ဂိုင်ယာနာနိုင်ငံ
| ဂိုင်ယာနာသမ္မတနိုင်ငံ | |||||
| Cooperative Republic of Guyana | |||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - One people, one nation, one destiny | |||||
| နိုင်ငံတော်သီချင်း - Dear Land of Guyana, of Rivers and Plains | |||||
| ပထဝီ |
|||||
| မြို့တော် | ဂျော့ရှ်တောင်းမြို့ | ||||
| အကြီးဆုံးမြို့ | ဂျော့ရှ်တောင်းမြို့ | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC -၄ | ||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | အင်္ဂလိပ် | ||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | သမ္မတ တပိုင်း ဦးဆောင်သော အစိုးရ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | $၅.၃၇၉ ဘီလီယံ (အဆင့် - ) | ||||
| GDP(PPP) | $၆,၉၆၄ (အဆင့် - ) | ||||
| HDI | ၀.၆၁၁ [၁] (အဆင့် - ၁၀၄) | ||||
| ငွေ | ဂိုင်ယာနာဒေါ်လာ | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .gy | ||||
| Calling code | +၅၉၂ | ||||
ဂိုင်ယာနာ နိုင်ငံသည်တောင်အမေရိကတိုက်၏ အရှေ့မြောက်ဘက် ကမ်းခြေတွင် တည်ရှိသည်။ အရှေ့မြောက်ဘက် နယ်နိမိတ်သည် အတ္တလန္တိတ် သမုဒ္ဒရာ ဖြစ်သည်။ အနောက်ဘက်တွင် ဗင်နီဇွဲလား နိုင်ငံ၊ တောင်ဘက်တွင် ဘရာဇီးနိုင်ငံနှင့် အရှေ့ဘက်၌ ဆူရီနမ် နိုင်ငံတို့ ရှိသည်။ ယခင်က ဗြိတိသျှ ဂီယာနာဟု ခေါ်သည်။ ဂိုင်ယာနာ သမ္မတနိုင်ငံ၏ အကျယ်အဝန်းသည် စတုရန်း မိုင် ၈၃,ဝဝဝ ရှိ၍ လူဦးရေမှာ ၁၉၇၆ ခုနှစ် သန်းခေါင် စာရင်းအရ ၇၈ဝ,ဝဝဝ ခန့်ဖြစ်သည်။ မြို့တော်မှာ ဂျော့တောင်းမြို့ ဖြစ်သည်။
ရာသီဥတု မျှတသော နိုင်ငံဖြစ်၍ စိုက်ပျိုးရေး ဖြစ်ထွန်း သည်။ နိုင်ငံ၏ ဝင်ငွေကောင်းကောင်း ရရှိစေသော စပါးနှင့် ကြံကို အဓိကထား၍ စိုက်ပျိုးသည်။ သစ်တောထူထပ်သော နိုင်ငံလည်း ဖြစ်သည်။ ဗောက်ဆိုက် သတ္တုတူးဖော်ရေးသည် အဓိက စက်မှုလုပ်ငန်း ဖြစ်သည်။ ရွှေနှင့် စိန်တို့လည်း တူးဖော်ထုတ်လုပ်သည်။ သတ္တုသိုက်များ ကြွယ်ဝသော နိုင်ငံဖြစ်၍ မတူးဖော် မထုတ်လုပ်ရသေးသော သတ္တုသိုက် အများအပြား ရှိသည်။
လှပသော ရေတံခွန်များကြောင့် ဂိုင်ယာနာနိုင်ငံသည် ကျော်ကြားလေသည်။ ၁၄၉၉ ခုနှစ်ခန့်က စပိန်သင်္ဘောသားများ ဤဒေသသို့ စတင် ရောက်ရှိခဲ့ကြသည်။ ၁၈ ရာစုနှစ်တွင် ယခုဂိုင်ယာနာ နိုင်ငံသည် ဒတ်ချ်ကိုလိုနီနယ်ပယ် ဖြစ်ခဲ့သည်။
တစ်ဖန် ၁၈၁၄ ခုနှစ်တွင် ဗြိတိသျှတို့က ဒတ်ချ်တို့ထံမှ လွဲပြောင်း လက်ခံယူပြီး ၁၈၃၁ ခုနှစ်တွင် ဗြိတိသျှ ဂီယာနာ ကိုလိုနီအဖြစ် ထူထောင်ခဲ့သည်။
၁၉၆၁ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီး ၁၉၆၆ ခုနှစ် မေလ ၂၆ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ ဗြိတိသျှ တို့သည် ကပ္ပလီလူမျိုးများအပြင် အိန္ဒိယလူမျိုးများကိုလည်း ခေါ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စေခဲ့သည်။ ယခုအခါ ကပ္ပလီလူမျိုးများထက် အိန္ဒိယအမျိုးသား အဆက် အနွယ်များက လူများစု ဖြစ်နေသည်။
ဗင်နီဇွဲလားနိုင်ငံက ဂိုင်ယာနာနိုင်ငံ၏ အနောက်ဘက် ပိုင်းကို ပိုင်ဆိုင်ပါသည်ဟု အငြင်းပွားနေဆဲ ဖြစ်သည်။ ဆူရီနမ်နိုင်ငံနှင့်လည်း နယ်ခြားပြဿနာများ အငြင်းပွားဆဲ ဖြစ်သည်။
၁၉၇ဝ ပြည့်နှစ်တွင် သမ္မတနိုင်ငံအဖြစ် ထူထောင်ခဲ့ လေသည်။ ဓနသဟာယအဖွဲ့နှင့် ကုလသမဂ္ဂ၌လည်း အဖွဲ့ဝင် အဖြစ် ပါဝင်သော နိုင်ငံဖြစ်သည်။ သမ္မတမှာ မစ္စတာ အာသာချွန်း ဖြစ်သည်။
၁ဝ၇၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ အစပြု၍ ဂိုင်ယာနာ သမ္မတနိုင်ငံ အတွင်းရှိ အမေရိကန်ပိုင် မိုင်းတွင်းများကို ပြည်သူပိုင် သိမ်းပိုက်ခဲ့သည်။[၂]
[ပြင်ဆင်ရန်] ကိုးကား
- ↑ Human Development Report 2010. United Nations (2010). Retrieved on 5 November 2010။
- ↑ စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၇၈)