နတ်တလင်းမြို့

ဝီကီပီးဒီးယား မှ

နတ်တလင်းမြို့သည် ပဲခူးတိုင်းအတွင်းပါဝင်ပြီး ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင်တည်ရှိသည်။ ရန်ကုန်မြို့မှ 138 မိုင်ခန့်အကွာတွင်တည်ရှိသည်။ တလင်းပြောင်ကြီး ဖြစ်နေခဲ့သည်။ ထို့ကြောင့် နတ်တို့ ရှင်းလင်းပေးသည့် တလင်းဟု ပြောဆိုရာမှ နတ္တလင်း ဖြစ်လာသည်ဟု ဆိုသည်။[၁]နတ်တလင်းမြို့နတ်တလင်းမြို့အမည်တွင်ပြီးပေါ်ပေါက်လာရခြင်းမှာ1852 ခုနှစ် ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးနောက်ပိုင်းတွင်မြို့နယ်ကျေးရွာဒေသဟုပင်မရှိသေးပါ။ မြန်မာစွယ်စုံကျမ်းအတွဲ(၆)၏အဆိုအရ ရှေးအခါကပဲခူးရိုးမ-တောင်ညိုမှတဆင့်လှိုင်မြစ်အတွင်းသို့စီးဝင်လာသောဖောင်ချောင်းသည် ဂျင်းယား ကုန်း၊သင်မန်းကုန်း၊ရွာမကလေး၊သာစည်၊ ဇီးကုန်းကလေးစသည့် ရွာများအနီးမှဖြတ်သန်းစီးဆင်း သည်ဟု ဆိုသည်၊ထိုရွာများအနက်ရွာမကလေးရွာ(ယခုရွာမရပ်ကွက်အနီး အရှေ့ဦးတွင်သခွတ်ပင်ရှိသည်၊ ယင်း သခွတ်ပင်အားညောင်ပင်မှပတ်မြိုထားသောကြောင့်ညောင်သခွတ်ပင်ဖြစ်နေသည်၊ သခွတ်ပင်အောက်ရှိ သာယာဝတီမင်းနှင့် ပြည်မင်းတို့ ကြက်တိုက်ရာ နေရာတွင် လူသူမရှင်းဘဲ အမြဲရှင်းလင်းနေ၏။ ထိုအပင်တွင် နတ်စင် တစ်ခုရှိပြီးညောင်ပင်ခြေရင်းနှင့်နတ်စင်ရှေ့တွင်လူသူမရှင်းရဘဲပြောင်သလင်းဖြစ်နေ သည့်မြေကွက်လပ် တစ်ခုရှိသည်ရှေးလူကြီးများ၏အဆိုအရနတ်ဒေဝါများကအမြဲတစေရှင်းလင်းထားသဖြင့် သလင်း သဖွယ် ပြောင်နေသောကြောင့်နတ်တလင်းဟုဆိုကြသည်၊ထိုနတ်တလင်းအမည်ကို အစွဲပြုကာ ဘူတာစခန်းစိုက်သောအခါ နတ်တလင်းဟုအမည်တတ်လိုက်ကြသည်။

မူကွဲတစ်မျိုးမှာ သရေခေတ္တရာပြည့်ရှင်ပြည်မင်း ဒွတ္တဘောင်နှင့် နတ်တလင်းနယ် တောင်ညိုမင်းတို့ ကြက်တိုက်ကြသည့် တလင်းဖြစ်ပြီး နတ်တို့ရှင်းလင်းပေးထားသောတလင်းဟု တင်စား၍ နတ်တလင်းဟု အမည်တွင်လာခြင်းဖြစ်သည်။ အင်္ဂလိပ်အောက်မကျရောက်မီအချိန်အထိ အပင်အောက်ရှိ တလင်းပြင်ပြောင်ပြောင်အနေအထားသာရှိခဲ့ရာမှ ယနေ့ နတ်တလင်းမြို့အဆင့်အထိ တဖြည်းဖြည်းရောက်ရှိလာခဲ့ပါသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ကြည်သန့် ရေး မြန်မာမြို့ရွာဒေသ ဝေါဟာရ(၂၀၀) စာအုပ်မှ