လေတပ်စခန်းဌာနချုပ်
Jump to navigation
Jump to search
လေတပ်စခန်းဌာနချုပ် သည် စစ်ဘက်သုံး လေယာဉ်ကွင်း (သို့မဟုတ်) အရပ်ဘက် လေယာဉ်ကွင်းကို ခြေခံ၍ စစ်လေယာဉ် များ ပါဝင်သည့် စစ်ဌာနချုပ် ဖြစ်သည်။ အချို့နိုင်ငံများ၏ လေတပ်စခန်းဌာနချုပ်များသည် အရပ်ဘက် လေယာဉ်ကွင်း များတွင် တည်ရှိကြသော်လည်း အချို့ နိုင်ငံများတွင်မူ စစ်ဘက်သုံးအတွက် သီးသန့် ထားကြသည်။ အချို့နိုင်ငံများတွင်မူ မြေအောက်တွင် တည်ဆောက်ကြသည်။ လေတပ်စခန်း ဌာနချုပ်များသည် အရပ်ဘက် လေယာဉ်ကွင်းများထက် လေယာဉ်ပစ် ဒုံးကျည် များ၊ စက်သေနတ် များ ကဲ့သို့သော လေကြောင်းရန် ကာကွယ်ရေးစနစ် များ တပ်ဆင်ထားကြသည်။ လေတပ်စခန်း ဌာနချုပ်များတွင် လေယာဉ်အုပ်စု များ ပါဝင် ဖွဲ့စည်းထားကြပြီး ရေဒါစခန်းများ ၊ လေကြောင်းထိန်းသိမ်းရေး စခန်းများ၊ လေယာဉ်ပြင်ဆင်ရေး စခန်းများ ပါဝင်ကြသည်။