ကြောင်ကတိုး

ဝီကီပီးဒီးယား မှ
ကြောင်ကတိုးများ (Civets)
အာဖရိကကြောင်ကတိုးကြီး (Civettictis civetta)
အာဖရိကကြောင်ကတိုးကြီး (Civettictis civetta)
သိပ္ပံနည်းကျ အမျိုးစားခွဲခြားခြင်းဤအမျိုးအစားခွဲခြားခြင်းကို ပြင်ဆင်ရန်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Suborder: Feliformia
Infraorder: Viverroidea
မျိုးရင်း: Viverridae
အုပ်စုများ ပါဝင်သည်
Cladistically included but traditionally excluded taxa

ကြောင်ကတိုး (အင်္ဂလိပ်: Civet)သည် အာရှတိုက် အပူပိုင်းဒေသ နှင့် အာဖရိကတိုက်တွင် အထူးသဖြင့် အပူပိုင်းသစ်တောများ၌ နေထိုင်ကျက်စားသည့် ညဉ့်တိရစ္ဆာန်(ညအချိန်၌သာ လှုပ်ရှား၊ သွားလာ၊ အစာရှာခြင်း များသောအားဖြင့် ပြုလုပ်လေ့ရှိသော တိရစ္ဆာန်) နို့တိုက်သတ္တဝါများ ဖြစ်သည်။

ဘုံအမည်[ပြင်ဆင်ရန်]

ကြောင်ကတိုး ဟူသော ဝေါဟာရသည် နို့တိုက်သတ္တဝါ မျိုးစိတ်ကွဲ တစ်ဒါဇင်ကျော်နှင့်သက်ဆိုင်သော ဘုံအမည်နာမဖြစ်သည်။ ၎င်း၏ မျိုးစိတ်ကွဲအများစုကို အရှေ့တောင်အာရှတွင်တွေ့ရသည်။  လူသိများသော ကြောင်ကတိုးမျိုးစိတ်မှာ အာဖရိကကြောင်ကတိုးကြီး (အင်္ဂလိပ်: Civettictis civetta)ဖြစ်ပြီး မွှေးကြိုင်သောရနံ့အား အသုံးပြုရန်အလို့ငှါ အဓိကရယူခဲ့သည့် မျိုးစိတ်ဖြစ်သည်ဟု သမိုင်းမှတ်တမ်းများအရသိရှိရသည်။[၁]

ဆင်းသက်လာသော မျိုးရိုးများ မတူညီခြင်း[ပြင်ဆင်ရန်]

ကတိုး” ဟူသောစကားလုံးသည် တိရစ္ဆာန်များမှ ထုတ်လုပ်သည့် ထူးခြားသော ရနံ့တစ်ခုကို ရည်ညွှန်းခြင်းဖြစ်ပြီး၊ ထိုအမည်ပါသော တိရစ္ဆာန်များသည် ၎င်းတို့၏ သက်ဆိုင်ရာ မျိုးစုများမှ ရွေး၍ စုဖွဲ့ထားသော အုပ်စုတစ်ခုအား ရည်ညွှန်းခေါ်ဝေါ်ခြင်းဖြစ်သည်။

ကြောင်ကတိုးကို ကြောင်နံ့သာဟုလည်း ခေါ်ကြသည်။ ရှားပါးသတ္တဝါစာရင်းဝင် ဖြစ်သည်။

ပါဏဗေဒ အလိုအရ ခွဲခြားကြည့်ခြင်း[ပြင်ဆင်ရန်]

ကြောင်ကတိုးဟူသော အမည်နာမနှင့် သက်ဆိုင်သော တိရစ္ဆာန်များမှာ အများအားဖြင့် အသားစားနို့တိုက်သတ္တဝါ Viverridae မျိုးရင်းဝင် မျိုးစိတ်များဖြစ်သည်။ အာဖရိကအုန်းကြောင်ကတိုး (Nandinia binotata)မှာ မတူညီသော မျိုးရိုးဗီဇရှိပြီး ၎င်း၏ကိုယ်ပိုင် monotypic မျိုးရင်းဝင် Nandiniidae မျိုးစုမှ ဖြစ်သည်။ ကြောင်ကတိုးအား အင်္ဂလိပ်: “toddycats”အင်ဒိုနီးရှား: “Luwak”မလေး: “musang” ဟုခေါ်ဝေါ်ကြသည်။

စာရေးသားသူအချို့သည် Civettictis၊ Viverra နှင့် Viverricula civets များ အားလုံးကို ကြောင်ကတိုး(အင်္ဂလိပ်: Civet)ဟုသာ ရည်ညွှန်းသုံးစွဲကြသည်။[၂]  ထို့အပြင် အင်္ဂလိပ်ဘာသာစကားတွင် ထိုအမည်နာမသည် Chrotogale၊ Cynogale, Diplogale, Hemigalus, Arctogalidia, Macrogalidia, Paguma နှင့် Paradoxurus civets အားလုံးကို ရည်ညွှန်းသော အသုံးအနှုန်းဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1.  Chisholm၊ Hugh, ed. (1911)။ "Civet" Encyclopædia Britannica6 (11th ed.)။ Cambridge University Press။ p. 402။ Cite has empty unknown parameters: |HIDE_PARAMETER15=|HIDE_PARAMETER13=|HIDE_PARAMETER14c=|HIDE_PARAMETER14=|HIDE_PARAMETER9=|HIDE_PARAMETER3=|HIDE_PARAMETER1=|HIDE_PARAMETER4=|HIDE_PARAMETER2=|HIDE_PARAMETER8=|HIDE_PARAMETER20=|HIDE_PARAMETER5=|HIDE_PARAMETER7=|HIDE_PARAMETER10=|separator=|HIDE_PARAMETER14b=|HIDE_PARAMETER6=|HIDE_PARAMETER11=, နှင့် |HIDE_PARAMETER12= (အကူအညီ)
  2. Gaubert, P., Cordeiro-Estrela, P. (2006). Phylogenetic systematics and tempo of evolution of the Viverrinae (Mammalia, Carnivora, Viverridae) within feliformians: Implications for faunal exchanges between Asia and Africa[လင့်ခ်သေ] . Molecular Phylogenetics and Evolution 41: 266–278.


ဆက်စပ်ကြည့်ရန်[ပြင်ဆင်ရန်]