နတ်မတောင် အမျိုးသားဥယျာဉ်

ဝီကီပီးဒီးယား မှ

နတ်မတောင် အမျိုးသားဥယျာဉ်သည် ချင်းပြည်နယ်မင်းတပ်ခရိုင်ကန်ပက်လက်မင်းတပ်မတူပီမြို့နယ်များ အတွင်းတွင် တည်ရှိပြီး ဧရိယာအားဖြင့် စတုရန်းမိုင်ပေါင်း ၂၇၅ ဒသမ ၅ မိုင် ရှိသည်။ နတ်မတောင် အမျိုးသားဥယျာဉ်သည် သဘာဝ ထိန်းသိမ်းရေး နယ်မြေ (Protected Area) အဖြစ် သတ်မှတ်ထား၏။ နတ်မတောင်ကို ဝိတိုရိယတောင်ဟုလည်း လူသိများပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၀,၅၀၀ ကျော်မြင့်သည်။ နတ်မတောင် အမျိုးသားဥယျာဉ်ကို Important Bird Area (IBA) အဖြစ် ၂၀၀၄ ခုနှစ်တွင် ထည့်သွင်းခဲ့သည်။

တည်နေရာ[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ်၂၁°၂၅'၊ အရှေ့လောင်ဂျီတွဒ် ၉၃°၄၇'၊ ကန်ပတ်က်မြို့၊မင်းတပ်မြို့၊မတူပီမြိုနယ်များအတွင်း မင်းတပ်ခရိုင်၊ ချင်းပြည်နယ်တွင် တည်ရှိသည်။ ၁၉၉၇ ခုနှစ်တွင် အဆိုပြု အမျိုးသားဥယျာဉ်အဖြစ်ထည့်သွင်းခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ အကျယ်အဝန်း စတုရန်းကီလိုမီတာ ၇၁၃.၅၄ ကျယ်ဝန်းသည်။

သဘာဝအရင်းအမြစ်များ[ပြင်ဆင်ရန်]

ဖုံးလွှမ်းထားသော သစ်တောအမျိုးအစားများမှာ အမြဲစိမ်းတော၊ ရွက်ကြွေတော၊ ထင်းရှူးတော၊ laurel and stone oak forest၊ ဝက်သစ်ချတောများ၊ ဝက်သစ်ချနှင့်တောင်ဇလပ်တောများ ဖြစ်ကြသည်။ သစ်ပင်မျိုးစိတ်ပေါင်း (၈၀၈) ကျော်ရှိပြီး ကုန်းနေရေနေ သတ္တဝါ (၂၃)မျိုး၊ တွားသွားသတ္တဝါ (၆၅)မျိုး၊ လိပ်ပြာ (၇၇)မျိုးရှိသည်ဟု စာရင်းဇယားများအရ သိရသည်။ နတ်မတောင် အမျိုးသားဥယျာဉ်တွင် ရှားပါးတိရစ္ဆာန်များဖြစ်သော ကျားသစ်အင်းကျားဝက်ဝံတောဆိတ်ချေတောဝက်သင်းခွေချပ်တောကြောင်မျောက်လွဲကျော်များ စသည့် နို့တိုက်သတ္တဝါမျိုးစုံ ကျက်စားပြီး ပင်လယ်မျက်နှာပြင်ထက် အမြင့်ပေ ၈,၀၀၀ ကျော်တွင် သာတွေ့နိုင်သည့် မြန်မာ့ဒေသရင်း ငှက် မျက်ခုံးဖြူငှက်ပြာခြောက် (White Browed Nuthatch)ကို တွေ့ရှိနိုင်သည့် တစ်ခုတည်းသောနေရာလည်းဖြစ်သည်။ နတ်မတောင်တွင် ငှက်မျိုးစိတ်ပေါင်း ၂၈၉ မျိုးနေထိုင် စားသောက်ကြကြောင်း သိရသည်။

ခြိမ်းခြောက်နေသောအန္တရာယ်များ[ပြင်ဆင်ရန်]

နတ်မတောင် အမျိုးသားဥယျာဉ်၏ အပြင်ရော၊အတွင်းမှာပါ လူများနေထိုင်ကြရာ ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောပျက်ဆီးမှုများ ကြုံတွေ့နေရသည်။ ဒေသခံများက တရားမဝင် တောရိုင်းတိရစ္ဆာန်ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားမှုများရှိနေပြီး၊ ရွေ့ပြောင်းတောင်ယာများကြောင့် တောမီးများလောင်ကျွမ်းနေမှုကိုလည်း ရင်ဆိုင်နေရသည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ[ပြင်ဆင်ရန်]

BirdLife Important(BLI) နှင့် Makino Botanical Garden(ဂျပန်)တို့ဟာ အမျိုးသားဥယျာဉ်အုပ်ချူပ်မှုအဖွဲ့နှင့် ပူးပေါင်း၍ လေ့လာမှုများပြုလုပ်နေကြသည်။

ခရီးသွားလာရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

သဘာဝအခြေခံခရီးသွားလုပ်ငန်းခွင်ထဲတွင် ပါဝင်ပြီး နှစ်စဉ် ခရီးသွားရာဂဏန်းကျော် လာရောက်လည်ပတ်လေ့ရှိသည်။ တည်းခိုရန်နေရာ သုံးနေရာရှိပြီး ဒေသခံချင်းလူမျိုးများနှင့် တွေ့ဆုံနိုင်ပြီး တောင်တက်ခြင်းငှက်ကြည့်ခြင်းများပြုလုပ်နိုင်သည်။ နိုင်ငံခြားသားခရီးသွားများအဖို့ ဒေသတွင်းခရီးသွားလုပ်ငန်းအေဂျင်စီများနှင့် ချိတ်ဆက်၍ ခွင့်ပြုချက်တောင်းခံကာ သွားရောက်နိုင်သည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ[ပြင်ဆင်ရန်]

  • သဘာဝတောင်ပေါ်ဒေသရှုခင်းများ လေ့လာခံစား အပန်းဖြေ နိုင်ခြင်း၊
  • မြန်မာနိုင်ငံ၌ တတိယအမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် ပေပေါင်း (၁၀၀၁၈) ပေ မြင့်သော ဝိတိုရိယ တောင်ပေါ်သို့ ကန်ပက်လက်မြို့ဟောင်းမှ (၁၅) မိုင်ရှည် ခရီးကို ခြေလျင် တောင်တက် လေ့လာနိုင်ခြင်း၊
  • မြန်မာနိုင်ငံ အတွင်း တွေ့ရှိနိုင်သော ကုန်းတွင်းဌာနေငှက်မျိုး (၅)မျိုး အပါအဝင်ငှက်မျိုးပေါင်း (၁၅၉) ကျော် လေ့လာတွေ့ရှိ နိုင်ခြင်း၊
  • အလွန်ရှားပါးသော ဇာမဏီ ငှက် ကဲ့သို့သော ငှက်အမျိုးအစားများ တွေ့ရှိနိုင်ခြင်း၊
  • သဘာဝတောများ အတွင်း စုံလင်ပေါများ စွာပေါက်ရောက် နေသော မြန်မာ့ သစ်ခွမျိုးများကို အခြေခံ၍ (Orchid Tour) အဖြစ် စီစဉ် ဆောင်ရွက်လေ့လာနိုင်ခြင်း၊
  • ဒေသခံချင်းလူမျိုးများ ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ လူနေမှုစနစ်များ လေ့လာနိုင်ခြင်း၊
  • သဘာဝသစ်တောအမျိုးအစားနှင့် သစ်တောသစ်ပင်များကို ကွင်းဆင်းလေ့လာ နိုင်ခြင်း၊
  • တောင်ဇလပ်နီကဲ့သို့သော အပင်များလေ့လာနိုင်ခြင်း။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန Archived 23 October 2014 at the Wayback Machine.
  2. နတ်မတောင် အမျိုးသားဥယျာဉ်[လင့်ခ်သေ]
  3. Report: Myanmar Protected Area (2011)