ဝိုင်းမော်မြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဝိုင်းမော်မြို့
—  မြန်မာနိုင်ငံရှိ မြို့များ  —
ဝိုင်းမော်မြို့ is located in Burma
ဝိုင်းမော်မြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
Coordinates: 25°21′N 97°26′E / 25.35°N 97.433°E / 25.35; 97.433
နိုင်ငံအမည် မြန်မာနိုင်ငံ၏ အလံတော် မြန်မာ
ပြည်နယ် Flag of Kachin State.svg ကချင်
ခရိုင် မြစ်ကြီးနား
လတ္တီကျု (၂၅)ဒီဂရီ၊ (၂၁)မိနစ်
လောင်ဂျီကျု (၉၇)ဒီဂရီ၊ (၂၆)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ ဝိုင်းမော်မြို့
Time zone မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)


ဝိုင်းမော်မြို့[ပြင်​ဆင်​ရန်​]

ဝိုင်းမော်မြို့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တစ်ဖက်ကမ်း ၆ မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိသည်။ ရှမ်းလူမျိုးများအဓိကနေထိုင်သည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

မြန်မာဘုရင်များခေတ်က ဝိုင်မော်မြို့သည် မိုးကောင်းစော်ဘွားနယ်နှင့်တရုတ်ပြည်ကုန်သွယ်ရာဆိပ်ကမ်းဖြစ်ပြီး ဖွံဖြိုးစည်ကားခဲ့သည်။ ၁၈၁၀ တွင် ဝိုင်းမော်မြို့စားနှင့်ရှမ်းများစုပေါင်းပုန်ကန်ကြသဖြင့် ဗန်းမော်ဝန်သည်အလုံးအရင်းဖြင့်နှိမ်နှင်းခဲ့ရာဝိုင်းမော်မြို့ပျက်စီးခဲ့သည်။

လက်ရှိအနေအထား[ပြင်​ဆင်​ရန်​]

လက်ရှိတွင် မြစ်ကြီးနား-ထိန်ချုံးလေးလမ်းသွားလမ်းမကြီးသည် ဝိုင်းမော်မြို့ကိုဖြတ်သွားသည်။ မြစ်ကြီးနားမှ ဆဒုံး၊ ချီဖွေ၊ လောခေါင်စသည်များသို့သွားလိုလျှင်လည်းဝိုင်းမော်မြို့ကိုဖြတ်ရသည်။ မြစ်ကြီးနား-လိုင်ဇာ - ဗန်းမော်-နမ့်ခမ်း ကားလမ်းသည်လည်း ဝိုင်းမော်မြို့ကိုဖြတ်သွားသည်။