မာတိကာသို့ ခုန်သွားရန်

အာဆီယံဘောလုံးအဖွဲ့ချုပ်

ဝီကီပီးဒီးယား မှ
အာဆီယံဘောလုံးအဖွဲ့ချုပ်
ASEAN Football Federation
(AFF)
AFF အမှတ်တံဆိပ်
ဖွဲ့စည်းခြင်း၃၁ ဇန်နဝါရီ ၁၉၈၄[]
အမျိုးအစားအားကစားအဖွဲ့ချုပ်
ဌာနချုပ်မလေးရှားနိုင်ငံ ပီတလင်း ဂျာယားမြို့ ဆလန်ဂေါ
အဖွဲ့ဝင်များ
အဖွဲ့ဝင်၁၂နိုင်ငံ
ကမ္ဘောဒီးယားနိုင်ငံ ဗိုလ်ချုပ် ကီအတ် စာမတ်[]
ဝက်ဘ်ဆိုဒ်aseanfootball.org/v3/

အာဆီယံဘောလုံးအဖွဲ့ချုပ် (အင်္ဂလိပ်: ASEAN Football Federation; အတိုကောက် AFF) သည် အာရှ ဘောလုံးအဖွဲ့ချုပ်၏ လက်အောက်ရှိ ဘောလုံးအဖွဲ့ချုပ်ခွဲတစ်ခု ဖြစ်သည်။ အာဆီယံဒေသကို ဗဟိုပြုကာ ၁၉၈၄ ခုနှစ်တွင် ဘရူနိုင်းအင်ဒိုနီးရှားမလေးရှားဖိလစ်ပိုင်စင်ကာပူနှင့် ထိုင်းနိုင်ငံများဖြင့် စတင်တည်ထောင်ခဲ့သည်။ အာဆီယံမှာ အရှေ့တောင်အာရှနိုင်ငံများအသင်းဟု ဆိုသော်လည်း အရှေ့တီမောနှင့် ဩစတြေးလျတို့လည်း အဖွဲ့ချုပ်တွင် ပါဝင်သည်။[]

၁၉၉၆ ခုနှစ်တွင် ကမ္ဘောဒီးယားလာအိုမြန်မာနှင့် ဗီယက်နမ်တို့ ပါဝင်လာသည်။ ၂၀၀၄ တွင် အရှေ့တီမော၊ ၂၀၁၃ တွင် ဩစတြေးလျတို့ အသီးသီး ပါဝင်လာသည်။

၁၉၉၆ တွင် ထိုစဉ်က တိုက်ဂါးဖလားဟု လူသိများသော အရှေ့တောင်အာရှချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ (AFF Championship) ကို စတင်ကျင်းပခဲ့သည်။

သမိုင်းကြောင်း

ဂျကာတာတွင်ပြုလုပ်သော မူလတည်ထောင်အဖွဲ့ဝင်၆နိုင်ငံ (ဘရူနိုင်းအင်ဒိုနီးရှားမလေးရှားဖိလစ်ပိုင်စင်ကာပူနှင့် ထိုင်းနိုင်ငံ) အစည်းအဝေးမှအစပြု၍ အာဆီယံဘောလုံးအဖွဲ့ချုပ်ကို ၁၉၈၄ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ဘောလုံးအဖွဲ့ချုပ်ကိုတည်ထောင်ဖြစ်ခဲ့သည့်အစီအစဉ်ဖြစ်လာရခြင်းမှာ ၁၉၈၂ခုနှစ်က ဘန်ကောက်မြို့တွင်ကျင်းပသော တိုက်ခွဲငယ်ဘောလုံးအဖွဲ့ချုပ်ထူထောင်ရေး ကနဦးအစည်းအဝေးမှ စတင်ဖြစ်ပေါ်လာခဲ့သည်။ ထိုအစည်းအဝေးသို့ ဟမ်ဇာ အဘူစာမား၊ ပီတာ ဗယ်လက်ပန်၊ ဟမ်း ပန်ဒလာကီ၊ ဖာနန်ဒို ဂျီ.အယ်ဗာရက်၊ ပီစစ် ငန်ပန်နစ်၊ တျိုချောင်တီးနှင့် ရပ်ဘွန်ချွမ်းတို့တက်ရောက်ခဲ့ကြသည်။ အာဆီယံဘောလုံးအဖွဲ့ချုပ် ရုံးချုပ်မှာ မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ပီတလင်း ဂျာယားမြို့တွင်တည်ရှိသည်။

ဥက္ကဋ္ဌများ

ဥက္ကဋ္ဌ တာဝန်ထမ်းနှစ်
အင်ဒိုနီးရှားနိုင်ငံ အိတ်ချ်.ကာဒိုနို ၁၉၈၄–၁၉၉၄
ထိုင်းနိုင်ငံ ဗီဂျစ် ကတ်ကော ၁၉၉၄–၁၉၉၆
မလေးရှားနိုင်ငံ တန်ကူ တန် စရီဒါတို' ဆယ်ရီအာမက် ရစ်သာအူဒင် ၁၉၉၆–၁၉၉၈
မလေးရှားနိုင်ငံ စူလ်တန်ဟာဂျီ အာမက်ရှား ၂၀၀၇–၂၀၁၉
ကမ္ဘောဒီးယားနိုင်ငံ ဗိုလ်ချုပ် ကီအတ် စာမတ် ၂၀၁၉–၂၀၂၃

အဖွဲ့ဝင်များ

AFFတွင် အဖွဲ့ဝင်၁၂နိုင်ငံပါဝင်ပြီး အားလုံးမှာ အာရှ ဘောလုံးအဖွဲ့ချုပ်၏ လက်အောက်ရှိ ဘောလုံးအဖွဲ့ချုပ်များပင်ဖြစ်သည်။

ကုဒ် အဖွဲ့ချုပ် ပါဝင်သည့်ခုနှစ်
AUS  ဩစတြေးလျ ၂၀၁၃
BRU  ဘရူနိုင်း ၁၉၈၄
CAM  ကမ္ဘောဒီးယား ၁၉၉၆
IDN  အင်ဒိုနီးရှား ၁၉၈၄
LAO  လာအို ၁၉၉၆
MAS  မလေးရှား ၁၉၈၄
MYA မြန်မာနိုင်ငံ မြန်မာ ၁၉၉၆
PHI  ဖိလစ်ပိုင် ၁၉၈၄
SIN  စင်ကာပူ ၁၉၈၄
THA  ထိုင်း ၁၉၈၄
TLS  အရှေ့တီမော ၂၀၀၄
VIE  ဗီယက်နမ် ၁၉၉၆

ယှဉ်ပြိုင်မှုများ

နိုင်ငံတကာ

အာဆီယံ​ဆူဇူကီးဖလား(AFF Championship) နှင့် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ (AFF Women's Championship ) တို့ကို ၂ နှစ်တစ်ကြိမ် ကျင်းပပြီး အာဆီယံ၏ ချန်ပီယံအဖြစ် သတ်မှတ်သည်။

ဖူဆယ်ဘောလုံး၊ ကမ်းခြေဘောလုံး၊ အသက်အရွယ်အလိုက် ယူ-၁၆၊ ယူ-၁၉၊ယူ-၂၃ စသည့် အမျိုးသား၊ အမျိုးသမီးဘောလုံးပွဲများကိုလည်း ကျင်းပလေ့ရှိသည်။

ကလပ်

ဘောလုံးကလပ်အသင်းများအတွက် ပြိုင်ပွဲအဖြစ် မဲခေါင်ကလပ်ချန်ပီယံရှစ်ကို ၂၀၁၄ မှစ၍ မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းရာ နိုင်ငံ ၆ နိုင်ငံအနက် ၅ နိုင်ငံ (ကမ္ဘောဒီးယား၊လာအို၊မြန်မာ၊ထိုင်း နှင့် ဗီယက်နမ်) ယှဉ်ပြိုင်ကြသည်။

ထို့အပြင် အာဆီယံဖူဆယ်ကလပ်အသင်းများပြိုင်ပွဲ (AFF Futsal Club Championship)ကိုလည်း နှစ်စဉ် ကျင်းပလေ့ရှိသည်။

လက်ရှိချန်ပီယံများ

အဆင့်သတ်မှတ်ချက်များ

Elo အဆင့်သတ်မှတ်ချက်

အဆင့်သတ်မှတ်ချက်များ ကို အီလို ဝက်ဘ်ဆိုဒ်မှ တွက်ချက်သည်။

AFF AFC Elo နိုင်ငံ အဆင့်သတ်မှတ်ချက် +/−*
1 4 48  ဩစတြေးလျ 1673 Decrease 4
2 15 111  ဗီယက်နမ် 1370 Increase 8
3 20 129  ထိုင်း 1326 Decrease 17
4 33 154  အင်ဒိုနီးရှား 1224 Increase 7
5 24 172  ဖိလစ်ပိုင် 1131 Decrease 2
6 32 173  မလေးရှား 1127 Increase 2
7 34 177  စင်ကာပူ 1106 Steady
8 26 186  မြန်မာ 1054 Steady
9 36 204  ကမ္ဘောဒီးယား 839 Increase 7
10 41 222  လာအို 689 Decrease 1
11 44 227  အရှေ့တီမော 637 Steady
12 43 229  ဘရူနိုင်း 619 Steady

Last updated 24 June 2019
*အဆင့်ပြောင်းလဲမှုများမှာ www.eloratings.net မှ ၃လတာ အဆင့်ပြောင်းလဲမှုများကို အခြေခံ၍သတ်မှတ်သည်။

အမျိုးသမီးလက်ရွေးစင်အသင်းများ

ပေးအပ်သောဆုများ

အာဆီယံဘောလုံးအဖွဲ့ချုပ်၏ဆုပေးပွဲများကို ၂ နှစ်တစ်ကြိမ် ကျင်းပသည်။

အာဆီယံချစ်ကြည်ရေးဆု

နှစ် လက်ခံရရှိသူ
၂၀၁၃ မလေးရှားနိုင်ငံ စူလ်တန်ဟာဂျီ အာမက်ရှား
၂၀၁၆ မြန်မာနိုင်ငံ ဦးဇော်ဇော်

AFF အကောင်းဆုံးအဖွဲ့ချုပ်ဆု

နှစ် အဖွဲ့ချုပ်
၂၀၁၃ မြန်မာနိုင်ငံ မြန်မာ
၂၀၁၅ မြန်မာနိုင်ငံ မြန်မာ
၂၀၁၇ ဗီယက်နမ်နိုင်ငံ ဗီယက်နမ်
၂၀၁၉ အင်ဒိုနီးရှားနိုင်ငံ အင်ဒိုနီးရှား

AFF အကောင်းဆုံးလက်ရွေးစင်အသင်းဆု

နှစ် လက်ရွေးစင်အသင်း (အမျိုးသား) လက်ရွေးစင်အသင်း (အမျိုးသမီး)
၂၀၁၃  စင်ကာပူ  ဗီယက်နမ်
၂၀၁၅  ထိုင်း  ထိုင်း
၂၀၁၇  ထိုင်း  ထိုင်း
၂၀၁၉  ဗီယက်နမ်  ထိုင်း

AFF အကောင်းဆုံးကစားသမားဆု (အမျိုးသား)

နှစ် အမည် ကလပ်
2013 စင်ကာပူနိုင်ငံ ရှာရီးလၲ အီရှတ်ခ် စင်ကာပူနိုင်ငံ LionsXII
2015 ထိုင်းနိုင်ငံ ချာနာသစ် စုန်ခရာစင် ထိုင်းနိုင်ငံ ဘီအီးစီ တယ်ရိုဆာစနာ
2017 ထိုင်းနိုင်ငံ ချာနာသစ် စုန်ခရာစင် ထိုင်းနိုင်ငံ မွန်သောင်ယူနိုက်တက်
2019 ဗီယက်နမ်နိုင်ငံ ငုယင်ကွမ်ဟိုင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်း

AFF အကောင်းဆုံးကစားသမားဆု (အမျိုးသမီး)

နှစ် အမည် ကလပ်
2013 ဗီယက်နမ်နိုင်ငံ ဒေါင်သီခူသရင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီး I W.F.C.
2015 ထိုင်းနိုင်ငံ နီဆာ ရွန်ယန် ထိုင်းနိုင်ငံ မြောက်ဘန်ကောက်တက္ကသိုလ်
2017 ထိုင်းနိုင်ငံ ဝါရာပွန် ဘွန်စင်း ထိုင်းနိုင်ငံ ဘီဂျီ-ဘန်းဒစ်အေးရှား
2019 ထိုင်းနိုင်ငံ ပစ်စာမိုင်း ဆွမ်စိုင်း ထိုင်းနိုင်ငံ ချုံဘူရီအားကစားကျောင်း

AFF အကောင်းဆုံးလူငယ်ကစားသမားဆု

နှစ် အမည် ကလပ်
2013 လာအိုနိုင်ငံ ကီယိုဗီယမ်ဖက် လစ်သီဒက် လာအိုနိုင်ငံ အက်ဇ်ရာ
2015 မြန်မာနိုင်ငံ အောင်သူ မြန်မာနိုင်ငံ ရတနာပုံ
2017 ဗီယက်နမ်နိုင်ငံ ဒွန်ဗန်ဟောင် ဗီယက်နမ်နိုင်ငံ ဟနွိုင်း
2019 ထိုင်းနိုင်ငံ ဆူဖာနတ် မူအန်သာ ထိုင်းနိုင်ငံ ဘူရီရမ်ယူနိုက်တက်

AFF အကောင်းဆုံးဖူဆယ်အသင်းဆု

နှစ် ဖူဆယ်လက်ရွေးစင်အသင်း
2013  ထိုင်း
2015  ထိုင်း
2017  ထိုင်း
2019  ထိုင်း

ကိုးကား

  1. ၁.၀ ၁.၁ AFF - The Official Website Of The ASEAN Football Federation။ About AFF (20 March 2015)။ 20 March 2015 တွင် ပြန်စစ်ပြီး။
  2. Maj Gen Khiev Sameth is the new AFF president။ AFF (17 March 2019)။ 25 June 2019 တွင် ပြန်စစ်ပြီး။