မြဝတီမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မြဝတီမြို့
—  မြန်မာနိုင်ငံရှိ မြို့များ  —
မြဝတီမြို့ is located in Burma
မြဝတီမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
Coordinates: 16°41′N 98°30′E / 16.683°N 98.5°E / 16.683; 98.5
နိုင်ငံအမည် မြန်မာနိုင်ငံ၏ အလံတော် မြန်မာ
ပြည်နယ် Flag of Kayin State.svg ကရင်
ခရိုင် မြဝတီ
လတ္တီကျု (၁၆)ဒီဂရီ၊ (၄၁)မိနစ်
လောင်ဂျီကျု (၉၈)ဒီဂရီ၊ (၃၀)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ မြဝတီမြို့
Time zone မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)


မြဝတီမြို့ [ပြင်​ဆင်​ရန်​]

မြဝတီမြို့သည် မြန်မာနိုင်ငံအောက်ပိုင်း ကော်သူလေးပြည်နယ်၊ ဖားအံခရိုင်၊ ကော့ ကရိတ်နယ်တွင်ပါဝင်သော မြဝတီမြို့နယ်၏ ရုံစိုက်မြို့ဖြစ်၍ မြန်မာ - ယိုးဒယား နယ်စပ်တွင် တည်ရှိသည်။ တောင်မှ မြောက်သို့ စီးသော သောင်ရင်းမြစ်၏ လက်ဝဲဖက်ကမ်းပေါ်တွင် တည်ရှိ၍ မြစ်၏ တဖက်ကမ်း၌ ယိုးဒယားနိုင်ငံအပိုင် မယ်တော်ရွာ၊ မဲဆောက်မြို့တို့ရှိသည်။ သံလွင်မြစ်တွင်းသို့ စီးဝင် ပေါင်းဆုံသော သောင်ရင်းမြစ်မှ သစ်ဖောင်သစ်တုံးများ မျှောနိုင်သည်။ သို့ရာတွင် နွေအခါ၌မူ တစ်ဖက်ကမ်းသို့ မြစ်ကိုဖြတ်ကူးနိုင်သည်။ တဖက်ကမ်းတွင် မယ်တော်ရွာလမ်း ရှိသည်။ မြဝတီမှလမ်းနှင့် မယ်တော်ရွာမှ လမ်းတို့သည် မြစ်သာမခြားပါက တစ် ဖြောင့်တည်းပင်ရှိပေမည် ။ မယ်တော်ရွာမှ နာရီဝက်ခန့် မော်တော်ကားစီးသွားလျှင် မဲဆောက်မြို့သို့ရောက်သည်။ တစ်ဖန် မဲဆောက်မှ ဆက်လက်၍ ကားဖြင့်လည်း ကောင်း၊ လေယာဉ်ပျံဖြင့်လည်းကောင်း သွားသော် ဘန်ကောက်မြို့သို့ ရောက်နိုင်သည်။ ကော့ကရိတ်မြို့နှင့် မူကား ကားလမ်းအားဖြင့် ၃၉ မိုင် သွားရသည်။

ကော့ကရိတ်မြို့နှင့် မြဝတီမြို့အကြားတွင် ဒေါနတောင်စဉ် တောင်တန်းရှိ သည်။ ဒေါန တောင်စဉ်၏ နောက်ဆုံးတောင်ပေါ် စခန်းဖြစ်သော သင်္ကန်းညီ နောင်နှင့် မြဝတီမြို့သည် ၉ မိုင်မျှသာ ကွာဝေးသည်။ တောင်စဉ်တောင်တန်းများသည် မတ်စောက်သည်။ ဒေါနတောင်စဉ်တွင် အမြင့်ဆုံး တောင်သည် တရုတ်ဖြူတောင်ဖြစ်သည်။ တရုတ်ဖြူတို့ ဝင်ရောက်သောင်းကျန်းစဉ် အခါက တပ်စွဲသည်ကို အကြောင်းပြု၍ ခေါ်ခြင်းဖြစ်၏။ အမြင့် ပေ ၅,ဝဝဝ ခန့် ဖြစ်သည်။မြဝတီတွင် သစ်တောကြိုးဝိုင်းများ ရှိသည်။

မြဝတီမြို့သည် အိမ်ခြေ လေးရာကျော် ငါးရာခန့် မျှသာ ရှိသော်လည်း၊ အိမ်ခြေ အဆောက်အအုံတို့မှာ မြို့ကလေးနှင့်မတန်အောင် ခမ်းနားတင့်တယ်သည်။ နေထိုင် သူများမှာ ရှမ်း၊ မြန်မာ၊ ကရင်၊ မွန်၊ တောင်သူ၊ အိန္ဒိယနှင့် တရုတ်အမျိုးသား အနည်း ငယ်တို့ဖြစ်၏။ များသောအားဖြင့် စိုက်ပျိုးလုပ်ကိုင်ကြသည်။ မြဝတီမြို့သည် နယ်စပ် ဖြစ်သည်အလျောက် ယိုးဒယားနှင့် ကူးသန်း ရောင်းဝယ်မှု များစွာပြုသော နေရာဖြစ်၏။ အမှန်သော်ကား မြဝတီသည် အခွန်အကောက်များ စည်းကြပ်ရာ မြန်မာအကောက်ဆိပ်ဖြစ်သော်လည်း ဝင်ရောက်လာသူတို့သည် အကောက်လွတ်အောက်တတ်နိုင်သမျှ ရှောင်ကွင်းတတ်ကြသည်။ သို့ဖြစ်၍ နိုင်လွန်၊ ရွှေချောင်းမှစ၍ အခြားကုန်ပစ္စည်းများကို မြဝတီလမ်းမှခိုးထုတ်ခိုးသွင်း လေ့ရှိသည်မှာ နာမည်ရဖြစ်တော့၏။

ဤ မြဝတီမြို့သည် ဝန်ကြီးဦးစ စားရသော မြန်မာနိုင်ငံ အထက်ပိုင်း သရက်ခရိုင် တွင်း၌ ရှိသည့် မြဝတီမြို့ မဟုတ်ချေ။ပထမ အင်္ဂလိပ် မြန်မာ စစ်ပွဲအပြီးတွင် အင်္ဂလိပ်တို့ တနင်္သာရီနယ်ကို သိမ်းသောအခါ မြဝတီလည်း အင်္ဂလိပ်ပိုင်နယ်ဖြစ်လာသည်။ထိုအခါ ယိုးဒယား ဇင်းမယ်စသည်တို့သို့ ရောင်းဝယ်မှု စုံစမ်းရာတွင် မြဝတီလမ်းကိုပင် ဝင်ပေါက်ထွက်ပေါက် ပြုခဲ့သည်။ ယခုထက်တိုင်ပင် ယိုးဒယား မြန်မာနယ်ခြားတွင် အကောက်ဆိပ် ဖြစ်၏။မြဝတီမြို့တွင် မူလပင်ရင်းဒါယကာ ကရင်အမျိုးသား သစ်ခေါင်းကြီး ဦးတက်ဖော့ဆိုသူ တည်ထားခဲ့သော ရွှေမင်းဝံစေတီရှိသည်။ မြဝတီမြို့မှာ ရှေးအခါက ရွာဖြစ်၍ ထိုရွာ၏ မူလအမည်ရင်းမှာ မုတ္တမမွန်ဘာသာဖြင့် 'ကွန်ဘရဲ့ဖတိုင်'၊ ပဲခူး မွန်ဘာသာဖြင့်'ကွမ်ဖရဲ့ပတီ' ဟူ၍ ဖြစ်သည်။ မြန်မာဘာသာဖြင့် 'သဲအေးမြ' ရွာဟုအဓိပ္ပါယ်ရသည်။ ယခု မွန်တဝက် မြန်မာတဝက် 'အေး'မပါဘဲ 'မြပတီ'ကို 'မြဝတီ' ဟု ခေါ်သည်ဆို၏။ ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင် လက်ထက်က မြဝတီကို 'အမြဝတီ' ဟု ရေးသားကြောင်း တွေ့ရလေသည်။[၁]

ကိုးကား [ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)