လွိုင်မွေ သဘာဝထိန်းသိမ်းရေးနယ်မြေ

ဝီကီပီးဒီးယား မှ

လွိုင်မွေ သဘာဝထိန်းသိမ်းရေးနယ်မြေသည် ၁၉၉၆ ခုနှစ်ပတ်ဝန်းကျင်က ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ လွိုင်မွေသည် ကိုလိုနီခေတ်က ဗြိတိသျှအစိုးရအရာရှိများ နွေရာသီအပန်းဖြေနိုင်ရန် ရည်ရွယ်၍ တောင်စခန်းမြို့အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကိုလိုနီခေတ်လက်ရာ အဆောက်အအုံများရှိပြီး ယခုအခါ အသစ်တဖန် ပြန်လည်မွမ်းမံထားသည်။ တောင်ပေါ်ရှုခင်းများ ကြည့်ရှုရန်ကောင်းမွန်ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ ပတ်ဝန်းကျင်တွင် အင်း၊ဝ၊ပလောင်လူမျိုးများ နေထိုင်ကြရာ ထိုလူမျိုးများ၏ လူနေမှုဘဝစရိုက်များကိုလည်း လေ့လာနိုင်သည်။

တည်နေရာ[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ်၂၁°၁၂'၊ အရှေ့လောင်ဂျီတွဒ် ၉၉°၄၆'၊ ကျိုင်းတုံမြို့နယ်၊ရှမ်းပြည်နယ်တွင် တည်ရှိသည်။ ၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး၊ အကျယ်အဝန်း ၄၂.၈၄ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။

သဘာဝအရင်းအမြစ်များ[ပြင်ဆင်ရန်]

ခြောက်သွေ့တောင်ပေါ်တောအမျိုးအစား ဖြစ်ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ၏ ၈၀ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားပြီး ကျန် ၂၀ ရာခိုင်နှုန်းမှာ တောင်ပေါ်ထင်းရှူးတော အမျိုးအစား ဖြစ်သည်။

ခြိမ်းခြောက်အန္တရာယ်များ[ပြင်ဆင်ရန်]

သဘာဝထိန်းသိမ်းရေးနယ်မြေ ဝန်းကျင်တွင် လူဦးရေအများကြီး မဟုတ်သည်တိုင်အောင် ရွေ့ပြောင်းတောင်ယာများနှင့် လှေကားထစ်စိုက်ခင်းများ တိုးလာခြင်းသည် သဘာဝထိန်းသိမ်းရေးနယ်မြေအတွက် ပို၍ အန္တရာယ်ရှိလာနေသည်။ နောက်ထပ် အရေးကြီးသော အန္တရာယ်တစ်ခုမှာ စစ်တမ်းများအရ သစ်ထုတ်လုပ်မှုတိုးလားခြင်းဖြစ်သည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ[ပြင်ဆင်ရန်]

ခရီးသွားလာရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

ကျိုင်းတုံမြို့မှတဆင့် သွားလာနိုင်ပြီး ခွင်ပြုမိန့်တောင်းယူပြီး အနီးအနားတောင်များသို့လည်း လှည့်ပတ်ခါ ဒေသခံများနှင့် တွေ့ဆုံနိုင်ပြီး ဒေသထွက် လက်မှုပစ္စည်းများကိုလည်း ဝယ်ယူနိုင်သည်။ ညအိပ်ကိုတော့ ကျိုင်းတုံမြို့တွင်သာ ခွင့်ပြုပြီး မြို့ထဲတွင် တည်းခိုစရာကောင်းသော ဟိုတယ်များရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန [၁] Archived 23 October 2014 at the Wayback Machine.
  2. Report: Myanmar Protected Area (2011)