မာတိကာသို့ ခုန်သွားရန်

ဒေါ်နယ်လ် ထရမ့်

ဝီကီပီးဒီးယား မှ
ဒေါ်နယ်လ် ထရမ့်
Donald Trump  (အင်္ဂလိပ်)
Head-and-shoulders portrait of Trump with a stern facial expression. He is wearing a dark blue suit, a white dress shirt, a light blue necktie, and an American flag lapel pin. The background is unlit and blurred, and part of an American flag is visible.
တရားဝင်ဓာတ်ပုံ (၂၀၂၅)
၄၅ နှင့် ၄၇ ဦးမြောက် အမေရိကန်ပြည်ထောင်စု၏ သမ္မတ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀ ဇန်နဝါရီ ၂၀၂၅
ဒုတိယ သမ္မတဂျေဒီဗန့်စ်
ယခင်လူဂျိုး ဘိုင်ဒင်
တာဝန်သက်တမ်း
၂၀ ဇန်နဝါရီ ၂၀၁၇ – ၂၀ ဇန်နဝါရီ ၂၀၂၁
ဒုတိယ သမ္မတမိုက်ပန့်စ်
ယခင်လူဘာရက် အိုဘားမား
ဆက်ခံသူဂျိုး ဘိုင်ဒင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားDonald John Trump
(1946-06-14) ဇွန် ၁၄၊ ၁၉၄၆ (အသက် ၇၈)
Queens မြို့နယ်၊ နယူးယောက်မြို့၊ အမေရိကန်ပြည်ထောင်စု
နိုင်ငံရေးပါတီရီပတ်ဘလီကန်ပါတီ (၁၉၈၇–၁၉၉၉၊ ၂၀၀၉–၂၀၁၁၊ ၂၀၁၂–ယနေ့ထိ)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
  • Reform (1999–2001)
  • Democratic (2001–2009)
  • တစ်သီးပုဂ္ဂလ (2011–2012)
ကြင်ဖော်
  • Ivana Zelníčková (လက်ထပ် ၁၉၇၇; ကွာရှင်း ၁၉၉၀)
  • Marla Maples (လက်ထပ် ၁၉၉၃; ကွာရှင်း ၁၉၉၉)
  • Melania Knauss (လက်ထပ် ၂၀၀၅)
သားသမီး
  • Donald Jr.
  • Ivanka
  • Eric
  • Triffany
  • Baron
မိဘ
  • Fred Trump
  • Mary Anne MacLeod
နေထိုင်ရာအိမ်ဖြူတော်
Mar-a-Lago
ပညာရေးUniversity of Pennsylvania (BS)
အလုပ်အကိုင်
  • နိုင်ငံရေးသမား
  • စီးပွားရေးသမား
  • မီဒီယာသမား
လက်မှတ်Donald J. Trump stylized autograph, in ink
ဝက်ဘ်ဆိုဒ်

ဒေါ်နယ်လ် ဂျွန် ထရမ့် (အင်္ဂလိပ်: Donald John Trump မွေးရက် - ၁၄ ဇွန်လ ၁၉၄၆) သည် အမေရိကန် နိုင်ငံရေးသမား၊ မီဒီယာ ပုဂ္ဂိုလ်ကျော်နှင့် စီးပွားရေးလုပ်ငန်းရှင် ဖြစ်၍ အမေရိကန်ပြည်ထောင်စု ၏ ၄၇ ဦးမြောက် သမ္မတဖြစ်သည်။ ရီပတ်ဘလစ်ကန်ပါတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော ၎င်းသည် ၂၀၁၇ မှ ၂၀၂၁ အထိ ၄၅ ဦးမြောက် သမ္မတ အဖြစ်ထမ်းဆောင်ခဲ့သည်။

ထရမ့်သည် နယူးယောက်မြို့တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ် ဝှာတန်ကျောင်းမှ ဘောဂဗေဒဖြင့် ဘွဲ့ဒီဂရီတစ်ခု ရခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ဖခင်ဖြစ်သူ ဖရက်ဒ် ထရမ့်၏ အိမ်ခြံမြေလုပ်ငန်း၏ ဥက္ကဋ္ဌဖြစ်လာခဲ့ပြီး ဓာ ထရမ့် အော်ဂနိုင်ဇေးရှင်းဟု အမည်ပြောင်းလဲခဲ့ကာ မိုးမျှော်တိုက်များ၊ ဟိုတယ်များ၊ ကက်စီနိုများ၊ ဂေါက်ကွင်းများကို ဝယ်ယူခြင်းနှင့် ဆောက်လုပ်ခြင်းတို့ စတင်ပြုလုပ်ခဲ့သည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း၌ ဓာ အပရန်းတစ်စ် အမည်ရသော ရုပ်သံစီးရီးတွင် အစီအစဉ်မှူးလုပ်ခဲ့သည်။

ထရမ့်သည် ၁၉၉၆ ခုနှစ်မှ ၂၀၁၅ ခုနှစ် အထိ ၎င်းပိုင်ဆိုင်ခဲ့သော မယ်အမေရိက အလှမယ်ပြိုင်ပွဲတွင် ပါဝင်ပတ်သက်ခဲ့ပြီး ရုပ်ရှင်နှင့် ရုပ်မြင်သံကြား စီးရီးများတွင် တစ်ခန်းစ နှစ်ခန်းစ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် ရီဖောင်းမ် ပါတီ၏ သမ္မတ လောင်းအဖြစ် ပါဝင်ခဲ့သော်လည်း မဲမပေးမီတွင် ပြန်လည်နုတ်ထွက်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဖော်ဘီ၏ စာရင်းအရ ထရမ့်သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ် အဆင့် ၃၂၄ ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုတွင် အဆင့် ၁၅၆ ဖြစ်သည်။

၂၀၁၅ ခုနှစ် ဇွန်လတွင် ထရမ့်သည် ရီပါဘလစ်ကန်ပါတီ၏ သမ္မတလောင်း အဖြစ် ဝင်ရောက်အရွေးခံမည်ဟု ကြေညာခဲ့ပြီး ၎င်းပါတီ၏ သမ္မတလောင်း အဖြစ် အရွေးချယ်ခံမည့်သူများတွင် ရှေ့မှ ပြေးနေခဲ့သည်။ ၂၀၁၆ ခုနှစ် မေလတွင် ရီပါဘလစ်ကန် ပါတီရှိ ၎င်း၏ ပြိုင်ဘက်များမှ မဲဆွယ်နေမှုများကို ရပ်တန့်ခဲ့ပြီး ဇူလိုင်လတွင် ၂၀၁၆ ရီပါဘလစ်ကန် အမျိုးသား ကွန်ဗန်းရှင်းမှ ၎င်းအား ရီပါဘလစ်ကန် ပါတီအား ကိုယ်စားပြု ယှဉ်ပြိုင်မည့် သမ္မတ လောင်း အဖြစ် တရားဝင် ကြေညာခဲ့သည်။ ထရမ့်သည် ယခင်က မကြုံဖူးအောင် မီဒီယာ၏ အရေးစိုက်မှုကို ခံခဲ့ရပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုကိုလည်း ခံခဲ့ရသည်။ အင်တာဗျူးများ၊ တွစ်တာ နှင့် မဲဆွယ်ပွဲများတွင် ပြောကြားခဲ့သော စကားများမှာ အငြင်းပွားစရာ စကား သို့မဟုတ် အမှားများ ဖြစ်သည်။ ရီပါဘလစ်ကန် ပါတီ အတွင်း သမ္မတလောင်း အဖြစ် အရွေးခံရစေရန် ပြုလုပ်သော မဲဆွယ်ပွဲအချို့တွင် ဆန္ဒပြမှု သို့မဟုတ် အကြမ်းဖက်မှုများဖြင့် ကြုံတွေ့ခဲ့ရသည်။ ၂၀၀၅ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် ထရမ့်မှ အမျိုးသမီးများအား အဓမ္မ ဖက်နမ်းခြင်း နှင့် ဖျစ်ညှစ်ခြင်း ပြုလုပ်သည်ကို ဝါကြွားပြောဆိုသော အသံဖိုင် ထွက်ပေါ်လာခဲ့ပြီး အမျိုးသမီး အများအပြားမှ ၎င်းတို့အား ထိုသို့ပြုလုပ်ခဲ့ကြောင်း ထိုအသံဖိုင် ထွက်ပေါ်လာပြီးနောက်တွင် ပြောကြားခဲ့သည်။ ၎င်းမှ ၂၀၀၅ ခုနှစ် တွင် ပြောဆိုခဲ့သော စကားများကို တောင်းပန်ခဲ့သော်လည်း စွပ်စွဲမှုများကို ငြင်းဆိုခဲ့ပြီး ၎င်း၏ ဂုဏ်သိက္ခာကျဆင်း စေရန် လုပ်ဆောင်သော ကန်ပိန်း၏ တစိတ်တဒေသမျှသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ [][]

ထရမ့် မဲဆွယ်ရာတွင်ပြုလုပ်သော စည်းရုံးမှုများတွင် အမေရိကန်-တရုတ်တို့၏ ကုန်သွယ်ရေး သဘောတူညီမှု နှင့် နက်ဖ်တာ နှင့် ထရန် ပစိဖိတ် ပါတနာရှစ် သဘောတူညီချက် အစရှိသော ကုန်သွယ်ရေး သဘောတူညီမှုများကို ပြန်လည် ညှိနှိုင်းမည်၊ အမေရိကန်-မက္ကဆီကို နယ်စပ်တွင် တံတိုင်းကာရံခြင်း အပါအဝင် လူဝင်မှုကြီးကြပ်ရေး ဥပဒေများကို တင်းကြပ်သွားမည်၊ စစ်မှုထမ်းဟောင်းတို့၏ အခွင့်အရေးများကို ပြန်လည်ပြုပြင်မည်၊ တတ်နိုင်သော ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို ပြန်လည်ရုပ်သိမ်းပြီး အသစ်ပြန်လည် ရေးဆွဲသွားမည်၊ အခွန် လျှော့ချမည် စသည်တို့ ပါဝင်သည်။ ၂၀၁၅ နိုဝင်ဘာလ ပါရီ တိုက်ခိုက်မှု အပြီးတွင် ထရမ့်မှ အမေရိကန်ပြည်ထောင်စုသို့ မူစလင်များ ပြောင်းရွှေ့နေထိုင်မှုကို ယာယီတားမြစ်ရန် ပြောဆိုခဲ့ပြီး နောင်တွင် ပြင်ဆင်ပြောဆိုခဲ့သည်မှာ အကြမ်းဖက်မှုနှင့် ပတ်သက်သော ရာဇဝင် ရှိသည့် နိုင်ငံများမှ နိုင်ငံသားများကိုသာ ရည်ရွယ်ကြောင်းနှင့် အကြမ်းဖက်သမား ဖြစ်လာမည့် သူများကို စစ်ဆေးခြင်း တိုးတက်လာသည့် အချိန်အထိ ဟူ၍ ဖြစ်သည်။ အသက် ၇၀ နှင့် သမ္မတ ဖြစ်လာသောကြောင့် သမ္မတ အဖြစ် ပထမ သက်တမ်း တာဝန်ထမ်းဆောင်မည့် သူများတွင် အသက် အကြီးဆုံး ဖြစ်ပြီး ရော်နယ် ရေဂင်၏ ၁၉၈၁ ခုနှစ်တွင် အသက် ၆၉နှစ်၌ အသက်အကြီးဆုံး သမ္မတ အဖြစ် ပထမအကြိမ် တာဝန် ထမ်းဆောင်ခဲ့သော စံချိန်ကို ချိုးခဲ့သည်။ သီအိုဒိုး ရုစဗဲ ပြီးလျှင် နယူးယောက်မြို့တွင် မွေးဖွားသော ဒုတိယမြောက် သမ္မတ ဖြစ်သည်။

ငယ်ဘဝနှင့် ပညာရေး

ဒေါ်နယ်လ် ဂျွန် ထရမ့်ကို ဇွန် ၁၄၊ ၁၉၄၆ တွင် နယူးယောက်မြို့၏ ကွင်းစ်စီရင်စုရှိ ဂျမေကာဆေးရုံတွင် မွေးဖွားခဲ့ပြီး ဖရက်ဒ် ထရမ့်နှင့် မေရီ အန် မက်ခလောက်ဒ်တို့၏ စတုတ္ထမြောက် ရင်သွေးဖြစ်သည်။[] ထရမ့်သည် ၎င်း၏ မွေးချင်းများဖြစ်သော မေရီ အန်၊ ဖရက်ဒ်၊ အဲလစ်ဇဘက်၊ ရောဘတ် တို့နှင့်အတူ ကွင်းစ်၏ ဂျမေကာ အစ္စတိတ်စ် ရပ်ကွက်ရှိ စံအိမ်တွင် ကြီပြင်းလာခဲ့သည်။ []

ထရမ့်သည် ကယူး ဖောရတ်စ် ပုဂ္ဂလိကကျောင်းတွင် သတ္တမတန်းတိုင်အောင် တက်ရောက်ခဲ့သည်။ ၎င်း၏ ဖခင်သည် ၎င်းအား အလယ်တန်းကျောင်း ပြီးမြောက်စေရန် ပုဂ္ဂလိကဘော်ဒါကျောင်းတစ်ခုဖြစ်သော နယူးယောက် မီလီတယ်ရီ အကယ်ဒမီ တွင်အပ်နှံခဲ့သည်။ [] ထရမ့်သည် ရုပ်သံလုပ်ငန်းလုပ်ရန် စဉ်းစားခဲ့သော်လည်း ၁၉၆၄ ခုနှစ်တွင် ဖို့ဒ်ဓမ် တက္ကသိုလ်တွင် စာရင်းသွင်းခဲ့သည်။ [] နှစ်နှစ်ကြာပြီးသောအခါ ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ် ဝှာတန်ကျောင်းသို့ ပြောင်းရွှေ့ခဲ့ပြီး မေ ၁၉၆၈ တွင် စီးပွားရေး သိပ္ပံဘွဲ့ရရှိခဲ့သည်။ [][]

စီးပွားရေးလုပ်ငန်း

အိမ်ခြံမြေ

ထရမ့်ကို ၎င်း၏ ဖခင်၏ အိမ်ခြံမြေ ကုမ္ပဏီ ဖြစ်သော နယူးမြို့တော် အစွန်ပိုင်း စီရင်စုများရှိ လူမျိုးဆိုင်ရာသီးသန့် လူလတ်တန်းစား ငှားရမ်းတိုက်ခန်းတွဲများကို ပိုင်ဆိုင်သည့် ထရမ့်မန်းနေ့ချ်မန့် တွင် ၁၉၆၈ မှစ၍ အလုပ်ခန့်ခဲ့သည်။ [][၁၀] ၁၉၇၁ မှစ၍ သူ၏ အဖေမှ ၎င်းအား ကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်စေခဲ့ပြီး သူသည် ဓာ ထရမ့် အော်ဂနိုင်ဇေးရှင်းကို ပေါင်းရုံးအမှတ်တံဆိပ် အဖြစ် စတင် အသုံးပြု လာခဲ့သည်။ [၁၁]

မီဒီယာလုပ်ငန်း

ထရမ့်သည် သူ၏ အမည်ဖြင့် စာအုပ် ၁၉ ထုတ်ဝေထားပြီး အများစုသို့မဟုတ် ပူးတွဲ ရေးသားမှုများကို ကိုယ်စားစာရေးဆရာများက ရေးသားထားပါသည်။ [၁၂] ထရမ့်သည် ၁၉၈၅ မှ ၂၀၀၁ အထိ ရုပ်ရှင်များစွာနှင့် ရုပ်မြင်သံကြား စီးရီးများတွင် ဧည့်သည်အဖြစ် ပါဝင်ခဲ့ဖူးပါသည်။ [၁၃] ထုတ်လုပ်သူ မာ့ခ် ဘာနတ်ထ် သည် ဓာ အပရန်းတစ်စ် ဖန်တီးသည့်အခါတွင် ၂၀၀၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း၌ ထရမ့်ကို အစီအစဉ်မှူးလုပ်စေခြင်းဖြင့် ရုပ်မြင်သံကြားကြယ်ပွင့်အဖြစ် ပြုလုပ်ပေးခဲ့သည်။

နိုင်ငံရေး

၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒုတိယအကြိမ် အမေရိကန်ရဲ့၄၇ယောက်မြောက်သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရသည်။ပထမအကြိမ်မှာ အမေရိကန်ရဲ့၄၅ယောက်မြောက်သမ္မတအဖြစ် ရွေးချယ်ခံရသည်။

မိသားစုဘဝ

ကိုးကား

  1. "Four women accuse Trump of forcibly groping, kissing them"၊ October 13, 2016။ October 29, 2016 တွင် ပြန်စစ်ပြီး။ "Four women accused Donald Trump of groping or kissing them without their consent in news reports published Wednesday, just days after the Republican presidential nominee insisted in a debate that he had never engaged in such behavior. ... The news came five days after The Washington Post reported Friday on a 2005 video in which Trump can be heard making vulgar comments on a hot microphone about physically forcing himself on women sexually." 
    • "In what was one of the most negative and acrimonious debates in US presidential history, it was a matter of minutes before the lewd tape, in which Mr Trump brags about "grabbing p----" and forcibly kissing women, was brought up."
    • "Trump has been confronted with a slew of allegations of sexual misconduct over the past week, starting with a Washington Post report of a 2005 tape featuring him bragging about forcibly kissing women and grabbing them by the genitals."
    • "Increasing numbers of Republican women have turned on their party’s male leaders for defending Mr. Trump against accusations that he groped or forcibly kissed more than 10 women."
    • "On its release, the tape quickly unleashed a cascade of accusations from women who have said Trump forcibly kissed or groped them, or reached under their clothing without asking."
    • "newly unearthed audio recordings showed Trump bragging about forcibly kissing women and grabbing them by the genitals."
  2. Kranish & Fisher 2017, pp. 30, 37.
  3. Horowitz၊ Jason။ "Donald Trump's Old Queens Neighborhood Contrasts With the Diverse Area Around It"၊ September 22, 2015။ 
  4. Kranish & Fisher 2017, pp. 33, 38, 45.
  5. Kranish & Fisher 2017, pp. 45–47.
  6. Kranish & Fisher 2017, pp. 47–50.
  7. Two Hundred and Twelfth Commencement for the Conferring of Degrees 19–21။ University of Pennsylvania (May 20, 1968)။ March 31, 2023 တွင် ပြန်စစ်ပြီး။
  8. "'No Vacancies' for Blacks: How Donald Trump Got His Start, and Was First Accused of Bias"၊ The New York Times၊ August 27, 2016။ 
  9. Rich၊ Frank (April 30, 2018)။ "The Original Donald Trump"New YorkMay 8, 2018 တွင် ပြန်စစ်ပြီး
  10. Blair 2015, p. 250.
  11. Buncombe၊ Andrew။ "Trump boasted about writing many books – his ghostwriter says otherwise"၊ July 4, 2018။ 
  12. LaFrance၊ Adrienne (December 21, 2015)။ "Three Decades of Donald Trump Film and TV Cameos"The Atlantic