မာတိကာသို့ ခုန်သွားရန်

ယူကျူ့ဘ်

ဝီကီပီးဒီးယား မှ
(ယူကျု(ဘ်) မှ ပြန်ညွှန်းထားသည်)
YouTube
တံဆိပ် (၂၀၁၇)
စီးပွားရေးအမျိုးအစားကုမ္ပဏီခွဲ
ဝဘ်ဆိုဒ် အမျိုးအစား
ဗွီဒီယိုလွှင့်တင်နိုင်သည့် ဝန်ဆောင်မှု
ဖတ်ရှုရရှိနိုင်မှုဘာသာစကား ၇၆ မျိုး[]
တည်ထောင်ဖေဖော်ဝါရီ ၁၄၊ ၂၀၀၅; ၂၀ နှစ် အကြာက (၂၀၀၅-၀၂-14)
ဌာနချုပ်
၉၀၁ ချယ်ရီရိပ်သာလမ်း၊ ဆန်ဘရူနိုမြို့၊
ကယ်လီဖိုးနီးယားပြည်နယ်
,
ကိုဩဒိနိတ်37°37′41″N 122°25′35″W / 37.628101°N 122.426424°W / 37.628101; -122.426424
ဝန်ဆောင်မှု ဧရိယာကမ္ဘာတစ်ဝှမ်း (ပိတ်ဆို့တားမြစ်ထားသည့် နိုင်ငံများမှလွဲ၍)
တည်ထောင်သူများ
  • Steve Chen
  • Chad Hurley
  • Jawed Karim
အရေးပါ ပုဂ္ဂိုလ်များSusan (စီအီးအို)
Chad Hurley (အကြံပေး)
လုပ်ငန်းအင်တာနက်
ဗွီဒီယိုလွှင့်တင်နိုင်သည့် ဝန်ဆောင်မှု
မိခင်ကုမ္ပဏီအမှီအခိုကင်း (၂၀၀၅-၂၀၀၆)
ဂူဂယ် (၂၀၀၆-လက်ရှိ)
ဝဘ်ဆိုဒ်YouTube.com
Alexa အဆင့်၃ (ဇူလိုင် ၂၀၁၅)[]
ကြော်ငြာGoogle AdSense
မှတ်ပုံတင်ခြင်းOptional (ဗွီဒီယိုအများစုကြည့်ရှုရန်အတွက် မှတ်ပုံတင်ရန်မလို။ ဗွီဒီယိုလွှင့်တင်ခြင်း၊ ၁၈နှစ်အထက် ဗွီဒီယိုများကြည့်ရှုခြင်း၊ playlist ဖန်တီးခြင်းနှင့် မှတ်ချက်များပေးရန် စသည်တို့အတွက် မှတ်ပုံတင်ရန်လိုအပ်)
လွှင့်တင်ခြင်းဖေဖော်ဝါရီ ၁၄၊ ၂၀၀၅; ၂၀ နှစ် အကြာက (၂၀၀၅-၀၂-14)
လက်ရှိ အခြေအနေသက်ဝင်နေဆဲ
အကြောင်းအရာ လိုင်စင်
ဖိုင်တင်သူမှ မူပိုင်ခွင့်ကိုင်စွဲနိုင် (စံလိုင်စင်သတ်မှတ်ချက်); Creative Commons ကိုလည်းရွေးချယ်နိုင်။
အသုံးပြုထားသည့် ပရိုဂရမ်းမင်းPython[] နှင့် JavaScript

ယူကျူ့ဘ်(အင်္ဂလိပ်: Youtube) သည် ဗွီဒီယိုများအား အင်တာနက်ပေါ်သို့ လွင့်တင်ထားသော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပြီး အခမဲ့ကြည့်ရှုနိုင်သည်။ ၎င်းဝက်ဘ်ဆိုဒ်ပေါ်တွင် နည်းပညာဆိုင်ရာများ၊ ဒေသန္တရဗဟုသုတများ၊ သီချင်း၊ ရုပ်ရှင်များအား အများဆုံးတွေ့နိုင်ပြီး လူငယ်များအား ဗဟုသုတများစွာကို ပေးနိုင်သော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သည်။ လတ်တလောအခြေအနေတွင် ယူကျု(ဘ်)အား ဂူဂယ် က ပိုင်ဆိုင်ထားသည်။ ထို့အပြင် ယူကျု(ဘ်)အား ပေးပယ်(လ်)၏ မူလအလုပ်သမား သုံးယောက်မှ ဖေဖော်ဝါရီလ၊ ၂၀⁠၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြသည်။ ၂၀၀၆ ခုနှစ် နိုဝင်ဘာလတွင် ဂူဂယ်က အမေရိကန်ဒေါ်လာ ၁.၆၅ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။[] ယူကျု(ဘ်)ဝက်ဘ်ဆိုဒ်တွင် အမျိုးမျိုးသော ဗွီဒီယိုဖိုင်များအား လွင့်တင်နိုင်သည့်အပြင်၊ ၎င်းဗွီဒီယိုဖိုင်များအား အခြားသူများအား ဝေမျှနိုင်ခြင်း၊ အမှတ်ပေးခြင်း၊ ကြည့်ရှု့သည်အရေအတွက်ပေါင်းအား မှတ်တမ်းတင်ထားခြင်း၊ ဗွီဒီယိုဖိုင်တွင် ထင်မြင်ချက်များ ချမှတ်နိုင်ခြင်း စသည့် နည်းပညာများကြောင့် ယူကျု(ဘ်)သည် လူကြိုက်များ ကျော်ကြားလှသည်။

ယူကျုဘ်အား ကမ္ဘာပေါ်ရှိ စာသင်ကျောင်းအတော်များ⁠များနှင့် အချို့သော နိုင်ငံများက မသင့်လျော်သော ဝက်ဘ်ဆိုဒ်တစ်ခု အဖြစ် ထင်မြင်၍ ပယ်ချခြင်းများ ပြုလုပ်ထားကြသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. YouTube language versions June 2, 2015 တွင် ပြန်စစ်ပြီး။
  2. Youtube.com Site Info Alexa Internet။ 7 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 26, 2015 တွင် ပြန်စစ်ပြီး။
  3. Lextrait၊ Vincent (July 2010)။ YouTube runs on Python 30 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 5, 2010 တွင် ပြန်စစ်ပြီး။
  4. Hopkins, Jim။ "Surprise! There's a third YouTube co-founder"၊ USA Today၊ October 11, 2006 November 29, 2008 တွင် ပြန်စစ်ပြီး