ဆွမ်ပရာဘွမ်မြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆွမ်ပရာဘွမ်[ပြင်​ဆင်​ရန်​]

မြစ်ကြီးနားမြို့ မြောက်ဘက် ချင်းတွင်းမြစ်ဖျားနှင့် မလိခမြစ်တို့ အကြားတွင် တည်ရှိ၍၊ တောင်တန်းဝန်ထောက်တစ်ဦး အုပ်ချုပ်သော မြို့ဖြစ်သည်။ မြစ်ကြီးနားမှ မြောက်ဘက် မိုင် ၈ဝ ခန့်ကွာဝေးသည်။ အင်္ဂလိပ်အစိုးရလက်ထက်တွင် လွတ်လပ်ရေးကိုခုံမင်သော တောင်ပေါ်ကချင်လူမျိုးများက မကြာခဏ ဆူပူထကြွလေ့ရှိသဖြင့် နယ်ခြားတပ်ခွဲတစ်ခုထား၍၊ နယ်ခြားဝန်ထောက်တစ်ဦး အုပ်ချုပ်ရသော စစ်ဖက်မြို့ဖြစ်သည်။ အလွန်အေးချမ်းသည့်အပြင် သစ်တောကြီးများ ရှိခြင်းကြောင့် အဖျား အနာ ထူထပ်သည်။ စစ်တပ်မှတစ်ပါး ကချင်လူမျိုးများသာ နေထိုင်သောမြို့ ဖြစ်လေသည်။[၁]


ဆွမ်ပရာဘွမ်သည် ကချင်စကားဖြစ်ပြီး ၎င်း၏ အဓိပ္ပါယ်မှာ “မြက်ရှည်ပင်များ ပေါက်ရောက်သောတောင်” ဖြစ်ပါသည်။ ဆွမ်ပရာဘွမ်ဟု သတ်မှတ်ခြင်း မပြုခင်က ကချင်မျိုးနွယ်စု မရူ(လော်ဝေါ်)၊ ရဝမ်နှင့် ခန္တီးရှမ်း မျိုးနွယ်စုများ နေထိုင်ကြပြီး လူမျိုးစု အလိုက် ဒူဝါ ဆလန်ဝါ ဦးဆောင်သော ကျွန်ပိုင်ရှင် ပဒေသရာဇ်စနစ်ဖြင့် စီမံအုပ်ချုပ်ခဲ့သည်။ ၁၉၀၅-ခုနှစ်တွင် အင်္ဂလိပ်တို့စတင်ဝင်ရောက်လာပြီး ၁၉၁၃-ခုနှစ်တွင် အခြေချ နေထိုင်ခဲ့ကြသည်။ ယခင်က လဇကျေးရွာနှင့် ဝါစပ်ခူးရွာအနီး တောင်ထိပ်တွင် ရွာတည်၍ နေခဲ့ကြသော်လည်း လေဒဏ် မခံနိုင်၍ ၁၉၆၂-ခုနှစ်တွင် ယခုလက်ရှိနေရာ အနိမ့်ပိုင်းသို့ ပြောင်းရွေ့ အခြေချ နေထိုင်ခဲ့ကြပါသည်။

ထူးခြားသော ဓလေ့ထုံးစံများ[ပြင်​ဆင်​ရန်​]

[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  2. ဒေါ်ခင်သိန်း(မြန်မာစာပါမောက္ခ) မြစ်ကြီးနားတက္ကသိုလ် ၏ “ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အမည်များ လေ့လာချက်”