ရှဉ့်

ဝီကီပီးဒီးယား မှ
ရှဉ့် (Squirrel)
Temporal range: Late Eocene – Recent
Various members of the family Sciuridae
Callosciurus prevostii Tamias sibiricus Tamiasciurus hudsonicus
Sciurus niger Urocitellus columbianus
Xerus inauris Marmota sp. Cynomys ludovicianus
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Rodentia
မျိုးစဉ်သေး: Sciuromorpha
မျိုးရင်း: Sciuridae
Fischer de Waldheim, 1817
အမျိုးအစား မျိုးစု
Sciurus
မျိုးရင်းခွဲများနှင့် မျိုးဇာတ်များ

သစ်ပင်ကြို သစ်ပင်ကြား၌ အမြီးဖွားကလေးများကို လှုပ်ရှားလျက် ခုန်လွှားပြေးသွား ကစားနေကြသော ရှဉ့်များကို မြင်ကြရလျှင် လူကြီးလူငယ်မရွေး ယင်းတို့အား ချစ်ခင်မိကြ သည်။ ရှဉ့်တို့သည် အလွန်မျက်စိရှင် နားပါးပြီးလျှင် အလွန် လည်း ပေါ့ပါးဖြတ်လတ် လျင်မြန်ကြသည်။ အမျိုးအစားနှင့် အရွယ်အစား မျိုးစုံရှိကြရာ ကြောင်လောက်အရွယ်မှ ကြွတ်စုတ် အရွယ်အထိပင် ရှိတတ်ကြသည်။ နူးညံ့ထွေးနွေးသော အမွှေးရှိ သည့်နည်းတူ ဖြူဆူးကဲ့သို့ ကြမ်းတမ်းချွန်မြသော အမွှေးရှိ သည့် အမျိုးအစားရှိလည်း ရှိသေးသည်။ ရှဉ့်များ၏အမြီးသည် အမွှေးဖွာ၍ ရှည်လျားပြီးလျှင် မျက်စိများသည် သေးငယ် တောက်ပကြသည်။ ယဉ်ပါးလွယ်၍ ချစ်စဖွယ်ကောင်းသော သတ္တဝါကလေးများပေတည်း။

ရှဉ့်များကို ဩစတြေးလျတိုက်နှင့် မက်ဒါဂက်စတာကျွန်း (အာဖရိကတိုက်)မှ လွဲလျှင် တစ်ကမ္ဘာလုံး ကြွက်ကဲ့သို့ ကိုက်ဖြတ်တတ်သော ခြေလေးချောင်းသတ္တဝါကလေးများဖြစ်ကြ သည်။ ယေဘုယျအားဖြင့် မြေပြင်နေရှဉ့်နှင့် သစ်ပင်နေရှဉ့်ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်။ သို့သော် ထိုနှစ်မျိုးလုံးသည် တိရစ္ဆာန် ဗေဒအလိုအားဖြင့် မျိုးရင်းဆီယူရီဒီးနှင့် မျိုးခွဲဆီယူ ရီနီးချင်း အတူတူပင် ဖြစ်သည်။ ရှူးပျံ ( ရှူးပျံ)သည် ရှဉ့်မျိုး တစ်မျိုးပင်ဖြစ်၍ မျိုးရင်းချင်းတူသော်လည်း မျိုးခွဲချင်း မတူပေ။ ရှဉ့်မျိုးတွင် မျိုးစိတ်ကွဲများလည်း အများအပြားရှိပေသေးသည်။ အာဖရိကတိုက်မှ ရှဉ့်တို့တွင် ဖြူဆူးကဲ့သို့ ကြမ်းတမ်းချွန် ထက်သော အမွှေးများသည် အမွှေးနုများနှင့် ရော၍ ပေါက်ကြ သည်။ သစ်ပင်နေ ရှဉ့်တို့သည် ဆီယူရီနီး မျိုးခွဲတွင် ပါဝင်၍ ဆီယူရပ်မျိုးစိတ်ဝင်များ ဖြစ်ကြသည်။ ထိုအမျိုးအစား ရှဉ့်တို့ တွင် အနီရောင်ရှဉ့်မွဲပြာရောင်ရှဉ့်မြေခွေးရှဉ့်နှင့် နားရွက်မွှေးပွရှဉ့်မျိုးတိုလည်း ပါဝင်လေသည်။

သစ်ပင်နေ ရှဉ့်ကလေးများသည် သစ်ခေါင်းပေါက်များထဲ တွင် သစ်ရွက်သစ်ခက်များကို ခင်း၍ အသိုက်လုပ်ပြီးလျှင် ဆောင်းခိုကြသည်။ နွေအခါတွင်မူ ကျီးများ ငှက်များကဲ့သို့ သစ်ပင်ထိပ်ဖျားများ၌ အသိုက်လုပ်၍ နေကြသည်။ ထိုအသိုက် ထဲတွင် ရှဉ့်ကလေး လေးကောင်မှ ခြောက်ကောင် အထိ ပေါက် ကြသည်။ သစ်ပင်နေရှဉ့်မျိုးတို့သည် များသောအားဖြင့် ခွံမာသီးဝက်သစ်ချသီးနှင့် ထင်းရှူးသီးများကို စားသောက်လေ့ ရှိကြသည်။ ရှဉ့်နီများသည် ငှက်ဥများ၊ ငှက်ပေါက်စများကို လည်း စားသောက်တတ်သည်။ ထိုရှဉ့်နီမှလွဲ၍ အခြားရှဉ့်မျိုးတို့ သည် အခြားသူများအား အန္တရာယ် မပြုတတ်ကြပေ။ ရှဉ့်များ သည် ဆောင်းရာသီအတွက် အစားအစာကို သိုမှီးထားလေ့ ရှိကြလေသည်။

မြောက်အမေရိကတိုက်တွင် တွေ့ရသော ရှဉ့်မျိုးတို့တွင် ရှဉ့်နီ မျိုးတို့လည်း ပါဝင်သည်။ ယင်းတို့တွင် တောက်ပြောင်သော အုန်းခွံရောင်အမွှေးများရှိ၍ ကိုယ်ခန္ဓာသည် ခုနစ်လက်မ ရှစ် လက်မခန့်အထိ ရှည်လျားသည်။ အမွှေးဖွားသော အမြီးပွသည် ခြောက်လက်မခန့် ရှည်လျားသည်။ အာရှတိုက်နှင့်ဥရောပတိုက် မှ ရှဉ့်နီမျိုးတို့သည် ထိုရှဉ့်မျိုးတို့နှင့် ဆင်ဆင်တူသော်လည်း အမေရိကန်ရှဉ့်များက နားရွက်တွင် ပို၍ အမွှေးဖွား လေသည်။ မြောက်အမေရိကတိုက် ကနေဒါနိုင်ငံအရှေ့ပိုင်းမှ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်အထိ ဒေသများတွင် မွဲပြာရောင် ရှဉ့်များကို တွေ့ရသည်။ ထိုရှဉ့်မျိုးသည် ရှဉ့်နီများ ထက် ပို၍ ကြီးပြီးလျှင် ပို၍ရှည်ကာ ငွေပြာရောင်အမွှေးများ ရှိသည်။ မြောက်အမေရိကတိုက် သစ်ပင်နေရှဉ့်မျိုးအနက် မြေခွေးရှဉ့်မျိုးသည် အကြီးဆုံး ဖြစ်သည်။ ယင်းရှဉ့်မျိုး၌ မျိုးစိတ်ကွဲများရှိသေး၍ အမွှေးရောင်သည် မွဲပြာရောင်နှင့် အနီ ရောင်မှ အနက်ရောင်အထိ ရှိသည်။ ယင်းတို့၏ကိုယ်သည် တစ်လံနီးပါးရှိ၍ အမြီးသည်လည်း ထိုမျှလောက်ပင် ရှိသည်။ ထိုရှဉ့်မျိုးကို အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းနှင့် အရှေ့ တောင်ပိုင်းတို့၌ တွေ့ရသည်။

အမေရိကန် ရှဉ့်များအနက် နားရွက်မွှေးဖွား ရှဉ့်မျိုးသည် အလှဆုံးဖြစ်၍ အရှားပါးဆုံးလည်း ဖြစ်သည်။ ယင်းတို့ကို အနောက်ဘက်ပိုင်း၌ များသောအားဖြင့် တွေ့ရ၍ ကုန်းမြင့် ဒေသ ထင်းရှူးတောများအကြား၌ ထင်းရှူးသီးများကို စား သောက်လေ့ရှိကြသည်။

ရှဉ့်အများဆုံးတွေ့ရသောဒေသသည် အာရှတိုက်တောင်ပိုင်း ဖြစ်သည်။ ထိုဒေသများတွင် ရှဉ့်များကို အမျိုးအစား အစုံစုံနှင့် အရေအတွက်အားဖြင့်လည်း အများအပြားတွေ့ရသည်။ မျိုးစိတ် ကွဲများလည်း များပြားလှသည်။ အိန္ဒိယနိုင်ငံ မာလာဗာကမ်းရိုး တန်းဒေသမှ ရှဉ့်များသည် ကြီးမား၍ နှစ်ပေခန့်မျှပင် ရှည် လျားကြသည်။ မလေးရှားကျွန်းဆွယ်မှ ပရီဗို့ရှဉ့်တစ်မျိုးသည် အဖြူ၊ အနက်၊ နီညို၊ ဝါညိုရောင်တို့ဖြင့် အကွက် အဆင် ဖော်ထားသကဲ့သို့သော အမွှေးမျိုး ရှိ၍ လှပသည်။ အိန္ဒိယမှ ထန်းရှဉ့်ကလေးတစ်မျိုးမှာ ခြောက်လက်မခန့်သာ ရှည်လျား လေသည်။

အာရှတိုက်ရှိ ရှဉ့်တစ်မျိုးမှာ မိတ်လိုက်ချိန်တွင် ငှက်များကဲ့သို့ အရောင်ပြောင်းလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)