ပေါက်ခေါင်းမြို့

ဝီကီပီးဒီးယား မှ

ပေါက်ခေါင်းမြို့သည် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ပြည်မြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိ၍ ၂၄ မိုင် ကွာဝေးသည်။ ပေါက်ခေါင်းမြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၆၉၄ မိုင်မျှ ရှိ၍ လူဦးရေမှာ ၁၉၅၃ခုနှစ် သန်းခေါင်စာရင်းအရ(၃၂၀၅)ယောက်ခန့် ရှိသည်။ ၂၀၁၄ သန်းကောင်စာရင်းအရ (၁၂၄၈၅၆)ဦးရေရှိသည်။ တောင်နှင့်မြောက်(၄၀.၁)မိုင်၊အရှေ့နှင့်အနေက်(၄၃.၂)မိုင်ရှိပြီး၊မြို့နယ်အကျယ်အဝန်းမှာ(၇၅၁.၄၉)စတုရန်းမိုင်ကျယ်ဝန်းပါသည်။ ပေါက်ခေါင်းမြို့နယ်၏မြောက်ဘက်တွင် အောင်လံမြို့နယ်၊အရှေ့ဘက်တွင် အုတ်တွင်း၊တောင်ငူ၊ရေတာရှည်၊ဖြူး၊နတ္တလင်းမြို့နယ်များ၊အနောက်ဘက်တွင် ပြည်မြို့နယ်၊တောင်ဘက်တွင် ပေါင်းတည်မြို့နယ်၊သဲကုန်းမြို့နယ်များနှင့်နယ်နမိတ်ချင်းထိစပ်လျက်ရှိသည်။ ပေါက်ခေါင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၂၀၀)နှင့် (၃၀၀)ကြား၊မြောက်လတ္တီတွဒ်(၁၈ ဒီဂရီ (၄၀)မိနစ်နှင့် (၁၉ဒီဂရီ ၁၅ မိနစ်ကြား၊အရှေ့လောင်ဂျီတွဒ် (၉၅ဒီဂရီ ၅မိနစ်နှင့်(၈၅ဒီဂရီ ၅၀မိနစ်ကြားတည်ရှိသည်။[ပဲခူးရိုးမ]] တန်း၊ တောင်စွယ်များ နှင့် နီးသဖြင့် သစ်တောများ ထူထပ်သောဒေသနှင့် ကပ်၍ နေလေသည်။ ထိုမြို့၌ သစ်လုပ်ငန်းကို အထူးသဖြင့် လုပ်ကိုင်သောကြောင့် သစ်တောဘက်ဆိုင်ရာ အမှုထမ်း၊ အရာထမ်းတို့ များပြားစွာနေထိုင်ကြသည်။ ပေါက်ခေါင်းမြို့နယ်သည် ပဲခူးရိုးမတောင်တန်းကို ကျော်ဖြတ်၍ တောင်ငူခရိုင်နှင့် အစပ်ဖြစ်သည်။ ပေါက်ခေါင်းမြို့ နှင့် ပြည်မြို့ကို ကားလမ်းဖြင့် ဆက်သွယ်ထားသည်။ [၁] ပေါက်ခေါင်းမြို့၏ အရှေ့ဘက်ရပ်သစ် ကျေးရွာအနီးတွင် တောင်နဝင်းဆည်တမံ ရှိသည်။ တမံအမြင့်မှာ(၁၄၀)ပေ၊အလျား(၁၆၆၇၄)ပေရှိသည်။ ဆည်ရေသောက်ဧရိယာ(၆၂၅၀၀၀)ဧက၊သီးနှံဧရိယာ(၉၀၁၀၀)ဧကရှိသည်။

ပေါက်ခေါင်းမြို့နယ်သည် ရပ်ကွက်(၅)ရပ်ကွက်၊ကျေးရွာ(၅၃)အုပ်စုဖြင့်ဖွဲ့စည်းထားသည်။ ဗမာ၊ချင်း၊ကရင်တိုင်းသားမျာနေထိုကြကာချင်းတိုင်သားရွာများနင့်ကရင်တိုင်းရင်းသားရွာများရှိသည်။ အရှိုချင်းတိုင်းရင်းသားလူမျိုးစုများ၏အခြေချနေထိုင်ရာ မြို့နယ်တစ်ခုဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၆)၊ စာမျက်နှာ (၄၁၁)