ဆာဖာရီဥယျာဉ်(နေပြည်တော်)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆာဖာရီဥယျာဉ်သည် မြန်မာနိုင်ငံ၏ နေပြည်တော်တွင် တည်ရှိသည်။

ထို ဆာဖာရီဥယျာဉ်သည် တောတွင်းတိရစ္ဆာန်များ၏ ဓလေ့စရိုက်များကို သဘာ၀အတိုင်း လေ့လာနိုင်မည့်အပြင် မြန်မာနိုင်ငံရှိ ရှားပါးတောရိုင်းတိရစ္ဆာန်များနှင့် ကမ္ဘာ့နိုင်ငံ အချို့ရှိ တောရိုင်းတိရစ္ဆာန်များ၏ သဘာ၀အလျောက် နေထိုင်ကျက်စားပုံများကို လေ့လာနိုင်မည့် ဥယျာဉ်တစ်ခု ဖြစ်သည်။ ဆာဖာရီဥယျာဉ်ထဲတွင် အာရှဆာဖာရီပြကွက်၊ ဩစတြေးလျ ဆာဖာရီပြကွက်နဲ့ အာဖရိက ဆာဖာရီပြကွက်တွေ ပါဝင်ပါသည်။

အာရှ ဆာဖာရီပြကွက်တွင် ရှားပါးတိရစ္ဆာန်ပေါင်း အကောင်ရေ၁၀၀ ကျော်၊ ဩစတြေးလျ ဆာဖာရီပြကွက်တွင် ရှားပါးတိရစ္ဆာန်အကောင်ရေ ၂၀ ဝန်းကျင်၊ အာဖရိကပြကွက်တွင် ရှားပါးတိရစ္ဆာန် အကောင်ရေ ၇၀ ဝန်းကျင်ကို တောတွင်းသဘာ၀အတိုင်း ထားရှိထားမည်ဖြစ်ပြီး Buggy ကားများဖြင့်သာ လှည့်လည်ကြည့်ရှုနိုင်မည် ဖြစ်သည်။


ဆာဖာရီဥယျာဉ်ကို ၂၀၁၀-ပြည့်နှစ် နိုဝင်ဘာလအတွင်းမှ စတင် တည်ဆောက်ခဲ့ပြီး အာရှဆာဖာရီပြကွက်သည် ၃၅ ဒသမ ၁၀ ဧက၊ ဩစတြေးလျ ဆာဖာရီပြကွက်သည် ၃ ဒသမ ၅၃ ဧက၊ အာဖရိက ဆာဖာရီပြကွက်သည် ၅၉ ဒသမ ၆၄ဧကကျယ်ဝန်းသည်။ ဆာဖာရီဥယျာဉ်ကို ၂၀၁၁-ခု၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖွင့်သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့အလင်း သတင်းစာ