ကိုလံဘိုစီမံကိန်း

ဝီကီပီးဒီးယား မှ
Colombo Plan for Cooperative Economic and Social Development in Asia and the Pacific
ကိုလံဘိုစီမံကိန်း
Flag of the Colombo Plan
Current (blue) and former (yellow) members of the Colombo Plan.
Current (blue) and former (yellow) members of the Colombo Plan.
ဌာနချုပ်သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့
တရားဝင်ဘာသာစကားအင်္ဂလိပ်
အမျိုးအစားEconomic forum
Member countries
ဦးဆောင်သူများ
• အတွင်းရေးမှူးချုပ်
ဖိလစ်ပိုင်နိုင်ငံ Dr. Benjamin P. Reyes
တည်ထောင်
• Establishmenta
28 November 1950
• Commencement
1 July 1951
ဝက်ဘ်ဆိုဒ်
http://www.colombo-plan.org/
  1. As the "Colombo Plan for Co-operative Economic Development in South and South-East Asia".


ကိုလံဘိုစီမံကိန်း (အင်္ဂလိပ်: Colombo plan) သည် အရှေ့တောင်အာရှ နိုင်ငံများအတွက် စီးပွားရေးဖွံ့ဖြိုးမှုကို ပူးပေါင်းဆောင်ရွက်ရန် စီမံကိန်းဖြစ်၍ ၁၉၅၀-ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံ ကိုလံဘိုမြို့တွင် ဗြိတိသျှ ဓနသဟာယ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး၍ ရေးဆွဲကြသည်။ ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကောင်စီကို ဖွဲ့စည်း၍ ကိုလံဘိုမြို့၌ ဗဟိုရုံးစိုက်သည်။ ထိုဌာနမှ ပြည်သူ့အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ လောကဓာတ်ပညာ၊ သုတေသနလုပ်ငန်း စသည်တို့အတွက် အကူအညီပေးရန် စီမံကိန်းများ ရေးဆွဲသည်။ အကျိုးခံစားခွင့်ရမည့် နိုင်ငံများမှာ အိန္ဒိယ၊ ပါကစ္စတန်၊ သီဟိုဠ်၊ မြန်မာ၊ နီပေါ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှားနှင့် ဘိုနီယိုကျွန်းတို့ ဖြစ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ကိုလံဘိုစီမံကိန်း" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။