ကူဂါ

ဝီကီပီးဒီးယား မှ
ကူဂါ
(အင်္ဂလိပ်: Cougar)
Temporal range: 0.3–0 Ma
Middle PleistoceneHolocene
အမေရိကန်ပြည်ထောင်စု၊ ဂလေးရှား အမျိုးသားဥယျာဉ်မှ မြောက်အမေရိကန် ကူဂါတစ်ကောင်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Suborder: Feliformia
မျိုးရင်း: Felidae
မျိုးရင်းသေး: Felinae
မျိုးစု: Puma
မျိုးစိတ်:
P. concolor
ဒွိနာမ
Puma concolor
မျိုးစိတ် ခွဲ
ကူဂါများ နေထိုင်ကျက်စားရာ နယ်မြေဒေသများ

ကူဂါ (အင်္ဂလိပ်: Cougar) ဆိုသည်မှာ ကြောင်မျိုးရင်းဝင် သားရဲတိရစ္ဆာန်တစ်မျိုးဖြစ်ပြီး အမေရိကတိုက်၏ ဒေသရင်း မျိုးစိတ်လည်းဖြစ်သည်။ ကူဂါကြောင်ကြီးများသည် အနောက်ကမ္ဘာခြမ်းရှိ မည်သည့် ကုန်းနေ နို့တိုက်သတ္တဝါ တောရိုင်းတိရစ္ဆာန်ထက်မဆို အများဆုံးပျံ့နှံ့နေထိုင်သည့် တိရစ္ဆာန်ဖြစ်ပြီး ၎င်းတို့အား မြောက်အမေရိကတိုက်ရှိ ကနေဒါနိုင်ငံယူးကွန်းနယ်ဒေသမှ တောင်အမေရိကတိုက်ရှိ အင်န်ဒီးစ် တောင်တန်း၏ တောင်ပိုင်းဒေသများအထိ ဖြန့်ကျက်တွေ့ရှိရသည်။[၃]

ဂူဂါသည် သစ်ကျုတ်လျင့်ဇ် ကြောင်မြီးတိုအိမ်ကြောင်သစ်ကြောင်ကရကယ် တောကြောင်တို့နှင့်အတူ မျိုးရင်းခွဲ "ဖယ်လီနီ (Felinae)" ထဲတွင်ပါဝင်ပြီး၊ မျိုးစုအမည် "ပူမာ (Puma)" နှင့် မျိုးစိတ်အမည်မှာ "ပူမာ ကွန်ကာလာ (P. concolor)" ဖြစ်သည်။[၂]

ကူဂါသည် နေရာဒေသကျယ်ပြန့်စွာ နေထိုင်ကျက်စားသောကြောင့် နေရာဒေသအသီးသီးမှ ၎င်းအား "ပူမာ (Puma)၊ တောင်ခြင်္သေ့ (Moutain lion)၊ တောင်ကြောင် (Catamount)၊ ပန်သာ (Panther) နှင့် ပိန့်သာ (Painter)" စသဖြင့် အမည်အမျိုးမျိုး ခေါ်ဝေါ်ကြသည်။[၃]


ကိုးကား[ပြင်ဆင်ရန်]

  1. "Puma concolor" (2015). IUCN Red List of Threatened Species 2015. IUCN. 
  2. ၂.၀ ၂.၁ Wozencraft၊ W.C. (2005)။ "မျိုးစိတ် ပူမာ ကွန်ကာလာ"။ in Wilson၊ D.E.; Reeder၊ D.M (eds.)။ ကမ္ဘာပေါ်တွင်ရှိသော နို့တိုက်သတ္တဝါမျိုးစိတ်များ: မျိုးရိုးခွဲခြားခြင်းနှင့် ပထဝီမြေမျက်နှာပြင်ဆိုင်ရာ ရည်ညွှန်းကျမ်း (တတိယအကြိမ် ed.)။ ဂျွန်ဟော့ကင်းတက္ကသိုလ် ပုံနှိပ်တိုက်။ pp. ၅၄၄–၅၄၅။ ISBN 978-0-8018-8221-0OCLC 62265494
  3. ၃.၀ ၃.၁ အင်္ဂလိပ် ဝီကီပီးဒီးယား၏ "Cougar" ဆောင်းပါး