ပန်းလောင်နှင့် ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

ဝီကီပီးဒီးယား မှ

ပန်းလောင်နှင့်ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ရှမ်းပြည်နယ်ရွာငံမြို့နယ်တွင် တည်ရှိသည်။ ပြဒါးလင်းဂူ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ထိန်းသိမ်းရန်နှင့် နို့တိုက်သတ္တဝါများဖြစ်သည့် ဆင်ရိုင်းများ၊ Gaur ခေါ် ပြောင်များ၊ ကျားသစ်စိုင်ဆတ်မျောက်မျိုးစိတ်များစွာ၊ ငှက်မျိုးစိတ်များစွာနှင့် ၎င်းတို့ကျက်စားရာ ပတ်ဝန်းကျင်ဒေသကို ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ ၂၀⁠၀၂ ခုနှစ်တွင် ဘေးမဲ့တောနေရာကို စတင်သတ်မှတ်ခဲ့သည်။

တည်နေရာ[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ်၂၁°၀၁'၊ အရှေ့လောင်ဂျီတွဒ် ၉၆°၂၁'၊ ရွာငံမြို့နယ်၊ ရှမ်းပြည်နယ်တွင်တည်ရှိပြီး ၃⁠၃၃.၈၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။[၁]

သဘာဝအရင်းအမြစ်များ[ပြင်ဆင်ရန်]

ဘေးမဲ့တော၏ သစ်တောအမျိုးအစားမှာ ရွက်ကြွေတောအမျိုးအစားဖြစ်သည်။ ၂၀⁠၀၃ ခုနှစ်တွင် ကယ်လီဖိုနီးယား သိပ္ပံအကယ်ဒမီမှ ဖွတ်မျိုးစိတ်သစ် (Cyrtodactylus chrysopylos) (၁)မျိုးကို ရှာဖွေတွေ့ရှိခဲ့သည်။

ခြိမ်းခြောက်နေသောအန္တရာယ်များ[ပြင်ဆင်ရန်]

သစ်ထုတ်လုပ်ခြင်းများရှိနေပြီး၊ လူနေဧရိယာတိုးချဲ့ခြင်းများနှင့် တွေ့ကြုံနေရသည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ[ပြင်ဆင်ရန်]

ခရီးသွားလာရေးလုပ်ငန်း[ပြင်ဆင်ရန်]

ရန်ကုန်-မန္တလေးကားလမ်းပေါ်ရှိ ကူမဲမြို့မှ ၂၂ မိုင် ၅ဖာလုံခန့်အကွာ ကင်းတားဆည် အနီးတွင် တည်ရှိဖြင့် တနှစ်ပတ်လုံး လာရောက်လှည်ပတ်နိုင်သည်။ အထင်ကရနေရာမှာ ပန်းလောင်တောအတွင်းရှိ ပြဒါးလင်းဂူ (၂)ခု ဖြစ်ပြီး၊ ပြဒါးလင်းဂူ အမှတ်(၁)တွင် လွန်ခဲ့သော ၁၁,၀⁠၀၀ကျော်က နံရံဆေးရေးပန်းချီများကိုတွေ့ရှိနိုင်သည်။ နံရံဆေးပန်းချီအများစုဟာ လက်ဝါးပုံ၊ နေပုံ၊ ငါး၊ သမင်၊ ပြောင်၊ နွားအုပ်ပုံ၊ လူအရိုးခေါင်းပုံများဖြစ်ပြီး ဆေးအနီဖြင့် ရေးခြယ်ထားသည်ကို တွေ့ရသည်။ ဂူ(၂)ခုလုံး၌ တောရိုင်းတိရစ္ဆာန်အရိုးစုများ၊ ကျောက်ခေတ်လူသားရုပ်ကြွင်းများ၊ ရွံစေး မြေထည်များတွေ့ရှိရသည်။ ထို့ကြောင့် ယဉ်ကျေးမှုမနိမ့်ပါးခဲ့သော ကျောက်ခေတ်လူသားတို့၏ ယဉ်ကျေးမှုကို လေ့လာနိုင်မှာ ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

  • ရန်ကုန်-ဟဲဟိုး လေယာဉ်ဖြင့် (၁)နာရီ
  • ဟဲဟိုး-ရွာငံ ကားဖြင့် (၆၀)မိုင်
    • ရန်ကုန်-မန္တလေး လေယာဉ်ဖြင့် (၁)နာရီ
    • မန္တလေး-ကင်းတားဆည် ကားဖြင့်(၆၀)မိုင်
    • ကင်းတားဆည်-တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော လှေဖြင့်(၃)မိုင်

ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ[ပြင်ဆင်ရန်]

  • ကျောက်ခေတ်နှောင်းလက်ရာ နံရံဆေးရေးပန်းချီများ
  • သဘာဝပေါက်ပင်များနှင့် ဆက်စပ်ဇီဝမျိုးစုံမျိုးကွဲများ
  • ပန်လောင်မြစ်တစ်လျှောက် ကနူးရွက်လှေလှော်ခြင်း

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံ မျိုးကွဲများကြွယ်ဝမှုသစ်တောဦးစီးဌာန။ 23 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀ ဇန်နဝါရီ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  1. Report: Myanmar Protected Area (2011)
  2. ပန်းလောင်-ပြဒါးလင်းဂူတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော[လင့်ခ်သေ]
  3. ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန Archived 8 August 2014 at the Wayback Machine.