ပူတာအိုမြို့

From Wikipedia

ပူတာအိုမြို့

ပူတာအိုမြို့သည် မြန်မာနိုင်ငံ၏ မြောက်ဘက်ဆုံး မြို့ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ ၁၄၈၀ တွင်တည်ရှိသည်။ မြစ်ကြီးနားမှ (၁၁၈)မိုင် အကွာတွင် တည်ရှိသည်။ ပူတာအိုသည် ကချင်ပြည်နယ်အတွင်းရှိ ခရိုင်ရုံးစိုက်ရာ မြို့လည်း ဖြစ်သည်။ ဆက်သွယ်သွားလာရေး ခက်ခဲပြီး နွေရာသီအတွင်းသာ ကားလမ်းဖြင့် သွားလာနိုင်ပြီး လေယာဉ်ဖြင့်သာ ဆယ်နှစ်ရာသီ သွားလာနိုင်သည်။ တောင်တန်းများဖြင့် ၀ိုင်းရံထားသော ပူတာအိုချိုင့်ဝှမ်းဒေသတွင် တည်ရှိသော မြို့ဖြစ်သည်။ တစ်နှစ်ပတ်လုံး အေးမြသည်။ ဆောင်းရာသီတွင် ရေခဲတောင်များ ၀ိုင်းရံထားသည့် မြို့ဖြစ်သည်။

Contents

[ပြင်​ဆင်​ရန်​] သမိုင်းစဉ်

ပူတာအိုသည် ရှမ်းဘာသာစကား “ပူတောင်း”မှ ပြောင်းလဲ ခေါ်ဝေါ်လာခြင်း ဖြစ်သည်။ ပူ = အဖိုး၊ တောင်း = စောင့်သည် ဟု အဓိပ္ပါယ်ရသဖြင့် ပူတောင်း = “အဖိုးမျှော်သည့်နေရာ”ဟု ခေါ်ဆိုနိုင်သည်။ မြို့ကို စတင်ဖွဲ့စည်းခဲ့စဉ်ကတည်းက ပူတောင်းမြို့ဟု ခေါ်ဆိုခဲ့ကြသည်။ ပူတောင်းကို အင်္ဂလိပ်ဘာသာဖြင့် ( PUTAO)ရေးရာမှ မြန်မာအသံထွက်မှာ ပူတာအို ဖြစ်သွားသည်ဟု ဆိုသည်။

၁၉၁၄-ခုနှစ်တွင် ဗြိတိသျှ တပ်ဖွဲ့တို့သည် ပူတောင်းကျေးရွာ အနီး၌ စခန်းချနေထိုင်ကြသည်။ ၁၉၁၆-ခုနှစ်တွင် မြေပုံအညွှန်း (အင်တီ=၀၁၈၅)သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုမှ ပူတာအိုဒေသကို ခရိုင်ဖွဲ့စည်းပြီး အုပ်ချုပ်ကြသည်။ ပထမဆုံး ခရိုင်ဝန်မှာ မစ္စတာ ဟတ်ဇ်(Mr. Heartz) ဖြစ်သည်။ ခရိုင်ဝန်နေထိုင်ခဲ့သော ခံတပ်ကို ဖိုဟတ်ဇ်() ခံတပ်ဟု ခေါ်တွင်ကြသည်။ ၁၉၂၅-ခုနှစ်တွင် ခရိုင်ကို ဖျက်သိမ်းပြီး မြစ်ကြီးနားခရိုင် အတွင်းသို့ ထည့်သွင်းကာ ခရိုင်ခွဲအဖြစ် ပူတောင်းကျေးရွာသို့ ပြောင်းရွေ့ တည်ထောင်ခဲ့ကြသည်။ ၁၉၆၅-ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ပူတာအိုမြို့ကို ခရိုင်အဖြစ် ဖွဲ့စည်းအုပ်ချုပ် စေခဲ့သည်။ ၁၉၇၂-ခုနှစ် စနစ်သစ်အုပ်ချုပ်ရေး အရ ခရိုင်ကို ဖျက်သိမ်း၍ ပူတာအိုမြို့နယ်ကို (က)အဆင့်ရှိသော မြို့နယ်အဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် (၂၈-၉-၉၂)ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ်(၁၄၂-၉၂)ဖြင့် ပူတာအိုခရိုင်အဖြစ် ဖွဲ့စည်းအုပ်ချုပ်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် ရှားပါးသော “တာကင်”ခေါ် သားမင်းကောင်၊ တောင်ဆိတ်၊ ကတိုးကောင် နှင့် ကမ္ဘာ့ရှားပါးလိပ်ပြာအမျိုးစုုံတို့ကို ပူတာအိုခရိုင်တွင် တွေ့ရှိရသည်။

[ပြင်​ဆင်​ရန်​] နေထိုင်သော လူမျိုးများ

ဂျိန်းဖေါ၊လချိမ့်၊ရဝမ်၊လီဆူး၊ရှမ်းနီ၊

[ပြင်​ဆင်​ရန်​] သဘာဝ ပတ်ဝန်းကျင်/ရာသီဥတု

[ပြင်​ဆင်​ရန်​] စီးပွားရေး

တောင်ယာလုုပ်ငန်း သဘာဝတောထွက်ရှာဖွေရေးလုုပ်ငန်း ခရီးသွားလမ်းပြလုုပ်ငန်း

[ပြင်​ဆင်​ရန်​] အုပ်ချုပ်ရေး

[ပြင်​ဆင်​ရန်​] စိတ်ဝင်စားဖွယ်နေရာများ

  • ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် ရှိသည်။
  • ခါကာဘိုုရာဇီ၊ ဂါလန်ရာဇီ၊ ဖုုန်ကန်ရာဇီ၊ ဖန်ဂလန်ရာဇီ၊ လွန်ခရူမာဒင် စသောနှင်းဖုုံးတောင်များရှိသည်။
  • ဘလာချောင်းကို ဖြတ်သော ကိုက်(၂၀၀)ရှည်၍ (၆)ပေအကျယ် ကြိုးတံတား ရှိသည်။

[၁]--Mayor mt 03:55, 13 ဖေဖော်ဝါရီ​ 2009 (UTC)

[ပြင်​ဆင်​ရန်​] စာကိုး

  1. ဒေါ်ခင်သိန်း(မြန်မာစာပါမောက္ခ) မြစ်ကြီးနားတက္ကသိုလ် ၏ “ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အမည်များ လေ့လာချက်”
အ​ခြား​ဘာ​သာ​ဖြင့်​