အခြားတစ်ဘ၀သို့ ကူးပြောင်းကျင်လည်နေကြပုံ၊ ဒုက္ခတွေ့ကြုံရပုံ၊ ထိုဒုက္ခမှ လွတ်မြောက်အောင် အားထုတ်ပုံနည်းလမ်း စသည်တို့ကို တည်ဆောက်ပြသော ဘာသာဖြစ်သည်။
လူတစ်ယောက်သည် မွေးဖွားချိန်မှ သေဆုံးချိန်အတွင်း ကာယကံ၊ ဝစီကံ၊ မနောကံဟူသော ကံသုံးမျိုးဖြင့် ပြုမူတုံ့ပြန်သည်။ ထိုကံသုံးမျိုးကပင် ထိုသူ မည်သူမည်ဝါ၊ မည်သည့်ဘုံမှာ နေသည်၊ မည်သို့သောလောကအမြင်ဖြင့် မည်သို့ ပြုမူနေထိုင်သည်ဆိုသည်ကို အဆုံးအဖြတ်ပြုသည်၊ (နေထိုင်သော ကမ္ဘာချင်းတူသော်ငြား သူခိုးတစ်ယောက်မြင်သော လောကနှင့် ဖြူစင်သူတစ်ယောက် ဖြတ်သန်းနေသောလောက လောကချင်း မတူညီဟု ဆိုလိုပေသည်)။ ဒုက္ခဟု ပြောလျင် ထိုလူ၏ ကံသုံးပါးတွင် ဖြစ်နေသော မလိုလားဖွယ်ရာ အခြေအနေဆိုးတို့ကို ရည်ညွှန်းခြင်းဖြစ်ပြီး ဒုက္ခမှ လွတ်မြောက်သည်ဆိုရာတွင်လည်း အထက်ပါကံသုံးပါးတို့၏ ဆိုခဲ့ပြီးအခြေအနေဆိုးတို့မှ လွတ်မြောက်ကာ လူတစ်ယောက် အညွန့်တလူလူ ဖြူ ဖြူစင်စင်ဖြစ်နေသော အခြေအနေကိုပင် ဆိုလိုခြင်း ဖြစ်သည်။
လူတစ်ယောက်တွင် မူလ မွေးရာပါ ဖြစ်တည်မှုအဖြစ် ခနွာ ၅ ပါး ဖြင့်သော်လည်းကောင်း၊ ၃၂ ကောဌာသဖြင့်သော်လည်းကောင်း၊ ဓာတ်ကြီး ၄ ပါးဖြင့်သော်လည်းကောင်း၊ သို့မဟုတ် အကျဉ်းချုပ် ရုပ်နဲ့ နာမ်နှစ်ပါးတည်းဖြင့်သော်လည်း ဖွဲ့စည်းထားခြင်း ဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ် ဒီထက် ပိုမို နက်နဲသော အခြေအနေတွင် လူ့ဖြစ်တည်မှုတွင် “သူငါဟူသည် အမှန်တကယ် မရှိ၊ အရှိတရားဟူ၍ ဗလာသုညသာ ရှိသည်”ဟု ပြော၍ ရချင်ရမည်။ သို့သော် ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာအနေဖြင့် ထိုသို့သော လူ့မူလကို လိုအပ်သည်ထက် ပိုမို အသေးစိတ် ခွဲခြားဝေဖန်မှုမျိုးများ မပြုလုပ်ဘဲ (ထိုသို့ လူကို ခွဲစိတ်မှုလုပ်သောဝါဒကို ဗုဒ္ဓ အမှန်တကယ်ညွှန်ပြသော အမှန်တရားအဖြစ် မယုံကြည်ဘဲ နောက်ပိုင်းမှ ပေါ်ထွန်းလာသော အဘိဓမ္မာဝါဒ၊ သုညဝါဒတို့မှ ပြောင်းလဲဖွင့်ဆိုထားသည့် အနက်များသာ ဖြစ်သည်ဟု မြင်ပြီး) လူတစ်ယောက်ကို လူတစ်ယောက်အဖြစ်နဲ့သာ ထားကာ ထိုလူမှ ထုတ်လုပ်အပ်သော ထိုသူ၏ ကာယကံ၊ ဝစီကံ၊ မနောကံ ဥပါဒါနက္ခန္ဓာများ၏ ဆိုးခြင်းကောင်းခြင်း၊ ယုတ်ခြင်းမြတ်ခြင်းစသည်ကို ပိုင်းခြားဝေဖန်ခြင်းသည်သာ ဗုဒ္ဓကိုယ်တော်တိုင်၏ တရားဖြစ်သည်ဟု နားလည်သည်။ တစ်နည်းအားဖြင့် ဗုဒ္ဓ၏ ကမ္မဝါဒဆိုသည်မှာ “ကမ္မံ သတ္တေ ဝိဘဇတိ= ကံသည် သတ္တဝါတို့ကို ခွဲခြား၏”ဟူသည့် ဒေသနာအတိုင်း “လူသည် လူအဖြစ် ကိန်းသေဖြစ်ပြီး ထိုလူ့မှာ ဖြစ်ပျက်နေသော ကံသုံးပါးက ထိုသူ့ကို သတ္တဝါတစ်မျိုးမျိုးဘဝသို့ ဝင်ပူစေခြင်း၊ (အရိယာသူတော်စင်အဖြစ် စင်ကြယ်စေခြင်း) တို့ကို ဖြစ်စေသည်။ ပုံစံအားဖြင့်...
- လူတစ်ယောက် + ဆိုးသော ကံသုံးပါး = လူဆိုး၊
- လူတစ်ယောက် + လုယက်တိုက်ခိုက်မှု (ကာယကံ)= ဓားပြ၊
- လူတစ်ယောက် + ဖြူစင်သော ကံသုံးပါး = လူဖြူစင် (အရိယာ)
- လူတစ်ယောက် + ဗောဓိဉာဏ် (မနောကံ)= ဗုဒ္ဓ စသည်ကဲ့သို့ပင် ဖြစ်သည်။
ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဟူသောအမည်သည် ယနေ့အခါတွင်မှ လူအများ ကြားသိခွင့်ရလာရခြင်းဖြစ်သော်လည်း ယခုမှ စတင်တီထွင်ထားအပ်သော အသစ်အဆန်းဘာသာတစ်ခုမဟုတ်ဘဲ သမိုင်းအစဉ်အဆက်ကို ခြေရာခံလိုက် သုတေသနပြုပြီး ဗုဒ္ဓဘာသာထဲသို့ ဗြဟ္မဏဝါဒ၊ ဂျိန်းဝါဒ၊ သုညဝါဒ၊ ပရမတ္ထဝါဒစသည့် အပြင်ပဝါဒများ၏ စိမ့်ဝင် လွှမ်းမိုးမှု မခံရမီ နဂိုမူလ ဗုဒ္ဓလက်ထက်တော်ကတည်းက အမှန်တည်ရှိခဲ့သည့် အဆုံးအမအတိုင်း ပြန်လည်ဖော်ထုတ်ထားသော မူလဗုဒ္ဓဘာသာဖြစ်သည်ဟု ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာကို စတင် ဟောကြားတော်မူခဲ့သော ဆရာတော် ဓမ္မဝိဟာရီ ရှင်ဉာဏက မိန့်ဆိုထားသည်။[၁] Archived 26 January 2013 at the Wayback Machine.