မာတိကာသို့ ခုန်သွားရန်

ကယ်လီဖိုးနီးယားပြည်နယ်

ဝီကီပီးဒီးယား မှ
(ကယ်လီဖိုးနီးယား မှ ပြန်ညွှန်းထားသည်)
California
ပြည်နယ်
The flag shows a red stripe on the bottom in a white field, with a red star on the top left in the canton. In the center, a grizzly bear is on top of a mound of green grass on over the white field. Below it, text reads "CALIFORNIA REPUBLIC" in a Seal color.
အလံတော်
California၏ တံဆိပ်တုံး
စည်းတံဆိပ်
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ ကယ်လီဖိုးနီးယား အားအရောင်ခြယ်ပြထား
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ ကယ်လီဖိုးနီးယား အားအရောင်ခြယ်ပြထား
နိုင်ငံအမေရိကန်ပြည်ထောင်စု
Before statehoodကယ်လီဖိုးနီးယား ရီပတ်ဘလစ်
ပြည်ထောင်စုသို့
ဝင်ရောက်ခြင်း
September 9, 1850 (31st)
အကြီးဆုံးမြို့လော့စ်အိန်ဂျယ်လိစ်မြို့
အကြီးဆုံး မက်ထရိုနှင့် မြို့ပြ ဧရိယာများGreater Los Angeles
အစိုးရ
 • ပြည်နယ်အုပ်ချုပ်ရေးမှူးGavin Newsom
 • လက်ထောက်
ပြည်နယ်အုပ်ချုပ်ရေးမှူး
Eleni Kounalakis
လူဦးရေ
 • စုစုပေါင်း၃၇,၂၅၃,၉၅၆
 • သိပ်သည်းမှု၂၃၄.၄/sq mi (၉၀.၄၉/km)
 • ပျမ်းမျှ အိမ်ထောင်စု ဝင်ငွေUS$၆၁,၀၂၁
 • ဝင်ငွေအဆင့်၉th
ဘာသာစကား
 • ရုံးသုံးဘာသာစကားအင်္ဂလိပ်ဘာသာ
လတ္တီကျူ32° 32′ N to 42° N
လောင်ဂျီကျူ114° 8′ W to 124° 26′ W

ကယ်လီဖိုးနီးယားပြည်နယ် အမေရိကန်ပြည်ထောင်စု၏ ပစိဖိတ်ဒေသတွင် တည်ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ စုစုပေါင်း ဧရိယာ ၁၆၃,၆၉၆ စတုရန်းမိုင် (၄၂၃,၉၇၀ စတုရန်း ကီလိုမီတာ) တွင် လူဦးရေ စုစုပေါင်း ၃၉.၅ သန်းမျှ နေထိုင်သဖြင့် ကယ်လီဖိုးနီးယားသည် အမေရိကန်ပြည်ထောင်စုတွင် လူဦးရေအများဆုံး နေထိုင်သော ပြည်နယ်ဖြစ်ပြီး ဧရိယာအားဖြင့် တတိယမြောက် အကြီးဆုံး ဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်ရှိ လူဦးရေအများဆုံး နိုင်ငံတွင်းဒေသများတွင် အဆင့် ၃၄ ရှိသည်။ ကယ်လီဖိုးနီးယားသည် မြောက်အမေရိကတိုက်တွင် လူဦးရေ အများဆုံး နိုင်ငံတွင်း ဒေသ ဖြစ်ပြီး မြို့တော်မှာ ဆာခရာမန်တိုမြို့ ဖြစ်သည်။ ဂရိတ်တား လော့အိန်ဂျယ်လိစ်ဒေသ နှင့် ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသ တို့သည် နိုင်ငံအတွင်း ဒုတိယနှင့် ပဉ္စမမြောက် လူဦးရေ အများဆုံး မြို့ပြဒေသများ ဖြစ်ကြပြီး လူဦးရေအားဖြင့် ၁၈.၇ သန်း နှင့် ၉.၇သန်း အသီးသီး​ရှိကြသည်။ [] လော့အိန်ဂျယ်လိစ်မြို့ သည် ပြည်နယ်အတွင်း လူဦးရေ အများဆုံးမြို့ ဖြစ်ပြီး နိုင်ငံအတွင်း နယူးယောက်မြို့ ပြီးလျှင် ဒုတိယမြောက် လူဦးရေအများဆုံး မြို့ ဖြစ်သည်။ ကယ်လီဖိုးနီးယားတွင် နိုင်ငံအတွင်း လူဦးရေ အများဆုံး ကောင်တီဖြစ်သော လော့စ်အိန်ဂျယ်လိစ်ကောင်တီ ရှိပြီး ဧရိယာအားဖြင့် အကြီးဆုံး ဖြစ်သော ဆန်ဘာနာဒီနို ကောင်တီလည်း ရှိသည်။ ဆန်ဖရန်စစ္စကို မြို့နှင့် ကောင်တီသည် နိုင်ငံအတွင်း နယူးယောက်မြို့ ပြီးလျှင် ဒုတိယမြောက် လူဦးရေ အသိပ်သည်းဆုံးမြို့ ဖြစ်ပြီး နယူးယောက်မြို့၏ ရပ်ကွက် ၄ ခု ပြီးလျှင် နိုင်ငံအတွင်း ပဉ္စမမြောက် လူဦးရေ အသိပ်သည်းဆုံး ကောင်တီ ဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ်၏ စီးပွားရေးသည် စုစုပေါင်းပြည်နယ်ထုတ်ကုန်တန်ဖိုး ဒေါ်လာ ၃ ထရီလီယံမျှ ရှိသဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံး နိုင်ငံတွင်း စီးပွားရေးဒေသဖြစ်သည်။[] အကယ်၍ ကယ်လီဖိုးနီးယားအား နိုင်ငံတစ်ခု အဖြစ် ယူဆမည်ဆိုပါက ကမ္ဘာပေါ်တွင် ပဉ္စမမြောက် စီးပွားရေး အကောင်းဆုံး နိုင်ငံ ဖြစ်ပြီး[] ၂၀၂၀ ခုနှစ်တွင် လူဦးရေ အများဆုံး အဆင့် ၃၇ ရှိပေလိမ့်မည်။[] ဂရိတ်တား လော့အိန်ဂျယ်လိစ်ဒေသ နှင့် ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသတို့သည် နိုင်ငံအတွင်း နယူးယောက် မက်ထရိုပိုလစ်တန်ဒေသ ပြီးလျှင် ဒုတိယ နှင့် တတိယမြောက် အကြီးဆုံး မြို့ပြ စီးပွားရေးရပ်ဝန်း ဒေသဖြစ်ကာ ၂၀၂၀ ခုနှစ်တွင် စီးပွားရေးတန်ဖိုး ၁.၃ ထရီလီယံ နှင့် ၁.၀ ထရီလီယံ အသီးသီး ရှိကြသည်။[] ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသသည် နိုင်ငံအတွင်း ကျယ်ပြန့်သော စာရင်းကောက် ဒေသများတွင် လူတစ်ဦးချင်း စုစုပေါင်း ပြည်တွင်းထုတ်ကုန် အမြင့်ဆုံး ဒေသဖြစ်ပြီး လူတစ်ဦးလျှင် ပျမ်းမျှထုတ်ကုန် ၁၀၆, ၇၅၇ ဒေါ်လာ မျှ ရှိပြီ[] ကမ္ဘာပေါ်တွင် ဈေးကွက်တန်ဖိုးအများဆုံး ကုမ္ပဏီ ၁၀ ခုမှ ၄ ခု အခြေစိုက်ရာ ဒေသဖြစ်ကာ[] ကမ္ဘာပေါ်တွင် အချမ်းသာဆုံး လူ ၁၀ ဦးမှ ၄ ဦး နေထိုင်ရာဒေသ ဖြစ်သည်။[]

ကယ်လီဖိုးနီးယား၏ ယဉ်ကျေးမှုမှာ ရေပန်းစားသော ယဉ်ကျေးမှု၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်၊ တီထွင်ဖန်တီးမှု၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဘောဂဗေဒ၊​နိုင်ငံရေး နှင့် ဖျော်ဖြေရေးတို့တွင် ကမ္ဘာအား ဦးဆောင်လမ်းပြရာ အဖြစ် သတ်မှတ်ကြသည်။ ပြည်နယ်တွင်း လူအမျိုးမျိုး အထွေထွေတို့ ကွဲပြားခြင်းနှင့် ရွှေ့ပြောင်းရောက်ရှိလာသူများပြားခြင်းတို့ကြောင့် ကယ်လီဖိုးနီးယား သည် နိုင်ငံအတွင်းရှိ အခြားဒေသများနှင့် ကမ္ဘာတဝှမ်းလုံးမှ အစားအစာ၊ ဘာသာစကား နှင့် ထုံးတမ်းစဉ်လာတို့ကို ရောနှောပေါင်းစပ်ရာ နေရာ ဖြစ်သည်။ ကယ်လီဖိုးနီးယားသည် အမေရိကန်ပြည်ထောင်စု၏ ရုပ်ရှင်လုပ်ငန်း၊ ဟစ်ပီယဉ်ကျေးမှု၊ ဘာဘီကျူး၊​အမြန်အစားအစာ၊ ပင်လယ်ကမ်းစပ် ယဉ်ကျေးမှု၊​ကားယဉ်ကျေးမှု နှင့် အင်တာနက်[] နှင့် တစ်ကိုယ်ရည်သုံး ကွန်ပျူတာ[၁၀] တို့ အပြင် အခြားအရာ အများအပြား [၁၁][၁၂]၏ မြစ်ဖျားခံ ပေါက်ဖွားရာ ဒေသဖြစ်သည်။ ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသနှင့် ဂရိတ်တား လော့အိန်ဂျယ်လိစ်ဒေသတို့အား တကမ္ဘာလုံးဆိုင်ရာ နည်းပညာ နှင့် ဖျော်ဖြေရေး လုပ်ငန်းတို့၏ ဗဟိုဌာနအဖြစ် အများစုက ရှုမြင်လေ့ ရှိကြသည်။ ကယ်လီဖိုးနီးယား၏ စီးပွားရေးသည် အလွန် အမျိုးစုံပြီး ၅၈% သည် ငွေကြေးလုပ်ငန်း၊​အစိုးရလုပ်ငန်း၊​အိမ်ခြံမြေ လုပ်ငန်း၊ နည်းပညာလုပ်ငန်း၊​ပရော်ဖက်ရှင်နယ် လုပ်ငန်း၊​သိပ္ပံဆိုင်ရာ လုပ်ငန်း နှင့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုများတွင် အခြေခံသည်။ [၁၃] ပြည်နယ်စီးပွားရေး၏ ၁.၅% မျှသာ ရှိသော်လည်း[၁၃] ကယ်လီဖိုးနီးယား၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းသည် အမေရိကန်ပြည်နယ်များတွင် ထုတ်လုပ်မှု အများဆုံး ဖြစ်သည်။[၁၄][၁၅][၁၆]

ကယ်လီဖိုးနီးယားပြည်နယ်သည် မြောက်ဘက်တွင် အိုရီဂွန်ပြည်နယ်၊ အရှေ့ဘက်တွင် နီဗားဒါးပြည်နယ် နှင့် အရီဇိုးနားပြည်နယ်၊ တောင်ဘက်တွင် မက္ကဆီကိုနိုင်ငံ၏ ဘဟားကယ်လီဖိုးနီးယားပြည်နယ် တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။​ပြည်နယ်၏ အမျိုးစုံသော ပထဝီဝင်တွင် အနောက်ဘက်ရှိ ပစိဖိတ်ကမ်းရိုးတန်းမှ အရှေ့ဘက်ရှိ ဆီးရားနီဗားဒါးတောင်တန်းများအထိ ၊ အနောက်မြောက်ဘက်ရှိ ဆီကွိုင်းယား နှင့် ဒေါက်ဂလပ်ထင်းရှူးတောများနှင့် အရှေ့တောင်ဘက်ရှိ မိုဂျေ့ဗ်သဲကန္တာရအထိ အမျိုးမျိုး ရှိသည်။ အဓိက စိုက်ပျိုးမွေးမြူရေး ဒေသဖြစ်သော ဗဟိုတောင်ကြားသည် ပြည်နယ်၏ အလယ်ဗဟိုကို စိုးမိုးထားသည်။ ကယ်လီဖိုးနီးယားအား ပူနွေးသော မြေထဲပင်လယ်ရာသီဥတုကြောင့် ကျော်ကြားသော်လည်း ပြည်နယ်၏ အရွယ်အစားကြီးမားသောကြောင့် ရာသီဥတုသည် မြောက်ဘက်ရှိ ပူနွေးသော မိုးသစ်တော ရာသီဥတုမှ အတွင်းပိုင်းတွင် ခြောက်သွေ့သော သဲကန္တာရ အထိနှင့် တောင်ကုန်းများတွင် နှင်းကျသော အယ်လ်ပိုင်းရာသီဥတု အထိ အမျိုးမျိုး အဖုံဖုံ ကွဲပြားသည်။ အချိန်ကြာလာသည်နှင့် အမျှ ပက်ကြားအက်ခြင်းနှင့် တောမီးလောင်ခြင်းတို့ ဖြစ်ပေါ်မှု ပိုစိတ်လာသည်။[၁၇][၁၈]

ယခု ကယ်လီဖိုးနီးယားနေရာတွင် အစကနဦးက ဒေသရင်းကယ်လီဖိုးနီးယား လူမျိုးစုများ နေထိုင်လာခဲ့ကြသည်မှာ ၁၆ ရာစုနှင့် ၁၇ ရာစုအတွင်း ဥရောပသား အမြောက်အမြားတို့ စူးစမ်းရှာဖွေသည် အထိ ဖြစ်သည်။ စပိန်အင်ပိုင်ယာမှ သိမ်းပိုက်ပြီး ကိုလိုနီအဖြစ် ပြောင်းလဲခဲ့သည်။ ၁၈၀၄ ခုနှစ်တွင် နယူးစပိန် နယ်စားဒေသအတွင်းရှိ အော်လ်တာ ကယ်လီဖိုးနီးယားတွင် ထည့်သွင်းခဲ့သည်။ အောင်မြင်သော လွတ်လပ်ရေးစစ်ပွဲအပြီး ၁၈၂၁ ခုနှစ်တွင် ထိုဒေသသည် မက္ကဆီကိုနိုင်ငံ၏ အစိတ်အပိုင်း ဖြစ်ခဲ့ပြီး ၁၈၄၈ မက္ကဆီကို-အမေရိကန် စစ်ပွဲ အပြီးတွင် အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အော်လ်တာ ကယ်လီဖိုးနီးယား၏ အနောက်ဘက်အပိုင်းကို စုစည်း၍ ၁၈၅၀ စက်တင်ဘာ ၉ ရက်တွင် ၃၁ ခုမြောက် ပြည်နယ်အဖြစ် လက်ခံခဲ့သည်။ ၁၈၄၈ ခုနှစ်တွင် စတင်သော ကယ်လီဖိုးနီးယား ရွှေနောက် အပူတပြင်း လိုက်ကြသည့် အဖြစ်အပျက်မှ သိသာသော လူမှုရေးနှင့် လူဦးရေပျံ့နှံ့နေထိုင်မှုတို့ကို ပြောင်းလဲပေးခဲ့သည်။ စီးပွားရေး တိုးတက်လာခြင်းနှင့် အတူ အရှေ့ဘက်မှ သို့မဟုတ် နိုင်ငံခြားမှ အကြီးအကျယ် ရွှေ့ပြောင်း ရောက်ရှိလာခဲ့ကြသည်။

အမည်မှည့်ခေါ်ခြင်း

[ပြင်ဆင်ရန်]

စပိန်တို့သည် လာ့စ်ကယ်လီဖိုးနီးယာ့စ်" ဆိုသော အမည်ကို ယခု မက္ကဆီကို၏ ပြည်နယ် ဘာဂျာ ကယ်လီဖိုးနီးယားနှင့် ယနေ့ခေတ် ကယ်လီဖိုးနီးယား၊ နီဗားဒါး၊ ယူတားပြည်နယ်တို့နှင့် အတူ အရီဇိုးနား၊ နယူးမက္ကဆီကို၊ တက္ကဆပ် နှင့် ဝိုင်အိုမင်းပြည်နယ်တို့၏ တစိတ်တဒေသတို့ ပါဝင်သော အော်လ်တာ ကယ်လီဖိုးနီးယား ဒေသတို့ကို ခေါ်ဆိုခဲ့ကြသည်။[၁၉]

၁၅၁၀ တွင် မှတ်တမ်းတင်ခဲ့သော ဒဏ္ဍာရီထဲမှ ကယ်လီဖိုးနီးယားကျွန်းဟု ခေါ်သည့် ရွှေနှင့် ပုလဲတို့ ပေါများသည့် ကာလာဖီယာ ဘုရင်မအုပ်စိုးသော ကယ်လီဖိုးနီးယားကျွန်းကို အစွဲပြု၍ မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

သမိုင်း

[ပြင်ဆင်ရန်]

ရှေးဦး နေထိုင်သူများ

[ပြင်ဆင်ရန်]

လွန်ခဲ့သော နှစ်ပေါင်း ၁၀,၀၀၀ အတွင်းက တစ်သုတ်ပြီး တစ်သုတ်ရောက်ရှိလာခဲ့သဖြင့် ကယ်လီဖိုးနီးယားသည် ကိုလံဘီယာခေတ်မတိုင်ခင် မြောက်အမေရိကတွင် ယဉ်ကျေးမှု အရလည်းကောင်း၊ ဘာသာစကား အရ လည်းကောင်း အမျိုးမျိုး ကွဲပြားသော ဒေသဖြစ်သည်။ ရှေဦးနေထိုင်သူများကို ခန့်မှန်းကြရာတွင် ၁၀၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ အမျိုးမျိုး ရှိသည်။ [၂၀] ကယ်လီဖိုးနီးယား၏ ရှေးဦးနေ လူမျိုးများတွင် လူမျိုးစု ၇၀ ကျော်ရှိပြီး ရှေဦးအမေရိကန်များတွင် ကမ်းရိုးတန်း၌ အခြေချနေထိုင်သော လူဦးရေများပြားသော လူမျိုးစုများမှ ကုန်းတွင်းပိုင်းနေ လူမျိုးစု များ အထိ ရှိပြီး အုပ်ချုပ်ရေး ပုံစံမှာလည်း အုပ်စု၊ လူမျိုးစု၊ ကျေးရွာ နှင့် သဘာဝအရင်းအမြစ် ပေါများသော ကမ်းရိုးတန်းများတွင် ကြီးမားသော လူမျိုးစု အုပ်စုကြီးများ ဖြစ်သော ချူးမက်ရှ်၊ ပိုမို နှင့် ဆာလီနန် စသည်တို့ အထိ ရှိသည်။ ကုန်သွယ်ရေး၊ အချင်းချင်း လက်ထပ်ခြင်း နှင့် စစ်ရေးအရ မဟာမိတ်ပြုခြင်းတို့ဖြင့် ကွဲပြားသော လူမျိုးစု အုပ်စုများကြားတွင် လူမှုရေး နှင့် စီးပွားရေး ဆက်ဆံရေးများကို တိုးမြှင့်ခဲ့ကြသည်။

စပိန်တို့အုပ်ချုပ်ခြင်း

[ပြင်ဆင်ရန်]
ကယ်လီဖိုးနီးယားနယ်သားများအား နယ်စားကြီး အန်တိုနီယို ဒီ မန်ဒိုဇာမှ ချီးမြှင့်ခဲ့သော စည်းတံဆိပ်
၁၈၄၈ မစ်ရှစ် စန်ဒီယေးဂိုး ဒီ အယ်လ်ကာလာ စတင်စဉ်။ ၁၇၆၉ ခုနှစ်တွင် စတင်ခဲ့သော ထိုမစ်ရှင်သည် ပထမဆုံး ကယ်လီဖိုးနီးယား မစ်ရှင်တစ်ခု ဖြစ်သည်။

ကယ်လီဖိုးနီးယားကမ်းရိုးတန်းအား ပထမဆုံး စွန့်စားသွားလာခဲ့ကြသူများမှာ ဟွမ် ရိုဒရီဂေ့ ကာဗရီဟိုး ဆိုသော ပေါ်တူဂီ ရေယာဉ်မှူး တစ်ဦးမှ ဦးဆောင်သော ရွက်လွင့်ခရီးသွားလာသည့် အဖွဲ့ဖြစ်ပြီး သူတို့သည် ၁၅၄၂ ခုနှစ် စက်တင်ဘာ ၂၈ရက်တွင် စန်ဒီယေးဂိုး ပင်လယ်အော်သို့ ဝင်ရောက်ခဲ့ကာ မြောက်ဘက်တွင် ဆန်မစ်ဂူရယ်ကျွန်းအထိ အနည်းဆုံး ရောက်ရှိခဲ့ကြသည်။[၂၁] ၁၅၇၉တွင် အင်္ဂလိပ်လူမျိုး ရေတပ်ဗိုလ်နှင့် စူးစမ်းရှာဖွေသူ ဖရန်စစ်ဒရိတ်မှ ကယ်လီဖိုးနီးယားကမ်းရိုးတန်း၏ တစိတ်တဒေသကို သိမ်းပိုက်ကြောင်း ကြေညာခဲ့ကာ နောက်တွင် ဆန်ဖရန်စစ္စကိုမြို့ဖြစ်လာမည့် နေရာ၏ မြောက်ဘက်တွင် ကမ်းသို့ တက်ရောက်ခဲ့သည်။[၂၂] အမေရိကန်ပြည်ထောင်စု ဖြစ်လာမည့် နေရာသို့ အာရှသားတို့ ပထမဆုံး ခြေချခြင်းမှာ ၁၅၈၇ခုနှစ်တွင် ဖြစ်ပျက်ခဲ့ပြီး စပိန်သင်္ဘောနှင့် လိုက်ပါလာသော ဖိလစ်ပိုင်သင်္ဘောသားတို့ မော်ရိုပင်လယ်အော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။[၂၃][၂၄][၂၅][၂၆] စီဘက်စတီးယန်း ဗစ်ကိုင်နိုသည် ကယ်လီဖိုးနီးယား ကမ်းရိုးတန်းအား နယူးစပိန်အတွက် ၁၆၀၂ ခုနှစ်တွင် စူးစမ်းသွားလာကာ မြေပုံ​ရေးဆွဲခဲ့ပြီး မြောက်ဘက် မန်ဒိုချီနို အငူအထိ ရွက်လွှင့်သွားလာခဲ့သည်။[၂၇]

၁၆ရာစုတွင် ကယ်လီဖိုးနီးယား မြေပေါ်တွင် စူးစမ်းလေ့လာခြင်းများ ပြုခဲ့ကြသော်လည်း ရိုဒရီဂေ့၏ အယူအဆဖြစ်သည့် ကယ်လီဖိုးနီးယားသည် ကျွန်းဖြစ်သည် ဆိုသည်ကို ဆက်လက် စွဲကိုင်ထားကြဆဲ ဖြစ်သည်။ ထိုသို့သော အတွေးဖြင့် ပုံဖော်ထားမှုကို ဥရောပမြေပုံများတွင် ၁၈ ရာစု အထိ တွေ့ရသည်။[၂၈]

၁၇၆၉-၇၀ ပေါ်တိုလာ စူးစမ်းရှာဖွေမှုအပြီးတွင် ယူနီပါရို ဆယ်ရာ ဦးဆောင်သော စပိန်သာသနာပြုအဖွဲ့များသည် စန်ဒီယေးဂိုးမှစတင်ကာ အော်လ်တာ ကယ်လီဖိုးနီးယား ကမ်းရိုးတန်းပေါ်နှင့် အနီးတစ်ဝိုက်တွင် ကယ်လီဖိုးနီးယား သာသနာပြု မစ်ရှင် ၂၁ ခုကို စတင်တည်ထောင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် စပိန်စစ်တပ်များသည် ပရယ်စီဒီယိုဟု ခေါ်သော ခံတပ်အချို့နှင့် ပျူဗလိုဟုခေါ်သော မြို့ငယ် ၃ ခုကို တည်ဆောက်ခဲ့သည်။ ဆန်ဖရန်စစ္စကို သာသနာပြုမစ်ရှင်သည် ဆန်ဖရန်စစ္စကိုမြို့တော် ဖြစ်လာခဲ့ပြီး အခြား ပျူဗလို နှစ်ခုမှာ လော့အိန်ဂျယ်လိစ် နှင့် ဆန်ဂျို့စ် အဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။ အခြားသော ပိုမိုသေးငယ်သည့် မြို့တော်များနှင့် မြို့များမှာ စပိန်သာသနာပြုစခန်းများနှင့် ပျူဗလိုတို့၏ ပတ်ဝန်းကျင်တွင် ပေါ်ထွန်းလာခဲ့ပြီး ယနေ့တိုင်အောင် ကျန်ရှိနေဆဲ ဖြစ်သည်။

စပိန်တို့၏ ကိုလိုနီပြုစဉ်တွင် ဝက်သက် နှင့် ဆုံဆို့နာ အစရှိသော ဒေသခံတို့အနေနှင့် သဘာဝအလျောက် ကိုယ်ခံအားမရှိသော ကူးစက်ရောဂါများကို သယ်ဆောင်လာခဲ့သဖြင့် ဒေသခံလူမျိုးတို့ လျော့ပါးသွားစေခဲ့သည်။[၂၉] စပိန်အခြေချ နေထိုင်သူတို့ ၎င်းတို့နှင့် အတူ ယူဆောင်လာခဲ့သော စပိန်စနစ် အစိုးရနှင့် လူမှုရေးဆိုင်ရာ အဆင့်များကို တည်ထောင်ခဲ့ခြင်းမှ အစောပိုင်း ဒေသရင်းနေ ပြည်သူတို့၏ လူ့အဖွဲ့အစည်းများကို နည်းပညာ အရလည်းကောင်း ယဉ်ကျေးမှု အရလည်းကောင်း ဖုံးလွှမ်းသွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ရုရှားတို့၏ သင်္ဘောများလည်း ကယ်လီဖိုးနီးယား ကမ်းရိုးတန်းတလျှောက် စူးစမ်းရှာဖွေမှုများ ပြုခဲ့ပြီး ၁၈၁၂ ခုနှစ်တွင် ဖို့တ်ဒ်ရော့စ် ၌ ကုန်သွယ်ရေးစခန်းတစ်ခုကို တည်ထောင်ခဲ့သည်။ ၁၉ရာစု အစောပိုင်း ရုရှားတို့၏ ကယ်လီဖိုးနီးယား ကမ်းရိုးတန်းတလျှောက် အခြေချနေထိုင်မှုများမှာ ဆန်ဖရန်စစ္စကို ပင်လယ်အော်ရှိ စပိန်တို့ အခြေချနေထိုင်ရာ နေရာ၏ မြောက်ဘက်အစွန်ဆုံး အစွန်း၏ မြောက်ဘက်တွင် ရှိပြီး မြောက်အမေရိကရှိ ရုရှားတို့ အခြေချနေထိုင်ရာ နေရာများ၏ တောင်ဘက်စွန်းလည်း ဖြစ်သည်။ ဖို့တ်ဒ်ရော့စ်နှင့် ပတ်သက်သော ရုရှားတို့၏ အခြေချနေထိုင်မှုမှာ ပွိုင့်အေရီနာ မှ တိုမာလပ်စ် ပင်လယ်အော် အထိ ဖြန့်ကျက် တည်ရှိသည်။[၃၀]

မက္ကဆီကန်တို့ အုပ်ချုပ်ခြင်း

[ပြင်ဆင်ရန်]
၁၈၃၈ ခုနှစ်တွင် မက္ကဆီကိုနိုင်ငံ၏ လူဦးရေကျဲပါးသော ပြည်နယ်တစ်ခု အဖြစ် တည်ရှိသော အော်လ်တာ ကယ်လီဖိုးနီးယားကို ပြသော မြေပုံ[၃၁]

၁၈၂၁ ခုနှစ် မက္ကဆီကို လွတ်လပ်ရေးစစ်ပွဲကြောင့် ကယ်လီဖိုးနီးယားအပါအဝင် မက္ကဆီကိုနိုင်ငံသည် စပိန်တို့ထံမှ လွတ်လပ်ရေးရခဲ့သည်။ ထိုမှစ၍ နောင် ၂၅ နှစ်အထိ အော်လ်တာ ကယ်လီဖိုးနီးယားသည် လွတ်လပ်သော နိုင်ငံအသစ်ဖြစ်သည့် မက္ကဆီကိုနိုင်ငံ၏ ဝေးလံခေါင်ဖျား၍ လူဦးရေကျဲပါးသော အနောက်မြောက် အုပ်ချုပ်ရေးပြည်နယ်တစ်ခု အဖြစ် တည်ရှိခဲ့သည်။ ပြည်နယ်အတွင်း အကောင်းဆုံး မြေများကို နေရာယူထားသော မစ်ရှင်မြေများကို ၁၈၃၄ ခုနှစ်တွင် ဘာသာရေးအဆောက်အအုံ အဖြစ်မှ ပယ်ဖျက်ခဲ့ပြီး မက္ကဆီကို အစိုးရပိုင် နယ်မြေများ ဖြစ်လာခဲ့သည်။ [၃၂] ပြည်နယ်အုပ်ချုပ်ရေးမှူးသည် နိုင်ငံရေးအရ ဩဇာလွှမ်းမိုးမှု ရှိသော လူများကို မြေအများအပြား ပေးအပ်ခဲ့သည်။​ထိုသို့ ကြီးမားကျယ်ပြန့်သော ရန်ချို သို့မဟုတ် နွားတင်းကုပ် များသည် မက္ကဆီကန် ကယ်လီဖိုးနီးယားတွင် အရေးပါသော အဖွဲ့အစည်းများ ဖြစ်လာခဲ့သည်။ ထိုရန်ချို များကို ကယ်လီဖိုးနီးယားရှိ စပိန်ဒေသရင်းလူမျိုးများ ဖြစ်သော ကယ်လီဖိုနီယိုတို့၏ ပိုင်ဆိုင်မှုအောက်တွင် တိုးတက်လာခဲ့ပြီး ထိုသူတို့မှ နွားသာရေ နှင့် နွားဆီ တို့ကို ဘော့စတွန်ရှိ ကုန်သည်များနှင့် ကုန်သွယ်မှု ပြုခဲ့ကြသည်။ ၁၈၄၉ ခုနှစ် ကယ်လီဖိုးနီးယား ရွှေရှာပွဲ မတိုင်ခင် အထိ အမဲသားသည် ကုန်စည်တစ်ခု ဖြစ်မလာခဲ့ပေ။

၁၈၂၀ ခုနှစ်များမှ အစပြု၍ အမေရိကန်ပြည်ထောင်စုနှင့် နောင် ကနေဒါဖြစ်လာမည့် နေရာမှ ထောင်ချောက်ထောင်၍ သားကောင်ဖမ်းသူများနှင့် အခြေချနေထိုင်သူများမှာ ကယ်လီဖိုးနီးယား မြောက်ပိုင်းသို့ ရောက်ရှိလာခဲ့သည်။ ထို အသစ်ရောက်ရှိလာသူများမှာ ဆစ်ကီယိုးလမ်းကြောင်း၊ ကယ်လီဖိုးနီးယားလမ်းကြောင်း၊ အော်ရီဂွန်လမ်းကြောင်းနှင့် စပိန်လမ်းကြောင်းဟောင်းတို့ကို အသုံးပြု၍ ကယ်လီဖိုးနီးယား အနီးတဝိုက်ရှိ ထူထပ်သော တောင်ကုန်းများနှင့် ကြမ်းတမ်းသော သဲကန္တာရများကို ဖြတ်ကျော်ခဲ့ကြသည်။

ယွမ် ဘော်တစ်စတာ အယ်လ်ဗာရာဒီမှ ၁၈၃၆ ကယ်လီဖိုးနီးယား လွတ်လပ်ရေး လှုပ်ရှားမှုအတွင် အသုံးပြုခဲ့သည့် အလံ

လွတ်လပ်ရေးရခါစဖြစ်သော မက္ကဆီကိုနိုင်ငံ၏ အစောပိုင်းအစိုးရမှ အလွန်မတည်မငြိမ် ဖြစ်ခဲ့ပြီး ထို့အတွက်ကြောင့် ၁၈၃၁ နောက်ပိုင်းတွင် ကယ်လီဖိုးနီးယားပြည်နယ်၌ အချင်းချင်း လက်နက်ကိုင် ပဋိပက္ခများနှင့် ဗဟို မက္ကဆီကို အစိုးရနှင့် လက်နက်ကိုင် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။[၃၃] ထို့သို့ မုန်တိုင်းထန်သော နိုင်ငံရေးကာလ အတွင်းတွင် ယွမ် ဘော်တစ်စတာ အယ်လ်ဗာရာဒိုသည် ၁၈၃၆ မှ ၁၈၄၂ ခုနှစ်အတွင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးကို ရယူနိုင်ခဲ့သည်။[၃၄]အယ်လ်ဗာရာဒို အာဏာရလာသော စစ်ရေးလုပ်ဆောင်မှု အပြီးတွင် ကယ်လီဖိုးနီးယားအား လွတ်လပ်သော နိုင်ငံအဖြစ် တခဏတာမျှ ကြေညာနိုင်ခဲ့ပြီး အိုင်ဆက် ဂရေဟမ်[၃၅] အပါအဝင် ကယ်လီဖိုးနီးယားရှိ အန်ဂလို-အမေရိကန် ပြည်သူများက ကူညီခဲ့ခြင်း ဖြစ်သည်။[၃၆]၁၈၄၀ ခုနှစ်တွင် နိုင်ငံကူးလက်မှတ်မရှိသော ပြည်သူ ၁၀၀ ကျော် အဖမ်းအဆီးခံရပြီး ထို့အတွက်ကြောင့် "ဂရေဟမ် အရေးအခင်း" ဖြစ်ပေါ်ခဲ့ကာ တော်ဝင်ရေတပ်မတော်မှ တစိတ်တပိုင်း ပါဝင်ပတ်သက်ခြင်းဖြင့် ဖြေရှင်းခဲ့ရသည်။[၃၆]

အလက်စကာမှ ရုရှားတို့သည် ၁၈၁၂ ခုနှစ်တွင် ဖို့တ်ဒ်ရော့စ်၌ ၎င်းတို့၏ အကြီးဆုံး အခြေချနေထိုင်မှုကို ပြုခဲ့ကြသည်။

ကယ်လီဖိုးနီးယားရှိ အကြီးဆုံးသော နွားခြံပိုင်ရှင်မှာ ဂျွန်မာ့ရှ် ဖြစ်သည်။ သူ၏ မြေပေါ်တွင် ကျူးကျော်နေထိုင်သူများနှင့် ပတ်သက်၍ မက္ကဆီကို တရားရုံးမှ တရားမျှတမှု မရရှိခဲ့သဖြင့် သူသည် ကယ်လီဖိုးနီးယား အနေနှင့် အမေရိကန်ပြည်ထောင်စု၏ အစိတ်အပိုင်း ဖြစ်သင့်သည်ဟု ဆုံးဖြတ်ခဲ့သည်။ သူသည် ကယ်လီဖိုးနီးယား၏ ရာသီဥတု၊ မြေအနေအထားနှင့် အခြားအကြောင်းအရာများကြောင့် ဤနေရာတွင် အခြေချနေထိုင်သင့်ကြောင်း အပြင် နောင်တွင် "မာ့ရှ်လမ်းကြောင်း" ဟု သိကြသည့် အကောင်းဆုံး လာနိုင်သည့် လမ်းကြောင်းကို ဖော်ပြခြင်းဖြင့် စာရေးသားခြင်း ကမ်ပိန်းကို လှုပ်ရှားမှု ပြုခဲ့သည်။ သူ၏ စာများကို ဖတ်ရှု၊ ထပ်မံဖတ်ရှုကြကာ အချင်းချင်း လက်ဆင့်ကမ်းကြပြီး နိုင်ငံတဝှမ်းရှိ သတင်းစာများတွင် ပုံနှိပ်ဖော်ပြကြသဖြင့် ကယ်လီဖိုးနီးယားသို့ ပထမဆုံး လှည်းအုပ်များ စတင် ရောက်ရှိလာခဲ့သည်။[၃၇] သူသည် ပြောင်းရွှေ့နေထိုင်ကြသူများအား သူ၏ နွားခြံတွင် နေထိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး သူတို့ အခြေကျ၍ နိုင်ငံကူးလက်မှတ် ရရှိနိုင်ရန်လည်း အကူအညီ ပေးခဲ့သည်။ [၃၈]

ကယ်လီဖိုးနီးယားသို့ စနစ်တကျစီစဉ်ထားသော ရွှေ့ပြောင်းမှုကာလကို ဦးဆောင်ပြီးနောက် မာ့ရှ်သည် လူအများမုန်းတီးကြသော မက္ကဆီကန်ဗိုလ်ချုပ် မန်နျူရယ် မီရှဲတိုရီနာ နှင့် သူ အစားထိုးခဲ့သော ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ယွမ် ဘော်တစ်စတာ အယ်လ်ဗာရာဒို တို့နှစ်ဦးကြား စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ သူတို့အသီးသီး၏ စစ်တပ်များသည် လော့စ်အိန်ဂျယ်လိစ်မြို့ အနီးတွင် ဖြစ်ပွားသော ပရိုဗီဒန်းရှားတိုက်ပွဲတွင် တွေ့ဆုံခဲ့ကြသည်။ မာ့ရှ်အနေနှင့် သူ၏ ဆန္ဒနှင့် ဆန့်ကျင်၍ မီရှဲတိုရီနာ၏ စစ်တပ်သို့ ဝင်ရောက်ခဲ့ရသည်။ သူ၏ အထက်အရာရှိများကို လျစ်လျူရှု၍ သူ့အနေနှင့် အခြားတစ်ဘက်အား စစ်ပြေငြိမ်းရန် အချက်ပြခဲ့သည်။ အမေရိကန်ပြည်ထောင်စုမှ လာရောက် အခြေချ နေထိုင်သူများမှာ နှစ်ဘက်စလုံးတွင် ပါဝင်တိုက်ခိုက်လျက် ရှိသည်။ သူ့အနေနှင့် ထိုလူများကို အချင်းချင်း တိုက်ခိုက်ရန် အကြောင်းမရှိကြောင်း သဘောပေါက် နားလည်စေခဲ့သည်။ မာ့ရှ်၏ လုပ်ဆောင်ချက်ကြောင့် သူတို့သည် စစ်ပွဲကို စွန့်ခွာခဲ့ကြသဖြင့် မီရှဲတိုရီနာမှာ ရှုံးနိမ့်ခဲ့ရပြီး ကယ်လီဖိုးနီးယားတွင် မွေးဖွားသော ပီကို-ပီကို မှ ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် ပြန်လည် အာဏာရခဲ့သည်။ ထိုအချက်မှ နောက်ဆုံးတွင် ကယ်လီဖိုးနီးယားအား အမေရိကန် ပြည်ထောင်စုသို့ သွတ်သွင်းရန် အတွက် လမ်းခင်း ပေးခဲ့သည်။[၃၉][၄၀][၄၁][၄၂]

ကယ်လီဖိုးနီးယား သမ္မတနိုင်ငံ နှင့်အောင်နိုင်ခြင်း

[ပြင်ဆင်ရန်]
ကယ်လီဖိုးနီးယား သမ္မတနိုင်ငံ၏ ဝက်ဝံရုပ်အလံကို ဆိုနိုမာတွင် ၁၈၄၆ ခုနှစ် ဝက်ဝံရုပ်အလံ ပုန်ကန်မှုအတွင်း ပထမဆုံး လွှင့်ထူခဲ့ကြသည်။

၁၈၄၆ခုနှစ်တွင် ဆိုနိုမာမြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်ရှိ အမေရိကန် အခြေချနေထိုင်သူတို့က မက္ကဆီကန်တို့၏ အုပ်ချုပ်မှုကို ဝက်ဝံရုပ်အလံ ပုန်ကန်မှုဖြင့် ပုန်ကန် ဆန့်ကျင်ခဲ့ကြသည်။ ထို့နောက်တွင် သူပုန်တို့က ဝက်ဝံရုပ်အလံ (ဝက်ဝံတစ်ကောင်၊ ကြယ်တစ်လုံး၊ အနီရောင်စင်း နှင့် ကယ်လီဖိုးနီးယား သမ္မတနိုင်ငံ စာတန်းပါသည်။) ကို ဆိုနိုမာမြို့တွင် လွှင့်ထူခဲ့ကြသည်။ သမ္မတနိုင်ငံ၏ တစ်ဦးတည်းသော သမ္မတမှာ ဝီလီယမ် ဘီ အိုင်ဒဲ ဖြစ်ပြီး[၄၃] သူသည် ဝက်ဝံရုပ် ပုန်ကန်မှုအတွင်း အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ ဖြစ်သည်။ ထိုသို့ အမေရိကန် အခြေချနေထိုင်သူတို့၏ ပုန်ကန်ခြင်းသည် နောင်တွင် ဖြစ်ပေါ်လာမည့် အမေရိကန် ကျူးကျော်မှု၏ အစဖြစ်ပြီး အနီးအနားရှိ အမေရိကန် စစ်တပ် အရာရှိတို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ကယ်လီဖိုးနီးယား သမ္မတနိုင်ငံ၏ သက်တမ်းမှာ တိုတောင်းလှသည်။ [၄၄] တစ်နှစ်တည်းမှာပင် မက္ကဆီကို-အမေရိကန်စစ်ပွဲ (၁၈၄၆-၄၈) ဖြစ်ပွားခဲ့သည်။[၄၅] အမေရိကန် ရေတပ်ဗို်လ်ချုပ် ဂျွန် ဒီ ဆလုပ် မှ မွန်တေးရီ ပင်လယ်အော်သို့ ရွက်လွှင့်​ဝင်ရောက်၍ အမေရိကန်ပြည်ထောင်စုမှ ကယ်လီဖိုးနီးယားသို့ ကျူးကျော်ခြင်း စတင်ခဲ့ကာ ကယ်လီဖိုးနီးယားမြောက်ပိုင်းသည် တစ်လအတွင်း အမေရိကန်တပ်များအောက်သို့ ခုခံခြင်း မပြုတော့ဘဲ ရောက်ရှိခဲ့သည်။[၄၆]ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် ခုခံတိုက်ခိုက်သည့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီးနောက် ကယ်လီဖိုးနီးယားနေထိုင်သူတို့နှင့် ချုပ်ဆိုသော ကာဟူရန်းဂါး စာချုပ်ကို ၁၈၄၇ ခုနှစ် ဇန်နဝါရီ ၁၃ တွင် လက်မှတ်ရေးထိုးပြီးနောက် အမေရိကန်တို့သည် ကယ်လီဖိုးနီးယားကို ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့သည်။[၄၇]

အစောပိုင်း အမေရိကန်ခေတ်

[ပြင်ဆင်ရန်]
ကယ်လီဖိုးနီးယား ရွှေရှာပွဲ အချိန်က တွေ့ရသော တရုတ် သတ္တုတွင်း အလုပ်သမား
၁၈၅၀ သဘောတူညီချက်အရ ကယ်လီဖိုးနီးယားသည် ပြည်ထောင်စုသို့ ဝင်ရောက်ခဲ့သည်။
ဆန်ဖရန်စစ္စကို ဆိပ်ကမ်းတွင် တွေ့ရသော ကုန်တင်သင်္ဘော (၁၈၅၀-၅၁)
အမေရိကန် ပြည်တွင်းစစ် အတွင်း ကယ်လီဖိုးနီးယား တပ်ရင်း ၁၀၀ ၏ တံခွန်
၁၈၆၉ ခုနှစ် ပထမဆုံး တိုက်ကို ဖြတ်၍ ဖောက်လုပ်ထားသော ရထားလမ်းအား ရေးဆွဲထားပုံ (ပန်းချီစရာ သောမတ်စ် ဟေးလ် ၏ "သည် လတ်စ် စပိုက်ခ်"]].

စစ်ပွဲကို အဆုံးသတ်စေခဲ့သော ဂွါဒီလု ဟီဒဲဂို စာချုပ် (၁၈၄၈ ဖေဖော်ဝါရီ ၂ ရက်) အပြီးတွင် မက္ကဆီကိုနိုင်ငံ၏ အနောက်ဘက်ဆုံး အပိုင်း အဖြစ် သတ်မှတ်ထားသော အော်လ်တာ ကယ်လီဖိုးနီးယားသည် အမေရိကန်၏ ကယ်လီဖိုးနီးယားဒေသ ဖြစ်လာခဲ့ပြီး ကျန်ရှိနေသေးသော နယ်နိမိတ်ကို အမေရိကန်၏ နယ်နိမိတ်အသစ်များ ဖြစ်ကြသော အရီဇိုးနား၊ နီဗားဒါး၊ ကော်လိုရာဒို နှင့် ယူတား တို့အဖြစ် ခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။ လူဦးရေကျဲပါးပြီး မိုးခေါင်ရေရှားဒေသဖြစ်သော ယခင်ဘာဂျာကယ်လီဖိုးနီးယား၏ အောက်ပိုင်းသည် မက္ကဆီကို၏ အစိတ်အပိုင်း အဖြစ် ကျန်ရစ်သည်။ ၁၈၄၆ ခုနှစ်တွင် အော်လ်တာကယ်လီဖိုးနီးယား နေရာဟောင်းတွေ အခြေချနေထိုင်သူ စုစုပေါင်းမှာ ၈,၀၀၀ မကျော်ဟု ခန့်မှန်းခဲ့ကြပြီး အမေရိကန် ရှေးဦးနေလူမျိုး ၁၀၀,၀၀၀ ခန့် ရှိကာ ၁၇၆၉ စပိန်တို့ အခြေချနေထိုင်ခြင်း မပြုခင်က ရှိသော လူဦးရေ ၃၀၀,၀၀၀ မှ ကျဆင်းသွားခြင်း ဖြစ်သည်။[၄၈]

၁၈၄၈ ခုနှစ် အမေရိကန် နယ်နိမိတ် အတွင်းသို့ မသွတ်သွင်းမီ တစ်ပတ် အလိုတွင်မှ ကယ်လီဖိုးနီးယားတွင် ရွှေရှာတွေ့ခဲ့သည်။ ထိုအဖြစ်အပျက်သည် ပြည်နယ်၏ လူဦးရေပျံ့နှံ့နေထိုင်မှု နှင့် ဘဏ္ဍာရေးကို ထာဝရ ပြောင်းလဲသွားစေခဲ့သည်။ မကြာမီတွင် ထိုနေရာသို့ လူများ အလုံးလိုက် အရင်းလိုက် ပြောင်းရွှေ့လာခဲ့ကြပြီး ရွှေတူးသူ နှင့် သတ္တုတွင်းလုပ်သားများ ထောင်ချီ ရောက်ရှိလာခဲ့သည်။ လူဦးရေသည် အမေရိကန်နိုင်ငံသားများ၊ ဥရောပသားများ၊ တရုတ်များ နှင့် အခြားလူမျိုးများဖြင့် မဟာကယ်လီဖိုးနီးယား ရွှေရှာပွဲကြီး အတွင် အလျှင်အမြန် တိုးပွားလာခဲ့သည်။ ကယ်လီဖိုးနီးယား အနေနှင့် ပြည်နယ် တစ်ခု အဖြစ် ရောက်ရှိခဲ့သော ၁၈၅၀ ခုနှစ်တွင် ကယ်လီဖိုးနီးယားတွင် အခြေချနေထိုင်သူ ဦးရေမှာ ၁၀၀,၀၀၀ အထိ ဖြစ်လာသည်။ ၁၈၅၄ ခုနှစ်တွင် အခြေချနေထိုင်သူ ၃၀၀,၀၀၀ ကျော် ရောက်ရှိလာခဲ့သည်။ [၄၉]၁၈၄၇ မှ ၁၈၇၀ အတွင်းတွင် ဆန်ဖရန်စစ္စကိုမြို့၏ လူဦးရေမှ ၅၀၀ မှ ၁၅၀,၀၀၀ အထိ တိုးတက်လာခဲ့သည်။[၅၀] ကယ်လီဖိုးနီးယားသည် လူဦးရေကျဲပါးသော တိတ်ဆိတ် ငြိမ်သက်သော နေရာ အဖြစ်မှ ညတွင်းချင်းပင် အဓိက လူဦးရေထူထပ်သော မြို့တစ်မြို့ ဖြစ်လာခဲ့သည်။

အစိုးရ ရုံးထိုင်ရာနေရာသည် စပိန်တို့ခေတ်နှင့် နောက်ပိုင်း မက္ကဆီကိုမှ အုပ်ချုပ်စဉ်ကာလ ၁၇၇၇ မှ ၁၈၄၅ အထိ မွန်တာရေးတွင် တည်ရှိခဲ့သည်။[၃၂] အော်လ်တာ ကယ်လီဖိုးနီးယား၏ နောက်ဆုံး မက္ကဆီကို အုပ်ချုပ်ရေးမှူး ဖြစ်သော ပီယို ပီကိုသည် ၁၈၄၅ ခုနှစ်တွင် မြို့တော်ကို လော့စ်အိန်ဂျယ်လိစ်သို့ ပြောင်းရွှေ့ခဲ့သည်။ အမေရိကန်တို့၏ သံရုံသည်လည်း မွန်တာရေးတွင်ပင် တည်ရှိပြီး သောမတ်စ် အို လာကင် ၏ အုပ်ချုပ်မှုအောက်တွင် ဖြစ်သည်။

၁၈၄၉ ခုနှစ်တွင် ပြည်နယ်၏ ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ညီလာခံကို မွန်တာရေးတွင် ကျင်းပခဲ့သည်။ ညီလာခံ၏ ပထမဆုံး အလုပ်များထဲတွင် ပြည်နယ်မြို့တော်အသစ်တစ်ခု၏ နေရာကို ဆုံးဖြတ်ချက်ချရန် လည်း ပါဝင်သည်။ ပထမဆုံး ဥပဒေပြုအစည်းအဝေးကို ဆန်ဟိုဆေးတွင် ၁၈၅၀-၁၈၅၁တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းကျင်းပပြုလုပ်သည့် နေရာများမှာ ဗာလေးဟိုး (၁၈၅၂-၁၈၅၃) နှင့် အနီးအနားရှိ ဘနီးရှား (၁၈၅၃-၁၈၅၄) တို့ ဖြစ်ကြပြီး ထိုနေရာများမှာလည်း ပြည့်စုံမှု မရှိကြောင်း နောက်ဆုံးတွင် သိရှိခဲ့သည်။ ၁၈၅၄ ခုနှစ်မှစ၍ မြို့တော်ကို ဆခရာမန်းတိုးသို့ ပြောင်းရွှေ့ခဲ့ပြီး[၅၁] ၁၈၆၂ တွင်သာ ဆခရာမန်းတိုးတွင် ရေကြီးသဖြင့် ဆန်ဖရန်စစ္စကိုတွင် ဥပဒေပြုအစည်းအဝေးကို ကျင်းပခဲ့သည်။ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ညီလာခံမှ ပြည်နယ်ဖွဲ့စည်းပုံ​အခြေခံ ဥပဒေကို အဆုံးသတ် အတည်ပြုခဲ့ပြီးနောက် အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် ပြည်ထောင်စုသို့ ပြည်နယ်တစ်ခု အဖြစ်ဝင်ရောက်ရန် လျှောက်ထားခဲ့သည်။ ၁၈၅၀ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ၁၈၅၀ ခုနှစ် ညှိနှိုင်းမှု၏ တစိတ်တပိုင်း အရ ကယ်လီဖိုးနီးယားသည် လွတ်လပ်သောပြည်နယ် တစ်ခု ဖြစ်လာခဲ့သဖြင့် စက်တင်ဘာ ၉ ရက်သည် ကယ်လီဖိုးနီးယား၏ ပြည်နယ်ရုံးပိတ်ရက်နေ့ တစ်နေ့ ဖြစ်သည်။

အမေရိကန် ပြည်တွင်းစစ် (၁၈၆၁-၁၈၆၅) အတွင်း ကယ်လီဖိုးနီးယားသည် အရှေ့ဘက် ဝါရှင်တန်သို့ ရွှေများပေးပို့ခဲ့ပြီး ပြည်ထောင်စုတပ်အား ထောက်ခံခဲ့သည်။[၅၂] သို့သော်လည်း ပြည်နယ်အတွင်း တောင်ပိုင်းတပ်များကို ထောက်ခံသူများ အလွန်များပြားသဖြင့် ပြည်နယ်အနေနှင့် စစ်တပ် တပ်မကြီးများကို ယူနီယံ၏ စစ်ပွဲများတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ရန်အတွက် စေလွှတ်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း ပြည်ထောင်စုတပ်များအတွင်းရှိ တပ်ခွဲအချို့မှာ ကယ်လီဖိုနီးယားပြည်နယ်နှင့် ပတ်သက် ဆက်စပ်နေသည်။​ ဥပမာအားဖြင့် "ကယ်လီဖိုးနီးယား ၁၀၀" တပ်ရင်းတွင်ရှိသော တပ်သားအများစုမှာ ကယ်လီဖိုးနီးယားမှ ဖြစ်သည်။

ကယ်လီဖိုးနီးယားသည် ပြည်ထောင်စုသို့ ဝင်ရောက်ချိန်တွင် ကယ်လီဖိုးနီးယားမှ အခြားသော အမေရိကန်ပြည်ထောင်စု၏ အစိတ်အပိုင်းများသို့ ခရီးသွားရခြင်းသည် အချိန်ကုန်ပြီး အန္တရာယ်များသော အလုပ်တစ်ခု ဖြစ်သည်။ ၁၉ နှစ်ကြာပြီးနောက် ၁၈၆၉ခုနှစ် ပြည်တွင်းစစ် အဆုံးသတ်ပြီးခါစတွင် ပထမဆုံးအမေရိကတိုက်ဖြတ် ရထားလမ်းပြီးစီးပြီးနောက် ပို၍ တိုက်ရိုက်ဖြစ်သော လမ်းကိုတည်ဆောက်နိုင်ခဲ့သည်။ ကယ်လီဖိုးနီးယားသည် သွားရန် လွယ်ကူသော နေရာတစ်ခု ဖြစ်လာခဲ့သည်။

ပြည်နယ်၏ နေရာအတော်များများသည် သစ်သီးစိုက်ပျိုးရန်နှင့် ယေဘုယျအားဖြင့် စိုက်ပျိုးမွေးမြူရေး ပြုလုပ်ရန် သင့်လျော်သည်။ ဂျုံကို ကျယ်ပြန့်စွာ စိုက်ပြိုးကြပြီး အခြားသော ကောက်နှံပင်များ၊​ဟင်းသီးဟင်းရွက်များ၊ ဝါ၊​ ပဲနှင့် သစ်သီးပင်များ (ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ လိမ္မော်သီးများလည်း ပါဝင်သည်။)ကိုလည်း စိုက်ပျိုးကြကာ အလယ်တောင်ကြား နှင့် အခြားနေရာတို့တွင် ပြည်နယ်၏ ကြွယ်ဝလှသော စို်က်ပျိုးမွေးမြူရေးဆိုင်ရာ ထုတ်လုပ်မှုအတွက် အခြေခံအုတ်မြစ်ကို ချပေးနိုင်ခဲ့သည်။

ရှေးဦးနေ လူမျိုးများ

[ပြင်ဆင်ရန်]
မန်ဒိုချီနိုကောင်တီ၊ အူကီယားရှိ ပိုမိုလူမျိုးတို့၏ ရွာတစ်ရွာ ဖြစ်သော ယိုကာယို (၁၉၁၆)

အစောပိုင်း စပိန် နှင့် မက္ကဆီကိုတို့၏ အုပ်ချုပ်မှုအောက်တွင် ကယ်လီဖိုးနီးယား၏ မူလ ရှေးဦးနေ လူမျိုးများ၏ လူဦးရေမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကျဆင်းသွားခဲ့သည်။ အားလုံးထဲတွင် အဓိက အကြောင်းရင်းမှာ ၎င်းတို့သယ်ဆောင်လာသော ကယ်လီဖိုးနီးယားရှိ လူမျိုးတို့အတွက် သဘာဝအလျောက် ခုခံအား မရှိသော ယူရေးရှားမှ ရောဂါများကြောင့် ဖြစ်သည်။ [၅၃] အမေရိကန်အုပ်ချုပ်မှု အသစ်အောက်တွင်လည်း ရှေးဦးနေ လူမျိုးတို့အတွက် ကယ်လီဖိုးနီးယား၏ ပြင်းထန်သော အစိုးရ ပေါ်လစီများသည် တိုးတက်မလာခဲ့ပေ။ အခြားသော အမေရိကန် ပြည်နယ်များ နည်းတူ ဒေသရင်း ရှေးဦးနေ လူမျိုးတို့သည် ဝင်ရောက်လာသော အမေရိကန် အခြေချနေထိုင်သူများ ဖြစ်သည့် သတ္တုတွင်းတူးသူများ၊​ ကျွဲနွားမွေးမြူသူများ နှင့် လယ်သမားများမှ ၎င်းတို့၏ မြေများမှ အတင်းအကြပ် ပြောင်းရွှေ့စေခြင်း ခံရသည်။ ကယ်လီဖိုးနီးယားသည် အမေရိကန်ပြည်ထောင်စုသို့ လွတ်လပ်သော ပြည်နယ်တစ်ခု အနေနှင့် ဝင်ရောက်ခဲ့သော်လည်း လှည့်လည်သွားလာနေသော သို့မဟုတ် အထီးတည်းဖြစ်နေသာ ရက်အင်ဒီးယန်းများမှာ အန်ဂလို-အမေရိကန် သခင်အသစ်များ၏ ကျွန်ပြုမှုကို ၁၈၅၃ ခုနှစ် အစိုးရ နှင့် အင်ဒီးယန်းများကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အောက်တွင် ခံခဲ့ကြရသည်။ ထို့ပြင် ရှေးဦးနေ လူမျိုး ရာချီ အသတ်ခံရသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများလည်း ဖြစ်ပွားခဲ့သည်။

၁၈၅၀ ခုနှစ်နှင့် ၁၈၆၀ ခုနှစ်ကြားတွင် ကယ်လီဖိုးနီးယား အစိုးရသည် ဒေါ်လာ ၁.၅ သန်း (၂၅၀,၀၀၀ ခန့်မှာ ဖက်ဒရယ်အစိုးရမှ ပေးခြင်း ဖြစ်သည်။) [၅၄] ကို အသုံးပြု၍​ ကြေးစားစစ်သားများကို ငှားရမ်းကာ ၎င်းတို့၏ အလုပ်မှာ အခြေချနေထိုင်သူများအား ရှေဦးနေ လူမျိုးတို့၏ ရန်မှ ကာကွယ်ရန် အတွက် ဖြစ်သည်။ နောင် ဆယ်စုနှစ်များတွင် ဒေသရင်း လူတို့အား ထိန်းသိမ်းရေးနယ်မြေများ နှင့် ရန်ချယ်ရီးယပ်စ် ခေါ် အခြေချ နေထိုင်ရာ နေရာများတွင် ထားရှိခဲ့ကြပြီး ထိုနေရာများမှာ သေးငယ်၍ တသီးတခြား ဖြစ်ပြီး သဘာဝ အရင်းအမြစ် အလုံအလောက် မရှိသည့်အပြင် ထိုဒေသတွင် နေထိုင်သူတို့ အသက်ဆက်ရန် အတွက် အစိုးရမှ ထောက်ပံ့ခြင်း လည်း မရှိပေ။ အကျိုးဆက်အားဖြင့် ကယ်လီဖိုးနီးယား တိုးတက်လာခြင်းသည် ဒေသရင်း နေထိုင်သူတို့အတွက် မုန်တိုင်းကြမ်း တစ်ခုသာ ဖြစ်သည်။ အချို့သော ပညာရှင်များနှင့် ဒေသရင်း အမေရိကန် တက်ကြွလှုပ်ရှားသူများ ဖြစ်သည့် ဘင်ဂျမင် မက်ဒလေ နှင့် အက်ဒ် ကက်စတီလိုတို့မှ ကယ်လီဖိုးနီးယား အစိုးရ၏ ဆောင်ရွက်မှုများကို လူမျိုးတုန်းသတ်ဖြတ်မှုဟု ဖော်ပြခဲ့သည်။[၅၅]

၁၉၀၀ မှ ယနေ့ခေတ်

[ပြင်ဆင်ရန်]
ဟောလိဝုဒ် ရုပ်ရှင် စတူဒီယိုများ ၊​၁၉၂၂

နှစ်ဆယ်ရာစုအတွင်းတွင် ဂျပန်လူမျိုး ထောင်ပေါင်းများစွာတို့သည် အမေရိကန်ပြည်ထောင်စု သို့ ပြောင်းရွှေ့လာကြပြီး ကယ်လီဖိုးနီးယားသို့ ပြည်နယ်အတွင်း မြေဝယ်ယူရန် ရောက်ရှိလာခဲ့ကြသည်။ သို့သော်လည်း ပြည်နယ်အနေနှင့် ၁၉၁၃ ခုနှစ်တွင် နိုင်ငံခြားသားမြေယာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အာရှသားပြောင်းရွှေ့လာသူများ မြေပိုင်ဆိုင်မှုကို တားမြစ်ခဲ့သည်။[၅၆] ဒုတိယကမ္ဘာစစ် အတွင်းတွင် ဂျပန်လူမျိုး အမေရိကန်နိုင်ငံသားတို့အား တူးလီးလိတ်ခ် နှင့် မန်ဇာနာ အစရှိသော အကျဉ်းစခန်းများတွင် ချုပ်နှောင်ထားခဲ့သည်။.[၅၇] ၂၀၂၀ ခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်မှ ထိုသို့ ချုပ်နှောင်ခဲ့ခြင်းအား တရားဝင် ဝန်ချ တောင်းပန်ခဲ့သည်။ [၅၈]

၂၀ ရာစုအစောပိုင်းတွင် အဓိက အမေရိကတိုက်ဖြတ် အဝေးပြေးလမ်းမများ ဖြစ်ကြသော လင်ကွန်းအဝေးပြေးလမ်း နှင့် အဝေးပြေးလမ်း ၆၆ တို့ ပြီးစီးပြီးနောက် ကယ်လီဖိုးနီးယားသို့ ရွှေ့ပြောင်းနေထိုင်မှု အရှိန်အဟုန်မြင့်လာခဲ့သည်။ ၁၉၀၀ မှ ၁၉၆၅ အတွင်းတွင် လူဦးရေသည် တစ်သန်းအောက် ရှိရာမှ ပြည်ထောင်စုတစ်ခုလုံးတွင် အများဆုံး ဖြစ်လာခဲ့သည်။ ၁၉၄၀ ခုနှစ်တွင် လူဦးရေစာရင်းဗျူရို၏ အစီရင်ခံစာအရ ကယ်လီဖိုးနီးယားလူဦးရေတွင် စပိန် ၆.၀% ၊ အာရှသား ၂.၄% နှင့် စပိန်မဟုတ်သူ လူဖြူ ၈၉.၅% ရှိသည်။[၅၉]

လူဦးရေအရ လိုအပ်ချက်ကို ဖြည့်ဆည်းရန် အဓိက အင်ဂျင်နီယာဆိုင်ရာ ပရော့ဂျက်များ ဖြစ်ကြသော ကယ်လီဖိုးနီးယား ရေသယ်မြောင်း နှင့် လော့အိန်ဂျယ်လိစ် ရေသယ်မြောင်း၊​အိုရိုဗေးဆည် နှင့် ရှာစတာဆည်၊ ဆန်ဖရန် စစ္စကို-အော့ကလန် ပင်လယ်အော်တံတား နှင့် ဂိုးလ်ဒင်းဂိတ် တံတား စသည်တို့ကို ပြည်နယ်တဝှမ်းတွင် တည်ဆောက်ခဲ့ကြသည်။ ပြည်နယ်အစိုးရမှ အဆင့်မြင့်ပညာရေး နှင့် ပတ်သက်၍ ကယ်လီဖိုးနီးယား၏ မာစတာ ပလန် ကို ၁၉၆၀ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ပြီး အများပြည်သူဆိုင်ရာ ပညာရေးနှင့် ပတ်သက်၍ အလွန်စွမ်းအားပြည့်ဝသော စနစ်ကို တည်ထောင်ရန် အတွက် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် မပြင်းထန်သော မြေထဲပင်လယ် ရာသီဥတု၊ ဈေးပေါသောမြေ နှင့် ပြည်နယ်အတွင်းရှိ အမျိုးမျိုးသော ပထဝီ အနေအထားတို့ကြောင့် ရုပ်ရှင်ထုတ်လုပ်သူများသည် ၁၉၂၀ ခုနှစ်များ အတွင်း၌ စတူဒီယို စနစ်များကို စတင်တည်ထောင်ခဲ့ကြသည်။ ကယ်လီဖိုးနီးယားသည် ဒုတိယကမ္ဘာစစ် အတွင်း အမေရိကန်ပြည်ထောင်စု၏ စစ်လက်နည်ပစ္စည်း ၈.၇% ကို ထုတ်လုပ်ခဲ့ပြီး ပြည်နယ် ၄၈ ခုတွင် နယူးယောက် နှင့် မီရှီဂန်တို့၏ နောက် တတိယနေရာမှ လိုက်သည်။[၆၀]သို့သော်လည်း ကယ်လီဖိုးနီးယားသည် စစ်အတွင်း စစ်ဘက်ဆိုင်ရာ သင်္ဘောများ (သယ်ယူပို့ဆောင်ရေး၊ ကုန်တင်သင်္ဘောနှင့် ကုန်သည်သင်္ဘောများ ဖြစ်သော လစ်ဘာတီသင်္ဘော နှင့် ဗစ်ထရီသင်္ဘော တို့အပြင် စစ်သင်္ဘောများ) ထုတ်လုပ်ရာ၌ ပထမနေရာတွင် ရှိပြီး ဆန်ဒီယေးဂိုး၊ လော့စ်အိန်ဂျယ်လိစ် နှင့် ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသ ရှိ ကုန်းတွင်း သင်္ဘောကျင်းများတွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။[၆၁][၆၂][၆၃][၆၄] ဒုတိယကမ္ဘာစစ် အပြီးတွင် လေကြောင်းအာကာသ နှင့် ကာကွယ်ရေးပစ္စည်း လုပ်ငန်း တို့ကြောင့် ကယ်လီဖိုးနီးယား၏ စီးပွားရေးသည် များစွာ တိုးတက်လာခဲ့ပြီး[၆၅] စစ်အေးတိုက်ပွဲ အပြီးတွင်မူ ၎င်းတို့၏ ပမာဏမှာ လျော့ကျလာခဲ့သည်။[၆၅][၆၆] စတန်းဖို့ဒ် တက္ကသိုလ် နှင့် အင်ဂျင်နီယာဌာန၏ အကြီးအမှူး ဖရက်ဒရစ် တာမန်း တို့မှ မဟာဌာနများ နှင့် ဘွဲ့ရများကို ပြည်နယ်မှ ထွက်ခွာမည့် အစား ကယ်လီဖိုးနီးယားတွင် ဆက်လက်နေထိုင်ရန် တိုက်တွန်းခဲ့ပြီး ဆီလီကွန်တောင်ကြားဟု ခေါ်သော မြင့်မားသည့် နည်းပညာဒေသ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။[၆၇] ထိုသို့သော ကြိုးစားအားထုတ်မှုများ၏ ရလဒ် အနေနှင့် ကယ်လီဖိုးနီးယားသည် တကမ္ဘာလုံးရှိ ဖျော်ဖြေရေးနှင့် ဂီတ လုပ်ငန်းတို့၏ ဗဟိုဌာန ဖြစ်လာခဲ့ပြီး နည်းပညာ၊ အင်ဂျင်နီယာနှင့် လေကြောင်းအာကာသ လုပ်ငန်းတို့၏ ဗဟိုဌာန ဖြစ်လာကာ အမေရိကန်ပြည်ထောင်စု၏ စိုက်ပျိုးမွေးမြူရေး ဗဟိုဌာန ဖြစ်လာခဲ့သည်။.[၆၈] ဒေါ့ကွန်း အင်တာနက်ကုမ္ပဏီများ ဈေးထိုးကျမှု မတိုင်မီက ကယ်လီဖိုးနီးယားသည် ကမ္ဘာပေါ်ရှိ နိုင်ငံများနှင့် ယှဉ်ပါက ပဉ္စမမြောက် အကြီးဆုံး စီးပွားရေး အဖြစ် တည်ရှိခဲ့သည်။[၆၉] သို့သော်လည်း ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် ၁၉၈၀ နှောင်းပိုင်း ကယ်လီဖိုးနီးယားတစ်ခုလုံးတွင် ၁၉၉၁ မှစ၍ နှစ်အများစုတွင် အခြေချနေထိုင်သူ လူဦးရေ အနှုတ်ပြလာခဲ့သည်။ ထိုအကြောင်းအရာကို မီဒီယာများမှ ကယ်လီဖိုးနီးယား မှ အစုလိုက်အပြုံလိုက်ထွက်ခွါမှုဟု ရည်ညွှန်းလေ့ ရှိကြသည်။.[၇၀]

ဆီလီကွန်တောင်ကြား မွေးဖွားရာ ဂိုဒေါင်။ ထိုနေရာတွင် စတန်းဖို့ဒ် တက္ကသိုလ် ဘွဲ့ရများ ဖြစ်ကြသော ဝီလီယမ် ဟျူးလက် နှင့် ဒေးဗစ် ပက်ကက်တို့မှ သူတို့၏ ပထမဆုံး ထုတ်ကုန်ကို ၁၉၃၀ ခုနှစ်များတွင် စတင်အကောင်အထည်ဖော်ခဲ့ကြသည်။

နှစ်ဆယ်ရာစု၏ အလယ်ပိုင်းနှင့် နှောင်းပိုင်းတို့တွင် ပြည်နယ်အတွင်း လူမျိုးရေးနှင့် ပတ်သက်သော အဓိကရုဏ်းများ တစ်ကြိမ်ထက်မက ဖြစ်ပွားခဲ့သည်။ ရဲများနှင့် အာဖရိက အမေရိကန်တို့အကြား တင်းမာမှုသည် အလုပ်လက်မဲ့ပြဿနာ နှင့် ဆင်းရဲမွဲတေမှုတို့နှင့် ပေါင်းစပ်ကာ ၁၉၆၅ ခု ဝပ် အဓိကရုဏ်းနှင့် ၁၉၉၂ ခုနှစ် ရော့ဒနီကင်း အဓိကရုဏ်း အစရှိသော ကြမ်းတမ်းသော အဓိကရုဏ်းများ ဖြစ်လာစေခဲ့သည်။ [၇၁][၇၂] ကယ်လီဖိုးနီးယားသည် သစ်နက်ပါတီ၏ ဗဟိုဌာန ဖြစ်လာခဲ့ပြီး ထိုအဖွဲ့မှာ အာဖရိက အမေရိကန်တို့အား လူမျိုးရေး မတရားမှုများ အတွက် ဖြေရှင်းတိုက်ခိုက်ရန် လက်နက်တပ်ဆင်ပေးသော အဖွဲ့ဖြစ်သည်။[၇၃] ထို့ပြင် မက္ကဆီကို၊ ဖိလစ်ပိုင်နှင့် အခြား ရွှေ့ပြောင်း လယ်ယာအလုပ်သမားများသည် ဆီဇာ ရှားဗက်ဇ် ၏ ဦးဆောင်မှုဖြင့် ၁၉၆၀ ခုနှစ်များနှင့် ၁၉၇၀ ခုနှစ်များအတွင်း လခပိုမိုရရှိရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။[၇၄]

၂၀ရာစုအတွင်း ကယ်လီဖိုးနီးယားတွင် ကပ်ဆိုက်မှုကြီးနှစ်ခု ဖြစ်ပွားခဲ့သည်။ ၁၉၀၆ ခုနှစ် ဆန်ဖရန်စစ္စကို ငလျင်နှင့် ၁၉၂၈ ခုနှစ် စိန့်ဖရန်စစ် ဆည် ရေကြီးမှုတို့သည် အမေရိကန်သမိုင်းတွင် အသေအပျောက်အများဆုံး ကပ်ဆိုက်မှု အဖြစ် ရှိနေဆဲဖြစ်သည်။[၇၅]

လေထုညစ်ညမ်းမှု ပြဿနာများကို လျှော့ချနိုင်ခဲ့သော်လည်း လေထုညစ်ညမ်းမှုနှင့် ဆက်စပ်သော ကျန်းမာရေး ပြဿနာများမှာ ဆက်လက်ဖြစ်ပွားဆဲ ဖြစ်သည်။ မော်တော်ကား အိတ်ဇောပိုက်များနှင့် ပတ်သက်သော ဖက်ဒရယ် အဆင့်နှင့် ပြည်နယ်အဆင့် ကန့်သတ်မှု ဥပဒေများ ထုတ်ပြန်ပြီးနောက်တွင် စမောက် ဟု သိကြသော အညိုရောင် မြူများသည် သိသာစွာ လျော့ကျသွားခဲ့သည်။ [၇၆][၇၇]

၂၀၀၁ ခုနှစ် စွမ်းအင် အကျပ်အတည်းကြောင့် မီးအလှည့်ကျ ပြတ်တောက်မှုများ၊ ဓာတ်အားခမြင့်တက်မှုများနှင့် အနီးအနားပြည်နယ်များမှ ဓာတ်အားတင်သွင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့အတွက်ကြောင့် ကယ်လီဖိုးနီးယား တောင်ပိုင်း အက်ဒီဆင် ကုမ္ပဏီနှင့် ပစိဖိတ် ဓာတ်ငွေ့နှင့် လျှပ်စစ် ကုမ္ပဏီတို့မှာ ပြင်းထန်စွာ ဝေဖန်ခံခဲ့ရသည်။[၇၈]

မြို့ပြဒေသများတွင် အိမ်ဈေးမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ၁၉၆၀ ခုနှစ်တွင် ဒေါ်လာ ၂၅,၀၀၀ တန်သော အသင့်အတင့်ရှိသော မြို့ပြဒေသရှိအိမ်မှာ ၂၀၀၅ ခုနှစ်တွင် ဒေါ်လာ ၅ သိန်းနှင့် အထက် ဈေးပေါက်သည်။ လူအများအပြားမှာ ပိုမို၍ ကျေးလက်ကျသော ဒေသများတွင် နေထိုင်ခြင်းဖြင့် အိမ်ဝယ်နိုင်ကြပြီး အလုပ်သို့ အချိန်ကြာရှည်စွာ သွားလာကြကာ မြို့ပြဒေသများတွင် မြင့်မားသော လခဖြင့် အလုပ်လုပ်ကြသည်။ ဈေးကစားသူများမှာ နေထိုင်ရန် စိတ်ကူးမရှိသော်လည်း အိမ်များကို ဝယ်ယူကြပြီး လပိုင်းအတွင်းတွင် အမြတ်အစွန်း များစွာ ရှာဖွေနိုင်ကြကာ ထိုငွေကြေးကို အသုံးပြု၍ အိမ်ခြံမြေများထပ်၍ ဝယ်ယူကြသည်။ အိမ်အတွက် ငွေချေးငှားသော ကုမ္ပဏီများမှာ ဥပဒေအတိုင်း လိုက်နာကြသော်လည်း လူတိုင်းသည် အိမ်ဈေးထပ်၍ တက်မည်ဟု ယူဆကြသည်။ ၂၀၀၇-၈ ခုနှစ်တွင် အိမ်ခြံမြေပူပေါင်း ပေါက်ကွဲခဲ့ပြီး အိမ်ဈေးထိုးကျကာ အိမ်ဈေးတက်သော ကာလ ကုန်ဆုံးခဲ့သည်။ အိမ်ခြံမြေတန်ဖိုး ဘီလီယံပေါင်း ရာချီ၍ ပျောက်ကွယ်သွားခဲ့ပြီး ဘဏ်များမှ အိမ်ခြံမြေ သိမ်းဆည်းမှုများ များပြားလာခဲ့ကာ ငွေကြေးအဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံသူများမှာ အကြီးအကျယ် ထိခိုက်ခဲ့သည်။[၇၉][၈၀]

၂၁ရာစုအတွင်း ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်ပွားသော မိုးခေါင်ရေရှားမှုများနှင့် မကြာခဏ တောမီးလောင်မှုများ ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည်။[၈၁][၈၂] ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အစဉ်တစိုက် ဖြစ်ပွားသော မိုးခေါင်ရေရှားမှုမှာ သမိုင်းတင်ပြီးကာလ အတွင်း အဆိုးရွားဆုံး ဖြစ်သည်။[၈၃]၂၀၁၈ ခုနှစ် တောမီးလောင်သည့် ရာသီမှာ ပြည်နယ်အတွက် အသေအပျောက်အများဆုံးနှင့် ပျက်စီးဆုံးရှုံးမှုအများဆုံး ဖြစ်သည်။[၈၄]

ပထဝီဝင်

[ပြင်ဆင်ရန်]
ကယ်လီဖိုးနီးယား၏ မြေပြင်အသွင်ပြ မြေပုံ
ဘစ်ဆား ကမ်းရိုးတန်း၊ မွန်တာရေး၏ တောင်ဘက် ဘစ်စဘီတံတား
ယိုဆဲမတီး အမျိုးသားဥယျာဉ်
ဂျိုရှုဝါသစ်ပင် အမျိုးသားဥယျာဉ်အတွင်းရှိ Cylindropuntia bigelovii

ကယ်လီဖိုးနီးယားပြည်နယ်သည် အမေရိကန်ပြည်ထောင်စုတွင် အလက်စကာပြည်နယ် နှင့် တက္ကဆပ်ပြည်နယ်တို့ပြီးလျှင် ဧရိယာအနေနှင့် တတိယမြောက် အကြီးဆုံး ဖြစ်သည်။ [၈၅]ကယ်လီဖိုးနီးယားသည် ပထဝီအနေအထားအရ ဒေသနှစ်ခု အနေနှင့် ပိုင်းခြားထားသည်။ ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် တောင်ဘက်ဆုံး ကောင်တီ ၁၀ ခုပါဝင်ပြီး[၈၆][၈၇] ကယ်လီဖိုးနီးယားမြောက်ပိုင်းတွင် မြောက်ဘက်အကျဆုံး ကောင်တီ ၄၈ ခုပါဝင်သည်။[၈၈][၈၉] မြောက်ဘက်တွင် အိုရီဂွန်ပြည်နယ်၊ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်တွင် နီဗားဒါးပြည်နယ်၊ အနောက်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာနှင့် တောင်ဘက်တွင် မက္ကဆီကိုနိုင်ငံ၏ ပြည်နယ် ဘာဂျာကယ်လီဖိုးနီးယားနှင့် နိုင်ငံတကာနယ်နိမိတ် ထိစပ်နေသည်။ (၎င်းတို့နှစ်ခု ပေါင်းစ၍ မြောက်အမေရိက၏ ကယ်လီဖိုးနီးယားဒေသ အဖြစ်တည်ရှိပြီး ဘာဂျာကယ်လီဖိုးနီးယား ဆာ လည်း အပါအဝင်ဖြစ်သည်။

ပြည်နယ်၏ အလယ်ပိုင်းတွင် ကယ်လီဖိုးနီးယား အလယ်ပိုင်းချိုင့်ဝှမ်း တည်ရှိပြီး အရှေ့ပိုင်းတွင် ဆီးရားနီဗားဒါးတောင်တန်း၊ အနောက်ပိုင်းတွင် ကမ်းရိုးတန်းတောင်တန်းများ၊ မြောက်ဘက်တွင် ကက်စကိတ်တောင်တန်းများနှင့် တောင်ပိုင်းတွင် တီဟာချာပီတောင်တန်းများက ဝိုင်းရံထားသည်။ ကယ်လီဖိုးနီးယား၏ အလယ်ပိုင်းချိုင့်ဝှမ်းမှာ အထွက်ကောင်းသော စိုက်ပျိုးမွေးမြူရေး နှလုံးသည်းပွတ်ဒေသပင် ဖြစ်သည်။

ဆေခရာမန်တို-ဆန် ဝါကင် မြစ်ဝကျွန်းပေါ်မှ နှစ်ပိုင်းပိုင်းခြားထားသောအပိုင်း၏ မြောက်ပိုင်းဖြစ်သည် ဆေခရာမန်တို ချိုင့်ဝှမ်းသည် ဆေခရာမန်တိုမြစ်၏ ရေဝေကြောအဖြစ် တည်ရှိပြီး တောင်ပိုင်းဖြစ်သော ဆန်ဝါကင် ချိုင့်ဝှမ်းသည် ဆန်ဝါကင်မြစ်၏ ရေဝေကြော အဖြစ် တည်ရှိသည်။ ချိုင့်ဝှမ်းနှစ်ခုစလုံးသည် ၎င်းတို့အတွင်း ဖြတ်သန်းစီးဆင်းစော မြစ်များ၏ အမည်ကို အစွဲပြု၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်။ သောင်တူးလုပ်ငန်းများ ဆောင်ရွက်နေသဖြင့် ဆေခရာမန်တိုနှင့် ဆန်ဝါကင် မြစ်တို့သည် ကုန်းတွင်း မြို့အချို့ကို ဆိပ်ကမ်းမြို့များအဖြစ် တည်ရှိစေရန် လုံလောက်သော ရေအနက် ရှိနေဆဲပင် ဖြစ်သည်။

ဆေခရာမန်တို ဆန်ဝါကင် မြစ်ဝကျွန်းပေါ်ဒေသသည် ပြည်နယ်အတွက် အရေးပါသော ရေပေးဝေသည့် အသက်သွေးကြောတစ်ခု ဖြစ်သည်။ ရေများကို မြစ်ဝကျွန်းပေါ်မှ ကျယ်ပြန့်စွာချိတ်ဆက်ထားသော ရေပန့်များ နှင့် တူးမြောင်းများ ကွန်ယက်ကို ဖြတ်သန်း၍ လမ်းကြောင်းလွှဲ သယ်ပို့သည်မှာ ပြည်နယ်တစ်ခုလုံး၏ အရှည်နီးပါးပင် ဖြစ်ပြီး အလယ်ပိုင်း ချိုင့်ဝှမ်းသို့ လည်းကောင်း၊ ပြည်နယ်၏ ရေစီမံကိန်းများသို့ လည်းကောင်း၊ အခြားလိုအပ်ချက်များကို ဖြည့်ဆည်းရန် အတွက်လည်းကောင်း အသုံးပြုသည်။ မြစ်ဝကျွန်းပေါ်ဒေသမှ ရေသည် ပြည်နယ်လူဦးရေ၏ သုံးပုံနှစ်ပုံနီးပါးဖြစ်သော လူဦးရေ ၂၃ သန်းအတွက် သောက်သုံးရေ အဖြစ် ပံ့ပိုးပေးပြီး ဆန်ဝါကင် ချိုင့်ဝှမ်းအနောက်ဘက်မှ လယ်သမားများအတွက်လည်း အသုံးဝင်စေသည်။

ဆူးဆန်းပင်လယ်အောင်သည် ဆေခရာမန်တိုနှင့် ဆန်ဝါကင်မြစ်တို့၏ မြစ်ဆုံတွင် တည်ရှိသည်။ ရေများသည် ကာကီးနက်ဇ် ရေလက်ကြားသို့ စီးဝင်ပြီး ၎င်းသည် ဆန်ဖရန်စစ္စကို ပင်လယ်အော်၏ မြောက်ဘက်ပိုင်းဖြစ်သော ဆန်ပါဘလို ပင်လယ်အော်သို့ စီးဝင်သည်။ ထိုမှတဆင့် ပစိဖိတ်သမုဒ္ဒရာနှင့် ဂိုဒင်းဂိတ်ရေလက်ကြားဖြင့် ဆက်သွယ်နေသည်။

ချန်နယ်ကျွန်းများသည် တောင်ပိုင်းကမ်းရိုးတန်းတွင် တည်ရှိပြီး ဖယ်ရယ်လွန်ကျွန်းများသည် ဆန်ဖရန်စစ္စကို၏ အနောက်ဘက်တွင် တည်ရှိသည်။

ဆီးရားနီဗားဒါး (စပိန်ဘာသာဖြင့် "နှင်းဖုံးသော တောင်တန်းများ") တွင် တဆက်တည်းဖြစ်သော ပြည်နယ် ၄၈ ခုတွင် အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ဝှစ်တနီတောင် ပါဝင်ပြီး ၁၄,၅၀၅ ပေ (၄,၄၂၁ မီတာ) မျှ မြင့်မားသည်။ [၉၀][၉၁][၉၂] ထိုတောင်တန်းများတွင် ရေခဲများဖြင့် ဖုံးလွှမ်းနေသောတောင်ထိပ်များကြောင့် ထင်ရှားသည့် ယိုဆဲမတီးတောင်ကြား ပါဝင်ပြီး ကမ္ဘာပေါ်တွင်အကြီးမားဆုံး အပင်ဖြစ်သည့် ဆီကွိုင်းယားပင် များ ရှိသည့် ဆီကွိုင်းယားအမျိုးသားဥယျာဉ်လည်းရှိကာ ပြည်နယ်အတွင်း ထုထည်အားဖြင့် အကြီးဆုံးဖြစ်သည့် နက်ရှိုင်းသောရေချိုရေကန်တစ်ခုဖြစ်သော တာဟိုးကန်လည်း ပါဝင်သည်။

ဆီးရားနီဗာဒါး၏ အရှေ့ဘက်တွင် အိုဝင်တောင်ကြားနှင့် မိုနိုကန်တို့ရှိပြီး ရွှေ့ပြောင်းငှက်တို့အတွက် မရှိမဖြစ် စားကျက်တစ်ခု ဖြစ်သည်။ ပြည်နယ်၏ အနောက်ပိုင်းတွင် ကယ်လီဖိုးနီးယားပြည်နယ်အတွင်း ဧရိယာအားဖြင့် အကြီးမားဆုံး ရေချိုရေကန်ဖြစ်သည့် ကလီးယားကန် ရှိသည်။ တာဟိုးကန်သည် ပို၍ ကြီးမားသော်လည်း ၎င်းသည် ကယ်လီဖိုးနီးယားနှင့် နီဗားဒါး နယ်စပ်က ပိုင်းခြားထားသည်။ ဆီးရားနီဗားဒါးသည် ဆောင်းရာသီတွင် အာတိတ်ဒေသ အပူချိန်ရှိပြီး ဒါဇင်အနည်းငယ်မျှရှိသည့် သေးငယ်သော ရေခဲမြစ်များ ရှိပြီး အမေရိကန်ပြည်ထောင်စု၏ တောင်ဘက်အကျဆုံး ရေခဲမြစ်ဖြစ်သည့် ပါလူဆိတ် ရေခဲမြစ်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

တူးလဲရီကန်သည် မစ္စစ္စမီမြစ်၏ အနောက်ဘက်တွင် အကြီးမားဆုံးသော ရေချိုကန်တစ်ခုဖြစ်သည်။ ရေခဲခေတ်မှ ကော်ကိုရန်ကန်၏ လက်ကျန်ဖြစ်သော တူးလဲရီရေကန်သည် ၂၀ရာစု အစောပိုင်းတွင် ၎င်းသို့စီးဝင်သော မြစ်လက်တက်များကို စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဆည်မြောင်းအသုံးချမှုနှင့် စည်ပင်ရေပေးဝေရေး အသုံးပြုမှုတို့ကြောင့် ခမ်းခြောက်သွားခဲ့သည်။ [၉၃]

ပြည်နယ်၏ မြေမျက်နှာပြင်ဧရိယာ၏ ၄၅ ရာခိုင်နှုန်းမှာ သစ်တောများဖြင့် ဖုံးလွှမ်းထားပြီး [၉၄] ကယ်လီဖိုးနီးယားတွင်ရှိသော ထင်းရှူးမျိုးစိတ်များ၏ အမျိုးအစားကွဲပြားမှုမှာ အခြားမည်သည့်ပြည်နယ်မှ မယှဉ်နိုင်ပေ။ ကယ်လီဖိုးနီးယားသည် အလက်စကာပြည်နယ်မှ အပ အခြားပြည်နယ်များထက် ပို၍ သစ်တောထူထပ်သည်။ ကယ်လီဖိုးနီးယား ဝှိုက်တောင်ကုန်းများရှိ သစ်ပင်အများစုမှာ ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံးဖြစ်ပြီး ဘရစ်စတယ်ကုန်းထင်းရူးပင် တစ်ပင်မှာ နှစ် ၅,၀၀၀ ကျော် သက်တမ်းရှိသည်။ [၉၅][၉၆]

တောင်ပိုင်းတွင် ကုန်းတွင်းပိုင်းရှိ ကြီးမားသော ရေငံရေကန်ဖြစ်သည့် ဆော်လတန်ပင်လယ် ရှိသည်။ တောင်ဘက်အလယ်ပိုင်းရှိ သဲကန္တာကို မိုဟာဗီသဲကန္တာရဟု ခေါ်တွင်သည်။ မိုဟာဗီ၏ အရှေ့မြောက်ဘက်တွင် သေမင်းချိုင့်ဝှမ်းရှိပြီး ၎င်းတွင် မြောက်အမေရိကရှိ အနိမ့်ဆုံးနှင့် အပူဆုံးနေရာဖြစ်သည့် −၂၇၉ ပေ (−၈၅ မီတာ)မျှ နိမ့်သည့် ဘက်ဝါးတားချိုင့်ဝှမ်း ပါဝင်သည်။ [၉၇] သေမင်းချိုင့်ဝှမ်းမှ ဝှစ်တနီတောင်ထိပ်သို့ ဒေါင်လိုက်တိုင်းမည်ဆိုပါက ၉၀ မိုင် (၁၄၀ ကီလိုမီတာ) ထက်နည်းသည်။ တကမ်တမ်းတွင်တော့ ကယ်လီဖိုးနီးယား၏ အရှေ့တောင်ပိုင်းသည် ခြောက်သွေ့ပြီး ပူပြင်းသော ကန္တာရဖြစ်ကာ နွေရာသီအတွင်း အလွန်မြင့်မားသည် အပူချိန် အမြဲရှိတတ်သည်။ ကယ်လီဖိုးနီးယား၏ အရှေ့တောင်ဘက် နယ်နိမိတ်ဖြစ်သော ကော်လိုရာဒိုပြည်နယ်နှင့် ထိစပ်နေသော နေရာမှာ ကော်လိုရာဒိုမြစ်ဖြင့် ပိုင်းခြားထားပြီး ပြည်နယ်တောင်ပိုင်းသည် ၎င်းတို့၏ သောက်သုံးရေ တစ်ဝက်ခန့်ကို ထိုမြစ်မှ ရရှိသည်။

ကယ်လီဖိုးနီးယားရှိ မြို့တော်အများစုမှာ ကယ်လီဖိုးနီးယားမြောက်ပိုင်းရှိ ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသ သို့မဟုတ် ဆေခရာမန်တို မက်ထရိုပိုလစ်တန်ဒေသတွင် လည်းကောင်း၊ ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ လော့အိန်ဂျယ်လိစ်ဒေသ၊ ရေးဗားဆိုက်-ဆန်ဘာနာဒီနို-အင်လန်း အင်ပိုင်ယာဒေသ သို့မဟုတ် ဆန်ဒီယေးဂိုး မက်ထရိုပိုလစ်တန်ဒေသ တို့တွင် လည်းကောင်းတည်ရှိသည်။ လော့အိန်ဂျယ်လိစ်ဒေသ၊ ပင်လယ်အော်ဒေသ နှင့် ဆန်ဒီယေးဂိုး မက်ထရိုပိုလစ်တန်ဒေသတို့မှ ကယ်လီဖိုးနီးယားကမ်းရိုးတန်းတွင်ရှိသော အဓိက မက်ထရိုပိုလစ်တန်ဒေသအများအပြားတွင် ပါဝင်သည်။

ပစိဖိတ်မီးကွင်းဒေသတွင် ပါဝင်သဖြင့် ကယ်လီဖိုးနီးယားတွင် ဆူနာမီများ၊ ရေကြီးမှုများ၊ မိုးခေါင်ရေရှားမှုများ၊ ဆန်တာအနာ လေတိုက်ခတ်မှုများ၊ တောမီးလောင်ကျွမ်းမှုများ၊ မတ်စောက်သောဒေသတွင် မြေပြိုကျမှုများ စသည်ဖြင့် ဖြစ်ပွားလေ့ ရှိပြီး မီးတောင်အချို့လည်း ရှိသည်။ ပြည်နယ်အတွင်း ပြတ်ရွေ့အချို့ ဖြတ်သန်းသွားသဖြင့် ငလျင်လှုပ်မှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။ အကြီးဆုံး ပြတ်ရွေ့မှာ ဆန်ဒန်ဒရီးယပ်စ်ပြတ်ရွေ့ ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ငလျင်လှုပ်မှု ၃၇,၀၀၀ မျှ မှတ်တမ်းရှိသော်လည်း အများစုမှ ခံစားသိရှိနိုင်မှု ရှိအောင် မပြင်းထန်ပေ။[၉၈]

ရာသီဥတု

[ပြင်ဆင်ရန်]
ကယ်လီဖိုးနီးယားရှိ ကော့(ခ်)ပန်ရာသီဥတု အမျိုးအစားများ

ပြည်နယ်၏ နေရာအတော်များများတွင် မြေထဲပင်လယ်ရာသီဥတု ရှိသော်လည်း ပြည်နယ်၏ ကြီးမားသော အရွယ်အစားကြောင့် ဝင်ရိုးစွန်း ရာသီဥတုမှ အပူပိုင်းဆန်သော ရာသီဥတုအထိ အမျိုးမျိုး ကွဲပြားသည်။ အေးမြသော ကမ်းလွန် ကယ်လီဖိုးနီးယား ရေစီကြောင်းသည် ကမ်းရိုးတန်းအနီး မြူများကို မကြာခဏ ဖြစ်ပေါ်စေသည်။ ကုန်းတွင်းပိုင်းသို့ ပိုမို ရောက်ရှိသောအခါတွင် ပိုမိုအေးမြသော ဆောင်းရာသီနှင့် ပိုမိုပူပြင်းသော နွေရာသီတို့ကို ဖြစ်ပေါ်စေသည်။ ပင်လယ်ကြောင့် ဖြစ်ပေါ်သော ရာသီဥတု သမမျှတမှုကြောင့် ကမ်းရိုးတန်းတလျှောက် လော့အိန်ဂျယ်လိစ်မြို့နှင့် ဆန်ဖရန်စစ္စကိုမြို့တို့၏ နွေရာသီ အပူချိန်မှာ အမေရိကန်ပြည်ထောင်စု၏ မက်ထရိုပိုလစ်တန်ဒေသများတွင် အအေးဆုံး ဖြစ်ပြီး လတ္တီကျုတူသော အတွင်းပိုင်းနေရာများနှင့် မြောက်အမေရိကတိုက်၏ အရှေ့ဘက်ကမ်းရိုးတန်းနေရာများနှင့် နှိုင်းယှဉ်ပါက ထူးခြားစွာ အေးမြနေသည်။ မက္ကဆီကိုနှင့် နယ်စပ်ဖြစ်သော ဆန်ဒီယေးဂိုမြို့၏ ကမ်းရိုးတန်းသည် တဆက်တည်းဖြစ်သော အမေရိကန်ပြည်ထောင်စု၏ နေရာအများစုထက် နွေရာသီတွင် ပိုမိုအေးမြနေတတ်သည်။ ကုန်းတွင်းပိုင်းသို့ မိုင်အနည်းငယ်မျှ ဝင်ရောက်သွားသော အခါတွင် နွေရာသီ အပူချိန် ပြင်းထန်မှုသည် သိသာစွာ မြင့်မားပြီး လော့အိန်ဂျယ်လိစ်မြို့လည်ခေါင်တွင်ပင် ကမ်းရိုးတန်းနှင့် နှိုင်းယှဉ်ပါက ဒီဂရီ အနည်းငယ်မျှ ပိုမိုပူပြင်းနေလေ့ ရှိသည်။ ထိုသို့သော မိုက်ခရိုရာသီဥတု သွင်ပြင်ကို ပင်လယ်အော်ဒေသ၏ ရာသီဥတုတွင်လည်း တွေ့မြင်ရသည်။ ပင်လယ်နှင့် မထိစပ်သော ဒေသများသည် အနီးအနားရှိ သမုဒ္ဒရာနှင့် နီးစပ်သောဒေသများထက် နွေရာသီတွင် သိသာစွာ ပူပြင်းလေ့ ရှိသည်။

ပြည်နယ်၏ မြောက်ပိုင်းသည် တောင်ပိုင်းထက် ပိုမို၍ မိုးရွာသွန်းလေ့ ရှိသည်။ ကယ်လီဖိုးနီးယား၏ တောင်တန်းများကလည်း ရာသီဥတုကို ပြောင်းလဲစေသည်။ ပြည်နယ်၏ မိုးအများဆုံး အပိုင်းမှာ အနောက်ဘက်သို့ မျက်နှာမူထားသော တောင်တန်း၏ ဆင်ခြေလျှောများ ဖြစ်သည်။ ကယ်လီဖိုးနီးယား အနောက်မြောက်ပိုင်းတွင် အပူချိန်လျော့နည်းသော ရာသီဥတု ရှိသည်။ အလယ်ပိုင်းတောင်ကြားဒေသတွင် မြေထဲပင်လယ်ရာသီဥတုရှိပြီး ကမ်းရိုးတန်းနှင့် နှိုင်းယှဉ်ပါက ပိုမိုပြင်းထန်ပူပြင်းသော အပူချိန် ရှိသည်။ ဆီးရားနီဗားဒါးတွင် အယ်လ်ပ်စ်တောင်တန်း ရာသီဥတု ရှိပြီး ဆောင်းရာသီတွင် နှင်းကျကာ နွေရာသီတွင် အပူချိန် အနည်းငယ်မှ အသင့်အတင့် အထိ ရှိသည်။

မိုဟာဗီသဲကန္တာရအတွင်းမှ သေမင်းချိုင့်ဝှမ်း
ကယ်လီဖိုးနီးယားပြည်နယ် သမိုင်းတလျှောက် အကြီးမားဆုံး တောမီးလောင်ကျွမ်းမှု အခု ၂၀ မှ ၅ ခုသည် ၂၀၂၀ တောမီးလောင်ကျွမ်းသည့် ရာသီတွင် ဖြစ်ပွားခဲ့သည်။

ကယ်လီဖိုးနီးယားရှိ တောင်ကုန်းတောင်တန်းများသည် အရှေ့ဘက်ခြမ်းတွင် မိုးကွယ်ရပ်ဝန်းကို ဖြစ်ပေါ်စေသဖြင့် ကျယ်ပြန့်သော ကန္တာရများကို ပေါ်ထွန်းစေသည်။ ကယ်လီဖိုးနီးယား အရှေ့ခြမ်းရှိ ကုန်းမြေမြင့်သော ကန္တာရများတွင် ပူပြင်းသော နွေရာသီနှင့် အေးမြသော ဆောင်းရာသီ ရှိသည်။ ကယ်လီဖိုးနီးယားတောင်ပိုင်း အရှေ့ဘက်ရှိ ကုန်းမြေနိမ့်သော ကန္တာရများတွင်မူ ပူပြင်းသော နွေရာသီနှင့် နှင်းမရှိသလောက်ဖြစ်သော မပြင်းထန်သော ဆောင်းရာသီရှိသည်။ သေမင်းချိုင့်ဝှမ်းဟု အမည်တွင်သော ပင်လယ်ရေမျက်နှာပြင်အောက်နိမ့်ကျသော အပိုင်းများ ကျယ်ပြန့်စွာပါဝင်သည့် ကန္တာရမှာ ကမ္ဘာပေါ်တွင် အပူပြင်းဆုံးဒေသ အပူချိန်အမြင့်မားဆုံးဒေသအဖြစ် သတ်မှတ်ကြသည်။[၉၉][၁၀၀]၁၃၄ ဒီဂရီ ဖာရင်ဟိုက် (၅၆.၇ ဒီဂရီ စင်တီဂရိတ်),အား ၁၉၁၃ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် မှတ်တမ်းတင်ခဲ့သည်။ ကယ်လီဖိုးနီးယားတွင် အနိမ့်ဆုံးအဖြစ် စံချိန်တင်ထားသော အပူချိန်မှာ −၄၅ ဒီဂရီ ဖာရင်ဟိုက် (−၄၃ ဒီဂရီ စင်တီဂရိတ်) ဖြစ်ပြီး ၁၉၃၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်တွင် ဘိုကာ တွင် မှတ်တမ်းတင်ထားခဲ့သည်။[၁၀၁]

အောက်တွင်ဖော်ပြထားသော ဇယားတွင် ဇန်နဝါရီလမှ ဩဂုတ်လအထိ ပြည်နယ်တဝှမ်းရှိ ရွေးချယ်ထားသော နေရာများတွင် ရှိသော ပျမ်းမျှအပူချိန်ကို ဖော်ပြထားသည်။ အချို့နေရာများမှာ လူဦးရေ ထူထပ်သော နေရာများ ဖြစ်ပြီး အချို့မှာ လူဦးရေ မထူထပ်ပေ။ ယူရေးကားမြို့ အနီးရှိ နွေရာသီတွင် အေးမြသော အပူချိန်ရှိသည့် ဟမ်းဘို့ပင်လယ်အော်ဒေသ၊ သေမင်းချိုင့်ဝှမ်း၏ အလွန်ပူပြင်းသော အပူချိန် နှင့် ဆီးရားနီဗာဒါးရှိ မမ်မို့ရေကန်ဒေသရှိ တောင်ပေါ်ရာသီဥတုတို့ ပါဝင်သည်။

Average temperatures and precipitation for selected communities in California[၁၀၂]
Location ဩဂုတ်
(°F)
ဩဂုတ်
(°C)
ဇန်နဝါရီ
(°F)
ဇန်နဝါရီ
(°C)
နှစ်စဉ်
မိုးရေချိန်
(mm/in)
လော့စ်အိန်ဂျယ်လိစ်မြို့ ၈၃/၆၄ ၂၉/၁၈ ၆၆/၄၈ ၂၀/၈ ၃၇၇/၁၅
လော့စ်အိန်ဂျယ်လိစ် အပြည်ပြည်ဆိုင်ရာလေဆိပ် 75/64 23/18 65/49 18/9 326/13
ဆန်ဒီယေးဂိုးမြို့ 76/67 24/19 65/49 18/9 262/10
ဆန်ဟိုဆေးမြို့ 82/58 27/14 58/42 14/5 401/16
ဆန်ဖရန်စစ္စကိုမြို့ 67/54 20/12 56/46 14/8 538/21
ဖရန်ဆို 97/66 34/19 55/38 12/3 292/11
ဆေခရာမန်တိုမြို့ 91/58 33/14 54/39 12/3 469/18
အော့ကလန်မြို့ 73/58 23/14 58/44 14/7 588/23
ဘိတ်ကာဖီး 96/69 36/21 56/39 13/3 165/7
ရေးဗားဆိုက် 94/60 35/18 67/39 19/4 260/10
ယူရေးကား 62/53 16/11 54/41 12/5 960/38
သေမင်းချိုင့်ဝှမ်း 115/86 46/30 67/40 19/4 60/2
မမ်မို့ရေကန်များ 77/45 25/7 40/15 4/ −9 583/23

ဂေဟစနစ်

[ပြင်ဆင်ရန်]
ဝှစ်တနီတောင်ထိပ် (ထိပ်) သည် သေမင်းတောင်ကြား (အောက်)ရှိ ဘက်ဝါးတားချိုင့်ဝှမ်းမှ ၉၀ မိုင် (၁၄၀ ကီလိုမီတာ) မကျ ကွာဝေးသည်။

ကယ်လီဖိုးနီးယားသည် ကမ္ဘာပေါ်တွင် အကြွယ်ဝဆုံးနှင့် အမျိုးအစား အစုံလင်ဆုံး ဒေသတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် မျိုးသုဉ်းလုနီးပါး ဖြစ်နေသော ဂေဟစနစ် အချို့ တည်ရှိသည်။ ကယ်လီဖိုးနီးယားသည် အာတိတ်အနီးလောက၏ အစိတ်အပိုင်းဖြစ်ပြီး ကုန်းမြေဆိုင်ရာဇီဝရပ်ဝန်းအချို့ ဖြန့်ကျက်တည်ရှိသည်။ [၁၀၃]

ကယ်လီဖိုးနီးယားတွင် ဒေသရင်း သီးသန့်ဖြစ်သော မျိုးစိတ် အမြောက်အမြား ရှိပြီး အခြားနေရာများတွင် သေဆုံးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော ကမ္ဘာဦးအစ မျိုးစိတ်များလည်း ပါဝင်ကာ ကက်တလီနား အိုင်ရွန်းဝုဒ် (Lyonothamnus floribundus) အစရှိသော အပင်များ ဖြစ်သည်။ အခြားသော ဒေသရင်းသီးသန့် မျိုးစိတ်များမှာ မျိုးကွဲထွက်ခြင်း နှင့် နေရာဒေသကိုလိုက်၍ အသစ်ဖြစ်ပေါ်ခြင်း အားဖြင့် အစပြုခဲ့ကြပြီး မျိုးစိတ်အမျိုးမျိုးတို့မှာ ဘိုးစဉ်ဘောင်ဆက် တစ်ခုတည်း ဖြစ်သော်လည်း ကယ်လီဖိုးနီးယား လီလက် (Ceanothus) အစရှိသော အမျိုးမျိုး ကွဲပြားသော ဂေဟစနစ် အခြေအနေများကို အခွင့်ကောင်းယူ၍ ရှင်သန်ဖွံ့ဖြိုးခဲ့ကြသည်။ ကယ်လီဖိုးနီးယား၏ ဒေသရင်း မျိုးစိတ်များမှာ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး မြို့ပြဖွံ့ဖြိုးခြင်း၊ သစ်ထုတ်လုပ်ခြင်း၊ စားကျက်မြေ အလွန်အကျွံ ချဲ့ထွင်ခြင်းနှင့် ၎င်းတို့ တည်ရှိရာဒေသအတွင်းသို့ ကျူးကျော်ဝင်ရောက်လာကြသည့် သူစိမ်းမျိုးစိတ်များ ရောက်ရှိလာခြင်း တို့ကြောင့် ဖြစ်သည်။

ဒေသရင်းအပင်နှင့် တိရစ္ဆာန်များ

[ပြင်ဆင်ရန်]

ကယ်လီဖိုးနီးယားပြည်နယ်သည် ဒေသရင်းအပင်များ စုစည်းမှုနှင့် ပတ်သက်၍ ၎င်းတို့၏ အဆင့်မြင့်မှုကို ဝင့်ကြွားရသော ဒေသဖြစ်ကာ အကြီးဆုံး သစ်ပင်၊ အမြင့်ဆုံး သစ်ပင် နှင့် သက်တမ်းအရင့်ဆုံး သစ်ပင် စသည်တို့ ရှိခြင်းကြောင့် ဖြစ်သည်။ ကယ်လီဖိုးနီးယား၏ ဒေသရင်း မြက်များမှာ နှစ်ရှည်ပင်များ ဖြစ်သည်။[၁၀၄] ဥရောပသားတို့ ရောက်ရှိလာပြီးနောက် ၎င်းတို့နေရာတွင် ကျူးကျော်လာသည့် မျိုးစိတ်များဖြစ်သည့် ဥရောပ၏ တစ်နှစ်တာမြက်ပင်များ အစားထိုးဝင်ရောက်လာခဲ့သဖြင့် ယနေ့ခေတ်တွင် ကယ်လီဖိုနီးယား၏ တောင်ကုန်းများသည် နွေရာသီတွင် ရွှေညိုရောင် အဖြစ် ပြောင်းလဲသွားလေ့ ရှိသည်။ [၁၀၅]

ကယ်လီဖိုးနီးယားတွင် ရာသီဥတုနှင့် မြေမျက်နှာသွင်ပြင်များ ကျယ်ပြန့်စွာ ကွဲပြားခြားနားပြီး ပြည်နယ်တွင်း သက်ရှိဇုန် ၆ ခု ရှိကာ ၎င်းတို့မှာ ဆိုနိရန်ကန္တာရ ၊ ဆိုနိုရန် အမြင့်ပိုင်း (တောင်ကုန်းနိမ့် ဒေသနှင့် အချို့သော ကမ်းရိုးတန်းဒေသများ) ၊ အပြောင်းအလဲ (ကမ်းရိုးတန်းဒေသနှင့် စိုစွတ်သော အရှေ့မြောက်ကောင်တီများ) နှင့် ပြည်နယ်၏ အမြင့်ဆုံး အပိုင်းများ ဖြစ်သော ကနေဒီယန်၊ ဟတ်ဒ်ဆိုနီယန် နှင့် အာတိတ်ဇုန်တို့ ဖြစ်သည်။ [၁၀၆]

ကယ်လီဖိုးနီးယား ယောရှုပင်အရပ်ရှိ ယောရှုပင်

အနိမ့်ပိုင်း ဆိုနိုရန်ဇုန် အတွင်းရှိ ခြောက်သွေ့သော ရာသီဥတုရှိသော ဒေသတွင် ရှိသော အပင်များမှာ အမျိုးမျိုး ကွဲပြားသော ဒေသခံ မိုးခေါင်ရေရှားဆူးပင်များ၊ မက်စကွိုက်ပင်များ နှင့် ပါလိုဗာဒီပင်များ တို့ ဖြစ်ကြသည်။ ယောရှုပင်များကို မိုဟာဗီ ကန္တာရအတွင်းတွင် တွေ့ ရသည်။ ပန်းပွင့်သော အပင်များတွင် မှင်စာကန္တာရဘိန်းပင် နှင့် အမျိုးမျိုးသော မေမြို့ပန်းပင်များ ဖြစ်ကြသည်။ အလယ်ပိုင်း တောင်ကြားတွင် ဖရီးမောင့် ကော်တွန်ဝုဒ် နှင့် တောင်ကြားဝက်သစ်ချပင်များ အများအပြား ပေါက်ရောက်ကြသည်။ ဆိုနိုရန် အမြင့်ပိုင်းဇုန်တွင် ချုံနွယ်ပိတ်ပေါင်း ခါးပတ်များ ပါဝင်ပြီး ချုံအငယ်စားများ၊ အပင်ပုလေးများ နှင့် ဆေးဘက်ဝင်သယောင် ထင်ရသော အပင်များ သစ်တော အဖြစ် ပေါက်ရောက်နေကြသည်။ နီမိုဖေးလား၊ ပူရှိန်း၊ ဖာစီလီးယား၊ ဗွိုင်အိုလာ နှင့် ပြည်နယ် အထိမ်းအမှတ် အပင်ဖြစ်သော ကယ်လီဖိုးနီးယားဘိန်းပင် တို့လည်း ထိုဇုန်အတွင်း အများအပြား ပေါက်ရောက်နေကြပြီး ကမ္ဘာပေါ်ရှိ အခြားနေရာများတွင် ရှိသည့် မျိုးစိတ်များထက် ပိုများသော လူပိုင်းပင် မျိုးစိတ်များလည်း ပေါက်ရောက်လျှက် ရှိသည်။[၁၀၆]

အပြောင်းအလဲဇုန်တွင် ကယ်လီဖိုးနီးယား၏ သစ်တော အများဆုံး ရှိပြီး သစ်နီပင်(Sequoia sempervirens) နှင့် ကမ္ဘာပေါ်ရှိ သက်တမ်းအရင့်ဆုံး သက်ရှိများတွင် အပါအဝင်ဖြစ်သော "သစ်ပင်ကြီး" သို့မဟုတ် ဧရာမ ဆီကွိုင်းယားပင်(endron Sequoiadgiganteum) (အချို့က အနည်းဆုံး နှစ်ပေါင်း ၄,၀၀၀ ခန့်အထိ ရှိပြီဟု ဆိုကြသည်။) များ ပေါက်ရောက်ကြသည်။ တန်ဘာ့ခ် ဝက်သစ်ချပင်၊ ကယ်လီဖိုးနီးယား လော်ရယ်ပင်၊ သကြားထင်းရှူးပင်၊ မာဒရိုနာပင်၊ အရွက်ကြီး မေပယ်လ်ပင် နှင့် ဒေါက်ဂလပ် ထင်းရှူးပင်များလည်း ပေါက်ရောက်ကြသည်။ သစ်တောများ၏ အခြေတွင် ဆွာ့ဒ်ဖန်၊ အလမ်ရု၊ ဘယ်ရန်ဝေါ့ နှင့် ထရီလီယမ်ပင်များဖြင့် ဖုံးလွှမ်းနေပြီး ဟက်ကယ်ဘယ်ရီ၊ အဇလီယာ၊ အဲလ်ဒါး နှင့် ကားရန့်ပင်ရိုင်း ချုံပုတ်များလည်း ရှိသည်။ ပန်းရိုင်းပင်များတွင် အမျိုးမျိုးသော မာရီပိုဆာ၊ တျူးလစ်၊ ကျားလီလီ နှင့် ကျားသစ်လီလီပင်များ ပါဝင်သည်။ [၁၀၇]

ကနေဒီယန်ဇုန် အမြင့်ပိုင်းများတွင် ဂျက်ဖရီထင်းရှူးပင်၊ ထင်းရှူးနီပင် နှင့် လော့ဂျ်ပိုးထင်းရူးပင်များ အများအပြား ပေါက်ရောက်ကြသည်။ အကိုင်းသေး သစ်ပင်များ ပေါက်ရောက်ရာဒေသများတွင် မန်ဇနီတာ နှင့် စီယာနိုးသပ်စ် အပင်သေးများ၊ တသီးတခြားဖြစ်သော ဆီးရား ပါ့ဖ်ဘောများကိုလည်း တွေ့ရသည်။ သစ်ပင်ကြီးများ၏ အောက်ကပ်လျှက်တွင် ဟတ်ဒ်ဆိုနီယန် ဇုံ ရှိပြီး အခေါက်ဖြူ၊ မြေခွေးမြီး နှင့် ငွေ ထင်ရှူးပင်များ ပေါက်ရောက်ကြသည်။ ၁၀,၅၀၀ ပေ (၃,၂၀၀ မီတာ) တွင် အာတိတ်ဇုန် စတင်ပြီး သစ်ပင်များ မရှိဘဲ ၎င်း၏ ဒေသရင်းပင်များတွင် ပန်းရိုင်းများ ပါဝင်ကာ ဆီးရား ပရင်းရို့စ်၊ ကိုလမ်ဘိုင်း အဝါရောင်၊ အယ်လ်ပိုင်း ဘတ်တာကပ် နှင့် အယ်လ်ပိုင်း ရှုတင်းစတား တို့ အပါအဝင် ဖြစ်သည်။[၁၀၆][၁၀၈]

ရက်ဒ်ဝုဒ်အမျိုးသားဥယျာဉ် ရှိ သစ်နီပင်အုပ်

ပြည်နယ်တွင်းသို့ တင်သွင်းစိုက်ပျိုးလာသော အပင်များတွင် ယူကလစ်ပင်၊ အကေးရှားပင်၊ ငရုတ်ကောင်းပင်၊ ကြွေပန်းပင် နှင့် စကော့တံမြက်စည်းပင်များ ပါဝင်သည်။ ဖက်ဒရယ်နယ်မြေ တစ်ခုလုံးအတွက် မျိုးသုဉ်းရန် စိုးရိမ်ရသည့် အပင်အဖြစ် သတ်မှတ်ထားသော အပင်များမှာ ကွန်ထရာ ကိုစတာ နံရံကပ်ပန်းပင်၊ အင်န်တီအာ့ခ် ဒျူးန် အီးဗနင်း ပရင်းရို့စ်ပန်းပင်၊ ဆိုလာနိုမြက်ပင်၊ ဆန် ကလယ်မန်းတီးကျွန်း လာ့ခ်စပါး ပန်းပင်၊ ဆားနွံငှက်နှုတ်သီးပင်၊ မက်ဒေါ်နယ် ရော့ခ်ခရက်စ်ပင် နှင့် ဆန်တာဘာဘရာကျွန်း ထာဝရ ရှင်သန်ပင် တို့ ဖြစ်ကြသည်။ ၁၉၉၇ ခု ဒီဇင်ဘာလ အထိ အပင်မျိုးစိတ် ၈၅ မျိုးတို့အား မျိုးသုဉ်းရန် ခြိမ်းခြောက်နေသည် သို့မဟုတ် စိုးရိမ်ရသည်ဟု သတ်မှတ်စာရင်းသွင်းထားသည်။[၁၀၆]

ဆိုနိုရန်ဇုံ အနိမ့်ပိုင်းရှိ ကန္တာရများတွင် ရှိကြသော နို့တိုက်သတ္တဝါများမှာ ဂျက်ရက်ဘစ်၊ သားပိုက်ကောင်ကြွက် ၊ ရှဉ့် နှင့် အိုပိုဆမ်ကောင် တို့ ဖြစ်ကြသည်။ အတွေ့ရများသော ငှက်များမှာ ဇီးကွက်များ၊ မြေဥဩငှက်များ၊ ကန္တာရ နှံပြည်စုတ်ငှက်များ နှင့် အမျိုးမျိုးသော သိမ်းငှက်မျိုးစိတ်များတို့ ဖြစ်ကြသည်။ ထိုဒေသရှိ အတွေ့ရများသော တွားသွား သတ္တဝါများမှာ ဆိုက်ဝင်ဒါ မြွေပွေး၊ ကန္တာရ ကုန်းလိပ် နှင့် ဂျိုပါဖားပြုတ် တို့ ဖြစ်ကြသည်။ ဆိုနိုရမ်ဇုံ အမြင့်ပိုင်းတွင် တွေ့ရသော နို့တိုက်သတ္တဝါများမှာ တောဆိတ်၊ ခြေထောက်ညို သစ်ကြွက် နှင့် အမြီးကျား ကြောင် တို့ဖြစ်ကြသည်။ ဤဇုန်အတွက် သီးသန့်ရှိသော ငှက်များမှာ ကယ်လီဖိုးနီးယား သရက်ရှာငှက်၊ ဘွတ်ရှ်တစ်ငှက် နှင့် ကယ်လီဖိုးနီးယား ကွန်းဒေါလင်းတ တို့ ဖြစ်ကြသည်။[၁၀၆][၁၀၉][၁၁၀][၁၁၁]

အပြောင်းအလဲဇုံတွင်မူ ကိုလံဘီယာ အမြီးနက် သမင်၊ ဝက်ဝံနက်များ၊ အညိုရောင် မြေခွေးများ၊ ကူဂါ များ၊ ဘော့ပ်ကြောင်များ နှင့် ရုစဗဲ့ သမင်များ ရှိကြသည်။ တွားသွားသတ္တဝါများ ဖြစ်သော ဂါတာမြွေ နှင့် ရက်တဲလ်မြွေ များသည်လည်း ဤ ဇုံတွင် နေထိုင်ကြသည်။ ထို့ပြင် ကုန်းနေရေနေ သတ္တဝါများဖြစ်သော ရေခွေးများ ၊ သစ်နီ ဆလမန္ဒာကောင်များ ကိုလည်း အတွေ့ရများသည်။ ငှက်များဖြစ်ကြသော ပိန်ညင်းငှက်၊ ချစ်ကဒီးငှက်၊ တိုးဟီးငှက် နှင့် ငှက်ပိတုန်းများလည်း ဤဒေသတွင် အများအပြား ရှင်သန် ပေါက်ဖွား နေထိုင် ကြသည်။ [၁၀၆][၁၁၂]

ကနေဒီယန်ဇုံတွင် တွေ့ရသော နို့တိုက်သတ္တဝါများမှာ တောင်မြွေပါမြီးတို၊ စနိုးရှူး ကွင်းယုန် နှင့် ချစ်ပမန့်ရှည် မျိုးစိတ်အချို့တို့ ဖြစ်သည်။ ထင်ရှားသောငှက်များတွင် ရင်ဘတ်ပြာငှက်ခါး၊ တောင်ချစ်ကဒီးငှက်၊ ဟာမစ်မြေလူးငှက်၊ အမေရိကန် ငှက်လုံး နှင့် တောင်းဆန် ဆောလတိုင်းယားငှက် တို့ ပါဝင်သည်။ ဟတ်ဒ်ဆိုနီယန်ဇုံသို့ မြင့်တက်သွားသည့် အခါတွင် ငှက်များ ရှားပါးသွားသည်။ မြင့်မားသော အာတိတ်ဒေသတွင် ထိပ်မွဲ နှင်းဆီရောင် ငှက်ပုတီး တစ်မျိုးတည်းကိုသာ တွေ့ရလေ့ရှိသော်လည်း အခြားသော မျိုးစိတ်များ ဖြစ်သည့် အန်နာငှက်ပိတုန်း နှင့် ကလာ့ခ် သစ်စေ့ခွဲငှက် ကိုလည်းတွေ့ရတတ်သည်။ ဤဒေသတွင် တွေ့ရသော အဓိက နို့တိုက်သတ္တဝါများမှာ ဆီရား ကိုနီ၊ အမြီးဖြူ တောယုန်ကြီး နှင့် ဂျိုကြီးသိုး တို့ ဖြစ်ကြသည်။ ၂၀၀၃ ခုနှစ် ဧပြီလတွင် အမေရိကန် ငါးနှင့် တောရိုင်းတိရစ္ဆာန် ဌာနမှ ဂျိုကြီးသိုးအား မျိုးသုဉ်းရန် စိုးရိမ်ရသည့် သတ္တဝါ စာရင်းတွင် ထည့်သွင်းခဲ့သည်။ ဇုံအချို့တွင် တွေ့ရလေ့ ရှိသော ဒေသရင်း တိရစ္ဆာန်များမှာ မြည်းသမင်၊ ကွိုင်းယုတ်၊ တောင်ခြင်္သေ့၊ မြောက်ပိုင်း ဖလစ်ကာ သစ်တောက်ငှက် နှင့် အချို့သော သိမ်းငှက်နှင့် စာကလေး မျိုးစိတ် အချို့တို့ ဖြစ်ကြသည်။ [၁၀၆]

ကယ်လီဖိုးနီးယား ပြည်နယ် မော်ရိုးပင်လယ်အောင်တွေ တွေ့ရသော ဖျံ

ကယ်လီဖိုးနီးယားတွင် ရေနေသတ္တဝါများလည်း အများအပြား ပေါက်ဖွားကြပြီး ပြည်နယ်၏ တောင်ပေါ်ရေကန်များ နှင့် စမ်းချောင်းများမှ ကျောက်တောင်ထူထပ်သော ပစိဖိတ်ကမ်းရိုးတန်း အထိပင် ဖြစ်သည်။ ထရောက်ငါးမျိုးစိတ် အမျိုးမျိုးကို တွေ့ရပြီး သက်တံ့ရောင်ထရောက်၊ ရွှေရောင် ထရောက် နှင့် လည်ပြတ်ထရောက် တို့ ပါဝင်သည်။ ရွှေ့ပြောင်း ဆယ်လမွန် ငါးမျိုးစိတ် များကိုလည်း နေရာအနှံ့တွေ့ရသည်။ ပင်လယ်ငါးမျိုးစိတ်များတွင် ကကတစ်ဖြူ ၊ ဆူးတောင်ဝါ တူနာငါး ၊ ဘယ်ရာကူဒါငါး နှင့် ဝေလငါး မျိုးစိတ် အချို့တို့ကို တွေ့ရသည်။ ကယ်လီဖိုးနီးယား မြောက်ပိုင်း တောင်စောင်းများတွင် ပင်လယ်ဖျံများ၊ ပင်လယ်ခြင်္သေ့ဖျံများ နှင့် ရွှေ့ပြောင်းငှက်မျိုးစိတ်များ အပါအဝင် အမျိုးမျိုးသော ကမ်းခြေငှက်မျိုးစိတ်များကို တွေ့ရသည်။ [၁၀၆]

၂၀၀၃ ခုနှစ် ဧပြီလမှစ၍ ကယ်လီဖိုးနီးယားရှိ တိရစ္ဆာန် ၁၁၈ မျိုးသည် ဖက်ဒရယ် နယ်မြေ မျိုးသုဉ်းရန် စိုးရိမ်ရသည့် စာရင်းတွင် ပါဝင်ပြီး အပင် ၁၁၈ မျိုးသည် မျိုးသုဉ်းရန် စိုးရိမ်ရ သို့မဟုတ် ခြိမ်းခြောက်ခံနေရသော မျိုးစိတ် စာရင်းတွင် ပါဝင်သည်။ မျိုးသုဉ်းရန် စိုးရိမ်ရသည့် တိရစ္ဆာန်များတွင် ဆန်ဟာကွင်း မြေခွေး၊ ပွိုင့်အေရီနာတောင် ဘီဗာဖျံ၊ ပစိဖိတ် ပေါ့ကက်ကြွက်၊ ဆားနွံပေါက်ကြွက်၊ မော်ရိုပင်လယ်အော် သားပိုက်ကောင်ကြွက် (နှင့် အခြားသော သားပို်က်ကောင်ကြွက် မျိုးစိတ် ၅ ခု) ၊ အာမာဂိုးဆာ ဗိုးကြွက်၊ ကယ်လီဖိုးနီးယား မြစ်တွေးငယ်၊ ကယ်လီဖိုးနီးယား ကွန်းဒေါလင်းတ၊ ခေါင်းကြီးငှက်ဘီလူး၊ စန်ကလယ်မန်တီး ဆာ့ စာကလေး ၊ ဆန်ဖရန်စစ္စကို ဂါတာမြွေ၊ ဆလမန္ဒာမျိုးစိတ် ၅ မျိုး၊ ချပ်ငါးမျိုးစိတ် ၃ မျိုး နှင့် ပပ်ငါး မျိုးစိတ် ၂ မျိုး တို့ ဖြစ်သည်။ ဖက်ဒရယ် စာရင်းတွင် လိပ်ပြာမျိုးစိတ် ၁၁ မျိုးကိုလည်း မျိုးသုဉ်းရန် စိုးရိမ်ရသည်ဟု သတ်မှတ်ပြီး [၁၁၃] မျိုးစိတ် ၂ မျိုးမှာ ခြိမ်းခြောက်ခံနေရသည်ဟု သတ်မှတ်သည်။[၁၁၄][၁၁၅] မျိုးသုဉ်းရန် ခြိမ်းခြောက်ခံနေရသည့် သတ္တဝါများတွင် ကယ်လီဖိုးနီးယား မှက်ဖမ်းငှက်၊ ပိုင်းရုလည်ပြတ်ငါး ၊ တောင်ပိုင်းပင်လယ်ဖျံ နှင့် မြောက်ပိုင်းဇီးကွက်ပြောက် တို့ ဖြစ်ကြသည်။ ကယ်လီဖိုးနီးယားတွင် အမျိုးသား သားရိုင်းတိရစ္ဆာန် ဘေးမဲ့တော မြေနေရာ စုစုပေါင်း ၂၉၀,၈၂၁ ဧက (၁,၁၇၆.၉၁ စတုရန်း ကီလိုမီတာ) မျှ ရှိသည်။ [၁၀၆] ၂၀၁၀ ခုနှစ် စက်တင်ဘာလမှစ၍ ကယ်လီဖိုးနီးယားရှိ တိရစ္ဆာန် ၁၂၃ မျိုးမှာ ဖက်ဒရယ် နယ်မြေ မျိုးသုဉ်းရန် စိုးရိမ်ရသည့် သို့မဟုတ် ခြိမ်းခြောက်ခံရသည့် စာရင်းတွင် ပါဝင်သည်။[၁၁၆] ထို့အတူ ၂၀၁၀ စာရင်းတွင် ကယ်လီဖိုးနီးယား၏ အပင်မျိုးစိတ် ၁၇၈ မျိုးမှာ ဖက်ဒရယ် နယ်မြေ မျိုးသုဉ်းရန် စိုးရိမ်ရသည့် သို့မဟုတ် ခြိမ်းခြောက်ခံရသည့် စာရင်းတွင် ပါဝင်သည်။[၁၁၆]

မြစ်များ

[ပြင်ဆင်ရန်]

ကယ်လီဖိုးနီးယားပြည်နယ်အတွင်း အရေးပါဆုံးသော မြစ်ကြောင်းစနစ်အား ဆီးရားနီဗာဒါးတောင်စောင်းမှ အရည်ပျော်သောနှင်းများမှ စတင်၍ အလယ်ပိုင်းတောင်ကြား၏ မြောက်ပိုင်းတစ်ဝက်နှင့် တောင်ပိုင်းတစ်ဝက်သို့ စီးဆင်းသွားကြသော ဆေခရာမန်တိုမြစ် နှင့် ဆန်ဝါကင်မြစ်တို့မှ ပေါင်းစပ်ဖြစ်ပေါ်စေသည်။ ထိုမြစ်နှစ်စင်းတို့သည် ဆေခရာမန်တို-ဆန်ဝါကင် မြစ်ဝကျွန်းပေါ်ဒေသတွင် ပေါင်းဆုံကြပြီး ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဆန်ဖရန်စစ္စကိုပင်လယ်အော် မှ တဆင့် စီးဝင်သည်။ မြစ်လက်တက် အများအပြားသည် ဆေခရာမန်တို-ဆန်ဝါကင် မြစ်ကြောင်းစနစ် အတွင်းသို့ စီးဝင်ကြပြီး ပစ်မြစ်၊ ဖီးသားမြစ် နှင့် တွာလမီမြစ် တို့ ပါဝင်သည်။

ကလာမက်မြစ်နှင့် ထရီနီတီမြစ်တို့သည် အနောက်မြောက် ကယ်လီဖိုးနီးယား၏ ဝေးလံသော ဒေသအတွင်း ကျယ်ပြန့်စွာ စီးဝင်ကြသည်။ အီးလ်မြစ် နှင့် ဆလီးနပ်စ်မြစ်တို့သည် ဆန်ဖရန်စစ္စကိုပင်လယ်အော်၏ မြောက်ဘက်နှင့် တောင်ဘက် အသီးသီးတို့တွင် ကယ်လီဖိုးနီးယားကမ်းရိုးတန်း၏ တစိတ်တဒေသသို့ စီးဆင်းသည်။ မိုဟာဗီမြစ်သည် မိုဟာဗီသဲကန္တာရအတွင်း အဓိက ရေလမ်းကြောင်း ဖြစ်ပြီး ဆန်တာ အန်နာမြစ်မှာ ထရန်စဗတ်စ်တောင်တန်းများအတွင်း စီးဆင်းပြီး ကယ်လီဖိုးနီးယားတောင်ပိုင်းကို နှစ်ပိုင်း ပိုင်းခြားထားသည်။ ကော်လိုရာဒိုမြစ်သည် အရီဇိုးနားပြည်နယ် နှင့် ပြည်နယ်၏ အရှေ့တောင် နယ်နိမိတ်အဖြစ် တည်ရှိသည်။

ကယ်လီဖိုးနီးယား၏ အဓိကမြစ်များကို ဆည်တည်ဆောက်၍ ထိန်းသိမ်းထားပြီး ဧရာမ ရေပေးဝေရေး စီမံကိန်း နှစ်ခု ရှိကာ အလယ်ပိုင်းတောင်ကြား စီမံကိန်းမှ အလယ်ပိုင်းတောင်ကြား စိုက်ပျိုးမွေးမြူရေး အတွက် ရေပေးဝေလျှက် ရှိပြီး ကယ်လီဖိုးနီးယားပြည်နယ် ရေပေးဝေရေး စီမံကိန်းမှ ကယ်လီဖိုးနီးယားမြောက်ပိုင်း မှ ရေကို တောင်ပိုင်းသို့ လမ်းလွှဲပို့ဆောင်ပေးသည်။ ပြည်နယ်၏ ကမ်းရိုးတန်း၊ မြစ်များ နှင့် အခြားသော ရေထုများကို ကယ်လီဖိုးနီးယား ကမ်းရိုးတန်း ကော်မရှင်မှ ထိန်းသိမ်းကြီးကြပ်သည်။

ဒေသများ

[ပြင်ဆင်ရန်]
  • ကယ်လီဖိုးနီးယား ကမ်းရိုးတန်း
    • မြောက်ပိုင်းကမ်းရိုးတန်း
    • ဂရိတ်တား ပင်လယ်အော် ဒေသ
    • အလယ်ပိုင်း ကမ်းရိုးတန်း
    • တောင်ပိုင်း ကမ်းရိုးတန်း
      • ဂရိတ်တား လော့အိန်ဂျယ်လိစ်
      • ဂရိတ်တား ဆန်ဒီယေးဂိုး
    • ချန်နယ်ကျွန်းများ
  • ကယ်လီဖိုးနီးယား မြောက်ပိုင်း
    • ကက်စကိတ်တောင်တန်း
    • ကလာမက်တောင်များ
    • မြောက်ပိုင်းကမ်းရိုးတန်း
    • ဂရိတ်တား ဆေခရာမန်တို
    • ဆေခရာမန်တို-ဆန်ဝါကင် မြစ်ဝကျွန်းပေါ်ဒေသ
    • ကယ်လီဖိုးနီးယား အလယ်ပိုင်း
    • ဂရိတ်တား ပင်လယ်အော် ဒေသ
    • ဆီးရားမြောက်ပိုင်း
  • ကယ်လီဖိုးနီးယား အလယ်ပိုင်း
    • ဂရိတ်တား ဆေခရာမန်တို
    • ဆန်ဝါကင် တောင်ကြား
    • ဆေခရာမန်တို-ဆန်ဝါကင် မြစ်ဝကျွန်းပေါ်ဒေသ
    • အလယ်ပိုင်းကမ်းရိုးတန်း
  • ကယ်လီဖိုးနီးယား အရှေ့ပိုင်း
    • အလယ်ပိုင်း ဆီးရား
    • အင်လန်း အင်ပိုင်ယာ
  • ကယ်လီဖိုးနီးယား တောင်ပိုင်း
    • တောင်ပိုင်းကမ်းရိုးတန်း
      • ဂရိတ်တား လော့အိန်ဂျယ်လိစ်
    • ချန်နယ်ကျွန်းများ
    • အင်လန်း အင်ပိုင်ယာ
    • တောင်ပိုင်း နယ်နိမိတ်ဒေသ
      • ဂရိတ်တား ဆန်ဒီယေးဂိုး-တီအာဝါးနား
      • ဂရိတ်တား အယ်လ်ဆန်ထရို

မြို့တော်များနှင့်မြို့များ

[ပြင်ဆင်ရန်]

ကယ်လီဖိုးနီးယားပြည်နယ်တွင် သတ်မှတ်ထားသော မြို့တော်နှင့် မြို့ ၄၈၂ မြို့ ရှိပြီး မြို့တော် ၄၆၀ နှင့် မြို့ ၂၂ မြို့ ဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ် ဥပဒေအရ မြို့တော် နှင့် မြို့ ဆိုသော အခေါ်အဝေါ်ကို လဲလှယ် အသုံးပြုနိုင်သည်။ [၁၁၇]

ဆေခရာမန်တိုသည် ၁၈၅၀ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ပထမဆုံး မြို့တော်အဖြစ် သတ်မှတ်ခြင်းခံရသည်။[၁၁၈] ဆန်ဟိုဆေး၊ ဆန်ဒီယေးဂိုး နှင့် ဘနီးရှားတို့မှာ ၁၈၅၀၊ မတ် ၂၇ ရက်တွင် တစ်ရက်တည်း မြို့တော်အဖြစ် အတူတူ သတ်မှတ်ခြင်း ခံရသည်။ [၁၁၉][၁၂၀][၁၂၁] ဂျရူးပါ တောင်ကြား မှာ ၂၀၁၁ ခုနှစ် ဇူလိုင် ၁ရက်တွင် မြို့တော်အဖြစ် သတ်မှတ်ခံရပြီး နောက်ဆုံး သတ်မှတ်ခံရသော မြို့တော် ဖြစ်သည်။[၁၂၂][၁၂၃]

မြို့တော်နှင့် မြို့အများစုသည် လော့အိန်ဂျယ်လိစ် မက်ထရိုပိုလစ်တန်ဒေသ၊ ဆန်ဖရန်စစ္စကိုပင်လယ်အော် ဒေသ၊ ရေးဗားဆိုက် ဆန် ဘာနာဒီနို ဒေသ ၊ ဆန်ဒီယေးဂိုး မက်ထရိုပိုလစ်တန်ဒေသ နှင့် ဆေခရာမန်တို မက်ထရိုပိုလစ်တန်ဒေသ အစရှိသည့် မက်ထရိုပိုလစ်တန် ဒေသ ငါးခု အတွင်းမှ တစ်ခုခုတွင် ပါဝင်သည်။

 
ကယ်လီဖိုးနီးယားပြည်နယ်ရှိ အကြီးဆုံး မြို့တော် နှင့် မြို့ကြီးများ
Source:[၁၂၄]
စဉ် ကောင်တီ လူဦးရေ စဉ် ကောင်တီ လူဦးရေ
လော့စ်အိန်ဂျယ်လိစ်
လော့စ်အိန်ဂျယ်လိစ်
ဆန်ဒီယေးဂိုး
ဆန်ဒီယေးဂိုး
လော့စ်အိန်ဂျယ်လိစ် လော့စ်အိန်ဂျယ်လိစ် ၃,၈၉၈,၇၄၇ ၁၁ စတော့ခ်တန် ဆန်ဟွာကင်း ၃၂၀,၈၀၄ ဆန်ဟိုဆေး
ဆန်ဟိုဆေး
ဆန်ဖရန်စစ္စကို
ဆန်ဖရန်စစ္စကို
ဆန်ဒီယေးဂိုး ဆန်ဒီယေးဂိုး ၁,၃၈၆,၉၃၂ ၁၂ ရေးဗားဆိုက် ရေးဗားဆိုက် ၃၁၄,၉၉၈
ဆန်ဟိုဆေး ဆန်တာကလာရာ ၁,၀၁၃,၂၄၀ ၁၃ ဆန်တာ အာနာ အော်ရိန့်ချ် ၃၁၀,၂၂၇
ဆန်ဖရန်စစ္စကို ဆန်ဖရန်စစ္စကို ၈၇၃,၉၆၅ ၁၄ အာဗိုင်း အော်ရိန့်ချ် ၃၀၇,၆၇၀
ဖရန်ဆို ဖရန်ဆို ၅၄၂,၁၀၇ ၁၅ ချူလာဗစ်စတာ ဆန်ဒီယေးဂိုး ၂၇၅,၄၈၇
ဆာခရာမန်တို ဆာခရာမန်တို ၅၂၄,၉၄၃ ၁၆ ဖရီးမန့် အလာမီဒါ ၂၃၀,၅၀၄
လောင်းဘိချ် လော့စ်အိန်ဂျယ်လိစ် ၄၆၆,၇၄၂ ၁၇ ဆန်တာကလာရီတာ လော့စ်အိန်ဂျယ်လိစ် ၂၂၈,၆၇၃
အုတ်ကလန်း အလာမီဒါ ၄၄၀,၆၄၆ ၁၈ ဆန်ဘာနာဒီနို ဆန်ဘာနာဒီနို ၂၂၂,၁၀၁
ဘိတ်ကာဖီး ကန်း ၄၀၃,၄၅၅ ၁၉ မော်ဒက်စတို စတန်နီစလော့စ် ၂၁၈,၄၆၄
၁၀ အန်နာဟိုင်း အော်ရိန့်ချ် ၃၄၆,၈၂၄ ၂၀ မိုရီနိုဗယ်လီ ရေးဗားဆိုက် ၂၀၈,၆၃၄

လူဦးရေ ပျံ့နှံ့နေထိုင်မှု

[ပြင်ဆင်ရန်]

လူဦးရေ

[ပြင်ဆင်ရန်]
သမိုင်းတစ်လျှောက် လူဦးရေ
စာရင်း
ကောက်နှစ်
လူဦးရေ
1850၉၂၅၉၇
1860၃၇၉၉၉၄၃၁၀.၄%
1870၅၆၀၂၄၇၄၇.၄%
1880၈၆၄၆၉၄၅၄.၃%
1890၁၂၁၃၃၉၈၄၀.၃%
1900၁၄၈၅၀၅၃၂၂.၄%
1910၂၃၇၇၅၄၉၆၀.၁%
1920၃၄၂၆၈၆၁၄၄.၁%
1930၅၆၇၇၂၅၁၆၅.၇%
1940၆၉၀၇၃၈၇၂၁.၇%
1950၁၀၅၈၆၂၂၃၅၃.၃%
1960၁၅၇၁၇၂၀၄၄၈.၅%
1970၁၉၉၅၃၁၃၄၂၇�၀%
1980၂၃၆၆၇၉၀၂၁၈.၆%
1990၂၉၇၆၀၀၂၁၂၅.၇%
2000၃၃၈၇၁၆၄၈၁၃.၈%
2010၃၇၂၅၃၉၅၆၁၀�၀%
2022 (est.)၃၉၁၈၅၆၀၅၅.၂%
Sources: 1790–1990, 2000, 2010, 2020, 2022[၁၂၅][၁၂၆][၁၂၇][၁၂၈]
Chart does not include Indigenous population figures.
Studies indicate that the Native American
population in California in 1850 was close to 150,000
before declining to 15,000 by 1900.[၁၂၉]

အမေရိကန်ပြည်ထောင်စု လူဦးရေ စာရင်းဗြူရို၏ အစီရင်ခံစာအရ ၂၀၂၀ ခုနှစ် ဧပြီလ ၁ ရက်တွင် ကယ်လီဖိုးနီးယား၏ လူဦးရေမှာ ၃၉,၅၃၈,၂၂၃ ဦး ဖြစ်ပြီး ၂၀၁၀ ခုနှစ် အမေရိကန်ပြည်ထောင်စု လူဦးရေစာရင်းနှင့် နှိုင်းယှဉ်လျှင် ၆.၁၃% မျှ တိုးတက်လာခဲ့သည်။ [၁၂၇] ၂၀၀၀ ခုနှစ် နှင့် ၂၀၀၉ ခုနှစ်ကြားတွင် သဘာဝအတိုင်း လူဦးရေ တိုးပွားမှုမှာ ၃,၀၉၀,၀၁၆ ဦး (၅,၀၅၈,၄၄၀ မွေးဖွားသူမှ ၂,၁၇၉,၉၅၈ သေဆုံးသူကို နှုတ်) ဖြစ်သည်။ .[၁၃၀] ထိုကာလအတွင်း နိုင်ငံတကာမှ ရွှေ့ပြောင်းလာသူများမှ ၁,၈၁၆,၆၃၃ ဦး တိုးပွားလာခဲ့ပြီး အမေရိကန်ပြည်ထောင်စုအတွင်း ရွှေ့ပြောင်းမှုမှ ၁,၅၀၉,၇၀၈ ဦး လျော့ကျသွားခဲ့ကာ စုစုပေါင်းရွှေ့ပြောင်းလာသူမှာ ၃၀၆,၉၂၅ ဦး ဖြစ်သည်။ [၁၃၀]ကယ်လီဖိုးနီးယားပြည်နယ်၏ စာရင်းဇယားအရ ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁ ရက် လူဦးရေမှာ ၃၈,၂၉၂,၆၈၇ ဦး ဖြစ်သည်။[၁၃၁] မက်ဟက်တန် ပေါ်လစီ သုသေသန အင်စတီကျု၏ အဆိုအရမူ ၁၉၉၀ ခုနှစ်မှစ၍ ကယ်လီဖိုးနီးယား ပြည်နယ်သား ၃.၄ သန်း တို့သည် အခြားပြည်နယ်များသို့ ရွှေ့ပြောင်းသွားကြပြီး အများစုမှာ တက္ကဆပ်ပြည်နယ်၊ နီဗားဒါးပြည်နယ် နှင့် အရီဇိုးနား ပြည်နယ်တို့သို့ ရွှေ့ပြောင်းသွားကြခြင်း ဖြစ်သည်။ [၁၃၂] ဘဏ္ဍာရေးဌာန၏ အဆိုအရမူ ကယ်လီဖိုးနီးယား၏ လူဦးရေမှာ ၂၀၂၀တွင် ၁၈၂,၀၈၃ ဦး လျော့ကျသွားခဲ့သဖြင့် ၁၉၀၀ ခုနှစ်မှစ၍ ပထမဆုံးအကြိမ် လူဦးရေ လျော့ကျမှု ဖြစ်သည်။[၁၃၃]

အနောက်ကမ္ဘာခြမ်းတွင် ကယ်လီဖိုးနီးယား ပြည်နယ်သည် နိုင်ငံအဆင့်အောက် အုပ်ချုပ်ရေးဒေသများတွင် ဒုတိယမြောက် လူဦးရေ အများဆုံး (ဘရာဇီးနိုင်ငံရှိ ဆောပိုလိုပြည်နယ်မှာ လူဦးရေ အများဆုံး) ဖြစ်ပြီး [၁၃၄] အာရှပြင်ပရှိ နိုင်ငံအဆင့်အောက် အုပ်ချုပ်ရေး ဒေသများတွင် တတိယမြောက် လူဦးရေ အများဆုံး ( ယူနိုက်တက်ကင်းဒမ်းနိုင်ငံရှိ အင်္ဂလန်လောက် လူဦးရေ မများသော်လည်း အင်္ဂလန်တွင် အုပ်ချုပ်ရေး သီးသန့် မရှိပေ။) ဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်၏ လူဦးရေသည် ကမ္ဘာပေါ်ရှိ နိုင်ငံ ၃၄ နိုင်ငံမှ အပ ကျန်နိုင်ငံများထက် လူဦးရေပိုများသည်။[၁၃၅][၁၃၆] ဂရိတ်တား လော့အိန်ဂျယ်လိစ် ဒေသ သည် အမေရိကန်ပြည်ထောင်စုတွင် နယူးယောက် မက်ထရိုပိုလစ်တန် ဒေသပြီးလျှင် ဒုတိယမြောက် လူဦးရေအများဆုံး မက်ထရိုပိုလစ်တန်ဒေသဖြစ်ပြီး လော့စ်အိန်ဂျယ်လိစ်မြို့သည် နယူးယောက်မြို့ ၏ လူဦးရေ တစ်ဝက်မျှ ရှိကာ အမေရိကန်ပြည်ထောင်စုတွင် ဒုတိယမြောက်လူဦးရေအများဆုံး မြို့ဖြစ်သည်။ ထို့အတူပင် မက်ဟက်တန် လူဦးရေသိပ်သည်းမှု၏ ၄ ပုံ ၁ ပုံမျှ ရှိသော ဆန်ဖရန်စစ္စကိုမြို့သည် ကယ်လီဖိုးနီးယားပြည်နယ်တွင် လူဦးရေ အသိပ်သည်းဆုံးမြို့ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရှိ လူဦးရေအသိပ်သည်းဆုံး မြို့များတွင်လည်း တစ်မြို့ အပါအဝင် ဖြစ်သည်။ လော့အိန်ဂျယ်လိစ် ကောင်တီသည် အမေရိကန်ပြည်ထောင်စု၏ လူဦးရေ အများဆုံး ကောင်တီ အဖြစ် ဆယ်စုနှစ်များစွာ နေရာယူထားပြီး အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် ၄၂ ခုထက်ပင် ပို၍ လူဦးရေများသည်။ [၁၃၇][၁၃၈] လော့စ်အိန်ဂျယ်လိစ်မြို့ အပါအဝင် ကယ်လီဖိုးနီးယားရှိ မြို့တော် ၄ မြို့သည် အမေရိကန်ပြည်ထောင်စုရှိ လူဦးရေ အများဆုံး မြိုတော် ၂၀ တွင် ပါဝင်ကာ လော့အိန်ဂျယ်လိစ် (ဒုတိယ) ၊ ဆန်ဒီယေးဂိုး (အဌမ) ၊ ဆန်ဟိုဆေး (အဆင့် ၁၀) နှင့် ဆန်ဖရန်စစ္စကို (အဆင့် ၁၇) တို့ ဖြစ်သည်။ ကယ်လီဖိုးနီးယား၏ လူဦးရေ ဗဟိုချက်သည် ကန်းကောင်တီ ၊ ရှက်ဖတာမြို့၏ အနောက်-အနောက်တောင်ဘက် ၄ မိုင်အကွာတွင် တည်ရှိသည်။ [note ၁]

၂၀၁၈ ခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်ရှိ လူတစ်ဦးချင်း ပျမ်းမျှသက်တမ်းမှာ ၈၀.၈ နှစ်ဖြစ်ပြီး တစ်နိုင်ငံလုံး ပျမ်းမျှသက်တမ်းဖြစ်သော ၇၈.၇ နှစ်ထက် ပိုများပြီး တစ်နိုင်ငံလုံးတွင် ဒုတိယ ဖြစ်သည်။ [၁၄၀]

၂၀၁၀ ခုနှစ်မှစ၍ ကယ်လီဖိုးနီးယား ရွှေထွက်ရာသို့ လူအများအပြား ရွှေ့ပြောင်းလာခြင်း အပြီးတွင် ပထမဆုံး အကြိမ်အဖြစ် ကယ်လီဖိုးနီးယားတွင် မွေးဖွားသော နေထိုင်သူတို့မှာ ပြည်နယ်၏ အဓိက လူဦးရေ ဖြစ်လာခဲ့သည်။[၁၄၁] အမေရိကန် တစ်နိုင်ငံလုံးနှင့် အတူပင် ကယ်လီဖိုးနီးယား၏ လူဦးရေ ရွှေ့ပြောင်းမှု ပုံစံသည် ၂၀၀၀ ခုနှစ်များ နှောင်းပိုင်းမှ ၂၀၁၀ ခုနှစ်များ အစောပိုင်း အထိတွင် ပြောင်းလဲလာခဲ့သည်။ [၁၄၂] လက်တင်အမေရိကနိုင်ငံများမှ ပြောင်းရွှေ့နေထိုင်လာမှုမှာ သိသိသာသာ လျော့ကျသွားခဲ့ပြီး အများစုသော ရွှေ့ပြောင်းနေထိုင်သူတို့မှ အာရှမှ ဖြစ်လာခဲ့သည်။ [၁၄၃] ၂၀၁၁ ခုနှစ်တွင် ရွှေ့ပြောင်းနေထိုင်သူ ၂၇၇,၃၀၄ ဦး ရှိသည်။ ၅၇ ရာခိုင်နှုန်းမှာ အာရှနိုင်ငံများမှ ဖြစ်ပြီး ၂၂ ရာခိုင်နှုန်းမှာ လက်တင်အမေရိက နိုင်ငံများမှ ဖြစ်သည်။ [၁၄၃] မက္ကဆီကိုမှ စုစုပေါင်း ရွှေ့ပြောင်းနေထိုင်လာသူများမှာ သုည သို့မဟုတ် သုညအောက် လျော့နည်းသွားခဲ့ပြီး မက္ကဆီကိုနိုင်ငံသားများမှ ရွှေ့ပြောင်းရောက်ရှိလာသူများထက် မိမိတို့၏အိမ် ဖြစ်သောနိုင်ငံသို့ ပြန်သွားသူများက ပိုများသောကြောင့် ဖြစ်သည်။[၁၄၂] ထို့အတွက်ကြောင့် စပိန်အနွယ်ဝင် နိုင်ငံသားများသည် ယခင် ခန့်မှန်းခဲ့သော ၂၀၅၀ ခုနှစ် မဟုတ်ဘဲ ၂၀၆၀ ခုနှစ် မှသာ လူဦးရေ၏ ၄၉% ကို ကိုယ်စားပြုမည် ဖြစ်ပြီး ပြည်တွင်း မွေးဖွားမှုနှုန်းကြောင့်လည်း ပါဝင်သည်။ [၁၄၂][၁၄၄]

ပြည်နယ်၏ လူဦးရေအတွင်း စာရွက်စာတမ်းမရှိသော ရွှေ့ပြောင်းနေထိုင်သူများမှာ လတ်တလော နှစ်များတွင် သိသာစွာ လျော့ကျသွားခဲ့ပြီး ဥပဒေကို တင်းကျပ်စွာ ကိုင်တွယ်ခြင်း နှင့် အရည်အချင်းနိမ့်သော လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာမှုကြောင့် ဖြစ်သည်။ [၁၄၅] အနောက်တောင်ပိုင်းတွင် မက္ကဆီကို နယ်စပ်ကို ဖြတ်ကျော်ရန် ကြိုးစားသော ရွှေ့ပြောင်းနေထိုင်သူများကို ဖမ်းဆီးမှုသည် ၂၀၀၅ ခုနှစ်တွင် ၁.၁ သန်းမျှ ရှိရာမှ ၂၀၁၁ ခုနှစ်တွင် ၃၆,၇၀၀ ဦး သို့ လျော့ကျသွားခဲ့သည်။ [၁၄၆] ထိုသို့သော လတ်တလော အပြောင်းအလဲများ ရှိသော်လည်း တရားမဝင်သော နိုင်ငံခြားသားများမှာ ပြည်နယ်လူဦးရေ၏ ၇.၃ ရာခိုင်နှုန်းမျှ ရှိပြီး အမေရိကန်ပြည်ထောင်စု ရှိ ပြည်နယ်များ အတွင်း တတိယမြောက် အများဆုံး ရာခိုင်နှုန်း ဖြစ်ကာ [၁၄၇][note ၂] စုစုပေါင်း လူပေါင်း ၂.၆ သန်း ခန့် ရှိသည်။ [၁၄၈] အထူးသဖြင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသည် လော့အိန်ဂျယ်လိစ်၊ မွန်တာရေး၊ ဆန်ဘနီတို ၊ အင်ပီရီယယ် နှင့် နာပါကောင်တီများတွင် စုစည်းနေကြပြီး ထိုအထဲမှာ နောက်ဆုံး ကောင်တီ ၄ ခုမှာ အလုပ်ကြမ်းသမားကို အားထားရေသော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ သိသာစွာ ရှိသော ကောင်တီများ ဖြစ်သည်။[၁၄၉] တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ၏ တစ်ဝက်ကျော်မှာ မက္ကဆီကိုနိုင်ငံမှ လာရောက်ကြခြင်း ဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်နှင့် အချို့သော ကယ်လီဖိုးနီးယား မြို့တော်များ ဖြစ်သော လော့စ်အိန်ဂျယ်လိစ်၊ အုတ်ကလန်း နှင့် ဆန်ဖရန်စစ္စကိုတို့သည် တရားမဝင်နေထိုင်သူများအတွက် ဘေးမဲ့ပေးထားသော ပေါ်လစီများကို ကျင့်သုံးကြသည်။ [၁၅၀]

လူမျိုးများ

[ပြင်ဆင်ရန်]
၂၀၂၀ ခုနှစ် လူဦးရေစာရင်း အရ လူမျိုးနှင့် လူမျိုးစု စုပေါင်းနေထိုင်မှု
လူမျိုးနှင့် လူမျိုးစု[၁၅၁] သီးသန့် စုစုပေါင်း
စပိန်အနွယ်ဝင် သို့မဟုတ် လာတီနို [note ၃] ၃၉.၄% 39.4
 
အဖြူ (စပိန်အနွယ်မဟုတ်သူ) ၃၄.၇% 34.7
 
၃၈.၃% 38.3
 
အာရှသား (စပိန်အနွယ်မဟုတ်သူ) ၁၅.၁% 15.1
 
၁၇.၀% 17
 
အာဖရိက အမေရိကန် (စပိန်အနွယ်မဟုတ်သူ) ၅.၄% 5.4
 
၆.၄% 6.4
 
ရှေးဦးနေ အမေရိကန် (စပိန်အနွယ်မဟုတ်သူ) ၀.၄% 0.4
 
၁.၃% 1.3
 
ပစိဖိတ်ကျွန်းသား (စပိန်အနွယ်မဟုတ်သူ) ၀.၃% 0.3
 
၀.၇% 0.7
 
အခြား (စပိန်အနွယ်မဟုတ်သူ) ၀.၆% 0.6
 
၁.၃% 1.3
 
ကယ်လီဖိုးနီးယား၏ သမိုင်းအရ လူမျိုးများအလိုက် လူဦးရေပျံ့နှံ့နေထိုင်ပုံ
လူမျိုးအချိုးအစား ၁၉၇၀[၁၅၂] ၁၉၉၀[၁၅၂] ၂၀၀၀[၁၅၃] ၂၀၁၀[၁၅၄]
လူဖြူ ၈၉.၀% ၆၉.၀% ၅၉.၅% ၅၇.၆%
အာရှသား ၂.၈% ၉.၆% ၁၀.၉% ၁၃.၀%
လူမည်း ၇.၀% ၇.၄% ၆.၇% ၆.၂%
ဒေသရင်းလူမျိုး ၀.၅% ၀.၈% ၁.၀% ၁.၀%
ဒေသရင်း ဟာဝိုင်အီကျွန်းသား နှင့်
ပစိဖိတ်ကျွန်းသား
၀.၃% ၀.၄%
အခြားလူမျိုးများ ၀.၇% ၁၃.၂% ၁၆.၈% ၁၇.၀%
လူမျိုးနှစ်ခု သို့ နှစ်ခုထက်ပိုသော ကပြား ၄.၈% ၄.၉%

အမေရိကန်ပြည်ထောင်စု လူဦးရေစာရင်း ဗျူရို၏ အဆိုအရ ၂၀၁၈ ခုနှစ်တွင် (တစ်ဦးချင်း သို့မဟုတ်ပေါင်းစပ်၍)[၁၅၅] လူဖြူ ၇၂.၁% (စပိန်လူဖြူ အပါအဝင်) ၊ စပိန်အနွယ်မဟုတ်သော လူဖြူ ၃၆.၈% ၊ အာရှသား ၁၅.၃% ၊ လူမည်း သို့မဟုတ် အာဖရိကန် အမေရိကန် ၆.၅% ၊ ရှေးဦးနေ အမေရိကန်နှင့် ရှေးဦးနေ အလက်စကာများ ၁.၆% ၊ ရှေဦးနေ ဟာဝိုင်ယီကျွန်းသား သို့မဟုတ် ပစိဖိတ်ကျွန်းသား ၀.၅% ၊ လူမျိုးနှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပိုသူ ၃.၉% နေထိုင်ကြသည်။

၂၀၁၈ ခုနှစ်တွင် လူမျိုးအရ လူဦးရေတွင် စပိန်မဟုတ်သူ လူမျိုး (မည်သည့်လူမျိုးမဆို) ၆၀.၇% နှင့် စပိန် သို့မဟုတ် လာတီနို (မည်သည့်လူမျိုးမဆို) ၃၉.၃% ရှိသည်။ စပိန်လူမျိုးများသည် ကယ်လီဖိုးနီးယားတွင် အကြီးဆုံးသော လူမျိုးစုများ ဖြစ်သည်။ [၁၅၅] စပိန်မဟုတ်သူ လူဖြူများမှာ ပြည်နယ်လူဦးရေ၏ ၃၆.၈% ရှိသည်။[၁၅၅] "ကယ်လီဖိုနီယို" ဟု ခေါ်ဆိုကြသူများမှာ ကယ်လီဖိုးနီးယားတွင် ရှေးဦးနေ စပိန်လူမျိုးများ ဖြစ်ပြီး ကယ်လီဖိုးနီးယားတွင် စပိန်စကားပြောသော အသိုင်းအဝိုင်းအဖြစ် ၁၅၄၂ ခုနှစ်ကတည်းက ရှိနေကြပြီး မက္ကဆီကန် အမေရိကန်/ချီကာနိုများ၊ ခရီယိုလို စပိန်များနှင့် မက်စတီဇို လူမျိုးရင်းများ ပါဝင်သည်။[၁၅၆]

ဘာသာစကားများ

[ပြင်ဆင်ရန်]

ယဉ်ကျေးမှု

[ပြင်ဆင်ရန်]

အများပြည်သူသုံး မီဒီယာနှင့် ဖျော်ဖြေရေးလုပ်ငန်း

[ပြင်ဆင်ရန်]

ဘာသာရေး

[ပြင်ဆင်ရန်]

အားကစား

[ပြင်ဆင်ရန်]

ပညာရေး

[ပြင်ဆင်ရန်]

အမြွှာဒေသများ

[ပြင်ဆင်ရန်]

စီးပွားရေး

[ပြင်ဆင်ရန်]

ပြည်နယ်၏ ဘဏ္ဍာရေး

[ပြင်ဆင်ရန်]

အခြေခံအဆောက်အအုံ

[ပြင်ဆင်ရန်]

အစိုးရနှင့်နိုင်ငံရေး

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. American FactFinder—Results။ U.S. Census Bureau။ 24 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 July 2020 တွင် ပြန်စစ်ပြီး။
  2. GDP by State | U.S. Bureau of Economic Analysis (BEA)။ September 19, 2018 တွင် ပြန်စစ်ပြီး။
  3. Report for Selected Countries and Subjects။ November 29, 2017 တွင် ပြန်စစ်ပြီး။
  4. World Population Prospects—Population Division—United Nations။ September 2, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 24, 2017 တွင် ပြန်စစ်ပြီး။
  5. U.S. metro areas—ranked by Gross Metropolitan Product (GMP) 2020 | Statistic။ May 31, 2019 တွင် ပြန်စစ်ပြီး။
  6. GDP by Metropolitan Area | U.S. Bureau of Economic Analysis (BEA) (in en)။ September 19, 2018 တွင် ပြန်စစ်ပြီး။
  7. Largest Companies by Market Cap Today • Dogs of the Dow (in en-US) (2019-06-17)။ 2020-04-25 တွင် ပြန်စစ်ပြီး။
  8. "Bloomberg Billionaires Index"၊ Bloomberg.com 
  9. Happy 25th anniversary, World Wide Web။ CalWatchdog.com (March 13, 2014)။
  10. Weller၊ Chris။ The most important invention from every state
  11. Some People Don't Know These 10 Things Came From Southern California (June 18, 2016)။
  12. 15 Things the world needs to be thanking California for
  13. ၁၃.၀ ၁၃.၁ California Gross domestic product (GDP) (millions of current dollars)။ U.S. Department of Commerce, Bureau of Economic Analysis။ 6 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 19, 2015 တွင် ပြန်စစ်ပြီး။
  14. Palmer၊ Brian (July 10, 2013)။ The C-Free DietSlate
  15. CDFA—Statistics။ California Department of Food and Agriculture။
  16. "California farms produce a lot of food—but what and how much might surprise you"၊ Orange County Register၊ July 27, 2017။ 
  17. "California's most destructive wildfire should not have come as a surprise"၊ Los Angeles Times၊ November 10, 2018။ 
  18. Advancing Drought Science and Preparedness across the Nation။ National Integrated Drought Information System။ 11 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 July 2020 တွင် ပြန်စစ်ပြီး။
  19. Stewart, George (1945). Names on the Land: A Historical Account of Place-Naming in the United States. New York: Random House. pp. 11–17.
  20. Starr 2007, p. 13.
  21. Rolle 1987, pp. 34–35.
  22. Rolle 1987, pp. 40–41.
  23. Tillman၊ Linda C.; Scheurich၊ James Joseph (August 21, 2013)။ The Handbook of Research on Educational Leadership for Equity and Diversity။ Routledge။ p. 202။ ISBN 978-1-135-12843-2
  24. Huping Ling (April 29, 2009)။ Asian America: Forming New Communities, Expanding Boundaries။ Rutgers University Press။ p. 109။ ISBN 978-0-8135-4867-8
  25. Tillman၊ Linda C.; Scheurich၊ James Joseph (August 21, 2013)။ The Handbook of Research on Educational Leadership for Equity and Diversity။ Routledge။ p. 202။ ISBN 978-1-135-12843-2
  26. Huping Ling (April 29, 2009)။ Asian America: Forming New Communities, Expanding Boundaries။ Rutgers University Press။ p. 109။ ISBN 978-0-8135-4867-8
  27. Rolle 1987, p. 44.
  28. California as an Island in Maps—Online Exhibits။ June 15, 2016 တွင် ပြန်စစ်ပြီး။
  29. California Indian History—Native American Caucus
  30. Historical Atlas of California
  31. source: Encyclopædia Britannica 7th edition, 1842, "Mexico"
  32. ၃၂.၀ ၃၂.၁ Introduction။ National Park Service။ August 26, 2012 တွင် ပြန်စစ်ပြီး။
  33. Altman၊ Linda Jacobs (2005)။ California။ Marshall Cavendish။ p. 117။ ISBN 978-0-7614-1737-8March 16, 2013 တွင် ပြန်စစ်ပြီး
    Testimonios: Early California Through the Eyes of Women, 1815–1848။ Heyday။ 2006။ p. 425။ ISBN 978-1-59714-033-1March 16, 2013 တွင် ပြန်စစ်ပြီး
  34. Starr၊ Kevin (2007)။ California: A History။ Modern Library။ pp. 17–။ ISBN 978-0-8129-7753-0
    Hoover၊ Mildred Brooke; Kyle၊ Douglas E., eds. (2002)။ Historic Spots in California။ Historic Spots in California။ p. 316။ ISBN 978-0-8047-7817-6March 16, 2013 တွင် ပြန်စစ်ပြီး
    Conway၊ J. D. (2003)။ Monterey: Presidio, Pueblo, and Port။ Arcadia Publishing။ The Making of America Series။ pp. 53–55။ ISBN 978-0-7385-2423-8March 16, 2013 တွင် ပြန်စစ်ပြီး
  35. Hart၊ James David (1987)။ A Companion to California။ University of California Press။ p. 315။ ISBN 978-0-520-05544-5March 16, 2013 တွင် ပြန်စစ်ပြီး
    Harlow၊ Neal (1989)။ California Conquered: The Annexation of a Mexican Province, 1846–1850။ University of California Press။ p. 27။ ISBN 978-0-520-06605-2March 16, 2013 တွင် ပြန်စစ်ပြီး
  36. ၃၆.၀ ၃၆.၁ Billington၊ Ray Allen; Ridge၊ Martin (2001)။ Westward Expansion: A History of the American Frontier။ University of New Mexico Press။ p. 203။ ISBN 978-0-8263-1981-4February 16, 2013 တွင် ပြန်စစ်ပြီး
  37. Lyman, George D. and John Marsh, Pioneer: The Life Story of a Trail-Blazer on Six Frontiers, pp. 237–39, The Chautauqua Press, Chautauqua, New York, 1931.
  38. Lyman and Marsh, pp. ix, 209, 231, 238–39, 246–51, 266–67, 268–71.
  39. Lyman and Marsh 1931, pp. 250–62.
  40. Stone, Irving. Men to Match My Mountains, pp. 70–72, Berkley Books, New York, New York, 1982. ISBN 0-425-10544-X.
  41. Winkley, John W. Dr. John Marsh, Wilderness Scout, pp. 67–69, The Parthenon Press, Nashville, Tennessee, 1962.
  42. Stone, Irving. From Mud-Flat Cove to Gold to Statehood, pp. 66–68, Word Dancer Press, Clovis, California, 1999. ISBN 1-884995-17-9.
  43. William B. Ide Adobe SHP။ California State Parks။ December 25, 2009 တွင် ပြန်စစ်ပြီး။
  44. Bear Flag Revolt။ History.com (2015)။ June 5, 2015 တွင် ပြန်စစ်ပြီး။
    The United States and California။ Library of Congress (1998)။ June 5, 2015 တွင် ပြန်စစ်ပြီး။
  45. The U.S. Mexican War။ KPBS (1999)။ June 5, 2015 တွင် ပြန်စစ်ပြီး။
    Matthew Kachur; Jon Sterngass (July 1, 2006)။ The Mexican-American War။ World Almanac Library။ pp. 25–26။ ISBN 978-0-8368-7290-3
    Thomas M. Leonard (2001)။ James K. Polk: A Clear and Unquestionable Destiny။ Rowman & Littlefield။ pp. 141–143။ ISBN 978-0-8420-2647-5
  46. Spencer Tucker (Militärhistoriker) (2013)။ The Encyclopedia of the Mexican-American War: A Political, Social, and Military History။ ABC-CLIO။ pp. 55–56။ ISBN 978-1-85109-853-8
  47. The Quarterly။ Historical Society of Southern California။ 1907။ pp. 199–201။
    Hunt Janin; Ursula Carlson (April 20, 2015)။ The California Campaigns of the U.S.-Mexican War, 1846–1848။ McFarland။ pp. 149–151။ ISBN 978-1-4766-2093-0
  48. Osborne၊ Thomas J. (November 29, 2012)။ Pacific Eldorado: A History of Greater California။ Wiley။ ISBN 978-1-118-29217-4
  49. California Gold Rush, 1848–1864။ 27 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2021 တွင် ပြန်စစ်ပြီး။
  50. 1870 Fast FactsUnited States Census Bureau။ March 5, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 5, 2019 တွင် ပြန်စစ်ပြီး။
  51. Wilson၊ Dotson; Ebbert၊ Brian S. (2006)။ California's Legislature (PDF) (2006 ed.)။ Sacramento: California State Assembly။
  52. 10 Facts: California during the Civil War Civil War Trust. Downloaded September 9, 2017.
  53. Destruction of the California Indians။ California Secretary of State။ 7 December 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 February 2021 တွင် ပြန်စစ်ပြီး။
  54. California Militia and Expeditions Against the Indians, 1850–1859။ Militarymuseum.org။ March 21, 2012 တွင် ပြန်စစ်ပြီး။
  55. see also Benjamin Madley, American Genocide: The California Indian Catastrophe, 1846–1873, Yale University Press, 2012.။ May 11, 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  56. The U.S. Mainland: Growth and Resistance
  57. Behind the Wire: Japanese Immigration and Relocation in U.S. History။ February 8, 2021 တွင် ပြန်စစ်ပြီး။
  58. California apologizes for Japanese American internment (February 20, 2020)။ February 8, 2021 တွင် ပြန်စစ်ပြီး။
  59. California—Race and Hispanic Origin: 1850 to 1990။ U.S. Census Bureau။ December 24, 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  60. Peck, Merton J. & Scherer, Frederic M. The Weapons Acquisition Process: An Economic Analysis (1962) Harvard Business School p. 111
  61. Shipbuilding Essay—World War II in the San Francisco Bay Area: A National Register of Historic Places Travel Itinerary
  62. Richmond Shipyard Number Three: World War II in the San Francisco Bay Area: A National Register of Historic Places Travel Itinerary
  63. Rosie the Riveter National Historical Park, Kaiser Shipyards
  64. Saving the Bay—The Greatest Shipbuilding Center in the World။ KQED (August 11, 2010)။
  65. ၆၅.၀ ၆၅.၁ Bill Watkins။ "How California Lost its Mojo"၊ October 10, 2012။ [လင့်ခ်သေ]
    Nancy Kleniewski; Alexander R. Thomas (March 1, 2010)။ Cities, Change, and Conflict: A Political Economy of Urban Life။ Cengage Learning။ pp. 91–92။ ISBN 978-0-495-81222-7June 26, 2013 တွင် ပြန်စစ်ပြီး
  66. Rosa Maria Moller (May 2008)။ Aerospace States' Incentives to Attract The Industry 24–25။ California Research Bureau။ 24 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 February 2021 တွင် ပြန်စစ်ပြီး။
    Robert A. Kleinhenz (August 2012)။ The Aerospace Industry in Southern California။ laedc.org။ May 12, 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 25, 2013 တွင် ပြန်စစ်ပြီး။ “In 1987, California accounted for one in four aerospace jobs nationally, and in Los Angeles County, the share was one in ten. Following the collapse of the Soviet Union and the end of the Cold War, the Department of Defense (DOD) sharply curtailed procurement spending. In 1995, DOD spending fell below $50 billion for the first time since 1982. Nowhere in the country were the changes in Pentagon outlays more apparent than in Southern California.”
    Eric John Heikkila; Rafael Pizarro (January 1, 2002)။ Southern California and the World။ Greenwood Publishing Group။ p. 18။ ISBN 978-0-275-97112-0June 25, 2013 တွင် ပြန်စစ်ပြီး
    James Flanigan (2009)။ Smile Southern California, You're the Center of the Universe: The Economy and People of a Global Region။ Stanford University Press။ p. 25။ ISBN 978-0-8047-5625-9June 25, 2013 တွင် ပြန်စစ်ပြီး
  67. Markoff၊ John။ "Searching for Silicon Valley"၊ The New York Times၊ April 17, 2009။ 
  68. Cohen 2003, pp. 115–116.
  69. Clark Davis; David Igler (August 1, 2002)။ The Human Tradition in California။ Rowman & Littlefield Publishers။ p. 11။ ISBN 978-1-4616-4431-6
    Treanor၊ Jill။ "Pink slip season in Silicon Valley"၊ July 17, 2001။ "This micro-economy—the world's fifth largest economy in its own right—started to feel the pain of the new technology meltdown first." 
  70. Taylor၊ Lisa။ "Getting Out: The Great California Exodus: Remember us? We left Southern California looking for cheaper housing, employment opportunities and a better way of life. Well ... We're Ba-aack!"၊ March 30, 1997။ 
  71. Watts Rebellion (Los Angeles) (in en)။ Stanford University (June 12, 2017)။ February 7, 2021 တွင် ပြန်စစ်ပြီး။
  72. When LA Erupted In Anger: A Look Back At The Rodney King Riots (in en)။ February 7, 2021 တွင် ပြန်စစ်ပြီး။
  73. The Black Panther Party: Challenging Police and Promoting Social Change (in en) (July 23, 2019)။ February 7, 2021 တွင် ပြန်စစ်ပြီး။
  74. Cesar Chavez: The Life Behind A Legacy Of Farm Labor Rights (in en)။ February 7, 2021 တွင် ပြန်စစ်ပြီး။
  75. Krech၊ Shepard, III; Merchant၊ Carolyn; McNeill၊ John Robert, eds. (2004)။ Encyclopedia of World Environmental History။ 3: O-Z, Index။ Routledge။ pp. 540–။ ISBN 978-0-415-93735-1November 23, 2012 တွင် ပြန်စစ်ပြီး
  76. William Deverell, and Greg Hise, eds. Land of Sunshine: An Environmental History of Metropolitan Los Angeles (2005).
  77. James E. Krier, and Edmund Ursin, Pollution and Policy: A Case Essay on California and Federal Experience with Motor Vehicle Air Pollution, 1940–1975 (1978)
  78. Severin Borenstein, "The Trouble With Electricity Markets: Understanding California's Restructuring Disaster", Journal of Economic Perspectives, Winter 2002, Vol. 16 Issue 1, pp. 191–211 (in JSTOR)
  79. Robert M. Hardaway, The Great American Housing Bubble: The Road to Collapse (2011) p. 22
  80. Stephen D. Cummings and Patrick B. Reddy, California after Arnold (2009) p. 102
  81. Fires, floods and free parking: California's unending fight against climate change (in en) (December 5, 2019)။ February 8, 2021 တွင် ပြန်စစ်ပြီး။
  82. How California Became Ground Zero for Climate Disasters (September 20, 2020)။ February 8, 2021 တွင် ပြန်စစ်ပြီး။
  83. California Facing Worst Drought on Record | NOAA Climate.gov။ February 8, 2021 တွင် ပြန်စစ်ပြီး။
  84. 2018 California Wildfires (in EN-US)။ February 8, 2021 တွင် ပြန်စစ်ပြီး။
  85. 2000 Census of Population and Housing။ US Census Bureau (April 2004)။ December 25, 2009 တွင် ပြန်စစ်ပြီး။
  86. "Figures Show California's Motoring Supremacy" (March 1916). Touring Topics 8: 38–9. 
  87. Cooley၊ Timothy J. (2014)။ Surfing about Music။ University of California Press။ p. 46။ ISBN 978-0-520-95721-3
  88. Morgan၊ Neil။ "Westward Tilt: Northern California"၊ April 19, 1963။ 
  89. John E. Kent, ed. (1917)။ Kent Guide Manual (Harrison Narcotic Law) and Professional Registry။ San Francisco: The Service Press။ p. 6။
  90. WhitneyNGS data sheet။ U.S. National Geodetic Survey။
  91. Elevations and Distances in the United StatesUnited States Geological Survey (2001)။ 15 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 May 2021 တွင် ပြန်စစ်ပြီး။
  92. Elevation adjusted to North American Vertical Datum of 1988.
  93. "The Dried-Up Heart of California's Water Dilemma"၊ Bloomberg၊ April 26, 2017။ 
  94. Laaksonen-Craig၊ Susanna; Goldman၊ George; McKillop၊ William (2003)။ Forestry, Forest Products, and Forest Products Consumption in California (PDF)။ Davis, California: University of California—Division of Agriculture and Natural Resources။ p. 1။ ISBN 978-1-60107-248-1။ February 21, 2011 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးDecember 12, 2009 တွင် ပြန်စစ်ပြီး
  95. Lanner၊ RM (2007)။ The Bristlecone Book။ Mountain Press။ p. 14ISBN 978-0-87842-538-9
  96. Oldlist။ Rocky Mountain Tree Ring Research။ January 8, 2013 တွင် ပြန်စစ်ပြီး။
  97. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named NED
  98. Frequently Asked Questions။ Seismo.berkeley.edu။ April 22, 2011 တွင် ပြန်စစ်ပြီး။
  99. El Fadli, K. I. (September 2012). "World Meteorological Organization Assessment of the Purported World Record 58 °C Temperature Extreme at El Azizia, Libya (September 13, 1922)". Bulletin of the American Meteorological Society 94 (2). doi:10.1175/BAMS-D-12-00093.1. Bibcode2013BAMS...94..199E.  (The 136.4 °F (58 °C), claimed by 'Aziziya, Libya, on September 13, 1922, has been officially deemed invalid by the World Meteorological Organization.)
  100. World Meteorological Organization World Weather / Climate Extremes Archive။ 4 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 June 2021 တွင် ပြန်စစ်ပြီး။
  101. Weather Data: California, Boca, 1937, January။ June 26, 2020 တွင် ပြန်စစ်ပြီး။
  102. California climate averages။ Weatherbase။ January 26, 2018 တွင် ပြန်စစ်ပြီး။
  103. Checklist of the Scarabaeoidea of the Nearctic Realm။ digitalcommons.unl.edu (University of Nebraska State: Papers in Entomology) (2003)။ October 5, 2010 တွင် ပြန်စစ်ပြီး။
  104. David Elstein (May 2004). "Restoring California's Native Grasses". Agricultural Research Magazine 52 (5). 
  105. The California Invasive Species List။ iscc.ca.gov (California Invasive Species Advisory Committee) (April 21, 2010)။ October 5, 2010 တွင် ပြန်စစ်ပြီး။
  106. ၁၀၆.၀ ၁၀၆.၁ ၁၀၆.၂ ၁၀၆.၃ ၁၀၆.၄ ၁၀၆.၅ ၁၀၆.၆ ၁၀၆.၇ ၁၀၆.၈ California: flora and fauna။ city-data.com (2010)။ September 7, 2010 တွင် ပြန်စစ်ပြီး။
  107. Sequoia sempervirens (D. Don) Endl။ fed.us (U.S. Forest Service)။ 16 December 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 7, 2010 တွင် ပြန်စစ်ပြီး။
  108. Life Zones of the Central Sierra Nevada။ sierrahistorical.org။ 1 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 February 2022 တွင် ပြန်စစ်ပြီး။
  109. California Condor။ The Cornell Lab of Ornithology (2009)။ October 3, 2010 တွင် ပြန်စစ်ပြီး။
  110. CalPhotos: Browse Mammal Common Names။ calphotos.berkeley.edu (BSCIT University of California, Berkeley) (October 2, 2010)။ October 3, 2010 တွင် ပြန်စစ်ပြီး။
  111. Quail Ridge Reserve: UC Davis Natural Reserve System။ nrs.ucdavis.edu (University of California at Davis: Natural Reserve System) (April 5, 2007)။ June 10, 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 5, 2010 တွင် ပြန်စစ်ပြီး။
  112. Black-tailed Deer of California။ westernhunter.com (2000)။ October 7, 2010 တွင် ပြန်စစ်ပြီး။
  113. California's Endangered Insects—Formally Listed Insects။ August 25, 2015 တွင် ပြန်စစ်ပြီး။
  114. Threatened and Endangered Invertebrates။ California Department of Fish and Wildlife။ 24 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 8, 2017 တွင် ပြန်စစ်ပြီး။
  115. Species Search Results။ U.S. Fish and Wildlife Service။ May 8, 2017 တွင် ပြန်စစ်ပြီး။
  116. ၁၁၆.၀ ၁၁၆.၁ U.S. Fish & Wildlife Service: Species Reports: Listings and occurrences for California။ ecos.fws.gov (September 7, 2010)။ September 7, 2010 တွင် ပြန်စစ်ပြီး။
  117. CA Codes (gov:34500-34504)။ California State Senate။ August 27, 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 29, 2010 တွင် ပြန်စစ်ပြီး။
  118. Instant City: Sacramento။ California State Library။ January 28, 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 29, 2010 တွင် ပြန်စစ်ပြီး။
  119. San Jose at a Glance။ City of San Jose။ 23 April 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 July 2022 တွင် ပြန်စစ်ပြီး။
  120. A History of San Diego Government။ City of San Diego။ May 28, 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 29, 2010 တွင် ပြန်စစ်ပြီး။
  121. California State Parks: 1846 to 1854။ California State Parks (May 23, 2007)။ January 29, 2010 တွင် ပြန်စစ်ပြီး။
  122. Jurupa Valley Becomes California's 482nd City။ League of California Cities (March 11, 2011)။ May 6, 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 21, 2011 တွင် ပြန်စစ်ပြီး။
  123. Stokley၊ Sandra (June 14, 2011)။ Jurupa Valley: Rushing to meet a July 1 incorporation။ The Press-Enterprise။ 7 September 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 July 2022 တွင် ပြန်စစ်ပြီး။
  124. Census QuickFacts: California။ U.S. Census Bureau။ September 24, 2021 တွင် ပြန်စစ်ပြီး။
  125. California Grew By 356,000 Residents in 2013။ 2 May 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 July 2022 တွင် ပြန်စစ်ပြီး။
  126. 1990 Census of Population and Housing, Unit Counts, United States, 1990 CPH-2-1။ United States Census Bureau, U.S. Department of Commerce Economics and Statistics Administration (August 20, 1993)။ January 1, 2012 တွင် ပြန်စစ်ပြီး။
  127. ၁၂၇.၀ ၁၂၇.၁ Population, Population Change, and Estimated Components of Population Change: April 1, 2010 to July 1, 2020 (NST-EST2020-alldata)။ United States Census Bureau။ December 22, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 26, 2021 တွင် ပြန်စစ်ပြီး။
  128. [၁] Archived 25 May 2022 at the Wayback Machine. Accessed June 12, 2022.
  129. American Indian Civics Project: Indians of Northern California: A Case Study of Federal, State, and Vigilante Intervention, 1850–1860။ Americanindiantah.com။ March 17, 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 21, 2012 တွင် ပြန်စစ်ပြီး။
  130. ၁၃၀.၀ ၁၃၀.၁ Table 4. Cumulative Estimates of the Components of Resident Population Change for the United States, Regions, States, and Puerto Rico: April 1, 2000 to July 1, 2009 (CSV)။ US Census Bureau (December 22, 2009)။ June 9, 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 26, 2009 တွင် ပြန်စစ်ပြီး။
  131. E-4 Population Estimates for Cities, Counties and the State, 2001–2009, with 2000 Benchmark။ State of California, Department of Finance (May 2009)။ 30 April 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 July 2022 တွင် ပြန်စစ်ပြီး။
  132. The Great California Exodus: A Closer Look။ Manhattan-institute.org (September 2012)။ 5 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 30, 2013 တွင် ပြန်စစ်ပြီး။
  133. "California's population shrank in 2020, but don't call it an exodus" (in en-US)၊ May 7, 2021။ 
  134. Censo 2010: população do Brasil é de 190.732.694 pessoas။ September 19, 2011 တွင် ပြန်စစ်ပြီး။
  135. International Database—County Rankings။ US Census Bureau။ February 8, 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 26, 2009 တွင် ပြန်စစ်ပြီး။
  136. Table A.1. Total Population by Sex in 2009 and Sex Ratio by Country in 2009 31–35။ United Nations, Department of Economic and Social Affairs, Population Division (2009)။ December 29, 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 26, 2009 တွင် ပြန်စစ်ပြီး။
  137. About Los Angeles County Department of Public Social Services။ Los Angeles County Department of Public Social Services (December 2005)။ April 17, 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 26, 2009 တွင် ပြန်စစ်ပြီး။
  138. Barrett၊ Beth။ "Baby Slump in L.A. County"၊ Los Angeles Daily News၊ Los Angeles Newspaper Group၊ September 19, 2003၊ pp. N4။ 
  139. Centers of Population for the 2020 Census။ United States Census Bureau (November 17, 2021)။
  140. "Here are which states have the longest life expectancies — and which have the shortest". March 11, 2021. Retrieved March 11, 2021. https://www.yahoo.com/lifestyle/which-states-longest-life-expectancies-shortest-life-expectancies-160420160.html
  141. "Native-born Californians regain majority status"၊ Los Angeles Times၊ April 1, 2010။ 
  142. ၁၄၂.၀ ၁၄၂.၁ ၁၄၂.၂ Net Migration from Mexico Falls to Zero—and Perhaps Less။ Pew Hispanic Center။ September 24, 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 19, 2015 တွင် ပြန်စစ်ပြီး။
  143. ၁၄၃.၀ ၁၄၃.၁ "Census shows Asians eclipse Latino arrivals to California"၊ Sacramento Bee၊ January 17, 2013။ 
  144. "Latino mojo"၊ June 20, 2015။ 
  145. Unauthorized Immigrants: 11.1 Million in 2011 (December 6, 2012)။ August 25, 2015 တွင် ပြန်စစ်ပြီး။
  146. California's Illegal Immigrant Shortage, Bloomberg BusinessWeek, May 3, 2012.
  147. Slevin၊ Peter။ "New Arizona law puts police in 'tenuous' spot"၊ April 30, 2010၊ pp. A4။ 
  148. Michael Gardner။ "Cutting services to illegal immigrants isn't easy"၊ The San Diego Union-Tribune၊ April 19, 2011။ 
  149. Illegal Immigration။ Public Policy Institute of California (July 2011)။ January 15, 2013 တွင် ပြန်စစ်ပြီး။
  150. Cities, States Resist—and Assist—Immigration Crackdown in New Ways
  151. Race and Ethnicity in the United States: 2010 Census and 2020 Census။ United States Census Bureau (August 12, 2021)။ September 26, 2021 တွင် ပြန်စစ်ပြီး။
  152. ၁၅၂.၀ ၁၅၂.၁ Historical Census Statistics on Population Totals By Race, 1790 to 1990, and By Hispanic Origin, 1970 to 1990, For The United States, Regions, Divisions, and States။ United States Census Bureau (September 2002)။ July 25, 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 27, 2014 တွင် ပြန်စစ်ပြီး။
  153. California: 2000။ United States Census Bureau (August 2002)။ December 27, 2014 တွင် ပြန်စစ်ပြီး။
  154. Profile of General Population and Housing Characteristics: 2010။ United States Census Bureau (2010)။ 27 December 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 July 2022 တွင် ပြန်စစ်ပြီး။
  155. ၁၅၅.၀ ၁၅၅.၁ ၁၅၅.၂ 2018 U.S. Census QuickFacts, United States Census Bureau, 2018.
  156. as quoted in Clark, Donald T. (2008). Santa Cruz County Place Names p.442, Scotts Valley, California, Kestrel Press.


ကိုးကား အမှား - <ref> tags exist for a group named "note", but no corresponding <references group="note"/> tag was found