ပုပ္ပါးတောင် အမျိုးသားဥယျာဉ်

ဝီကီပီးဒီးယား မှ

ပုပ္ပါးတောင် အမျိုးသားဥယျာဉ် (Popa Mountain National Park) သည် မန္တလေးတိုင်းဒေသကြီးကျောက်ပန်းတောင်းမြို့နယ်ပုပ္ပါးတောင်အနီးတွင် တည်ရှိသည်။ အပူပိုင်းခြောက်သွေ့ ဂေဟစနစ်ကို ထိန်းသိမ်းရန်၊ ပုပ္ပါးတောင်မကြီးတွင်ရှိသော ဆေးဘက်ဝင်သစ်ပင်ပန်းမန်များကို ထိန်းသိမ်းရန်၊ ဒေသခံများ၏ လူမူဘဝအခြေအနေများကို မြှင့်တင်ရန်၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့သည်။

တည်နေရာ[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ်၂၀°၅၃'၊ အရှေ့လောင်ဂျီတွဒ် ၉၅°၁၄'၊ ကျောက်ပန်းတောင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင်တည်ရှိသည်။ ၁၉၈၃ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ၄၉.၆၃ စတုရန်းမိုင် (၁၂၉ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသည်။

သဘာဝအရင်းအမြစ်များ[ပြင်ဆင်ရန်]

အင်းတိုင်းတော၊ သန်းဒဟတ်တော အမျိုးအစားများဖြစ်ပြီး ပုပ္ပါးတောင်မကြီးတွင် မြန်မာနိုင်ငံတဝန်း ကျော်ကြားလှသော ဆေးဘက်ဝင်သစ်ပင်များ ပေါက်ရောက်သည်။ တကမ္ဘာလုံး ခြိမ်းခြောက်ခံရသော မျိုးစိတ်များတွင် ပါဝင်သည့် ရွှေသမင်မျောက်မျက်ကွင်းဖြူမျောက်ညို (Capped langur)၊ တောခွေးများ ရှိသည့်ဟု မှတ်တမ်းတင်ထားသည်။

ခြိမ်းခြောက်နေသာအန္တရာယ်များ[ပြင်ဆင်ရန်]

ခရီးသွားလုပ်ငန်းလုပ်ကိုင်ရန် မြေချဲ့ထွင်မှု၊ လက်ဖက်ခင်းများ၊ ငှက်ပျောသရက်တို့စိုက်ပျိုးမည်ဟုဆိုကာ စီးပွားရေးလုပ်ငန်းချဲ့ထွင်ရန် တောများခုတ်တွင်ရှင်းလင်းနေမှုတို့ကြောင့် ဒေသခံအဖွဲ့အစည်းများနှင့် ပဋိပက္ခဖြစ်ပွားလျက်ရှိသည်။ ထင်းအလို့ငှာ သစ်ခုတ်ခြင်းများခံရပြီး ဆေးဘက်ဝင်သစ်ပင်များလည်း တရားမဝင် ခုတ်ယူခြင်းခံနေရသည်။ (အထူးသဖြင့် စကားဝါ(Michelia champaca))

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ[ပြင်ဆင်ရန်]

ကယ်လီဖိုနီးယားသိပ္ပံအကယ်ဒမီချိတ်ဆက်ကာ ကုန်းနေရေနေသတ္တဝါများကို လေ့လာခဲ့ကြပြီး ပါရဂူစာတမ်းအတွက် မျောက်မျက်ကွင်းဖြူတို့၏ ဂေဟစနစ်ကို လေ့လာနေသူများရှိသည်။

ခရီးသွားလုပ်ငန်းများ[ပြင်ဆင်ရန်]

ပုပ္ပါးတောင်သည် သဘာဝအခြေခံခရီးသွားလုပ်ငန်းနယ်ပယ်တွင် ကျော်ကြားလှသော နေရာတစ်ခုဖြစ်ပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့်လည်း မဝေးလှကာ ဒေသတွင်းနှင့် နိုင်ငံခြားသားခရီးသွားများ များစွာလည်ပါတ်ကြသည်။ ပုပ္ပါးတောင် တွင် နတ်ကွင်းများလည်းတည်ရှိရာ နတ်နန်းတက်ရန် ဒေသတွင်းခရီးသွားများလာရောက်လေ့ရှိသည်။ ပုပ္ပါးတောင်တွင် အဆင့်မီဟော်တယ်ကြီးများ၊စားသောက်ဆိုင်များလည်း ရှိသဖြင့် ညအိပ်ညနေ ခရီးသွားရန်လည်း သင့်လျော်သည်။

လမ်းပမ်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

  • ရန်ကုန်-ကျောက်ပန်းတောင်း ကားဖြင့် ၄၁၀ မိုင်
  • ရန်ကုန်-ညောင်ဦး လေယာဉ်ဖြင့် ၁ နာရီ
  • ညောင်ဦး-ပုပ္ပါး ကားဖြင့် ၃၀ မိုင်

[၁]

ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ[ပြင်ဆင်ရန်]

  • မြန်မာနိုင်ငံ အလယ်ပိုင်း သဘာဝတောကျန်များကို လေ့လာနိုင်ခြင်း၊
  • ငှက်မျိုးစုံနှင့် အခြားတိရစ္ဆာန်တို့ကို လေ့လာနိုင်ခြင်း၊
  • အပူပိုင်းဇုံဒေသအတွင်း အိုအေစစ်သဖွယ် တည်ရှိနေသော သဘာဝ ရေမြေတောတောင်များ၏ ရှုခင်းအလှအပများ ခံစားနိုင်ခြင်း၊
  • စန္ဒကူးသစ်မျိုးများ၊ ပရဆေးဖက်ဝင်အပင်နှင့် လေ့လာနိုင်ခြင်း၊ သဘာဝအတိုင်း ပျံ့နှံ့ပေါက်ရောက်မှု အခြေအနေ လေ့လာနိုင်ခြင်း၊
  • လွန်ခဲ့သော နှစ်ပေါင်း ၃၂၀,၀၀၀ ခန့် မီးတောင်ဟောင်း၏ သဘာဝ တွင်းထွက်ကျောက်များ လေ့လာနိုင်ခြင်း၊
  • ရှားပါး တိရစ္ဆာန်မျိုးဖြစ်သည့် မျောက်မျက်ကွင်းဖြူများအား လေ့လာနိုင်ခြင်း။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန [၁] Archived 23 October 2014 at the Wayback Machine.
  2. Report: Myanmar Protected Area (2011)