အာဂျင်တီးနားနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အာဂျင်တီးနား သမ္မတနိုင်ငံ
República Argentina
Flag of Argentina.svg Coat of arms of Argentina.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်ဆောင်ပုဒ် - "En unión y libertad"
"In Unity and Freedom"
နိုင်ငံတော်သီချင်း - "Himno Nacional Argentino"  (Spanish)
"Argentine National Anthem"
ပထဝီ
Argentina (orthographic projection).svg
မြို့တော် ဗျူနိုအေးရိစ်မြို့
ဧရိယာ
  • ဧရိယာ - 2766890 km2(1068302 mi2) (အဆင့်: 8th)
  • ရေဖုံးလွှမ်းမှု - 1.1%
စံတော်ချိန်ဇုန် UTC ART
လူနေမှု
ရုံးသုံးဘာသာများ စပိန်
လူဦးရေ
လူမျိုးများ 86.4% European (mostly Italian and Spanish), 8% Mestizo, 4% Arab and East Asian, 1.6% Amerindian
နိုင်ငံရေး
အမျိုးအစား Federal representative presidential republic
အစိုးရခေါင်းဆောင်များ
  • သမ္မတ - Cristina Fernández de Kirchner
  • ဒုသမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌ - Julio Cobos
ထူထောင်မှု
  • May Revolution - 25 May 1810
  • Declared - 9 July 1816
စီးပွားရေး
GDP(PPP) $632.223 billion (အဆင့် - )
GDP(PPP) $15,603 (အဆင့် - )
HDI 0.775[၁] (အဆင့် - 46th)
ငွေ Peso
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .ar
Calling code +54
Salta.

အာဂျင်တီးနားနိုင်ငံ၏ တရားဝင် အမည်မှာ အာဂျင်တီးနား သမ္မတနိုင်ငံ ဖြစ်ပြီး တောင်အမေရိကတိုက်တွင် ဒုတိယ အကြီးဆုံး နိုင်ငံဖြစ်သည်။ မြေဧရိယာအားဖြင့် ကမ္ဘာပေါ်တွင် အဋ္ဌမမြောက်နှင့် စပိန်ဘာသာစကား ပြောကြားသည့် နိုင်ငံများအကြား အကြီးဆုံး နိုင်ငံဖြစ်သည်။ သို့သော်လည်း လူဦးရေအားဖြင့် မက္ကဆီကိုကိုလံဘီယာနှင့် စပိန်နိုင်ငံတို့ထက် ပိုနည်းသည်။ ပြည်နယ် ၂၃ ခုနှင့် မြို့တော် ဗျူနိုအေးရိစ်မြို့ ပါဝင်ဖွဲ့စည်းထားသည်။

အာဂျင်တီးနားသည် အနောက်ဘက်မှ အင်ဒီးစ် တောင်တန်းနှင့် အရှေ့ဘက်မှ အတ္တလန္တိတ် သမုဒ္ဒရာ အကြား တည်ရှိပြီး မြောက်ဘက်တွင် ပါရာဂွေးဘိုလီးဗီးယား၊ အရှေ့မြောက်ဘက်တွင် ဘရာဇီးဥရုဂွေး၊ အနောက်နှင့် တောင်ဘက်တွင် ချီလီနိုင်ငံတို့နှင့် နယ်မြေချင်း ဆက်စပ်နေသည်။

အာဂျင်တီးနားနိုင်ငံ[ပြင်​ဆင်​ရန်​]

တောင်အမေရိတိုက်တွင် အာဂျင်တီးနား နိုင်ငံသည် ဒုတိယအကြီးဆုံး သမ္မတနိုင်ငံဖြစ် သည်။ စတုရန်း မိုင်ပေါင်း ၁ဝ၈၄၃၅ဝ ကျယ်ဝန်းသည်။ ကမ္ဘာ့နိုင်ငံကြီးများ တွင် သတ္တမ လိုက်သည်။ တောင်အမေရိကတိုက် တောင်ဘက် ပိုင်း တစ်ခုလုံးသည် အာဂျင်တီးနားနိုင်ငံတွင် ပါဝင်သည်။ အန်းဒီးတောင် တန်း၏ အရှေ့ဘက်တွင် တည်ရှိသော အာဂျင်တီးနားနိုင်ငံသည် မြောက်မှတောင်သို့ မိုင်ပေါင်း ၂၃ဝဝ ခန့်ရှည်၍ အရှေ့နှင့်အနောက် အကျယ်ဆုံးနေရာတွင် မိုင်ပေါင်း ၉၈ဝ ရှိသည်။ အာဂျင်တီးနားနိုင်ငံ၏ မြောက်ဘက်တွင် ဗိုလစ်ဗီးယား သမ္မတနိုင်ငံနှင့် ပါးရဂွေးသမ္မတနိုင်ငံများ တည်ရှိ၍ အရှေ့ ဘက်တွင် ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံတို့ကို အန်းဒီး တောင်တန်း၏ တောင်စဉ်များက ပိုင်းခြားထားသည်။ အာဂျင်တီးနားနိုင်ငံကို ပထဝီဝင်သဘောအရ ယေဘုယျ အားဖြင့် လေးပိုင်း ပိုင်းခြားထားသည်။ မြောက် ဘက်ပိုင်းနယ် များတွင် ရာသီဥတုအခြေအနေမှာ သမပိုင်းရာသီဥတုမှ အပူပိုင်းရာသီအထိ ရှိကြ၍ ထိုနယ်များ တွင် ဆန်စပါး၊ ကြံ၊ ဝါနှင့် အခြားအပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသများတွင် ပေါက်ရောက်နိုင်သော အပင်များကို စိုက်ပျိုးကြသည်။ ပမ်းပ ခေါ် အရှေ့အလယ်ပိုင်းလွင်ပြင်သည် မြေ0x100သဇာ ကောင်းမွန်၍ ရေကောင်းစွာ ရရှိသောဒေသဖြစ်သဖြင့် ကျွဲနွားများ မွေးမြူကြ သည်။ ထိုရပ်ဝန်းတွင် သစ်ပင်ကြီးများ မရှိ ချေ။ ကောက်သီး ကောက်နှံ စိုက်ပျိုးဖြစ်ထွန်းသည့် ရပ်ဝန်းလည်း ဖြစ်၏။ အနောက်ဘက် အန်းဒီး တောင်တန်းအနီးတွင် မိုးခေါင်သော လွင်ပြင်များ၊ တစ်ဦးတခြားတည်ရှိသော တောင်များနှင့် ချိုင့်ဝှမ်းများ ရှိရာ ထိုဒေသတွင် တူးမြောင်းများ ဖောက်လုပ် စိုက်ပျိုးရာ သီးပင်များ ဖြစ်ထွန်းလေသည်။ တောင်ဘက်ပိုင်း ပက်တဂိုးနီးယားနယ်သည် သွေ့ခြောက်၍ အေးသည်။ ထိုနေရာ တွင် ထောင်ပေါင်းများစွာသော သိုးများ အတွက် စားကျက်ရှိ သည်။ တောင်ဘက်ဆုံး အစွန်းတွင် မဂျဲလန်ရေလက်ကြားဖြင့် ပိုင်းခြားလျက်ရှိသော တျာရာဒယ် ဖွေးဂိုးကျွန်းစုရှိရာ ထိုနယ်မြေဒေသတွင် အေး၍ စိုစွတ်သည်။ ထိုဒေသတွင် အာဂျင်တီးနားနိုင်ငံ ၏ တိုင်းရင်းသား အင်းဒီးယန်းလူမျိုး အ ကြွင်းအကျန်များ နေထိုင်ကြသည်။ အာဂျင်တီးနား နိုင်ငံကျယ်ကြီးအတွင်း၌ အပင်နှင့် တိရစ္ဆာန် အမျိုးမျိုးရှိရာ မြောက်ဘက်ပိုင်းရှိ အပူပိုင်းဒေသ အပင် အမျိုးမျိုးမှ သဲကန္တာရအပင်များနှင့် အန္တာတိတ်ဒေသအပင် များအထိ ပါဝင်လေသည်။ တိရစ္ဆာန် များတွင်လည်း တောနေ တောင်နေ တိရစ္ဆာန်များ၊ ပမ်းပလွင်ပြင်နေ တိရစ္ဆာန်များနှင့် တောင်ဘက်ပိုင်းရှိအေး၍ သစ်ပင်မြက်ပင်များ မပေါက်ရောက် သောဒေသနေ တိရစ္ဆာန်များဟူ၍ အမျိုးမျိုး ရှိလေသည်။ အာဂျင်တီးနားနိုင်ငံတွင် မြစ်စဉ်စု ငါးခုရှိ၏။ ယင်းတို့သည် တောင်ဘက်သို့လည်းကောင်း၊ အရှေ့ဘက်သို့ လည်းကောင်း၊ အတ္တလန္တိတ် သမုဒ္ဒရာအတွင်း စီးဝင်ကြသည်။ အကြီးဆုံးမှာ ရီအိုဒီလာပလာတာ မြစ်စဉ်စု ဖြစ်၍ ယင်း၏ မြစ်ဝကျယ်ကြီး တွင် အကောင်းဆုံးသော သဘာဝဆိပ်ကမ်းတစ်ခု ဖြစ်ပေါ်နေ သည်။ ထိုမြစ် စဉ်စုတွင် ပါဝင်သော ပါးရနာ၊ ပါးရဂွေးနှင့် အူရူဂွေးမြစ်များသည် ကူးသန်း သွားလာရေးအတွက် အလွန် အသုံးဝင်လေသည်။ အာဂျင်တီးနားနိုင်ငံ ဖြစ်ထွန်းတိုးတက်လာသည်မှာ ၁၈၈ဝ ပြည့်နှစ်မှစ၍ ဖြစ်သည်။ ထိုအချိန်မတိုင်မီက အာဂျင်တီးနား နိုင်ငံမှ ထွက်သော ကောာက်ပဲသီးနှံများသည် နိုင်ငံအတွက်ပင် မဖူလုံခဲ့ချေ။ အသားများ ကိုလည်း ဘရာဇီးနှင့် ကျူးဗားနိုင်ငံ များသို့သာ တင်ပို့နိုင်ခဲ့လေသည်။ ယခုအခါတွင် စနစ်တကျ မွေးမြူ၊ စိုက်ပျိုး လုပ်ကိုင်နိုင်လာခဲ့သောကြောင့် မွေးမြူရေးနှင့် စိုက်ပျိုးရေးဘက်တွင် တိုးတက် ထွန်းကားလျက်ရှိ သည်။ ၁၉၆၇ ခုနှစ်က နိုင်ငံအတွင်း၌ ကျွဲနွား ၅၄ ့၉ သန်းနှင့် သိုး ၄၆ သန်း ရှိခဲ့သည်။ ကမ္ဘာပေါ်တွင် ပြောင်းနှင့် ပိုက်ဆံစေ့များ တင်ပို့ရောင်းချနိုင်သော နိုင်ငံများတွင် အာဂျင်တီးနားနိုင်ငံသည် ပထမစွဲသည်။ ရေခဲစိမ် အမဲသားများ၊ စည်သွတ်အမဲသားများ၊ ကျွဲရေ နွားရေများ၊ သိုးမွေး အမြောက်အမြားကိုလည်း နှစ်စဉ် ဂရိတ်ဗြိတိန်နိုင်ငံနှင့် အခြားနိုင်ငံများသို့ တင်ပို့ ရောင်းချလေ သည်။ တောင်အမေရိကတိုက်ရှိ နိုင်ငံများအနက် အာဂျင်တီးနား သမ္မတနိုင်ငံသည် မီးရထားလမ်းဖောက်လုပ် ရေးတွင် အတိုး တက်ဆုံး ဖြစ်သည်။ မီးရထားလမ်း မိုင်ပေါင်း ၂၆ဝဝဝကျော် ရှိသည်။ ထိုမီးရထားလမ်းများ သည် ဗွေနို့ဆိုင်းရက်မြို့တော်မှ ဂျုံနှင့် ကျွဲနွားများထွက်ရာဒေသများသို့လည်းကောင်း၊ ချီလီ သမ္မတ နိုင်ငံသို့လည်းကောင်း ဖြာထွက်လျက်ရှိသည်။ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးသည်လည်း အူရူဂွေး၊ ပါးရနာနှင့် ပါးရဂွေးမြစ်များကို အကြောင်းပြု၍ လွယ်ကူသည်။ နေရာအနှံ့အပြားသို့ ပေါက်ရောက် သည်။ အာဂျင်တီးနား နိုင်ငံအတွင်း၌ အသံလွှင်ရုံပေါင်း ၅၅ ရုံရှိ၍ ဥရောပတိုက်၊ အမေရိကန်ပြည်ထောင်စု၊ ချီလီနိုင်ငံများနှင့် ကြိုးမဲကြေးနန်း အဆက်အသွယ်ရှိသည်။ လေကြောင်း အဆက်အသွယ်များမှာ ဥရောပ တိုက်နှင့် အမေရိကန်ပြည်ထောင်စုတို့အပြင် တောင်အမေရိကတိုက်ရှိ အခြားနိုင်ငံများနှင့်လည်း ရှိသည်။ လက်တင်အမေရိကတိုက်တွင် ထိပ်တန်းအကျဆုံးဖြစ်၍ အာဂျင်တီးနားနိုင်ငံ၏ ခန့်ညားသော မြို့တော် ဖြစ်သည့် ဗွေ့နို့ဆိုင်းရက်မြို့တွင် နိုင်ငံအတွင်းရှိ လူဦးရေ၏ ငါးပုံတစ်ပုံ ခန့် နေထိုင်သည်။ ယင်း၏ တံခါး ပေါက်သဖွယ်ဖြစ်သော လာပလာတာမြစ်ဝကျယ် အတွင်းသို့ ကမ္ဘာအရပ်ရပ်မှ ပင်လယ် ကူးသဘေ‡ာကြီးများ သည် အဆက်မပြတ် ဝင်ထွက်သွားလာ လျက် ရှိကြသည်။ ငြိမ်းချမ်းနေသောအခါများ၌ ထိုသဘေ‡ာကြီး များတွင် အာဂျင်တီးနားနိုင်ငံသို့ လာရောက်နေထိုင်ကြမည့် လူ အမြောက်အမြားနှင့် သွင်းကုန်ပစ္စည်းများ ပါလာလေ့ရှိပြီးလျှင် အထွက်တွင် ဂျုံနှင့် အမဲသား အမြောက်အမြားကို တင်ဆောင် သွားကြလေသည်။ အာဂျင်တီးနားနိုင်ငံတွင် ရွှေ၊ ငွေ၊ ကြေးနီနှင့် အခြားသတ္တု သိုက်များ ရှိသော်လည်း အန်းဒီးတောင်တန်း များအတွင်း၌ သယ်ယူပို့ဆောင်ရေး ခက်ခဲသည်ကတကြောင်းတို့ကြောင့် သတ္တုတူးဖော်ခြင်း လုပ်ငန်းသည် တိုးတက်ကြီးပွားခြင်း မရှိလှပေ။ ထိုပြင် စူးစမ်းရှာဖွေ သိရှိရသမျှဆိုသော် ကျောက်မီးသွေးနှင့် သံအထွက် နည်းသဖြင့် စက်မှုလုပ်ငန်း ဗဟိုဌာနကြီး ဖြစ်လာနိုင်ရန်လည်း ခဲယဉ်းသည်။ သို့သော် ရေနံတူးဖော်ရေး လုပ်ငန်းကို အကောင်အထည်ဖော်လျက် ရှိလေသည်။ အာဂျင်တီးနားနိုင်ငံ၏ လူဦးရေမှာ ၁၉၇၂ ခုနှစ် ခန့်မှန်း ခြေအရ ၂၃ဝ၉၂ဝဝဝဝ ဖြစ်သည်။ လက်တင် အမေရိကန် တိုင်းပြည်များရှိသည့်အနက် အာဂျင်တီးနားနိုင်ငံသည် လူဖြူ အများဆုံး နေထိုင်ရာနိုင်ငံ ဖြစ် သည်။ တိုင်းရင်းသား အင်ဒီးယန်းလူမျိုး ဦးရေ ၂ဝဝဝဝ ခန့်သာရှိ၍ ကပြားဦးရေမှာ ၁၁ဝဝ၁ဝ ထက်ပင် မပိုချေ။ လူဖြူများသည် များသောအား ဖြင့် အီတာလျံနှင့် စပိန်လူမျိုး အဆက်အနွယ်များ ဖြစ်သည်။ ကျန်လူဖြူများမှာ အဓိကအားဖြင့် ရုရှ၊ ဂျာမန်၊ ဗြိတိသျှ၊ ပြင်သစ်၊ တူရကီနှင့် အူရူဂွေးလူမျိုးတို့မှ ဆင်းသက် ပေါက်ဖွား လာကြသူများ ဖြစ်၏။သုံးစွဲသည့် ဘာသာစကားနှင့် ထုံးစံဓလေ့ များမှာ အားလုံးလိုလို စပိန်လူမျိုးတို့၏ ဘာသာစကားနှင့် ထုံးစံဓလေ့များ ဖြစ်သည်။ လာပလာတာမြစ် တည်ရှိရာဒေသသို့ ဦးစွာ ရောက်ရှိလာကြ သော ဥရောပတိုက်သားများတွင် ကက်ပတိန် ဟွန်သေဆိုးလစ် နှင့် ဆီဗက်စချိန်ကဲဗေါ့တို့လည်း ပါဝင်သည်။ ယခုအခါ၌ အာဂျင်တီးနားနိုင်ငံ၏ မြို့တော် တည်ရှိသောနေရာတွင် ဒွန်ပီဒရိုဒီမင်ဒိုဇာသည် ၁၅၃၅ ခုနှစ်က စခန်းတစ်ခု ဖွင့်လှစ်ခဲ့ သော်လည်း မကြာမီ အတွင်း၌ အင်ဒီးယန်းတို့၏ တိုက်ခိုက် ဖျက်ဆီးခြင်းကို ခံရလေသည်။ ထိုအချိန်က မြင်ထီးခုနစ်ကောင် နှင့် မြင်းမငါးကောင်တို့သည် ကွင်းပြင်သို့ လွတ်ထွက်သွားကြ ရာမှ မရေမတွက်နိုင်သော တောမြင်းအုပ်များ ပေါက်ဖွားလာခဲ့ ကြလေသည်။ ၁၅၈ဝ ပြည့်နှစ်တွင် ဗွေနို့ဆိုင်းရက် နေရာကို ပြန်လည်ထူထောင်ကာ စပိန်လူမျိုးတို့ လာရောက်နေထိုင်ကြ ရာမှ တဖြည်းဖြည်း အတွင်းဘက်သို့ ပျံ့နှံ့သွားကြလေသည်။ ၁၈၁ဝ ပြည့်နှစ်ကတည်းကပင် အာဂျင်တီးနားပြည်သည် တောင်အမေရိကတိုက်အတွင်း၌ စပိန်လူမျိုးတို့ ၏ အုပ်ချုပ်မှု ကို တက်ကြွစွာ တော်လှန်ရေးအတွက် ဌာနချုပ်သဖွယ် ဖြစ်လာခဲ့သည်။ တိုက်ပွဲများ ခြောက်နှစ်တိုင်တိုင် ကြိုးကြားဖြစ် ပွားခဲ့ရာ ၁၈၁၆ ခုနှစ်တွင် တော်လှန်ရေး ကွန်ဂရက်တစ်ခု ဖွဲ့စည်းကျင်းပ ခဲ့ပြီးလျှင် အာဂျင်တီးနားပြည်၏ လွတ်လပ်ရေး ကို ကျေညာခဲ့လေသည်။ အမေရိကန် ပြည်ထောင်စုတွင် အဂ‡လန်နိုင်ငံတို့သည် သမ္မတနိုင်ငံသစ်ကို ပထမဆုံးအသိ အမှတ်ပြုခဲ့ကြသည်။ ထိုနောက် များမကြာမီ ဗိုလ်မှူးချုပ် ဟိုဇေးသေဆန်မာတင် ကွပ်ကဲသည့် မျိုးချစ်တပ်မတော်သည် စစ်သမိုင်းတစ်လျှောက်တွင် အထူး ခြားဆုံး စွမ်းဆောင်မှုကြီး တစ်ရပ်အဖြစ် အန်ဒီးတောင်များကို ဖြတ်ကျော်ပြီးလျှင် ချီလီနှင့် ပီးရူးပြည်တို့ကို စပိန်လူမျိုးတို့၏အောက်မှ လွတ်မြောက်ရေး အတွက် ကူညီခဲ့လေသည်။ဆန်မာတင်သည် ထိုကဲ့သို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သော်လည်း မည်သည့်မြို့ပြ ဆိုင်ရာ ရာထူးကိုမျှ လက်မခံပဲ ဥရောပတိုက်သို့ ပြန်သွားလေ သည်။ နောင်အခါ အာဂျင်တီးနားနိုင်ငံအတွင်း၌ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရာ ၁၈၅၂ ခုနှစ်တွင် အာဏာရှင် ဗိုလ်မှူးချုပ် ဟွန်မနွယ်သေရိုဆပ် ရာထူးအကျတွင်မှ ပြီးဆုံးသွားလေသည်။ ၁၈၅၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၏ အခြေခံဥပဒေ ကို အနီးစပ်ဆုံး စံပြုကာ ရေးဆွဲထားသော အခြေခံဥပဒေ မျိုးဖြင့် သမ္မတနိုင်ငံ ထူထောင်ခဲ့သည်။ ၁၈၆၅ ခုနှစ်မှ ၁၈၇ဝ ပြည့်နှစ်တိုင်အောင် ပါးရဂွေးနိုင်ငံနှင့် ပြင်းထန်စွာ စစ်မက် ဖြစ်ပွား ခဲ့သည်။ ထိုစစ်ပွဲတွင် အာဂျင်တီးနားနိုင်ငံသည် ဥရူဂွေးနှင့် ဘရာဇီးနိုင်ငံများနှင့် မဟာမိတ် ဖွဲ့ခဲ့သည်။ ၁၉ဝ၂ ခုနှစ်တွင် နယ်စပ်အရေးနှင့် စပ်လျဉ်း၍ ချီလီနိုင်ငံနှင့် အငြင်းပွားမှုကို အပြီးသတ်နိုင်ခဲ့ကြသည်။ထိုအတွက် အထိမ်းအမှတ်ဖြစ်စေရန် ချီလီနိုင်ငံသူ နိုင်ငံသားများနှင့် အာဂျင်တီးနားနိုင်ငံသူ နိုင်ငံသားများက အန်းဒီး တောင်ကြား လမ်းရှိ ခရစ်တော် ကြေးညိုရုပ်ကြီးတစ်ရုပ်ကို တည်ဆောက်ခဲ့ ကြသည်။ ထိုကြေးရုပ် ကြီးကို တစ်နိုင်ငံမှတစ်နိုင်ငံသို့ သွားးရာ အဓိကတောင်ကြားလမ်းကြီးပေါ်တွင် တည်ထားခဲ့ လေသည်။ ၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဖြစ်ပွားခဲ့သော ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အာဂျင်တီးနားနိုင်ငံသည် ဦးစွာ၌ ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့သေးသော်လည်း ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင်မူ ဂျာမနီနှင့် ဂျပန်နိုင်ငံတို့ကို စစ် ကြေညာခဲ့လေသည်။ ထိုပြင် အာဂျင်တီးနားနိုင်ငံသည် ကုလသမဂ္ဂ၏ မူလအဖွဲ့ဝင် (ငါးဆဲ့တစ်)လည်း ဖြစ်လာခဲ့သည်။ ထိုစဉ်က အာဂျင်တီးနားနိုင်ငံ၏ သမ္မတမှာ ဗိုလ်ချုပ် အီဒယ်လမီ ရိုဖာရယ် ဖြစ်သည်။ ဖာရယ်၏ အစိုးရအဖွဲ့တွင် အာဏာရှင်မှာ ဒုတိယ သမ္မတရာထူး၊ စစ်ဝန်ကြီးရာထူးနှင့် အလုပ်သမားနှင့် လူမှုဝန်ထမ်းဆိုင်ရာ အတွင်းဝန်ရာထူးများကို လက်ကိုင်ပြုထားသူ ဟွန်ဒိုမင်ဂိုပီရွန် ဖြစ်၏။ ၁၉၄၅ ခုနှစ် တွင် ပီရွန် သမ္မတဖြစ်လာ၍ အာဏရှင်အဖြစ် ဆက်လက် အုပ်ချုပ်ကာ ပုဂ္ဂလိက အခွင့်အရေးများကို ဖိနှိပ်ချုပ်ချယ်ခဲ့ သည်။ သူ၏ ဇနီးသည် အီဗာပီရွန်သည် ၁၉၅၂ ခုနှစ်တွင် ကွယ်လွန်သည်အထိ သူ၏ အကြံပေးပုဂ္ဂိုလ်ကြီး ဖြစ်ခဲ့သည်။ ပီရွန်သည် ပြည်သူ့အခွင့်အရေးများကို ဖိနှိပ်ချုပ်ချယ်မှု ကြောင့် အမေရိကတိုက်များရှိ ဒီမိုကရေစီနိုင်ငံများ၊ အထူး သဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံမှု တင်းမာခြင်း ဖြစ်ခဲ့ရ၏။ ပီရွန်သည် ၁၉၅၂ ခုနှစ်တွင် သမ္မတအဖြစ် ထပ်မံ အရွေးခံရပြန်သဖြင့် စိုက်ပျိုးရေးကို အဓိကထားလျက် အာဂျင်တီးနားနိုင်ငံ၏ စိုက်ပျိုး ရေးနှင့် စက်မှုလုပ်ငန်း တိုးတက်ရေးအတွက် ငါးနှစ်စီမံကိန်း ချမှတ် ဆောင်ရွက်လေ သည်။ ထိုနှစ်မှာပင် အာဂျင်တီးနားနိုင်ငံတွင်း၌ အမေရိကန် ပြည်ထောင်စုတွင် ငွေပင်ငွေရင်း မြှုပ်နှံလုပ်ကိုင်ရေးအတွက် အားပေးခဲ့၏။ ၁၉၄၅ ခုနှစ်တွင် ပီရွန်သည် အာဂျင်တီးနားနိုင်ငံတွင်း၌ ကက်သလစ်ဂိုဏ်း၏ တန်ခိုးအာဏာကို ချိုးနှိမ်ရန်အတွက် စတင်ဆောင်ရွက်ခဲ့ရာ ၁၉၅၅ ခုနှစ်တွင် သပိတ်မှောက်ခြင်း ခံရသည်။ ယင်းသည်ပင် သူတန်ခိုးအာဏာ ကျဆုံးရခြင်း၏ အကြောင်းတစ်ရပ် ဖြစ်ခဲ့ရလေသည်။ ကက်သလစ်ဂိုဏ်း အကြီး အကဲများ၊ လက်နက်ကိုင် တပ်ဖွဲ့များ၊ နိုင်ငံရေး အတိုက်အခံ ဂိုဏ်းသားများနှင့် မျိုးချစ်ပုဂ္ဂိုလ်များသည် ပီရွန် အာဏာရှင် အဖြစ် အုပ်စိုးလာသည်ကို သည်းမခံနိုင်တော့ပဲ ၁၉၅၅ ခုနှစ် တွင် တော်လှန်ပုန်ကုန်ခဲ့ကြရာ ပီရွန်သည်ထိုနှစ် စက်တင်ဘာလတွင် သမ္မတရာထူးကိုစွန့်၍ တိုင်းတစ်ပါးသို့ ရှောင်သွားရလေသည်။ ထိုနောက်တွင် ဗိုလ်ချုပ်ကြီး ပီဒရို ယူဂျင်နီယို အာရမ်ဗူရူသည် သမ္မတ ဖြစ်လာလေသည်။ ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် လွန်ခဲ့သော တစ်ဆဲ့နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲများ ကျင်းပခဲ့ရာတွင် ဒေါက်တာ အာတျူရို ဖရွန်ဒီဇီ သမ္မတအဖြစ် အရွေးခံရသည်။ သို့သော် စစ်ခေါင်းဆောင်များ၊ ဒီမိုကရက်တစ် ပါတီများနှင့် ဒေါက်တာ ဖရွန်ဒီဇီကို ထောက်ခံသည့် ပီရွန် ဂိုဏ်သားတို့ မသင့်မတင့်ဖြစ်ခဲ့ရာမှ ၁၉၆၂ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် စစ်ဘက်မှ သွေးမြေမကျပဲ အာဏာသိမ်းခဲ့ပြန် ၏။ ထိုနောက် ရွေးကောက်ပွဲများ ကျင်းပခဲ့ရာ ၁၉၆၃ ခုနှစ် တွင် ဒေါက်တာ အာတျူရီရို အီလီယာ သမ္မတ အဖြစ် အရွေးခံခဲ့ရသည်။ ၁၉၆၆ ခုနှစ် ဇွန်လတွင် အဖွဲ့ဝင်သုံးဦးပါ စစ်အာဏာပိုင် အဖွဲ့က ဒေါက်တာ အီလီယာကို ဖြုတ်ချပြီး နောက် အငြိမ်းစား ယူထားသော ဗိုလ်ချုပ်ကြီး ကာလို့ အွန်ဂါနီယာကို သမ္မတ တင်ခဲ့၏။ စစ်အာဏာပိုင်အဖွဲ့က ကွန်ဂရက်လွှတ်တော် ကို ဖျက်သိမ်းခဲ့၍ လက်ဝဲအင်အားစုများကို ချိုးနှိမ်ရန်အတွက် နိုင်ငံရေးပါတီ အားလုံးကိုလည်း ဖျက်သိမ်းခဲ့၏။ ၁၉၆၉ ခုနှစ် တွင် အလုပ်သမားများက ကော်ဒိုဗါနှင့် အခြားမြို့ကြီးများ တွင် ရဲအဖွဲ့ဝင်များနှင့် စစ်တပ်များကို ပြန်လည် တိုက်ခိုက်ခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်တွင် စစ်ခေါင်းဆောင်များသည် သမ္မတ အွန်ဂါနီယာကို ဖြုတ်ချခဲ့ပြန်၍ ဗိုလ်ချုပ်ကြီး ရောဗတ်တို အမ်လက်ဗင်စတန်သည် သမ္မတအဖြစ် ဆက်ခံခဲ့သည်။ ၁၉၇၁ ခုနှစ် မတ်လတွင် ဗိုလ်ချုပ်ကြီး အယ်လက်ဂျန်ဒရိုလာ ရုစက သမ္မတအဖြစ် လွှဲပြောင်း ဆက်ခံခဲ့ပြီးနောက် အရပ်သား အုပ်ချုပ်ရေးစနစ်ဖြင့် ပြန်လည် အုပ်ချုပ်ရန် အမိန့်ပေးခဲ့၏။ ၁၉၇၃ ခုနှစ် ရွေးကောက်ပွဲများတွင် ပီရွန်ဂိုဏ်းဝင်တစ်ဦး ဖြစ်သူ ဟက်တာ ဂျေ ကမ်ပိုရာ သမ္မတအဖြစ် အရွေးခံခဲ့ရ သည်။ သူသည် ထိုနှစ်မေလတွင် သမ္မတရာထူး၌ စတင် ထမ်းရွက်ပြီးနောက် တိုင်းတစ်ပါးသို့ ၁၈ နှစ်ကြာမျှ သွားရောက်ရှောင်တိမ်းနေထိုင်ခဲ့ရသော အသက် ၇၇ နှစ်အရွယ် ရှိပီရွန်သည် ထိုနှစ် ဇွန်လ ၂ဝ ရက်နေ့တွင် အာဂျင်တီးနား နိုင်ငံသို့ ပြန်လာနေထိုင်ခဲ့သည်။ သို့သော် သမ္မတ ကမ်ပိုရာသည် တိုင်းပြည်ငြိမ်ဝပ်အောင် မအုပ်ချုပ်နိုင်ရကား အလုပ်သမားသမဂ္ဂများနှင့် ပီရွန်ဂိုဏ်းဝင် စစ်ခေါင်းဆောင်များ၏ အကြပ်ကိုင်မှုကြောင့် ထိုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် နုတ်ထွက် လိုုက်ရသည်။ စက်တင်ဘာလ ၁၈ ရက်နေ့တွင် သမ္မတ ရွေးကောက်ပွဲ ကျင်းပခဲ့ရာ၌ ပီရွန်သည် သမ္မတ အဖြစ် ပြန်လည် အရွေးခံခဲ့ရသည်။ သို့သော် ၁၉၇၄ ခုနှစ် ဇူလိုင်လတွင် သမ္မတပီရွန် နာမကျန်းဖြစ်၍ ကွယ်လွန် သွားရာ သူနှင့်အတူ ဒုတိယသမ္မတအဖြစ် အရွေးခံခဲ့ရသော မစ္စက်အဇ္ဇဗဲလိတာပီရွန်က သမ္မတ အဖြစ် ဆက်ခံခဲ့လေသည်။ အာဂျင်တီးနားနိုင်ငံသည် ပြည်ထောင်စု သမ္မတနိုင်ငံဖြစ်ပြီး လျှင် သမ္မတကို လေးနှစ်တစ်ကြိမ် ရွေးကောက် တင်မြေ|ာက် ကြရသည်။ကွန်ဂရက်တွင် ဆီးနိတ်လွှတ်တော်နှင့် ပြည်သူ့လွှတ် တော်များ ပါဝင်လေသည်။ ပြည်နယ်များတွင် သီးခြား ဒေသန္တ ရ အစိုးရအဖွဲ့များ ရှိကြပြီးလျှင် ယင်းတို့၌ ပြည်တွင်းရေးရာ ကိစ္စများ အတွက် အာဏာ အပြည့်အဝ ရှိကြသည်။ အာဂျင်တီးနားနိုင်ငံ၏ ပညာရေးစနစ်မှာ အခမဲ့ပညာရေး စနစ်ဖြစ်ပြီးလျှင် ခြောက်နှစ်မှ ၁၄နှစ်အရွယ် ကလေးများအဖို့ ပညာမသင်လို၍ မနေရချေ။ အမျိုးသား တက္ကသိုလ်ကျောာင်း စုစုပေါင်း ရှစ်ကျောင်းရှိသည့်အနက် ဗွေနို့ဆိုင်းရက်မြို့ရှိ တက္ကသိုလ်မှာ အဓိကဖြစ်လေသည်။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Human Development Report 2010. United Nations (2010). Retrieved on 5 November 2010
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)