တောင်ကြီး ငှက်ဘေးမဲ့တော

ဝီကီပီးဒီးယား မှ

တောင်ကြီးငှက်ဘေးမဲ့တောကို ၁၉၂၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ဌာနေငှက်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ခြောက်သွေ့တောင်ပေါ်တော ဂေဟစနစ်ကို လေ့လာရန် ရည်ရွယ်သည်။ တောင်ထိပ်ပေါ်၌ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး တည်ရှိရာ နှစ်စဉ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်၌ ဘုရားဖူးများ များစွာဖူးမြော် ကြည်ညိုလေ့ရှိသည်။

တည်နေရာ[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ်၂၀°၄၃'၊ အရှေ့လောင်ဂျီတွဒ် ၉၇°၀၅'၊ ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် တည်ရှိသည်။ ၁၆.၀၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။

သဘာဝအရင်းအမြစ်များ[ပြင်ဆင်ရန်]

သစ်တောအမျိုးအစားများမှာ တောင်ပေါ်တောထင်းရှူးတော၊ စိုစွတ်တော အမျိုးအစားများဖြစ်ကြသည်။ အဓိက သစ်ပင်အမျိုးအစားများမှာ ထင်းရှူး(Pinus species)၊ချယ်ရီ(Betula alnoides)၊ ဝက်သစ်ချ(Quercus semiserrata)၊ Laukya(Schima khassina)၊ဇီးဖြူ(Emblica offinalis)တို့ဖြစ်သည်။ တောင်ကြီးငှက်ဘေးမဲ့တောအတွင်း၌ ဌာနေငှက်များစုံ ပေါကြွယ်ဝကြသော်လည်း သေချာပြုစုထားသော စာရင်းဇယားကား မရှိချေ။

ခြိမ်းခြောက်နေသောအန္တရာယ်များ[ပြင်ဆင်ရန်]

တောမီးများ လောင်ကျွမ်းမှု၊ သစ်ခုတ်ခြင်းများ(ထင်းအဖြစ်သုံးရန်နှင့် ထင်းရှူးဆီထုတ်ရန်)၊ တောင်ကြီးမြို့၏ မြို့ပြလူနေဧရိယာတိုးချဲ့လာမှုတို့နှင့် ရင်ဆိုင်နေရသည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ[ပြင်ဆင်ရန်]

ခရီးသွားလာရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်ရုံမျှသာမက ရှမ်းပြည်နယ်မြောက်ပိုင်း၏ စိုက်ပျိုးရေးထွက်ကုန်များရောင်းချရာ စီးပွားရေးမြို့တော်လည်း ဖြစ်သည်။ ထို့ပြင် သင့်တင့်မျှတသောရာသီဥတုလည်းရှိသည်ဖြစ်ရာ အပန်းဖြေခရီးနှင့် ဘုရားဖူးခရီးစဉ်များစွာ လည်ပတ်လေ့ရှိသည်။ တောင်ကြီးငှက်ဘေးမဲ့တောတွင်လည်း (က)ခြောက်သွေ့တောင်ပေါ်တော ဂေဟစနစ်ကို လေ့လာနိုင်ခြင်း (ခ) ဌာနေငှက်မျိုးစိတ်များစွာကို ကြည့်ရှုလေ့လာနိုင်ခြင်း (ဂ) ရှမ်းကုန်းပြင်မြင့် ၏ သဘာဝအလှအပ ပဒေသ များကိုလည်း ခံစားနိုင်ခြင်း တို့ကို ရရှိနိုင်သည်။ ပြည်တွင်းခရီးသွားများသည် ဘုရားဖူးအဖြစ်သာ လာရောက်လေ့ရှိကြပြီး နိုင်ငံခြားသားခရီးသွားများသည် ထိုအနီအနားတွင်ရှိသော အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ နှင့် ပန်းလောင်နှင့် ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော များကို လေ့လာရေးအဖြစ် သွားရောက်လေ့ရှိကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန[လင့်ခ်သေ]
  2. Report: Myanmar Protected Area (2011)