ကရာကက်စ်မြို့

ဝီကီပီးဒီးယား မှ
(ကရာကတ်စ်မြို့ မှ ပြန်ညွှန်းထားသည်)

ကရာကက်စ်မြို့သည် ဗင်နီဇွဲလားနိုင်ငံ ၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ ကရာကက်စ်မြို့တွင် နေထိုင်သူတို့ကို ကရာကွီနီယံ ဟု ခေါ်ဆိုလေ့ ရှိကြသည်။

နိုင်ငံ၏ မြောက်ပိုင်းတွင် တည်ရှိပြီး ဗင်နီဇွဲလား ကမ်းရိုးတန်း တောင်တန်း ရှိ ကရာကက်စ် တောင်ကြား၌ တောင်ကြားပုံစံ မျဉ်းကွေး တလျှောက်တွင် တည်ရှိသည်။ အဆောက်အဦးများ တည်ဆောက်ရန် သင့်လျော်သော မြေနေရာမှာ ပင်လယ်ရေမျက်နှာပြင်ထက် ၂၄၉၃.၄၄ ပေ နှင့် ၂၉၈၅.၅၆ ပေ ကြား (၇၆၀ မီတာ နှင့် ၉၁၀ မီတာကြား) တွင် တည်ရှိသည်။ တောင်ကြားသည် ကာရစ်ဘီယံ ပင်လယ်နှင့် နီးစပ်ပြီး ကမ်းရိုးတန်းနှင့် မြို့ကို ၇၄၀၀ ပေ (၂၂၀၀ မီတာ) မြင့်သော တောင်တန်းက ကာဆီးထားသည်။ မြို့၏ တောင်ဘက်ပိုင်းတွင် တောင်ကုန်းတောင်တန်းများ ဆက်လက် တည်ရှိနေကြသည်။