အောင်သူ (ဘောလုံးသမား)

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
အောင်သူ အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် အောင်သူ (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
အောင်သူ
Aung Thu 20180318 (cropped 2).jpg
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ အောင်သူ
မွေးသက္ကရာဇ် (1996-05-22) ၂၂ မေ၊ ၁၉၉၆ (အသက် ၂၄)
မွေးရပ်ဇာတိ ပျဉ်းမနားမြို့ မြန်မာ
အရပ်အမြင့် ၁.၆၇ m (၅ ft   in)
ကစားသည့်နေရာ ရှေ့တန်း (တိုက်စစ်)
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
​မြောင်​တောင်ယူနိုက်တက် ထိုင်း
အင်္ကျီနံပါတ်
လူငယ်ဘဝကလပ်များ
၂၀၁၁–၂၀၁၃ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၁၃–၂၀၁၇ ရတနာပုံ ဘောလုံးအသင်း [၁] ၅၈ (၂၄)
၂၀၁၈– Police Tero ၂၁ (၁၀)
နိုင်ငံကိုယ်စားပြုအသင်း
၂၀၁၁ မြန်မာ ယူ-၁၆ (၄)
၂၀၁၃–၂၀၁၅ မြန်မာ ယူ-၂၀ ၁၉ (၁၂)
၂၀၁၅– မြန်မာ ၃၄ (၉)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး ဒီဇင်ဘာ ၂၇၊ ၂၀၁၅အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ ဒီဇင်ဘာ ၂၇၊ ၂၀၁၅ အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

အောင်သူ (၂၂ မေ ၁၉၉၆ ဖွား ) သည် မြန်မာနိုင်ငံမှ ဘောလုံးသမားတစ်ဦးဖြစ်ပြီး မြန်မာ ယူ-၁၉ ဘောလုံးအသင်းနှင့် ရတနာပုံ ဘောလုံးအသင်းတို့၏ ရှေ့တန်းတိုက်စစ်မှူးတစ်ဦးဖြစ်သည်။ သူအား ပျဉ်းမနားမြို့တွင် မွေးဖွားခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် သူသည် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)သို့ တက်ရောက်ခဲ့သည်။ သူသည် မြန်မာ ယူ-၁၆ အသင်းတွက်လည်း ကစားခဲ့ပြီး လက်ရှိတွင် မြန်မာလက်ရွေးစင်​ ဘောလုံးအသင်းတွင် ကစားလျက်ရှိသည်။ 2011 AFF U-16 Youth Championship ပြိုင်ပွဲတွင် စတင်ကာ ယူ- ၁၆ အသင်းနှင့်အတူ ပထမဆုံးအကြိမ် နိုင်ငံတကာပွဲ စတင်ကစားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော 2014 AFC U-19 Championship ပြိုင်ပွဲတွင် ကာတာနှင့်ကစားသောပွဲတွင် လှပစွာကန်သွင်း၍ ချေပဂိုးသွင်းယူခဲ့သည်။ သို့သော် အကြောင်းမလှစွာ အချိန်ပိုတွင် ရှုံးနိမ့်ခဲ့သည်။ သူ၏ အစွမ်းပြကစားမှုများဖြင့် မြန်မာ ယူ-၁၉ ဘောလုံးအသင်းသည် ဖီဖာ ယူ-၂၀ ကမ္ဘာဖလားသို့ မြန်မာ့ဘောလုံးသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် တက်လှမ်းနိုင်ခဲ့သည်။ ဒါဟာ ၁၉၇၂ ခုနှစ်တွင် ဂျာမနီနိုင်ငံ၊ မြူနစ်မြို့တွင် ကျင်းပခဲ့သော ခြေစစ်ပွဲအောင်ခဲ့ပြီးနောက်ပိုင်းတွင် မြန်မာဘောလုံးအသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာအဆင့်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။ သူသည် တန်ဖိုးအရှိဆုံး တစ်နှစ်တာ အကောင်းဆုံး အားကစားဆုကို ၂၀၁၅ ခုနှစ်အစောပိုင်းက ရရှိခဲ့သည်။ သူသည် ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာဖလားပြိုင်ပွဲတွင် အိမ်ရှင် နယူးဇီလန်အသင်းနှင့်ကစားသောပွဲတွင် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။ သူသည် မြန်မာ အမျိုးသားဘောလုံးအသင်းအတွက် ပထမဆုံးနိုင်ငံတကာဂိုးကို ၂၀၁၈ ကမ္ဘာဖလား ခြေစစ်ပွဲတွင် လာအိုအသင်း ၃-၁ ဖြင့် အနိုင်ရရှိခဲ့သော ပွဲတွင် သွင်းယူပေးခဲ့သည်။

ကိုယ်ရေးရာဇဝင်[ပြင်ဆင်ရန်]

တက်သစ်စ မြန်မာ့တိုက်စစ်မှူး အောင်သူသည် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)မှ ထွက်ပေါ်လာခဲ့သော ကစားသမားဖြစ်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ပျဉ်းမနားမြို့တွင် မွေးဖွားခဲ့ပြီး သူသည် အသက် ၁၃ နှစ်အရွယ်တွင်ပင် အံဩဖို့ကောင်းစွာ ပျဉ်းမနားမြို့ ကိုယ်စားပြုအဖြစ် ဒေသလိုက် ယူ- ၁၉ ဘောလုံးပြိုင်ပွဲတွင် ပါဝင်ခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့သည်။ နောက်ပိုင်းတွင် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)မှ တက်ရောက်ရန် ရွေးချယ်ခံခဲ့ရပြီး သူ၏ အပြည်ပြည်ဆိုင်ရာ ကစားပွဲအဖြစ် ယူ-၁၆ ပြိုင်ပွဲတွင် ၂၀၁၁ ခုနှစ်တွင် ပါဝင်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဘရူနိုင်းနိုင်ငံတွင် ကျင်းပသော Hassanal Bolkiah Trophy ပြိုင်ပွဲတွင် ဗီယက်နမ် ယူ-၁၉ အသင်းနှင့်ကစားသောပွဲတွင် အရေးကြီးသော ဂိုးများကို သွင်းယူပေးခဲ့ပြီး မြန်မာအသင်းသည် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့သည်။ သူသည် ချက်ချင်းပင် မြန်မာဘောလုံးဝါသနာရှင်တို့၏ အကြိုက်ဆုံးတိုက်စစ်မှူးနေရာသို့ ရောက်ရှိခဲ့သည်။ သူသည် ဆက်လက်၍ပင် ၂၀၁၄ ယူ-၁၉ ချန်ပီယံပြိုင်ပွဲနှင့် ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာဖလား (နယူးဇီလန်)ပြိုင်ပွဲများတွင် ဂိုးများသွင်းယူနိုင်ခဲ့သည်။ သူအား FIFA techanical study book of 2015 U-20 World Cup စာအုပ်တွင် သူ၏ အားပြင်းသော ကန်ချက်နှင့် ပါးနပ်စွာ ပြေးလွှားမှုတို့ကို မှတ်ချက်ပေးခံခဲ့ရသည်။ အောင်သူသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းဖြစ်သော ရတနာပုံ FC တွင် အကောင်းဆုံးပုံစံဖြင့် ကစားလျက်ရှိသည်။ သူအား မြန်မာ အမျိုးသား ဘောလုံးအသင်းမှ ကစားရန် ခေါ်ယူခြင်းခံခဲ့ရပြီးဖြစ်၍ မကြာမှီပင် နိုင်ငံလက်ရွေးစင်အသင်းနှင့် ပွဲဦးထွက် ကစားနိုင်တော့မည် ဖြစ်သည်။

မြန်မာယူ ၂၃ လက်ရွေးစင်ကစားသမားအောင်သူ[ပြင်ဆင်ရန်]

(ပင်ကိုယ်ပါရမီရှိ ၍ ဘောလုံးကျွမ်းကျင်မှုကောင်းမွန်သည့် အားကိုးရသော မြန်မာယူ၂၃ အသင်း၏ ရှေ့တန်းတိုက်စစ် ကစားသမား)

အောင်သူကို ၁၉၉၆ - မေလ - ၂၂ ရက်နေ့တွင် မိတ္တီလာ၊မြို့နယ်၊ ပင်းတလဲရွာမှာ မွေးဖွားခဲ့ပါတယ်။ ဖခင်မှာ အစိုးရဝန်ထမ်းဖြစ်သောကြောင့် ပျဉ်းမနားသို့ပြောင်းရွှေ့တာဝန်ကျခဲ့ပြီး ပျဉ်းမနားမှာပဲကြီးပြင်းခဲ့ပါတယ်။ နှစ်တန်း နှစ်လောက်ကစပြီး ဘောလုံးဝါသနာပါခဲ့ပေမဲ့ စကန်ဖြစ်တာကတော့ လေးတန်းရောက်မှဖြစ်ပါတယ်။ ခြောက်တန်းရောက်တော့နေပြည်တော်ဘောလုံးကွင်းမှာ နွေရာသီဘောလုံးသင်တန်းတက်ရင်းနဲ့ Training စလုပ်ဖြစ်ပါတယ်။ မွေးချင်း ၃ ယောက်လုံးကယောင်္ကျားလေးတွေဖြစ်ကြပြီးဘောလုံးကန်ကောင်းကြပါတယ်။ ၁၃နှစ်အရွယ်မှာ ယူ-၁၉ တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲအတွက်အရွေးခံရပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့ပါသည်။ ပျဉ်းမနားမြို့ လောကမရစိန်ဘုရားကြီးအောက်ကကွင်းပြင်လေးဟာ ငယ်စဉ်က ဘောလုံးကန် လေ့ကျင့်ခဲ့တဲ့ နေရာလေး တစ်ခုဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲပြီးနောက်မကြာခင် ၂၀၀၈ လောက်မှာဘောလုံးအကယ်ဒမီကျောင်းအတွက် ရွေးချယ်ခံရပါတယ်။ အရွေးခံရပြီးနောက်ရန်ကုန်မှာစုပြီး ၂၀၀၉ မှာတော့ မန္တလေးအကယ်ဒမီကိုရောက်ခဲ့ပါတယ်။ ဘဝမှာဝါသနာပါတဲ့လမ်းကြောင်းကို လျှောက်လှမ်းရပေမဲ့လည်း သူရဲ့မိသားစုက သူ့ကို ငွေကြေး ထောက်ပံ့ဖို့ အခက်အခဲတွေကို ဘောလုံးအကယ်ဒမီစတက်တဲ့အချိန်ကနေစပြီး ယူ-၁၉ ရောက်တဲ့ အထိ ကျိတ်မှိတ်ပြီးတော့ ရင်ဆိုင်ခဲ့ပါတယ်။ အားကျအတုယူခဲ့ရတဲ့ပြည်တွင်းကစားသမားကတော့ (ကို)စိုးမြတ်မင်းဖြစ်ပြီး၊ ပြည်ပကစားသမားကတော့ လီယွန်နယ်မက်ဆီ(Lionel Messi) ဖြစ်ပါတယ်။

၂၀၁၁ အာဆီယံ ယူ-၁၆ လူငယ် ပြိုင်ပွဲ(AFF U-16 Youth Championship)နှင့်နိုင်ငံတကာပွဲစတင်ကစားခဲ့သည်။ အောင်သူဆိုပြီး မှတ်မှတ်ရရ ပရိတ်သတ်တွေစတင်သိခဲ့တာကတော့ ၂၀၁၄ ခုနှစ်ဘရူနိုင်းနိုင်ငံမှာကျင်းပတဲ့ Hassanal Bolkiah Trophy ပြိုင်ပွဲရဲ့နောက်ဆုံးဗိုလ်လုပွဲ၊ ဗီယက်နမ်အသင်းကို ၄-၃ အနိုင်ရရှိခဲ့မှာ အဆုံးဖြတ်ဂိုးကိုသွင်းယူခဲ့တာကနေစတင်ခဲ့ပါတယ်။ ပထမဦးဆုံးဆုဖလားရယူနိုင်ခဲ့ခြင်းလဲဖြစ်ပါတယ်။

၂၀၁၄ အာရှ ယူ-၁၉ ပြိုင်ပွဲကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်တာဝန်ယူကျင်းပခဲ့ရာမှာ မြန်မာ ယူ-၁၉ အသင်းဟာ ထိုင်းအသင်းရဲ့နောက် အုပ်စုဒုတိယနဲ့တက်ခဲ့ပြီး ရှုံးထွက်အဆင့်တွင် အာရပ်စော်ဘွားများသမ္မတနိုင်ငံ (UAE) အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ယူကာ ဆီးမီး ၄ သင်းကိုတက်ရောက်ခဲ့ပါတယ်။ ဆီးမီး ဖိုင်နယ်မှာ တွေ့ဆုံတဲ့ ကာတာ (Qatar)အသင်းဘက်ကို လှပသောအဝေးကန်ချက်ဖြင့် ၁ ဂိုးသွင်းယူခဲ့ပြီး ၂ ဂိုးဆီသရေကျခဲ့ပေမဲ့ အချိန်ပိုမှာ ရှုံးနိမ့်ခဲ့ကာ ဗိုလ်လုပွဲနဲ့လွဲခဲ့ရပါတယ်။ ဒါပေမဲ့ အာရှ ယူ-၁၉ ပြိုင်ပွဲရဲ့ ဆီးမီးရောက် ၄ သင်းဟာ ၂၀၁၅ ယူ-၂၀ ကမ္ဘာဖလားကို ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ မြန်မာ ယူ-၂၀ အသင်းနဲ့အတူအောင်သူဟာ ကမ္ဘာဖလား ယူ-၂၀ ပွဲကိုပါဝင်ကစားခဲ့ပြီး အုပ်စုနောက်ဆုံးပွဲအဖြစ် နယူးဇီလန်နဲ့ပွဲမှာ ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ထဲကရတနာပုံအသင်း၌စတင်ကစားခဲ့ပြီး အရပ်အမြင့် ၁၆၇စင်တီမီတာ (၅ပေ၅လက်မခွဲ)ရှိပါတယ်။ မြန်မာနေရှင်နယ်လိဂ်ကို ရတနာပုံအသင်းနှင့်အတူ ၂၀၁၄ နှင့် ၂၀၁၆ တွင်ရရှိထားပါသည် ။ သွင်းဂိုးတွေအနေနဲ့ကတော့ မြန်မာယူ-၁၆ အဆင့်မှာ ၄ပွဲကစား ၄ဂိုး သွင်းယူထားခဲ့ပြီး၊ မြန်မာယူ-၂၀ အဆင့်မှာ ၁၉ပွဲကစား ၁၂ဂိုး သွင်းယူထားခဲ့ပါတယ်။ ကမ္ဘာဘောလုံးအဖွဲ့ချုပ်အသိအမှတ်ပြုပွဲ ၂၀ပွဲကစားထားပြီး၊ ၄ ဂိုး သွင်းယူထားပါတယ်။ ၂၀၁၅ခုနှစ် အာဆီယံတနှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆု (AFF Youth Player of the Year - 2015)ကို၎င်း၊ အကောင်းဆုံးမြန်မာ့လက်ရွေးစင်ကစားသမားဆုကို ၂၀၁၄၊ ၂၀၁၅ နှစ်နှစ်ဆက်တိုက်ရယူနိုင်ခဲ့သလို၊ မြန်မာနေရှင်နယ်လိဂ် (Myanmar National League) အကောင်းဆုံးကစားသမားဆုကိုလဲ ၂၀၁၅၊ ၂၀၁၆ နှစ်နှစ်ဆက်တိုက်ရယူနိုင်ခဲ့ပါတယ်။ [၂]

နိုင်ငံတကာသွင်းဂိုးများ[ပြင်ဆင်ရန်]

မြန်မာအသင်း၏ သွင်းဂိုးနှင့် ရလဒ်တို့ကို ဦးစွာဖော်ပြထားသည်။
# ရက်စွဲ အားကစားကွင်း ပြိုင်ဘက် ဂိုးရလဒ် ရလဒ် ပြိုင်ပွဲ
၁၃ အောက်တိုဘာ ၂၀၁၅ Supachalasai Stadiumဘန်ကောက်မြို့  လာအို -၁ ၃-၁ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ
၂၉ မတ် ၂၀၁၆ Saida International StadiumSidon  လက်ဘနွန် ၀- ၁-၁ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ

ဂုဏ်ပြုဆုများ[ပြင်ဆင်ရန်]

  • Hassanal Bolkiah Trophy(1): ၂၀၁၄
  • AFF Youth Player of the Year(1): ၂၀၁၅

ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]

​အောင်သူသည် သရုပ်​ဆောင် ပိုးအိအိခန့်နှင့် ၂၀၁၈ခုနှစ် ​မေလ၃၁ရက်​နေ့က တရားရုံးတွင် လက်မှတ်ထိုးကာ လက်ထပ်ခဲ့သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]