ဟောလိဝုဒ်

ဝီကီပီးဒီးယား မှ
ကမ္ဘာကျော် ဟောလိဝုဒ် ဆိုင်းပုဒ်

ဟောလိဝုဒ် (Hollywood) သည် အမေရိကန် ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်လော့စ်အိန်ဂျယ်လိစ်မြို့ မြို့လယ်ခေါင်မှ အနောက်မြောက်အရပ်တွင် တည်ရှိသည့် အနီးဝန်ကျင်ရှိ လူနေရပ်ကွက် တစ်ခုဖြစ်သည်။[၁] အမေရိကန် ရုပ်ရှင်စတူဒီယိုများနှင့် နာမည်ကျော် မင်းသား၊ မင်းသမီး အများစု နေထိုင်ရာ ရပ်ကွက်ဖြစ်သောကြောင့် ဟောလိဝုဒ်ဟူသည့် ဝေါဟာရသည် ရုပ်ရှင်လောကကိုပင် ကိုယ်စားပြုနေပြီဖြစ်သည်။[၂]

အမေရိကန်ပြည်ထောင်စုတွင် ရုပ်ရှင်လုပ်ငန်းအတွက် ဗဟိုအချက်အချာဌာနဖြစ်၍မြို့ကြီတစ်မြို့ကဲ့သို့ခမ်းနားစည်ကား သောကြောင့် ကမ္ဘာ့ ရုပ်ရှင်မြို့တော်ဟု ထင်ရှားလေသည်။ ဟောလိဝုဒ်နှင့်အနီးအနားရှိ ရပ်ကွက်များသည် ကြီးကျယ်သော ရုပ်ရှင်စတူဒီယိုများရှိသည်။ အနီးရှိဘာဗီလီဟီးခေါ်ရပ်ကွက်တွင်နာမည်ကျော်ပညာသည် အများနေထိုင်ကြသည်။ ထိုအရပ်၌ နက်စတာကုမ္ပဏီက ပထမဦးဆုံး ရုပ်ရှင်စတူဒီယိုကို ၁၉၁၁ ခုနှစ်တွင်စတင် တည်ဆောက်ခဲ့သည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. City of Los Angeles Map – Larger View
  2. Online Etymology Dictionary။ Etymonline.com။ 2008-10-18 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)