မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

ဝီကီပီးဒီးယား မှ
မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
IUCN category IV (habitat/species management area)
မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၏ တည်နေရာပြ မြေပုံ
မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၏ တည်နေရာပြ မြေပုံ
မြန်မာနိုင်ငံတွင်း တည်နေရာ
တည်နေရာမြင်းခြံခရိုင်မန္တလေးတိုင်းဒေသကြီး
ကိုဩဒိနိတ်21°25′00″N 95°47′00″E / 21.41667°N 95.78333°E / 21.41667; 95.78333ကိုဩဒိနိတ်: 21°25′00″N 95°47′00″E / 21.41667°N 95.78333°E / 21.41667; 95.78333
ဧရိယာ၂၂.၅၆ km2 (၈.၇၁ sq mi)
ပင်လယ်ရေမျက်နှာပြင် အမြင့်၆၅၀ ပေ
ဖွဲ့စည်း၂၀၀၁
အုပ်ချုပ်ရေးသစ်တောဦးစီးဌာန

မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် နွားထိုးကြီးမြို့နယ်မြင်းခြံခရိုင်မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိသည်။ ခရီးသွားလာရေးလုပ်ငန်းများ တိုးတက်စေရန်နှင့် ခြောက်သွေ့တော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ ၂၀⁠၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။[၁]

တည်နေရာ[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ်၂၁°၂၅'၊ အရှေ့လောင်ဂျီတွဒ် ၉၅°၄၇' နွားထိုးကြီးမြို့နယ်၊ မြင်းခြံခရိုင်၊ မန္တလေးတိုင်းဒေသကြီးတွင်တည်ရှိသည်။ စတုရန်းကီလိုမီတာအားဖြင့် ၂၃ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအား ၁၉၀၃ ခုနှစ်တွင် မင်းကုန်တောင်ရှားနှင့် ထင်းကြိုးဝိုင်းအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၃၇ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် ရည်ရွယ်ကြောင်း ကြေညာခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် မင်းစုံတောင် ဘေးမဲ့တောအဖြစ် သတ်မှတ်တည်ထောင်ခဲ့သည်။

သဘာဝအရင်းအမြစ်များ[ပြင်ဆင်ရန်]

ဧရိယာတစ်ခုလုံးတွင် ခြောက်သွေ့တောများဖုံးလွမ်းထားပြီး၊ မြန်မာ့ဒေသမျိုးရင်း(၃)ဖြစ်သော စွေ့ငှက်(White-throated Babbler)၊ နဖားကြူး(Hooded Treepie)၊ မြန်မာဘီလုံး(Burmese Bushlark)တို့အပါအဝင် ငှက်မျိုးစိတ်ပေါင်း (၇၀)ကျော် ကျက်စားနေထိုင်ကြသည်။ ချေ(ဂျီ)၊ ကြောင်ကတိုးရှဉ့်ကြွက်နှင့် လင်းနို့များလည်း ကျက်စားနေထိုင်ကြသည်။ တွားသွားသတ္တဝါ (၂၆)မျိုး၊ ကုန်းနေရေနေ သတ္တဝါ (၉)မျိုး၊ လိပ်ပြာအမျိုးပေါင်း (၅၀)ကျော်လည်း စစ်ဆေးစာရင်းတွင်ရှိသည်။ အဓိကအားဖြင့် မျိုးတုံးလုနီးပါးဖြစ်နေသော မြန်မာ့ဒေသမျိုးရင်း မြန်မာ့ကြယ်လိပ်များကို တွေ့ရသည်။

ခြိမ်းခြောက်နေသောအန္တရာယ်များ[ပြင်ဆင်ရန်]

တောမီးများလောင်ကျွမ်းမှုသည် မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ဇီဝမျိုးကွဲများ၏ အဓိကခြိမ်းခြောက်နေသာအန္တရာယ်ဖြစ်နေသည်။ တခြားပြဿနာတစ်ခုမှာ နိုင်ငံခြားဈေးကွက်သို့တင်သွင်းရန်(အထူးသဖြင့် ဂျပန်နိုင်ငံသို့ အိမ်မွေးတိရစ္ဆာန်အဖြစ်) ကြယ်လိပ်များဖမ်းဆီးမှုဖြစ်သည်။ ရံဖန်ရံခါတွင် ဒေသခံပြည်သူများက ထင်းရရန်အလိုငှာ ထိန်းသိမ်းထားသောသစ်တောများခုတ်ယူခြင်းနှင့် တိရစ္ဆာန်စားကျက်မြေအဖြစ် အသုံးပြုခြင်းများဖြစ်သည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ[ပြင်ဆင်ရန်]

သုတေသနလုပ်ငန်းများ[ပြင်ဆင်ရန်]

ကယ်လီဖိုးနီးယားသိပ္ပံအကယ်ဒမီနှင့် ချိတ်ဆက်၍ တွားသွားသတ္တဝါနှင့် ကုန်းနေရေနေသတ္တဝါဆိုင်ရာ လေ့လာရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိသည်။

ခရီးသွားလာရေးလုပ်ငန်း[ပြင်ဆင်ရန်]

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

ကြည့်ရှု့လေ့လာနိုင်သောအခွင့်အလမ်းများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံ မျိုးကွဲများကြွယ်ဝမှုသစ်တောဦးစီးဌာန။ 23 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀ ဇန်နဝါရီ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  1. Report: Myanmar Protected Area (2011)